သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD နဲ႔ တိုင္းရင္းသားပါတီမ်ား ညႇိႏႈိင္းေရး အဖုအထစ္ ဘယ္လိုေက်ာ္လႊားၾကမလဲ


ေဒါက္တာေအာင္မိုးညိဳ ဦးေဆာင္တဲ့ NLD ကိုယ္စားလွယ္အဖြဲ႕။ (ဓါတ္ပုံ National League for Democracy - Mon State - ဇန္နဝါရီ ၀၄၊ ၂၀၂၁)
တိုက္႐ိုက္ လင့္ခ္

ျမန္မာျပည္သူတရပ္လံုး ေမွ်ာ္လင့္ေနၾကတဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ တိုင္းရင္းသားပါတီေတြ ေဆြးေႏြးညိွႏိႈင္းေရး စတင္တဲ့အခ်ိန္မွာပဲ ေတြ႔ဆံုတဲ့ေနရာနဲ႔ ပတ္သက္ၿပီးေတာ့ အျငင္းပြားတဲ့ကိစၥ။ ပါတီကိုယ္စားလွယ္ေတြနဲ႔ ေတြ႔မလား။ ေရြးေကာက္ခံအမတ္ေတြနဲ႔ ေတြ႔မလားဆိုတဲ့ လူပုဂၢိဳလ္ဆိုင္ရာ အျငင္းပြားတဲ့ ကိစၥေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒီအခက္အခဲေတြကို ဘယ္လိုေက်ာ္လႊာၾကမလဲဆိုတာကို ျမန္မာ့အေရးသံုးသပ္သူ ေဒါက္တာတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာတုိ႔ ေဆြးေႏြးသံုးသပ္ထားပါတယ္။

ေမး ။ ။ ေဒါက္တာတင္ေမာင္သန္းကေတာ့ ဒီအခက္အခဲေတြကို မလႊဲမေသြ ေက်ာ္လႊာႏိုင္လိမ့္မယ္လို႔ ယံုၾကည္တယ္ဆိုတဲ့အေၾကာင္း အခုလို စတင္ေဆြးေႏြးပါတယ္။

ေျဖ ။ ။ ေက်ာ္လႊာႏိုင္ပါလိမ့္မယ္။ က်ေနာ္က ဒီေလာက္ မစိုးရိမ္ပါဘူး။ နားေထာင္ပါလိမ့္မယ္။ ဒီဟာ ဘာေၾကာင့္ျဖစ္တယ္ဆုိတာကို နားေထာင္ပါလိမ့္မယ္။ ဒီထက္ပိုၿပီး အေရးႀကီးတာက ဘာလဲဆိုေတာ့ ပါတီေတြရဲ ႔ ဆံုးျဖတ္ခ်က္ခ်တဲ့ စနစ္။ ဒါက စကားေျပာတယ္ ထင္တယ္။ NLD ဘက္မွာလည္း ရိွတယ္။ တုိင္းရင္းသားပါတီေတြဘက္မွာလည္း ရိွတယ္။ အထူးသျဖင့္ တုိင္းရင္းသားပါတီေတြကလဲ ပါတီတစ္ခုတည္း မဟုတ္ဘဲ၊ ပါတီေတြကို ေပါင္းဖြဲ႔ထားရတာ ျဖစ္ေနျပန္တယ္။ ဒါကလဲ အေျခအေနအသစ္ ျဖစ္ေနတယ္။ ဒီအေျခအေနသစ္အတြင္းမွာ အခက္အခဲေတြ ႀကံဳရတာပါပဲ။ ဒါက သင္ယူၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ၿပီးေတာ့ ေက်ာ္လႊာသြားလုိ႔ ရမယ္လို႔ က်ေနာ္ထင္တယ္။

ေမး ။ ။ NLD ကေတာ့ တစ္ပါတီထဲေပါ့။ တစ္ပါတီထဲေတာင္မွာ မ်ားေသာအားျဖင့္ CEC က ဆံုးျဖတ္တယ္ဆိုေပမယ့္လဲ တည့္တည့္ေျပာရရင္ လူတစ္ေယာက္ထဲက ဆံုးျဖတ္တဲ့ ပါတီဥကၠ႒ရဲ ႔ ညႊန္ၾကားခ်က္အတုိိင္း လုပ္ၾကတယ္လို႔ဆိုရင္ ပိုၿပီးေတာ့ နားလည္ႏိုင္မယ္ ထင္ပါတယ္။ တုိင္းရင္းသားပါတီေတြမွာေတာ့ ဟုတ္တယ္။ အမ်ားႀကီးစုထားတဲ့အတြက္ ညိွရတယ္၊ ဘာညာအခက္အခဲ ရိွတယ္။ NLD ဘက္က ဘာေၾကာင့္လိုက္ၿပီး မေတြ႔ႏိုင္သလဲ အဲဒီကိစၥကို။ အဲဒါမွ သူတုိ႔ေတြ႔မွသာလွ်င္ သူတုိ႔ရဲ ႔သေဘာကို တစ္ေယာက္ကိုတစ္ေယာက္ နားေထာင္ျဖစ္မွာေပါ့။ အခု မေတြ႔ေတာ့ နားမေထာင္ျဖစ္ဘဲ၊ ပိုၿပီးေတာ့ ၾကန္႔ၾကာျဖစ္အံုးမယ္။

ေျဖ ။ ။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ ႔ ဗဟိုအလုပ္အမွဳေဆာင္ေကာ္မတီက စဥ္းစားတဲ့အခါမွာ ဘယ္ဟာက ေပ်ာ့ေပ်ာင္းစြာ ဆံုးျဖတ္ႏုိင္တဲ့ နယ္ပယ္ျဖစ္တယ္။ ဘယ္ဟာကေတာ့ CEC ကို ျပန္လည္ၿပီးေတာ့ တင္ျပဖို႔လိုတယ္ဆိုတဲ့ ႀကိဳတင္ညိွႏိႈင္းဆံုးျဖတ္ထားတဲ့ စနစ္ကေလးတစ္ခု လိုလိမ့္မယ္လို႔ ထင္တယ္။ အထူးသျဖင့္ အခုလို ပါတီကေန ကိုယ္စားလွယ္အဖြဲ႔အေနနဲ႔ လႊတ္ၿပီးေဆြးေႏြးတဲ့အခါမွာ။ ဒါကလဲ ဒီလိုလုပ္ေလ့လုပ္ထ အႀကိမ္ေရ သိပ္မမ်ားလွဘူး။ အေတြ႔အႀကံဳ သိပ္မရိွလွဘူး။ ဆုိေတာ့ အခုဆုိရင္ ဒီလိုႀကံဳေတြ႔ရတဲ့အတြက္ေၾကာင့္ ျပန္လည္ေပါင္းထုပ္ၿပီး ဆံုးျဖတ္ခ်က္ခ်တဲ့စနစ္ကို ျပင္ႏုိင္လိမ့္မယ္လို႔ ထင္တယ္။ တၿပိဳင္တည္းမွာပဲ က်ေနာ္တို႔ သိတာကေတာ့ စၿပီးဖိတ္ကတည္းကိုက အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွာ ေတြ႔ဆံုဖို႔ဆိုတာကို ေျပာထားတယ္။ အဲဒါကို လက္ခံသည္ဆိုကတည္းက သေဘာတူတယ္လို႔ NLD ဘက္က ယူဆတယ္လို႔ ဒီလိုနားလည္ပါတယ္။ ဗမာမဟုတ္ေသာ တိုင္းရင္းသားပါတီေတြဘက္ကလဲ သူတုိ႔ၾကားထဲမွာ ဆံုးျဖတ္ခ်က္ခ်တဲ့စနစ္ကို ဘယ္လိုလုပ္မလဲ။ ဒီလိုကိစၥမွာေကာ ပိုၿပီးေတာ့ ေပ်ာ့ေပ်ာင္းတဲ့နယ္ပယ္ကို ထားမလား။ အလားတူ ဖြင့္ဆိုသတ္မွတ္ၾကဖို႔ လိုမယ္လို႔ထင္တယ္။ ဒါကိုလဲ ပြင့္ပြင့္လင္းလင္းလည္း ႏွစ္ဘက္စလံုးက ေျပာဆိုလို႔ရပါတယ္။ ဒါကေတာ့ က်ေနာ္တုိ႔ဘက္က ဆံုးျဖတ္ပိုင္ခြင့္ရိွတဲ့ နယ္ပယ္ျဖစ္တယ္။ ဒါကေတာ့ ဆံုးျဖတ္ပိုင္ခြင့္မရိွတဲ့ နယ္ပယ္ျဖစ္တယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အသိေပးထားၾကရင္ ပိုေကာင္းတယ္။ ဒီလိုစနစ္မ်ဳိး ထူေထာင္သြားၾကရင္ မေျပလည္စရာအေၾကာင္း မရိွပါဘူး။

ေမး ။ ။ ဒုတိယပိုင္းကုိ က်ေနာ္ ေမးခ်င္တယ္။ အဲဒါကေတာ့ ဘာလဲဆိုေတာ့ ဘယ္သူေတြနဲ႔ ေတြ႔မလဲ။ တကယ္ေတာ့ တုိင္းရင္းသားပါတီေတြကေရာ လူေတြက ေမွ်ာ္လင့္ထားတာက တိုင္းရင္းသားပါတီကိုယ္စားလွယ္ေတြနဲ႔ NLD ကိုယ္စားလွယ္ေတြက ေတြ႔မွာ။ လာၿပီးေတာ့ ေတြ႔မယ္လို႔ အဲဒီလိုပဲ သူတို႔က နားလည္ထားၾကပါတယ္။ ဒါေပမဲ့ အခု တကယ္ေတြ႔လိုက္တဲ့အခါၾကေတာ့ ေရြးေကာက္ခံထားရတဲ့ ကိုယ္စားလွယ္ေတြနဲ႔ပဲ ေတြ႔မယ္ဆိုတာ ျဖစ္သြားေတာ့ အဓိက အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးက ပါတီခ်င္း ျပန္လည္သင့္ျမတ္ေရးက ပိုၿပီးအေရးႀကီးတယ္ ထင္ပါတယ္။ တစ္ခုေျပာရရင္ ၿပီးခဲ့တဲ့ အစိုးရသက္တမ္းတုန္းက တုိင္းရင္းသားပါတီေတြက ကိုယ္စားလွယ္တခ်ဳိ ႔ကို ရာထူးေပးတာ ရိွတယ္။ ဥပမာ ရခုိင္က ဦးေအးသာေအာင္ကို အမ်ဳိးသားလႊတ္ေတာ္ ဒုဥကၠ႒ ခန္႔လိုက္တယ္။ သူ႔ရဲ ႔သက္ဆိုင္တဲ့ ပါတီိနဲ႔ မညိွခဲ့ဘူး။ အဲဒီအတြက္ေၾကာင့္ ပါတီတြင္းမွာ ကြဲၿပဲမႈေတြ ျဖစ္သြားတယ္။ ထိုနည္းအတိုင္းပဲ ရွမ္းမွာလည္း SNLD က စိုင္းညႊန္႔လြင္ကို ကမ္းလွမ္းတယ္။ သူတုုိ႔ကေတာ့ ပါတီနဲ႔ မညိွလို႔ဆုိၿပီးေတာ့ လက္မခံခဲ့ဘူး။ ဆိုေတာ့ အခုလို ပါတီနဲ႔ မညိွဘဲနဲ႔ သူတုိ႔ လိုရာေခါင္းေခါက္ၿပီးေတာ့ လုပ္တဲ့ကိစၥမ်ဳိး လုပ္ျခင္းအားျဖင့္ တိုင္းရင္းသားပါတီေတြတြင္းမွာ အကြဲအၿပဲျဖစ္သြားေစတယ္ဆိုၿပီး တခ်ဳိ ႔က ေထာက္ျပေနၾကတယ္။ ဆရာအေနနဲ႔ ဒါကို ဘယ္လိုေျပာခ်င္ပါလဲ။

ေျဖ ။ ။ ေယဘုယ်အားျဖင့္ နားေထာင္မယ္လုိ႔ ဆံုးျဖတ္ထားတယ္ဆိုရင္ ေျပလည္ႏုိင္မယ္လို႔ ထင္ပါတယ္။ နားေထာင္တယ္ဆိုကတည္းက ဘာလဲဆိုရင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးလို႔ ေျပာတဲ့အခါမွာ အေျခခံမူကေတာ့ မတူတဲ့ ဖြင့္ဆိုသတ္မွတ္ခ်က္ေတြ ရိွတယ္။ နားလည္ပံုေတြ ရိွတယ္။ အဖြဲ႔ႏွစ္ဖြဲ႔ရိွရင္ အဖြဲ႔ႏွစ္ဖြဲ႔ နားလည္ပံုခ်င္း မတူဘူး။ အဲဒါကို ဘယ္လိုယွဥ္တြဲေနထိုင္လို႔ ရႏိုင္မလဲဆိုတာကို ရွာေဖြတာပါပဲ။ အခုန ဆရာေျပာေနတဲ့ ပါတီနဲ႔ လူပုဂၢိဳလ္ ေရြးေကာက္ခံဆုိတာကလဲ တစ္ပါတီနဲ႔ တစ္ပါတီ နားလည္တာျခင္း မတူပါဘူး။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က နားလည္ပံုနဲ႔ ဟိုဘက္က နားလည္ပံုတုိ႔ တူခ်င္းမွတူမယ္။ ဒါကလဲ အတူအလုပ္လုပ္လို႔ရတဲ့ အလုပ္တစ္ခုၾကားကေန ေဖာ္ထုတ္မယ္ဆိုရင္ မေျပလည္စရာ မရိွပါဘူး။ အဲဒီေတာ့ ႀကိဳတင္သတ္မွတ္ထားတာလဲ ဒီအခ်ိန္မွာ ဘယ္သူကမွ ဘာမွရိွထားတယ္လို႔ မေတြ႔ရဘူး။ ဒါေၾကာင့္မို႔လို႔ ဖြင့္ထားတဲ့ကိစၥတစ္ခု ျဖစ္တဲ့အတြက္ေၾကာင့္မို႔ အတူဆံုးျဖတ္သတ္မွတ္တဲ့ သတ္မွတ္ခ်က္တစ္ခုရဖို႔ကို ဦးတည္ၿပီးေတာ့ အလုပ္လုပ္လို႔ သြားၾကလို႔ရိွရင္ ျပန္လည္သင့္ျမတ္ေရးက ဘယ္လိုမွ ေရွာင္လႊဲလို႔ မရဘူးလို႔ က်ေနာ္ ထင္ပါတယ္။

ေမး ။ ။ တကယ္ေတာ့ ဒီဟာက negotiated compromise လုပ္ရမွာေပါ့ေလ။ ညိွႏိႈင္းၿပီးေတာ့ အေလွ်ာ့အတင္း လုပ္ရမယ့္ကိစၥ။ သို႔ေပမဲ့လဲ ဒါဟာက စီးပြားေရး အရႈံးအႏိုင္တြက္တဲ့ သူ႔ထက္ ငါအျမတ္လိုခ်င္တာမ်ဳိး။ ဥပမာ မၾကာေသးခင္က EU-Britain ညိွတဲ့ကိစၥမွာေတာင္ ကိုယ့္ဘက္သာမယ္၊ သူ႔ဘက္နာမယ္ ညိွႏိႈင္းမႈမ်ဳိး ရိွေသးတယ္။ အခုျမန္မာႏုိင္ငံမွာ တုိင္းရင္းသားေတြနဲ႔ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးဆိုတာ ႏွစ္ဘက္စလံုး ဘယ္လိုမွ မရႈံးႏုိင္တဲ့ကိစၥ။ ဘာျဖစ္လို႔မ်ား ဒီဟာကို စိုးရိမ္ၿပီးေတာ့ တြက္ေနၾကသလဲ။ က်ေနာ္ေတာ့ စဥ္းစားရက်ပ္တယ္။ ဆရာ ဘယ္လို စဥ္းစားမိလဲ။ ဘာျဖစ္လို႔မ်ား ဒီကိစၥမွာ အရႈံး-အႏုိင္ တြက္စရာ ရိွသလား။ တိုင္းရင္းသားေတြ လိုခ်င္တဲ့ ဖယ္ဒရယ္ျပည္ေထာင္စုကို NLD အစိုးရက အခု institution ေတာ္္ေတာ္မ်ားမ်ားက အခု တပ္မေတာ္ကလည္း ဒီမိုကေရစီဖယ္ဒရယ္ ျပည္ေထာင္စုဆိုတာ ေျပာေနၾကၿပီးေတာ့ ဘာျဖစ္လုိ႔ ဒီဟာကို ဦးတည္ၿပီးေတာ့ သေဘာမတူညီႏိုင္ၾကသလဲ။ ကိုယ့္ဘက္က ေပးရမွာကို ဘာေၾကာင့္ အရႈံးကို ႀကီးႀကီးက်ယ္က်ယ္ တြက္ေနၾကသလဲဆိုတာ ျဖစ္ပါတယ္။

ေျဖ ။ ။ အာဏာရွင္သမိုင္းနဲ႔ ႀကီးလာတဲ့ လူ႔အဖြဲ႔အစည္းေတြမွာ အမွန္က တစ္ခုပဲ ရိွတယ္ဆိုိတဲ့ အစြဲေတြ၊ နားလည္မႈေတြ ရိွတတ္ပါတယ္။ မတူကြဲျပားတဲ့ အဖြဲ႔အစည္းေတြမွာ မတူကြဲျပားတဲ့ ဖြင့္ဆိုထားတဲ့ သတ္မွတ္ခ်က္ေတြ၊ သေကၤတေတြ အမ်ဳိးမ်ဳိး ရိွပါတယ္။ ေနာက္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးဆိုတာက အဲဒီမတူတဲ့ လူ႔အဖြဲ႔အစည္းေတြၾကားထဲက မတူတာေတြ အတူယွဥ္တြဲေနထိုင္ အလုပ္လုပ္ႏုိင္တာကို ဦးတည္တာပါ။ ဒါေၾကာင့္မို႔ ဒါက အေျခအေနအသစ္ ျဖစ္တယ္လို႔ က်ေနာ္က ေျပာတာပါ။ အရင္တုန္းကေတာ့ က်ေနာ္တုိ႔က အာဏာရွင္ဖိတယ္၊ က်ေနာ္တို႔က ဆန္႔က်င္ရတယ္။ ခုခံရတယ္။ ဒီေအာက္မွာ ညီညႊတ္ေရးကို ယူရတာပါ။ ဒီသေဘာသဘာဝႏွစ္ခုက မတူပါဘူး။ ဒါေၾကာင့္မို႔ က်ေနာ္ထင္တယ္ အခုဟာ ဒီလမ္းေၾကာင္းအသစ္ေပၚမွာ စတင္ေလွ်ာက္ၾကတာ ျဖစ္တာမုိ႔ အခက္အခဲေတြ ရိွမယ္။ ဒါေပမဲ့ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရး၊ ညီညႊတ္ေရး၊ စည္းလံုးညီညႊတ္ေရး ရိွဖို႔လိုတယ္ဆိုတဲ့ က်ေနာ္တုိ႔ ယံုၾကည္မႈက ျပင္းထန္တဲ့အတြက္ေၾကာင့္မို႔ ဒါကို မၾကာခင္ ေက်ာ္လႊာသြားႏုိင္မွာပါ။ အျခားလူ႔အဖြဲ႔အစည္းေတြမွာ ဘယ္လိုက်င့္သံုးၾကလဲ။ က်ေနာ္တို႔က သင္ယူၿပီးေတာ့ လုပ္သြားလို႔ရိွရင္ မေက်ာ္လႊာႏုိင္စရာ မရိွပါဘူး။ ေျပလည္ႏုိ္င္မယ္လို႔ ယူဆပါတယ္။ မေျပလည္ႏုိင္စရာေတြလည္း ဆက္လက္ရိွေနအံုးမွာပါ။ ဒါကလဲ သဘာဝက်တယ္လို႔ ထင္ပါတယ္။ သို႔ေသာ္ အၾကမ္းဖက္တဲ့အဆင့္ထိ မေရာက္ဘူး။ ရန္ဘက္ျဖစ္တဲ့ အဆင့္အထိ မေရာက္ဘူးဆိုရင္ မေျပလည္တာေတြ ရိွတာကလဲ ၿငိမ္းခ်မ္းစြာ သေဘာထားကြဲလြဲၿပီးေတာ့ ေနႏုိင္တဲ့ လူ႔အဖြဲ႔အစည္း ျဖစ္သြားမွာပါ။

ေမး ။ ။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔ အခုသြားတဲ့ ကိုယ္စားလွယ္ (၃) ေယာက္ပါတဲ့ ပုဂၢိဳလ္ေတြက ႏုိင္ငံေရးအရလည္း အေတြ႔အႀကံဳရိွတဲ့ ပုဂၢိဳလ္ေတြ ျဖစ္တယ္။ အသိပညာရင့္က်က္တယ္။ ေနာက္ၿပီးေတာ့ တုိင္းရင္းသားကိုယ္စားလွယ္ေတြလည္း ဒီအဖြဲ႔ထဲမွာ ပါတယ္။ ဆိုေတာ့ သူုတို႔ကိုေရာ ေအာက္ေျခမွာ ေလာေလာဆယ္ ႀကံဳေတြ႔လာရတဲ့ အခက္အခဲေတြကို မင္းတို႔သေဘာနဲ႔ မင္းတို႔ ေျဖရွင္းလိုက္ဆုိတဲ့ အခြင့္အာဏာမ်ဳိး နည္းနည္းပိုေပးထားသင့္တယ္လို႔ ဆရာ မထင္ဘူးလား။ က်ေနာ္ တစ္ခု သတိရမိတယ္။ နဝတေခတ္တုန္းက ဖိလစ္ပိုင္မွာ အာဆီယံ ႏုိင္ငံျခားေရးအစည္းအေဝး ညီလာခံကို သတင္းလုိက္ယူေတာ့။ အဲဒီမွာ အရပ္သားဝန္ႀကီး - စစ္ဗိုလ္ခ်ဳပ္ဝန္ႀကီး မဟုတ္ဘူး၊ အဲဒီ ပုဂၢိဳလ္ကို သတင္းေထာက္ေတြကေမးေတာ့ က်ေနာ့္အေနနဲ႔ အထက္ကို တင္ျပရပါအံုးမယ္ဆိုၿပီးေတာ့ ျပန္ေျပာေတာ့ လူေတြက ရယ္ေမာၾကတယ္။ အခုလဲ အဲဒီလို ျဖစ္ေနတယ္။ သူတုိ႔ကို လုပ္ရမယ့္ ေနရာ အေသးအမႊားေလးကိစၥေလးကို လုပ္ပိုင္ခြင့္ ပိုေပးထားသင့္တယ္။ ဆံုးျဖတ္ခြင့္ ပိုေပးထားသင့္တယ္လို႔ ဆရာ မထင္ဘူးလား။

ေျဖ ။ ။ ပါတီေတြက အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ မဟုတ္ဘူး၊ တုိင္းရင္းသားပါတီေတြအပါအဝင္ ပါတီတိုင္းက သူ႔ရဲ ႔ဆံုးျဖတ္ခ်က္ခ်ပံု စနစ္ေတြကို အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးကာလနဲ႔ ေလ်ာ္ညီစြာ ျပန္လည္စဥ္းစားသံုးသပ္ဖို႔ လိုလာတယ္။ အဲဒီေတာ့ ပါတီဆံုးျဖတ္ခ်က္ စနစ္ေတြကို ၾကည့္မယ္ဆုိရင္ က်ေနာ္တို႔မွာ လက္ဝဲဘက္က လာတဲ့စနစ္ေတြက ပိုၿပီးေတာ့ ကဲေနခဲ့တာကို ေတြ႔ရတယ္။ ဥပမာ ဗဟိုဦးစီးခ်ဳပ္ကိုင္တဲ့ ဒီမိုကေရစီစနစ္မ်ဳိး။ ဒီလိုဆံုးျဖတ္္ခ်က္ခ်တဲ့ စနစ္ေတြက မ်ားေနခဲ့တယ္။ ဒါေၾကာင့္မို႔ စနစ္ေတြကို ျပန္လည္သံုးသပ္ၿပီးေတာ့ ျပန္လည္ၿပီး ဘယ္လို ဗဟိုခ်ဳပ္ကိုင္မႈကို ေျဖေလွ်ာ့မလဲ။ ဘယ္လို ေပးမလဲ။ ဒီကိစၥမွာ ဘယ္လိုလုပ္မလဲဆိုတာကို ျပန္လည္စဥ္းစားၾကရမယ့္ အေနအထား ျဖစ္တယ္လို႔ က်ေနာ္ ေျပာတာပါ။ ျပန္လည္သံုးသပ္ၾကမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ က်ေနာ္ ဒီေနရာမွာ ဆက္ၿပီးေတာ့ ေမးခ်င္တာကေတာ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က လုပ္ေနတဲ့ လမ္းေၾကာင္း။ တုိင္းရင္းသားပါတီေတြနဲ႔ ညိွႏိႈင္းမယ္ေပါ့။ ေစာေစာကေျပာတဲ့ က်ေနာ္တို႔ ေဆြးေႏြးခဲ့ၾကသလို၊ ဒီအခက္အခဲေတြကို ေက်ာ္လႊာသြားၿပီး၊ ေတြ႔ျဖစ္ၾကတယ္ဆိုရင္ တဘက္မွာလဲ လက္နက္ကိုင္အင္အားစုေတြနဲ႔ တပ္မေတာ္နဲ႔ လုပ္ေနတဲ့ ျပန္လည္သင့္ျမတ္ေရးလမ္းေၾကာင္းက ရိွေနေသးတယ္။ ဆုိေတာ့ ဒီလမ္းေၾကာင္းႏွစ္ခုေကာ တေပါင္းတစုတည္း ျဖစ္သြားႏိုင္တဲ့ အလားအလာကို ဆရာ ဘယ္လုိျမင္သလဲ။

ေျဖ ။ ။ ေယဘုယ်အားျဖင့္ေတာ့ မတူဘူးထင္တယ္ ဆရာ။

ေမး ။ ။ ဒါေပမဲ့ ႏွစ္ခုေပါင္းစည္းမႈ မလိုဘူးလား။ တကယ္တမ္း အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးရဖို႔အတြက္ တစ္ခုနဲ႔တစ္ခု ဆက္စပ္ေနတယ္ မဟုတ္လား။

ေျဖ ။ ။ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာလဲ။ ပါတီေတြရဲ ႔ အခန္းက႑သက္သက္ ေပးထားၿပီးသာပါတယ္။ အဲဒီေတာ့ တခ်ဳိ ႔အေၾကာင္းအရာေတြက ၿငိမ္းခ်မ္းေရးကိစၥမွာ ေဆြးေႏြးရမယ့္ ကိစၥေတြ။ ဥပမာ ကခ်င္က ေျပာတယ္ - ပင္လံုစာခ်ဳပ္ရဲ ႔ အေၾကာင္းအရာေတြကို ေျပာမယ္ဆိုတာမ်ဳိးကို က်ေနာ္တို႔ ေတြ႔လုိက္ရတယ္။ ဒါက ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ကိစၥ ျဖစ္သြားတယ္။ အခုေတြ႔ဆံုေနတဲ့ ကိစၥက လက္ရိွအစိုးရ ဖြဲ႔စည္းေရး၊ လႊတ္ေတာ္ေတြမွာ ဥပေဒ ျပဳျပင္ေျပာင္းလဲေရး၊ အဲဒါေတြနဲ႔ ပိုၿပီးေတာ့ ဆက္စပ္လိမ့္မယ္လို႔ က်ေနာ္ထင္တယ္။ ဒါေၾကာင့္မို႔ ႏွစ္ခုကြဲတာေတာ့ ေကာင္းမယ္လို႔ ထင္တယ္။

ေမး ။ ။ ႏွစ္ခုကေတာ့ ကြဲေနေပမယ့္ တခ်ိန္ခ်ိန္မွာေတာ့ ေပါင္စည္းေရး လုပ္ရမွာေပါ့။ တကယ္တမ္း ျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဆိုတာ ဒြန္တြဲေနတာပဲ။ ေပါင္းေတာ့ေပါင္းရမွာေပါ့။

ေျဖ ။ ။ ဟိုဘက္က နည္းနာယႏၱရား mechanism ရိွၿပီသာဆိုေတာ့ ေပါင္းသြားမွာေပါ့။ ေစာေစာက ေျပာေနတဲ့ဟာေတြကိုလဲ ၄၇ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံု အေျခခံအထိုင္ကေန ေျပာမယ္ဆိုရင္ ဒါက ၿငိမ္းခ်မ္းေရးေဆြးေႏြးတဲ့ဘက္မွာ ပိုၿပီးေတာ့ သင့္ေတာ္မယ္ထင္တယ္။ အဲဒီဟာက။ အဲဒီမွာ သြားၿပီးေတာ့ ျပန္လည္ဆံုခ်က္ ရိွမွာေပါ့။ ဒါေပမဲ့ ဒီဘက္မွာ လုပ္ေနတာကေတာ့ လာမယ့္ (၅) ႏွစ္တာကာလအတြင္းထဲမွာ ဘယ္လိုပံုစံမ်ဳိးနဲ႔ လုပ္မလဲ။ ဘယ္လိုစနစ္ေတြကို ထူေထာင္မလဲဆိုတဲ့ဟာ။ အဲဒါက ဘာနဲ႔သြားၿပီးႏြယ္ႏိုင္သလဲဆိုရင္ (၂၁) ရာစု ပင္လံု တတိယညီလာခံ - Union Accord ျပည္ေထာင္စု သေဘာတူညီခ်က္ အပိုင္း (၃) ရဲ ႔ ေနာက္ဆက္တြဲမွာပါတဲ့ ၂၀၂၀ အလြန္ လုပ္ငန္းစဥ္ဆိုင္ရာ ကိစၥရပ္ေတြက ပိုၿပီးေတာ့ အဓိကက်မယ္လို႔ က်ေနာ္ ထင္တယ္။ ဘာျဖစ္လုိ႔လဲဆိုရင္ အဲဒါက ၂၀၂၀ အလြန္ကာလမွာ အေကာင္အထည္ေဖာ္လို႔ရတဲ့ လုပ္ငန္းေတြ ရိွေနတယ္။


==Unicode==

မြန်မာပြည်သူတရပ်လုံး မျှော်လင့်နေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေ ဆွေးနွေးညှိနှိုင်းရေး စတင်တဲ့အချိန်မှာပဲ တွေ့ဆုံတဲ့နေရာနဲ့ ပတ်သက်ပြီးတော့ အငြင်းပွားတဲ့ကိစ္စ။ ပါတီကိုယ်စားလှယ်တွေနဲ့ တွေ့မလား။ ရွေးကောက်ခံအမတ်တွေနဲ့ တွေ့မလားဆိုတဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ အငြင်းပွားတဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှာကြမလဲဆိုတာကို မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒေါက်တာတင်မောင်သန်းကတော့ ဒီအခက်အခဲတွေကို မလွှဲမသွေ ကျော်လွှာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်ဆိုတဲ့အကြောင်း အခုလို စတင်ဆွေးနွေးပါတယ်။

ဖြေ ။ ။ ကျော်လွှာနိုင်ပါလိမ့်မယ်။ ကျနော်က ဒီလောက် မစိုးရိမ်ပါဘူး။ နားထောင်ပါလိမ့်မယ်။ ဒီဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို နားထောင်ပါလိမ့်မယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ဘာလဲဆိုတော့ ပါတီတွေရဲ့ ဆုံးဖြတ်ချက်ချတဲ့ စနစ်။ ဒါက စကားပြောတယ် ထင်တယ်။ NLD ဘက်မှာလည်း ရှိတယ်။ တိုင်းရင်းသားပါတီတွေဘက်မှာလည်း ရှိတယ်။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေကလဲ ပါတီတစ်ခုတည်း မဟုတ်ဘဲ၊ ပါတီတွေကို ပေါင်းဖွဲ့ထားရတာ ဖြစ်နေပြန်တယ်။ ဒါကလဲ အခြေအနေအသစ် ဖြစ်နေတယ်။ ဒီအခြေအနေသစ်အတွင်းမှာ အခက်အခဲတွေ ကြုံရတာပါပဲ။ ဒါက သင်ယူပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီးတော့ ကျော်လွှာသွားလို့ ရမယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ NLD ကတော့ တစ်ပါတီထဲပေါ့။ တစ်ပါတီထဲတောင်မှာ များသောအားဖြင့် CEC က ဆုံးဖြတ်တယ်ဆိုပေမယ့်လဲ တည့်တည့်ပြောရရင် လူတစ်ယောက်ထဲက ဆုံးဖြတ်တဲ့ ပါတီဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ကြတယ်လို့ဆိုရင် ပိုပြီးတော့ နားလည်နိုင်မယ် ထင်ပါတယ်။ တိုင်းရင်းသားပါတီတွေမှာတော့ ဟုတ်တယ်။ အများကြီးစုထားတဲ့အတွက် ညှိရတယ်၊ ဘာညာအခက်အခဲ ရှိတယ်။ NLD ဘက်က ဘာကြောင့်လိုက်ပြီး မတွေ့နိုင်သလဲ အဲဒီကိစ္စကို။ အဲဒါမှ သူတို့တွေ့မှသာလျှင် သူတို့ရဲ့သဘောကို တစ်ယောက်ကိုတစ်ယောက် နားထောင်ဖြစ်မှာပေါ့။ အခု မတွေ့တော့ နားမထောင်ဖြစ်ဘဲ၊ ပိုပြီးတော့ ကြန့်ကြာဖြစ်အုံးမယ်။

ဖြေ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီက စဉ်းစားတဲ့အခါမှာ ဘယ်ဟာက ပျော့ပျောင်းစွာ ဆုံးဖြတ်နိုင်တဲ့ နယ်ပယ်ဖြစ်တယ်။ ဘယ်ဟာကတော့ CEC ကို ပြန်လည်ပြီးတော့ တင်ပြဖို့လိုတယ်ဆိုတဲ့ ကြိုတင်ညှိနှိုင်းဆုံးဖြတ်ထားတဲ့ စနစ်ကလေးတစ်ခု လိုလိမ့်မယ်လို့ ထင်တယ်။ အထူးသဖြင့် အခုလို ပါတီကနေ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ လွှတ်ပြီးဆွေးနွေးတဲ့အခါမှာ။ ဒါကလဲ ဒီလိုလုပ်လေ့လုပ်ထ အကြိမ်ရေ သိပ်မများလှဘူး။ အတွေ့အကြုံ သိပ်မရှိလှဘူး။ ဆိုတော့ အခုဆိုရင် ဒီလိုကြုံတွေ့ရတဲ့အတွက်ကြောင့် ပြန်လည်ပေါင်းထုပ်ပြီး ဆုံးဖြတ်ချက်ချတဲ့စနစ်ကို ပြင်နိုင်လိမ့်မယ်လို့ ထင်တယ်။ တပြိုင်တည်းမှာပဲ ကျနော်တို့ သိတာကတော့ စပြီးဖိတ်ကတည်းကိုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တွေ့ဆုံဖို့ဆိုတာကို ပြောထားတယ်။ အဲဒါကို လက်ခံသည်ဆိုကတည်းက သဘောတူတယ်လို့ NLD ဘက်က ယူဆတယ်လို့ ဒီလိုနားလည်ပါတယ်။ ဗမာမဟုတ်သော တိုင်းရင်းသားပါတီတွေဘက်ကလဲ သူတို့ကြားထဲမှာ ဆုံးဖြတ်ချက်ချတဲ့စနစ်ကို ဘယ်လိုလုပ်မလဲ။ ဒီလိုကိစ္စမှာကော ပိုပြီးတော့ ပျော့ပျောင်းတဲ့နယ်ပယ်ကို ထားမလား။ အလားတူ ဖွင့်ဆိုသတ်မှတ်ကြဖို့ လိုမယ်လို့ထင်တယ်။ ဒါကိုလဲ ပွင့်ပွင့်လင်းလင်းလည်း နှစ်ဘက်စလုံးက ပြောဆိုလို့ရပါတယ်။ ဒါကတော့ ကျနော်တို့ဘက်က ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ နယ်ပယ်ဖြစ်တယ်။ ဒါကတော့ ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ နယ်ပယ်ဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် အသိပေးထားကြရင် ပိုကောင်းတယ်။ ဒီလိုစနစ်မျိုး ထူထောင်သွားကြရင် မပြေလည်စရာအကြောင်း မရှိပါဘူး။

မေး ။ ။ ဒုတိယပိုင်းကို ကျနော် မေးချင်တယ်။ အဲဒါကတော့ ဘာလဲဆိုတော့ ဘယ်သူတွေနဲ့ တွေ့မလဲ။ တကယ်တော့ တိုင်းရင်းသားပါတီတွေကရော လူတွေက မျှော်လင့်ထားတာက တိုင်းရင်းသားပါတီကိုယ်စားလှယ်တွေနဲ့ NLD ကိုယ်စားလှယ်တွေက တွေ့မှာ။ လာပြီးတော့ တွေ့မယ်လို့ အဲဒီလိုပဲ သူတို့က နားလည်ထားကြပါတယ်။ ဒါပေမဲ့ အခု တကယ်တွေ့လိုက်တဲ့အခါကြတော့ ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့မယ်ဆိုတာ ဖြစ်သွားတော့ အဓိက အမျိုးသားပြန်လည်သင့်မြတ်ရေးက ပါတီချင်း ပြန်လည်သင့်မြတ်ရေးက ပိုပြီးအရေးကြီးတယ် ထင်ပါတယ်။ တစ်ခုပြောရရင် ပြီးခဲ့တဲ့ အစိုးရသက်တမ်းတုန်းက တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တချို့ကို ရာထူးပေးတာ ရှိတယ်။ ဥပမာ ရခိုင်က ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ခန့်လိုက်တယ်။ သူ့ရဲ့သက်ဆိုင်တဲ့ ပါတီနဲ့ မညှိခဲ့ဘူး။ အဲဒီအတွက်ကြောင့် ပါတီတွင်းမှာ ကွဲပြဲမှုတွေ ဖြစ်သွားတယ်။ ထိုနည်းအတိုင်းပဲ ရှမ်းမှာလည်း SNLD က စိုင်းညွှန့်လွင်ကို ကမ်းလှမ်းတယ်။ သူတို့ကတော့ ပါတီနဲ့ မညှိလို့ဆိုပြီးတော့ လက်မခံခဲ့ဘူး။ ဆိုတော့ အခုလို ပါတီနဲ့ မညှိဘဲနဲ့ သူတို့ လိုရာခေါင်းခေါက်ပြီးတော့ လုပ်တဲ့ကိစ္စမျိုး လုပ်ခြင်းအားဖြင့် တိုင်းရင်းသားပါတီတွေတွင်းမှာ အကွဲအပြဲဖြစ်သွားစေတယ်ဆိုပြီး တချို့က ထောက်ပြနေကြတယ်။ ဆရာအနေနဲ့ ဒါကို ဘယ်လိုပြောချင်ပါလဲ။

ဖြေ ။ ။ ယေဘုယျအားဖြင့် နားထောင်မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင် ပြေလည်နိုင်မယ်လို့ ထင်ပါတယ်။ နားထောင်တယ်ဆိုကတည်းက ဘာလဲဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ပြောတဲ့အခါမှာ အခြေခံမူကတော့ မတူတဲ့ ဖွင့်ဆိုသတ်မှတ်ချက်တွေ ရှိတယ်။ နားလည်ပုံတွေ ရှိတယ်။ အဖွဲ့နှစ်ဖွဲ့ရှိရင် အဖွဲ့နှစ်ဖွဲ့ နားလည်ပုံချင်း မတူဘူး။ အဲဒါကို ဘယ်လိုယှဉ်တွဲနေထိုင်လို့ ရနိုင်မလဲဆိုတာကို ရှာဖွေတာပါပဲ။ အခုန ဆရာပြောနေတဲ့ ပါတီနဲ့ လူပုဂ္ဂိုလ် ရွေးကောက်ခံဆိုတာကလဲ တစ်ပါတီနဲ့ တစ်ပါတီ နားလည်တာခြင်း မတူပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နားလည်ပုံနဲ့ ဟိုဘက်က နားလည်ပုံတို့ တူချင်းမှတူမယ်။ ဒါကလဲ အတူအလုပ်လုပ်လို့ရတဲ့ အလုပ်တစ်ခုကြားကနေ ဖော်ထုတ်မယ်ဆိုရင် မပြေလည်စရာ မရှိပါဘူး။ အဲဒီတော့ ကြိုတင်သတ်မှတ်ထားတာလဲ ဒီအချိန်မှာ ဘယ်သူကမှ ဘာမှရှိထားတယ်လို့ မတွေ့ရဘူး။ ဒါကြောင့်မို့လို့ ဖွင့်ထားတဲ့ကိစ္စတစ်ခု ဖြစ်တဲ့အတွက်ကြောင့်မို့ အတူဆုံးဖြတ်သတ်မှတ်တဲ့ သတ်မှတ်ချက်တစ်ခုရဖို့ကို ဦးတည်ပြီးတော့ အလုပ်လုပ်လို့ သွားကြလို့ရှိရင် ပြန်လည်သင့်မြတ်ရေးက ဘယ်လိုမှ ရှောင်လွှဲလို့ မရဘူးလို့ ကျနော် ထင်ပါတယ်။

မေး ။ ။ တကယ်တော့ ဒီဟာက negotiated compromise လုပ်ရမှာပေါ့လေ။ ညှိနှိုင်းပြီးတော့ အလျှော့အတင်း လုပ်ရမယ့်ကိစ္စ။ သို့ပေမဲ့လဲ ဒါဟာက စီးပွားရေး အရှုံးအနိုင်တွက်တဲ့ သူ့ထက် ငါအမြတ်လိုချင်တာမျိုး။ ဥပမာ မကြာသေးခင်က EU-Britain ညှိတဲ့ကိစ္စမှာတောင် ကိုယ့်ဘက်သာမယ်၊ သူ့ဘက်နာမယ် ညှိနှိုင်းမှုမျိုး ရှိသေးတယ်။ အခုမြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ နှစ်ဘက်စလုံး ဘယ်လိုမှ မရှုံးနိုင်တဲ့ကိစ္စ။ ဘာဖြစ်လို့များ ဒီဟာကို စိုးရိမ်ပြီးတော့ တွက်နေကြသလဲ။ ကျနော်တော့ စဉ်းစားရကျပ်တယ်။ ဆရာ ဘယ်လို စဉ်းစားမိလဲ။ ဘာဖြစ်လို့များ ဒီကိစ္စမှာ အရှုံး-အနိုင် တွက်စရာ ရှိသလား။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို NLD အစိုးရက အခု institution တော်တော်များများက အခု တပ်မတော်ကလည်း ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုဆိုတာ ပြောနေကြပြီးတော့ ဘာဖြစ်လို့ ဒီဟာကို ဦးတည်ပြီးတော့ သဘောမတူညီနိုင်ကြသလဲ။ ကိုယ့်ဘက်က ပေးရမှာကို ဘာကြောင့် အရှုံးကို ကြီးကြီးကျယ်ကျယ် တွက်နေကြသလဲဆိုတာ ဖြစ်ပါတယ်။

ဖြေ ။ ။ အာဏာရှင်သမိုင်းနဲ့ ကြီးလာတဲ့ လူ့အဖွဲ့အစည်းတွေမှာ အမှန်က တစ်ခုပဲ ရှိတယ်ဆိုတဲ့ အစွဲတွေ၊ နားလည်မှုတွေ ရှိတတ်ပါတယ်။ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေမှာ မတူကွဲပြားတဲ့ ဖွင့်ဆိုထားတဲ့ သတ်မှတ်ချက်တွေ၊ သင်္ကေတတွေ အမျိုးမျိုး ရှိပါတယ်။ နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာက အဲဒီမတူတဲ့ လူ့အဖွဲ့အစည်းတွေကြားထဲက မတူတာတွေ အတူယှဉ်တွဲနေထိုင် အလုပ်လုပ်နိုင်တာကို ဦးတည်တာပါ။ ဒါကြောင့်မို့ ဒါက အခြေအနေအသစ် ဖြစ်တယ်လို့ ကျနော်က ပြောတာပါ။ အရင်တုန်းကတော့ ကျနော်တို့က အာဏာရှင်ဖိတယ်၊ ကျနော်တို့က ဆန့်ကျင်ရတယ်။ ခုခံရတယ်။ ဒီအောက်မှာ ညီညွှတ်ရေးကို ယူရတာပါ။ ဒီသဘောသဘာဝနှစ်ခုက မတူပါဘူး။ ဒါကြောင့်မို့ ကျနော်ထင်တယ် အခုဟာ ဒီလမ်းကြောင်းအသစ်ပေါ်မှာ စတင်လျှောက်ကြတာ ဖြစ်တာမို့ အခက်အခဲတွေ ရှိမယ်။ ဒါပေမဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ညီညွှတ်ရေး၊ စည်းလုံးညီညွှတ်ရေး ရှိဖို့လိုတယ်ဆိုတဲ့ ကျနော်တို့ ယုံကြည်မှုက ပြင်းထန်တဲ့အတွက်ကြောင့်မို့ ဒါကို မကြာခင် ကျော်လွှာသွားနိုင်မှာပါ။ အခြားလူ့အဖွဲ့အစည်းတွေမှာ ဘယ်လိုကျင့်သုံးကြလဲ။ ကျနော်တို့က သင်ယူပြီးတော့ လုပ်သွားလို့ရှိရင် မကျော်လွှာနိုင်စရာ မရှိပါဘူး။ ပြေလည်နိုင်မယ်လို့ ယူဆပါတယ်။ မပြေလည်နိုင်စရာတွေလည်း ဆက်လက်ရှိနေအုံးမှာပါ။ ဒါကလဲ သဘာဝကျတယ်လို့ ထင်ပါတယ်။ သို့သော် အကြမ်းဖက်တဲ့အဆင့်ထိ မရောက်ဘူး။ ရန်ဘက်ဖြစ်တဲ့ အဆင့်အထိ မရောက်ဘူးဆိုရင် မပြေလည်တာတွေ ရှိတာကလဲ ငြိမ်းချမ်းစွာ သဘောထားကွဲလွဲပြီးတော့ နေနိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်သွားမှာပါ။

မေး ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုသွားတဲ့ ကိုယ်စားလှယ် (၃) ယောက်ပါတဲ့ ပုဂ္ဂိုလ်တွေက နိုင်ငံရေးအရလည်း အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အသိပညာရင့်ကျက်တယ်။ နောက်ပြီးတော့ တိုင်းရင်းသားကိုယ်စားလှယ်တွေလည်း ဒီအဖွဲ့ထဲမှာ ပါတယ်။ ဆိုတော့ သူုတို့ကိုရော အောက်ခြေမှာ လောလောဆယ် ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို မင်းတို့သဘောနဲ့ မင်းတို့ ဖြေရှင်းလိုက်ဆိုတဲ့ အခွင့်အာဏာမျိုး နည်းနည်းပိုပေးထားသင့်တယ်လို့ ဆရာ မထင်ဘူးလား။ ကျနော် တစ်ခု သတိရမိတယ်။ နဝတခေတ်တုန်းက ဖိလစ်ပိုင်မှာ အာဆီယံ နိုင်ငံခြားရေးအစည်းအဝေး ညီလာခံကို သတင်းလိုက်ယူတော့။ အဲဒီမှာ အရပ်သားဝန်ကြီး - စစ်ဗိုလ်ချုပ်ဝန်ကြီး မဟုတ်ဘူး၊ အဲဒီ ပုဂ္ဂိုလ်ကို သတင်းထောက်တွေကမေးတော့ ကျနော့်အနေနဲ့ အထက်ကို တင်ပြရပါအုံးမယ်ဆိုပြီးတော့ ပြန်ပြောတော့ လူတွေက ရယ်မောကြတယ်။ အခုလဲ အဲဒီလို ဖြစ်နေတယ်။ သူတို့ကို လုပ်ရမယ့် နေရာ အသေးအမွှားလေးကိစ္စလေးကို လုပ်ပိုင်ခွင့် ပိုပေးထားသင့်တယ်။ ဆုံးဖြတ်ခွင့် ပိုပေးထားသင့်တယ်လို့ ဆရာ မထင်ဘူးလား။

ဖြေ ။ ။ ပါတီတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဟုတ်ဘူး၊ တိုင်းရင်းသားပါတီတွေအပါအဝင် ပါတီတိုင်းက သူ့ရဲ့ဆုံးဖြတ်ချက်ချပုံ စနစ်တွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးကာလနဲ့ လျော်ညီစွာ ပြန်လည်စဉ်းစားသုံးသပ်ဖို့ လိုလာတယ်။ အဲဒီတော့ ပါတီဆုံးဖြတ်ချက် စနစ်တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့မှာ လက်ဝဲဘက်က လာတဲ့စနစ်တွေက ပိုပြီးတော့ ကဲနေခဲ့တာကို တွေ့ရတယ်။ ဥပမာ ဗဟိုဦးစီးချုပ်ကိုင်တဲ့ ဒီမိုကရေစီစနစ်မျိုး။ ဒီလိုဆုံးဖြတ်ချက်ချတဲ့ စနစ်တွေက များနေခဲ့တယ်။ ဒါကြောင့်မို့ စနစ်တွေကို ပြန်လည်သုံးသပ်ပြီးတော့ ပြန်လည်ပြီး ဘယ်လို ဗဟိုချုပ်ကိုင်မှုကို ဖြေလျှော့မလဲ။ ဘယ်လို ပေးမလဲ။ ဒီကိစ္စမှာ ဘယ်လိုလုပ်မလဲဆိုတာကို ပြန်လည်စဉ်းစားကြရမယ့် အနေအထား ဖြစ်တယ်လို့ ကျနော် ပြောတာပါ။ ပြန်လည်သုံးသပ်ကြမယ်လို့ ထင်ပါတယ်။

မေး ။ ။ ကျနော် ဒီနေရာမှာ ဆက်ပြီးတော့ မေးချင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုပ်နေတဲ့ လမ်းကြောင်း။ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းမယ်ပေါ့။ စောစောကပြောတဲ့ ကျနော်တို့ ဆွေးနွေးခဲ့ကြသလို၊ ဒီအခက်အခဲတွေကို ကျော်လွှာသွားပြီး၊ တွေ့ဖြစ်ကြတယ်ဆိုရင် တဘက်မှာလဲ လက်နက်ကိုင်အင်အားစုတွေနဲ့ တပ်မတော်နဲ့ လုပ်နေတဲ့ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းက ရှိနေသေးတယ်။ ဆိုတော့ ဒီလမ်းကြောင်းနှစ်ခုကော တပေါင်းတစုတည်း ဖြစ်သွားနိုင်တဲ့ အလားအလာကို ဆရာ ဘယ်လိုမြင်သလဲ။

ဖြေ ။ ။ ယေဘုယျအားဖြင့်တော့ မတူဘူးထင်တယ် ဆရာ။

မေး ။ ။ ဒါပေမဲ့ နှစ်ခုပေါင်းစည်းမှု မလိုဘူးလား။ တကယ်တမ်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ် မဟုတ်လား။

ဖြေ ။ ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလဲ။ ပါတီတွေရဲ့ အခန်းကဏ္ဍသက်သက် ပေးထားပြီးသာပါတယ်။ အဲဒီတော့ တချို့အကြောင်းအရာတွေက ငြိမ်းချမ်းရေးကိစ္စမှာ ဆွေးနွေးရမယ့် ကိစ္စတွေ။ ဥပမာ ကချင်က ပြောတယ် - ပင်လုံစာချုပ်ရဲ့ အကြောင်းအရာတွေကို ပြောမယ်ဆိုတာမျိုးကို ကျနော်တို့ တွေ့လိုက်ရတယ်။ ဒါက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စ ဖြစ်သွားတယ်။ အခုတွေ့ဆုံနေတဲ့ ကိစ္စက လက်ရှိအစိုးရ ဖွဲ့စည်းရေး၊ လွှတ်တော်တွေမှာ ဥပဒေ ပြုပြင်ပြောင်းလဲရေး၊ အဲဒါတွေနဲ့ ပိုပြီးတော့ ဆက်စပ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့်မို့ နှစ်ခုကွဲတာတော့ ကောင်းမယ်လို့ ထင်တယ်။

မေး ။ ။ နှစ်ခုကတော့ ကွဲနေပေမယ့် တချိန်ချိန်မှာတော့ ပေါင်စည်းရေး လုပ်ရမှာပေါ့။ တကယ်တမ်း ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ ဒွန်တွဲနေတာပဲ။ ပေါင်းတော့ပေါင်းရမှာပေါ့။

ဖြေ ။ ။ ဟိုဘက်က နည်းနာယန္တရား mechanism ရှိပြီသာဆိုတော့ ပေါင်းသွားမှာပေါ့။ စောစောက ပြောနေတဲ့ဟာတွေကိုလဲ ၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံအထိုင်ကနေ ပြောမယ်ဆိုရင် ဒါက ငြိမ်းချမ်းရေးဆွေးနွေးတဲ့ဘက်မှာ ပိုပြီးတော့ သင့်တော်မယ်ထင်တယ်။ အဲဒီဟာက။ အဲဒီမှာ သွားပြီးတော့ ပြန်လည်ဆုံချက် ရှိမှာပေါ့။ ဒါပေမဲ့ ဒီဘက်မှာ လုပ်နေတာကတော့ လာမယ့် (၅) နှစ်တာကာလအတွင်းထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ လုပ်မလဲ။ ဘယ်လိုစနစ်တွေကို ထူထောင်မလဲဆိုတဲ့ဟာ။ အဲဒါက ဘာနဲ့သွားပြီးနွယ်နိုင်သလဲဆိုရင် (၂၁) ရာစု ပင်လုံ တတိယညီလာခံ - Union Accord ပြည်ထောင်စု သဘောတူညီချက် အပိုင်း (၃) ရဲ့ နောက်ဆက်တွဲမှာပါတဲ့ ၂၀၂၀ အလွန် လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်တွေက ပိုပြီးတော့ အဓိကကျမယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒါက ၂၀၂၀ အလွန်ကာလမှာ အကောင်အထည်ဖော်လို့ရတဲ့ လုပ်ငန်းတွေ ရှိနေတယ်။

XS
SM
MD
LG