အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အေပၚ ေဝဖန္သူတခ်ဳိ ႔ရဲ ႔ ေျပာစကားေတြကို အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အတြက္ ခုခံေခ်ပခ်က္ကို တင္ျပလိုပါတယ္။ အဲဒီလို ခုခံေခ်ပသူကေတာ့ ၁၉၉၀ ျပည့္ ေရြးေကာက္ပြဲမွာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ကိုယ္စားျပဳၿပီး ပုလဲၿမိဳ ႔နယ္ မဲဆႏၵနယ္ေျမက ေရြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အေရြးခံခဲ့ရသူ ေဒါက္တာတင့္ေဆြ ကို ဦးေက်ာ္ဇံသာက ဆက္သြယ္ေမးျမန္း ေဆြးေႏြးတင္ျပထားပါတယ္။
ေမး ။ ။ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ ႔ ေအာင္ပြဲဟာ ပါတီကိုၾကည့္ၿပီး မဲေပးတာထက္ အဓိကအားျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ဆိုတဲ့ လူပုဂၢိဳလ္တစ္ဦးတည္းကို ေထာက္ခံႏွစ္သက္တဲ့အတြက္ လူထုက မဲေပးၾကတာျဖစ္တယ္ဆုိတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ေဒါက္တာတင့္ေဆြက အခုလို စတင္ေျဖရွင္းပါတယ္။
ေျဖ ။ ။ ၂၀၁၅ ႏွင့္ ၂၀၂၀ ႏွစ္ခုစလံုးကို ၾကည့္လို႔ရိွရင္ မဲေပးတဲ့လူေတြဟာ ျမန္မာႏို္င္ငံရဲ ႔ သမိုင္းကိုၾကည့္ၿပီးေတာ့ ေပးၾကတယ္လို႔ က်ေနာ္က ျမင္ပါတယ္။
ေမး ။ ။ ဒါေပမဲ့ အဓိကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုပဲ ၾကည့္ၿပီးေတာ့ ေပးၾကတယ္ဆိုရင္ေကာ မွားမလား ဆရာ။
ေျဖ ။ ။ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ားကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ေလးစားခ်စ္ခင္ၾကလို႔ မဲေပးၾကတာကေတာ့ မွန္ပါတယ္။ ဒါကိုေတာ့ ျငင္းလို႔မရပါဘူး။
ေမး ။ ။ ဒီကိစၥဟာ ပုဂၢိဳလ္ေရး ကိုးကြယ္ဆည္းကပ္မႈေၾကာင့္ ျဖစ္တယ္။ ဒါက ျမန္မာႏိုင္ငံမွာ အစဥ္အလာလည္း ရိွတယ္လို႔ လူတိုင္းက ေဝဖန္ၾကပါတယ္။ ဒီလို ပုဂၢိဳလ္ေရး ကိုးကြယ္ဆည္းကပ္မႈနဲ႔ပဲ ဆက္သြားၾကမွာလား။ ဒီဟာကို ပါတီက ဦးေဆာင္ၿပီးေတာ့ ျပဳျပင္ေျပာင္းလဲႏိုင္မယ့္ အေျခအေန ရိွပါသလား။
ေျဖ ။ ။ က်ေနာ္တို႔ ႏိုင္ငံက ဘုရင္စနစ္တုန္းကလည္း ဘုရင္ၿပီးရင္ အကုန္ၿပီရတဲ့ တတိုင္းတျပည္လံုး ဘုရင္က ေသဆိုေသ၊ ရွင္ဆိုရွင္ ရိွခဲ့တယ္။ အဲဒီေနာက္ လြတ္လပ္ေရးရၿပီး (၁၂) ႏွစ္ကလြဲ က်န္တာက အာဏာရွင္စနစ္က အႏွစ္ (၂၀) ေက်ာ္ၾကာတယ္။ အဲဒီတုန္းကလည္း ဥကၠ႒ႀကီးနဲ႔ သမၼတႀကီးဆိုသူၿပီရင္ အကုန္ၿပီၾကရတယ္။ အဲဒီေခတ္ကာလ ေထာင္နဲ႔ခ်ီတဲ့ သမိုင္းကေန ဒီမိုကေရစီလို ျဖစ္လာတဲ့အခါမွာ ၂၀၁၂ ၾကားျဖတ္ကေန ေနာက္ပိုင္းမွာ NLD ရဲ ႔ အခန္းက႑မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ ႔ ဦးေဆာင္မႈ (သို႔မဟုတ္) ပါတီရဲ ႔ဥကၠ႒ ေနာက္လိုက္တာကေတာ့ မဆန္းဘူးလို႔ က်ေနာ္ ျမင္ပါတယ္။ သို႔ေသာ္လဲပဲ တကယ္လို႔ မေျပာေကာင္းမဆိုးေကာင္း ေဒၚေအာင္ဆန္းစုၾကည္က ႏုိင္ငံေရးထဲမွာ လုပ္ကိုင္ႏိုင္စြမ္း မရိွေတာ့ဘူးဆိုတဲ့ တစ္ေန႔မွာ ဗမာႏိုင္ငံမွာ ဒီအစဥ္အလာေတြကို ေျပာင္းလဲလာႏိုင္တယ္။ ရင့္ၾကတ္မႈလည္း ေတာ္ေတာ္ေလး ရလာၿပိလို႔ က်ေနာ္ကေတာ့ ဒီလိုအျပဳသေဘာ ျမင္ပါတယ္။
ေမး ။ ။ ဒါေပမဲ့ အခုေလာေလာဆယ္မွာ ေဒၚေအာင္ဆန္းစုၾကည္မကဘူး ပါတီတြင္းမွာ ပါတီအရာရိွေတြအဆင့္ဆင့္ေတြကပဲ ဆံုးျဖတ္ေနတယ္ဆိုတဲ့ အစဥ္အလာ ျဖစ္ေနတယ္လို႔ ေဝဖန္ၾကပါတယ္။ mode of decision making က authoritarian mode သာ ျဖစ္တယ္။ ဒါကိုျပင္ဖုိ႔ လိုတယ္လို႔ ထင္တာပဲ။
ေျဖ ။ ။ ဒီလိုေဝဖန္မႈေတြရိွတာ အမွန္ပါပဲ။ သို႔ေသာ္လဲ က်ေနာ္တုိ႔ NLD ပါတီကို စတည္ေထာင္ကတည္းက ၾကည့္လိုက္လို႔ရိွရင္ က်ေနာ္တို႔ပါတီက ရွစ္ဆယ့္ရွစ္အၿပီးမွာ ဝုန္းကနဲ႔ ဘယ္သူဘယ္ဝါမွန္းမသိ အံုနဲ႔အင္နဲ႔က စတင္ၿပီး ျဖစ္လာခဲ့တာ။ ပါတီညီလာခံ မလုပ္ဘဲနဲ႔ ၁၉၉၀ ေရြးေကာက္ပြဲ က်ေနာ္တို႔ ဝင္ခဲ့တယ္။ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲ လုပ္ခါနီး ပါတီညီလာခံ လုပ္ပါတယ္။ အဲဒီလို လုပ္တဲ့အခါမွာ ပါတီတြင္း ဒီမိုကေရစီက်င့္စဥ္နဲ႔ ဒီမိုကေရစီ လုပ္ထံုးေတြကို ေဘးခ်ိတ္ၿပီးေတာ့ အုပ္စုဖြဲ႔မႈေတြ ရိွခဲ့ပါတယ္။ အခုလဲပဲ မရိွဘူးလို႔ က်ေနာ္ မေျပာႏိုင္ပါဘူး။ NLD ရဲ ႔ ပါတီအရိွဆံုး ပုဂၢိဳလ္ေတြဟာ တိုင္းျပည္အက်ဳိး ပါတီအက်ဳိး ႏွစ္ခုစလံုးကို မွ်ၿပီးေတာ့ အေကာင္းဆံုး ဆံုးျဖတ္ခ်က္ခ်တဲ့နည္းေတြကို လုပ္ၾကတယ္လို႔ က်ေနာ္ ယူဆပါတယ္။ အခု ၂၀၂၀ ပတ္ဝန္းက်င္မွာေတာ့ အဲဒီကေန ပိုၿပီးေတာ့ လူသစ္ျဖစ္တဲ့ ေခါင္းေဆာင္မႈေတြလည္း အစားထိုးသြင္းလာတာကို ၾကည့္ျခင္းအားျဖင့္ NLD ကလည္း လိုအပ္ခ်က္နဲ႔ အေျခအေန အခ်ိန္အခါကို ၾကည့္ၿပီးေတာ့ ျပဳျပင္ေျပာင္းလဲမႈေတြ ေဆာင္ရြက္ေနတယ္လို႔ က်ေနာ္ ျမင္ပါတယ္။
ေမး ။ ။ ေနာက္ကိစၥကေတာ့ ဖြဲ႔စည္းပံုနဲ႔လည္း ပတ္သက္မယ္ ထင္ပါတယ္။ သမၼတတုိ႔၊ ဝန္ႀကီးခ်ဳပ္တို႔ အဲဒီရာထူးေတြက တကယ္ေတာ့ ပါတီနဲ႔ သံေယာဇဥ္ ျဖတ္ရၿပီး၊ အစိုးရလမ္းေၾကာင္းအတုိင္း သြားဖုိ႔ ျပဌာန္းထားတယ္ ထင္ပါတယ္။ ဒါေပမဲ့ လူေတြေဝဖန္ၾကတာက NLD အစိုးရလက္ထက္မွာ ပါတီနဲ႔ အစိုးရ မကြဲဘူးလို႔ ေျပာတာနဲ႔ ပတ္သက္ၿပီးေတာ့ ဆရာအေနနဲ႔ ေျပာလိုပါလဲ။
ေျဖ ။ ။ က်ေနာ္တို႔ စံျပဳထိုက္တဲ့ ဒီမိုကေရစီ က်င့္ထံုးေတြ ႏုိင္ငံတကာအဆင့္နဲ႔ ယွဥ္ၾကည့္လို႔ ၾကည့္မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ႏုိင္ငံမွာ အဆင့္နိမ့္ေသးတယ္လို႔ ေျပာလို႔ရတာေပါ့။ ဒါေပမဲ့ ၂၀၀၈ ဖြဲ႔စည္းပံုအရ ေဆာင္ရြက္ေနၾကတဲ့ ကာလမွာ တခါတေလမွာ ရွဥ္လည္းေလွ်ာက္သာ၊ ပ်ားလည္းဆြဲသာ လုပ္ရသလို၊ လက္တစ္လံုးျခား ဖြဲ႔စည္းပံုနဲ႔ညီေအာင္ ျပဌာန္းခ်က္ဥပေဒနဲ႔ညီေအာင္ ေဆာင္ရြက္ၾကတာေတြလည္း ရိွပါတယ္။ ဦးသိန္းစိန္လက္ထက္တုန္းကလည္း ဒီအတိုင္းပါပဲ။ NLD အစိုးရ တက္ေတာ့လည္း ဒီအတုိင္းပဲ။ ဒါက ၂၀၀၈ ဖြဲ႔စည္းပံု ဥပေဒနဲ႔ ေဆာင္ရြက္ေနသမွ်ေတာ့ အဲဒီဖြဲ႔စည္းပံုကို ႀကိဳးစားၿပီးေတာ့ လက္တစ္လံုးျခားေလးျဖစ္ျဖစ္ ကိုယ့္ပါတီက ေဆာင္ရြက္ခ်င္တဲ့ ကိစၥေတြကို လုပ္ၾကတာကေတာ့ ထံုးစံပဲ ျဖစ္ေနေတာ့ က်ေနာ္ကေတာ့ ဖြဲ႔စည္းပံုကိုပဲ ျပင္ခ်င္တယ္။
ေမး ။ ။ ျမန္မာႏုိင္ငံမွာ ႏုိင္ငံေရးအားျဖင့္ေသာ္လည္းေကာင္း တစံုတရာ မေအာင္ျမင္တဲ့ကိစၥကေတာ့ ဖြဲ႔စည္းပံုကို အျပစ္ေျပာၾကပါတယ္။ ေနာက္ၿပီးေတာ့ ဖြဲ႔စည္းပံုကို ေရးဆြဲခဲ့တဲ့ စစ္တပ္ကို အျပစ္တင္ၾကတယ္။ ဖြဲ႔စည္းပံုက စစ္တပ္ကို ဦးစားေပးထားတဲ့ အခ်က္ေတြက သီးျခားျဖစ္တယ္လို႔ ေျပာၾကပါတယ္။ ဒါေပမဲ့ ဒီဟာကိုပဲ က်ေနာ္တို႔ ထုိးၿပီးေျပာေနၾကတာ NLD ဘက္က ဒီထက္ေကာင္းေအာင္ ျပဳျပင္ေျပာင္းလဲႏုိင္တဲ့နည္း စစ္တပ္နဲ႔ ညိွႏိႈင္းႏိုင္တဲ့နည္းကို ဘယ္လိုရွာႀကံၾကမလဲ။ ရွာႀကံစူးစမ္းမႈေကာ ရိွၾကလား။
ေျဖ ။ ။ က်ေနာ္ ျမင္တာကေတာ့ NLD ဘက္က တာဝန္အရိွဆံုး ပုဂၢိဳလ္သည္ ေဒၚေအာင္ဆန္းစုၾကည္ တစ္ဦိးတည္း မဟုတ္ပါဘူး။ CEC သာ မကပါဘူး ႀကိဳးစားေဆာင္ရြက္ေနၾကတယ္လို႔ ျမင္ပါတယ္။ ႀကိဳးစားမႈဆိုတာ ကုိယ့္ဘက္က ခ်ဥ္းကပ္ေဆာင္ရြက္ခ်င္တဲ့ကိစၥကို တင္ျပရံုနဲ႔ ကိစၥေတြက ၿပီတာမဟုတ္ဘူး။ သက္ဆိုင္ရာ ကာယကံရွင္ ပုဂၢိဳလ္ေတြ၊ အဖြဲ႔အစည္းေတြက သေဘာတူညီ၊ လက္ခံမွာသာ အေကာင္အထည္ေဖာ္လာမွာ ျဖစ္တဲ့အတြက္ အခုထိ မေျပာင္းလဲေသးတာဟာ NLD ဘက္ႀကီး အျပစ္တင္တယ္ဆိုရင္ မတရားဘူးလို႔ က်ေနာ္ ျမင္ပါတယ္။ သို႔ေသာ္လဲ ၂၀၁၅ ကေန ၂၀၂၀ အတြင္းမွာ NLD က တတ္ႏုိင္သေလာက္ေတာ့ တပ္မေတာ္ဘက္နဲ႔ ပတ္သက္ၿပီးေတာ့ ကိုယ့္ဘက္က နာမည္အသစ္ခန္႔ၿပီးေတာ့ တပ္မေတာ္ကို စည္းရံုးမႈေတြ ေဆာင္ရြက္ခဲ့တဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္က အျပစ္တင္ခံရပါတယ္။ ဒါေၾကာင့္ ႀကိဳးစားမႈေတြ ရိွတယ္။ တဘက္က လက္ခံမႈ၊ လက္မခံမႈကိုေတာ့ အျပစ္မေျပာဘဲနဲ႔၊ ႀကိဳးစားတဲ့လူေတြ အားနည္းတယ္လို႔ ေျပာတာကေတာ့ က်ေနာ့္အထင္ သိပ္ၿပီးေတာ့ သမာသမတ္က်တဲ့ ဆံုးျဖတ္ခ်က္၊ သံုးသပ္ခ်က္ မဟုတ္ဘူးလို႔ ထင္ပါတယ္။
ေမး ။ ။ တခ်ဳိ ႔က အခုေလာေလာဆယ္မွာ တုိင္းရင္းသားေတြနဲ႔ ျဖစ္တဲ့ကိစၥ။ ရခိုင္မွာ ေရြးေကာက္ပြဲ ျပန္လည္က်င္းပေပးဖို႔ AA ဘက္က ေၾကညာတာကို တပ္မေတာ္က လက္ခံၿပီးေတာ့ အပစ္ခတ္ရပ္စဲထားတဲ့ အေျခအေနအထိ ေရာက္ေနတယ္။ ဒီကိစၥမွာ NLD အစိုးရအေနနဲ႔ လိႈက္လိႈက္လွဲလွဲ တက္တက္ၾကြၾကြ မရိွလွဘူးလို႔ ေျပာၾကပါတယ္။ ဆိုေတာ့ ဒီလိုအေနအထားကို ဆရာအေနနဲ႔ ဘာေျပာခ်င္ပါလဲ။
ေျဖ ။ ။ ၾကားျဖတ္ေရြးေကာက္ပြဲဆိုတာ ပံုမွန္အားျဖင့္ အေထြေထြေရြးေကာက္ပြဲႀကီးအၿပီး ခန္႔မွန္းေျခ (၂) နွစ္ဝန္းက်င္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ရခိုင္မွာပဲျဖစ္ျဖစ္၊ အျခားေဒသေတြမွာပဲျဖစ္ျဖစ္ ေရြးေကာက္ပြဲ မလုပ္ခဲ့ရတဲ့ဟာေတြကို (၂) နွစ္အတြင္း မလုပ္အပ္ဘူးလို႔ေတာ့ က်ေနာ္က မယူဆပါဘူး။ သို႔ေသာ္လဲ ဒီလို ေရြးေကာက္ပြဲတစ္ခု လုပ္ဖို႔ဆိုတာ ဝုန္းကနဲ ဒိုင္းကနဲ တစ္ေနရာမွာ ခ်ိန္းၿပီးေတာ့ ေျပာတဲ့စကားကို လုိက္ၿပီးေတာ့ လုပ္ပါမယ့္လို႔ ေျပာလို႔ရတဲ့စကား မဟုတ္ဘူး။ ႏုိင္ငံေရးနဲ႔ဆုိင္တယ္။ ေရြးေကာက္ပြဲနဲ႔ဆိုင္တယ္။ ျပည္သူလူထု မဲဆႏၵေတြနဲ႔ ဆိုင္ေတာ့။ စဥ္းစဥ္းစားစား၊ တုိင္တုိင္ပင္ပင္ ေနာက္တစ္ခါ ခ်မွတ္ထားတဲ့ ရိွၿပီသား အေျခအေန၊ ဥပေဒေတြအရ ေရြးေကာက္ပြဲ ဥပေဒအရ ေဆာင္ရြက္ရမွာ ျဖစ္တဲ့အတြက္ အခုက အစိုးရသစ္ေတာင္ မတက္ရေသးဘူး။ ေနာက္ထပ္ ေရြးေကာက္ပြဲလုပ္ဖို႔ မလုပ္ေသးဘူးဆိုၿပီးေတာ့ အျပစ္တင္တာကေတာ့ အဲဒါကိုလည္း က်ေနာ္ကေတာ့ တရားမွ်တတယ္လို႔ မထင္ပါဘူး။ ေဆာင္ရြက္ေနပါတယ္လို႔ပဲ က်ေနာ္ ယူဆပါတယ္။
ေမး ။ ။ ဒါေပမဲ့ အခုဟာက ၾကားျဖတ္ေရြးေကာက္ပြဲ bi-election မဟုတ္ပါဘူး။ ေရြးေကာက္ပြဲ မက်င္းပႏိုင္ဘူးဆိုၿပီးေတာ့ အေၾကာင္းျပၿပီးေတာ့ မလုပ္ဘဲထားခဲ့တာ။ အဲဒီေတာ့ အဓိက သူတုိ႔အေၾကာင္းျပခဲ့တဲ့ တိုက္ပြဲေတြ ဘာညာဆိုတာ ႏွစ္ဘက္စလံုးက မတုိက္ပါဘူး၊ လုပ္ပါ က်ေနာ္တုိ႔ အာမခံပါတယ္ေျပာတာကို မလုပ္ဘူး။ ဒါက ၾကားျဖတ္မဟုတ္ဘူး။ မလုပ္ျဖစ္ခဲ့တာကို လုပ္ျဖစ္ေအာင္ က်င္းပဖို႔ ေျပာတာပါ။ ဒါက မျဖစ္ႏို္င္ဘူးလား။
ေျဖ ။ ။ အဲဒါကေတာ့ က်ေနာ္တုိ႔ အစဥ္အလာ ၁၉၄၇-၄၈ လြတ္လပ္ေရး ရၿပီးကတည္းက အဲဒီလို ေရြးေကာက္ပြဲမ်ဳိး ဘယ္ႏွစ္ခါ ရိွဖူးခဲ့သလဲဆိုတာကို သမိုင္းေၾကာင္း ျပန္ၾကည့္ရပါလိမ့္မယ္။ အဲဒီေတာ့ အခုျဖစ္ေနတဲ့ ကိစၥက က်ေနာ္တို႔ အေစာႀကီးကတည္းက ၂၀၁၅ ေရြးေကာက္ပြဲ မတုိင္ခင္ လ၊ တနည္းအားျဖင့္ ႏွစ္နဲ႔ခ်ီၿပီးေတာ့ တိုက္ပြဲျဖစ္ေနတဲ့ ေဒသေတြမွာ တကယ္လိုသာ ေရြးေကာက္ပြဲ မလုပ္ျဖစ္ခဲ့ရင္ ေဒသခံပါတီေတြ နစ္နာစရာ ရိွတယ္လို႔ အႀကိမ္ေပါင္းေျမာက္ျမားစြာ အင္တာဗ်ဴးေတြမွာ က်ေနာ္တို႔ ေျပာခဲ့ၿပီသား ျဖစ္ပါတယ္။ အဲဒီလို ေျပာခဲ့တဲ့ၾကားထဲက ေရြးေကာက္ပြဲမွာ တိုက္ပြဲမရပ္ဘဲနဲ႔ အခုမွဆိုေတာ့ ဒါက အျပစ္တင္ခ်င္လို႔မ်ား အခုမွ ရပ္ျပတာလား။ အဲဒီလိုလုပ္လို႔ရိွရင္ ေဒသခံပါတီေတြ နစ္နာမယ္။ အဲဒီေတာ့ ကိုယ့္လူမ်ဳိး၊ ကိုယ့္ျပည္နယ္၊ ကိုယ့္ေဒသ အက်ဳိးေက်းဇူးကို အဓိက ဦးစားေပးၿပီးေတာ့ ေဆာင္ရြက္သင့္တယ္လို႔ပဲ က်ေနာ္ကေတာ့ ထပ္ၿပီးေတာ့ အႀကံျပဳပါရေစ။
ေမး ။ ။ အခု ေဒသခံပါတီေတြ ႏိုင္မယ္။ NLD ရႈံးမွာမုိ႔လို႔ တမင္မလုပ္တာလို႔ လူေတြက ေျပာေနယူဆေနၾကတယ္။
ေျဖ ။ ။ ဒီလိုတင္ကူးႀကံစည္းမႈ စိတ္ကူးကေတာ့ ဘယ္သူမဆို လုပ္ႏုိင္ပါတယ္။ လုပ္သင့္ပါတယ္။ မဟုတ္ဘူးလို႔လဲ ေျပာလို႔မရဘူး။ ဟုတ္တယ္လို႔လဲ ေျပာလို႔မရတဲ့ သံုးသပ္ခ်က္ပဲ ျဖစ္တယ္။ ခိုင္မာမႈ သိပ္မရိွဘူးလို႔ က်ေနာ္က ယူဆပါတယ္။
ေမး ။ ။ ေနာက္တစ္ခုက အမ်ုိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဟာ အစိုးရျဖစ္လာၿပီးတဲ့ေနာက္ တိုင္းရင္းသားေတြအေပၚမွာ စာနာမႈ သိပ္မရိွဘူး။ တုိင္းရင္းသားေတြရဲ ႔ ခံစားခ်က္ကို သိပ္ၿပီးေတာ့ နားမလည္ဘူး။ ဒါေၾကာင့္ ၿငိမ္းခ်မ္းေရးအတြက္ ေရွ ႔တိုးေအာင္ ေဆာင္ရြက္တဲ့ေနရာမွာ ေရွ ႔တိုးသင့္သေလာက္ မတုိးဘူးဆိုတဲ့ ေဝဖန္ခ်က္တခ်ဳိ ႔လည္း ေတြ႔ရပါတယ္။
ေျဖ ။ ။ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို ၾကည့္ရင္ ထူးျခားမႈႀကီး အႀကီးႀကီးတစ္ခုကေတာ့ တိုင္းရင္းသားနယ္ေျမ ေဒသေတြမွာ NLD ပါတီကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ေတြ ၾကင္နာတဲ့ ေျမာက္ျမားစြာ အႏိုင္ရရိွပါတယ္။ က်ေနာ္တို႔ ေမွ်ာ္မွန္းမထားပါဘူး။ သို႔ေသာ္လဲ အဲဒီလို ႏိုင္တာကိုၾကည့္ျခင္းအားျဖင့္ အဲဒီတုိင္းရင္းသားေဒသေတြမွာ မဲေပးပိုင္ခြင့္ရိွတဲ့ ပုဂၢိဳလ္ေတြ၊ မဲေပးပိုင္ခြင့္ရိွတဲ့ လူေတြရဲ ႔ ႏုိင္ငံေရးအရည္အခ်င္းဟာ ပိုၿပီးေတာ့ ျမင့္လာတယ္။ ပိုၿပီးေတာ့ က်ယ္လာတယ္လို႔ က်ေနာ္ကေတာ့ ဒီလိုသံုးသပ္ပါတယ္။ ဒါေၾကာင့္ အခုအခ်ိန္မွာ တိုိင္းရင္းသားေတြနဲ႔ NLD နဲ႔ ပူးေပါင္းေဆာင္ရြက္မႈ၊ တနည္းအားျဖင့္ ထဲထဲဝင္ဝင္ ႏွစ္ကိုယ့္တစ္စိတ္ ေဆာင္ရြက္မႈဟာ ပိုၿပီးေတာ့ ေကာင္းလာႏိုင္စရာအေၾကာင္း ရိွတယ္လို႔ က်ေနာ္ကေတာ့ အျပဳသေဘာ ျမင္ပါတယ္။
==Unicode===
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ဝေဖန်သူတချို့ရဲ့ ပြောစကားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ခုခံချေပချက်ကို တင်ပြလိုပါတယ်။ အဲဒီလို ခုခံချေပသူကတော့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုပြီး ပုလဲမြို့နယ် မဲဆန္ဒနယ်မြေက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရသူ ဒေါက်တာတင့်ဆွေ ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
မေး ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်ပွဲဟာ ပါတီကိုကြည့်ပြီး မဲပေးတာထက် အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ လူပုဂ္ဂိုလ်တစ်ဦးတည်းကို ထောက်ခံနှစ်သက်တဲ့အတွက် လူထုက မဲပေးကြတာဖြစ်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာတင့်ဆွေက အခုလို စတင်ဖြေရှင်းပါတယ်။
ဖြေ ။ ။ ၂၀၁၅ နှင့် ၂၀၂၀ နှစ်ခုစလုံးကို ကြည့်လို့ရှိရင် မဲပေးတဲ့လူတွေဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကိုကြည့်ပြီးတော့ ပေးကြတယ်လို့ ကျနော်က မြင်ပါတယ်။
မေး ။ ။ ဒါပေမဲ့ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ကြည့်ပြီးတော့ ပေးကြတယ်ဆိုရင်ကော မှားမလား ဆရာ။
ဖြေ ။ ။ ရာခိုင်နှုန်းတော်တော်များများကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်ကြလို့ မဲပေးကြတာကတော့ မှန်ပါတယ်။ ဒါကိုတော့ ငြင်းလို့မရပါဘူး။
မေး ။ ။ ဒီကိစ္စဟာ ပုဂ္ဂိုလ်ရေး ကိုးကွယ်ဆည်းကပ်မှုကြောင့် ဖြစ်တယ်။ ဒါက မြန်မာနိုင်ငံမှာ အစဉ်အလာလည်း ရှိတယ်လို့ လူတိုင်းက ဝေဖန်ကြပါတယ်။ ဒီလို ပုဂ္ဂိုလ်ရေး ကိုးကွယ်ဆည်းကပ်မှုနဲ့ပဲ ဆက်သွားကြမှာလား။ ဒီဟာကို ပါတီက ဦးဆောင်ပြီးတော့ ပြုပြင်ပြောင်းလဲနိုင်မယ့် အခြေအနေ ရှိပါသလား။
ဖြေ ။ ။ ကျနော်တို့ နိုင်ငံက ဘုရင်စနစ်တုန်းကလည်း ဘုရင်ပြီးရင် အကုန်ပြီရတဲ့ တတိုင်းတပြည်လုံး ဘုရင်က သေဆိုသေ၊ ရှင်ဆိုရှင် ရှိခဲ့တယ်။ အဲဒီနောက် လွတ်လပ်ရေးရပြီး (၁၂) နှစ်ကလွဲ ကျန်တာက အာဏာရှင်စနစ်က အနှစ် (၂၀) ကျော်ကြာတယ်။ အဲဒီတုန်းကလည်း ဥက္ကဋ္ဌကြီးနဲ့ သမ္မတကြီးဆိုသူပြီရင် အကုန်ပြီကြရတယ်။ အဲဒီခေတ်ကာလ ထောင်နဲ့ချီတဲ့ သမိုင်းကနေ ဒီမိုကရေစီလို ဖြစ်လာတဲ့အခါမှာ ၂၀၁၂ ကြားဖြတ်ကနေ နောက်ပိုင်းမှာ NLD ရဲ့ အခန်းကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု (သို့မဟုတ်) ပါတီရဲ့ဥက္ကဋ္ဌ နောက်လိုက်တာကတော့ မဆန်းဘူးလို့ ကျနော် မြင်ပါတယ်။ သို့သော်လဲပဲ တကယ်လို့ မပြောကောင်းမဆိုးကောင်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးထဲမှာ လုပ်ကိုင်နိုင်စွမ်း မရှိတော့ဘူးဆိုတဲ့ တစ်နေ့မှာ ဗမာနိုင်ငံမှာ ဒီအစဉ်အလာတွေကို ပြောင်းလဲလာနိုင်တယ်။ ရင့်ကြတ်မှုလည်း တော်တော်လေး ရလာပြိလို့ ကျနော်ကတော့ ဒီလိုအပြုသဘော မြင်ပါတယ်။
မေး ။ ။ ဒါပေမဲ့ အခုလောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်မကဘူး ပါတီတွင်းမှာ ပါတီအရာရှိတွေအဆင့်ဆင့်တွေကပဲ ဆုံးဖြတ်နေတယ်ဆိုတဲ့ အစဉ်အလာ ဖြစ်နေတယ်လို့ ဝေဖန်ကြပါတယ်။ mode of decision making က authoritarian mode သာ ဖြစ်တယ်။ ဒါကိုပြင်ဖို့ လိုတယ်လို့ ထင်တာပဲ။
ဖြေ ။ ။ ဒီလိုဝေဖန်မှုတွေရှိတာ အမှန်ပါပဲ။ သို့သော်လဲ ကျနော်တို့ NLD ပါတီကို စတည်ထောင်ကတည်းက ကြည့်လိုက်လို့ရှိရင် ကျနော်တို့ပါတီက ရှစ်ဆယ့်ရှစ်အပြီးမှာ ဝုန်းကနဲ့ ဘယ်သူဘယ်ဝါမှန်းမသိ အုံနဲ့အင်နဲ့က စတင်ပြီး ဖြစ်လာခဲ့တာ။ ပါတီညီလာခံ မလုပ်ဘဲနဲ့ ၁၉၉၀ ရွေးကောက်ပွဲ ကျနော်တို့ ဝင်ခဲ့တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ခါနီး ပါတီညီလာခံ လုပ်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာ ပါတီတွင်း ဒီမိုကရေစီကျင့်စဉ်နဲ့ ဒီမိုကရေစီ လုပ်ထုံးတွေကို ဘေးချိတ်ပြီးတော့ အုပ်စုဖွဲ့မှုတွေ ရှိခဲ့ပါတယ်။ အခုလဲပဲ မရှိဘူးလို့ ကျနော် မပြောနိုင်ပါဘူး။ NLD ရဲ့ ပါတီအရှိဆုံး ပုဂ္ဂိုလ်တွေဟာ တိုင်းပြည်အကျိုး ပါတီအကျိုး နှစ်ခုစလုံးကို မျှပြီးတော့ အကောင်းဆုံး ဆုံးဖြတ်ချက်ချတဲ့နည်းတွေကို လုပ်ကြတယ်လို့ ကျနော် ယူဆပါတယ်။ အခု ၂၀၂၀ ပတ်ဝန်းကျင်မှာတော့ အဲဒီကနေ ပိုပြီးတော့ လူသစ်ဖြစ်တဲ့ ခေါင်းဆောင်မှုတွေလည်း အစားထိုးသွင်းလာတာကို ကြည့်ခြင်းအားဖြင့် NLD ကလည်း လိုအပ်ချက်နဲ့ အခြေအနေ အချိန်အခါကို ကြည့်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတယ်လို့ ကျနော် မြင်ပါတယ်။
မေး ။ ။ နောက်ကိစ္စကတော့ ဖွဲ့စည်းပုံနဲ့လည်း ပတ်သက်မယ် ထင်ပါတယ်။ သမ္မတတို့၊ ဝန်ကြီးချုပ်တို့ အဲဒီရာထူးတွေက တကယ်တော့ ပါတီနဲ့ သံယောဇဉ် ဖြတ်ရပြီး၊ အစိုးရလမ်းကြောင်းအတိုင်း သွားဖို့ ပြဌာန်းထားတယ် ထင်ပါတယ်။ ဒါပေမဲ့ လူတွေဝေဖန်ကြတာက NLD အစိုးရလက်ထက်မှာ ပါတီနဲ့ အစိုးရ မကွဲဘူးလို့ ပြောတာနဲ့ ပတ်သက်ပြီးတော့ ဆရာအနေနဲ့ ပြောလိုပါလဲ။
ဖြေ ။ ။ ကျနော်တို့ စံပြုထိုက်တဲ့ ဒီမိုကရေစီ ကျင့်ထုံးတွေ နိုင်ငံတကာအဆင့်နဲ့ ယှဉ်ကြည့်လို့ ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံမှာ အဆင့်နိမ့်သေးတယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဆောင်ရွက်နေကြတဲ့ ကာလမှာ တခါတလေမှာ ရှဉ်လည်းလျှောက်သာ၊ ပျားလည်းဆွဲသာ လုပ်ရသလို၊ လက်တစ်လုံးခြား ဖွဲ့စည်းပုံနဲ့ညီအောင် ပြဌာန်းချက်ဥပဒေနဲ့ညီအောင် ဆောင်ရွက်ကြတာတွေလည်း ရှိပါတယ်။ ဦးသိန်းစိန်လက်ထက်တုန်းကလည်း ဒီအတိုင်းပါပဲ။ NLD အစိုးရ တက်တော့လည်း ဒီအတိုင်းပဲ။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေနဲ့ ဆောင်ရွက်နေသမျှတော့ အဲဒီဖွဲ့စည်းပုံကို ကြိုးစားပြီးတော့ လက်တစ်လုံးခြားလေးဖြစ်ဖြစ် ကိုယ့်ပါတီက ဆောင်ရွက်ချင်တဲ့ ကိစ္စတွေကို လုပ်ကြတာကတော့ ထုံးစံပဲ ဖြစ်နေတော့ ကျနော်ကတော့ ဖွဲ့စည်းပုံကိုပဲ ပြင်ချင်တယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအားဖြင့်သော်လည်းကောင်း တစုံတရာ မအောင်မြင်တဲ့ကိစ္စကတော့ ဖွဲ့စည်းပုံကို အပြစ်ပြောကြပါတယ်။ နောက်ပြီးတော့ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တဲ့ စစ်တပ်ကို အပြစ်တင်ကြတယ်။ ဖွဲ့စည်းပုံက စစ်တပ်ကို ဦးစားပေးထားတဲ့ အချက်တွေက သီးခြားဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီဟာကိုပဲ ကျနော်တို့ ထိုးပြီးပြောနေကြတာ NLD ဘက်က ဒီထက်ကောင်းအောင် ပြုပြင်ပြောင်းလဲနိုင်တဲ့နည်း စစ်တပ်နဲ့ ညှိနှိုင်းနိုင်တဲ့နည်းကို ဘယ်လိုရှာကြံကြမလဲ။ ရှာကြံစူးစမ်းမှုကော ရှိကြလား။
ဖြေ ။ ။ ကျနော် မြင်တာကတော့ NLD ဘက်က တာဝန်အရှိဆုံး ပုဂ္ဂိုလ်သည် ဒေါ်အောင်ဆန်းစုကြည် တစ်ဦိးတည်း မဟုတ်ပါဘူး။ CEC သာ မကပါဘူး ကြိုးစားဆောင်ရွက်နေကြတယ်လို့ မြင်ပါတယ်။ ကြိုးစားမှုဆိုတာ ကိုယ့်ဘက်က ချဉ်းကပ်ဆောင်ရွက်ချင်တဲ့ကိစ္စကို တင်ပြရုံနဲ့ ကိစ္စတွေက ပြီတာမဟုတ်ဘူး။ သက်ဆိုင်ရာ ကာယကံရှင် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက သဘောတူညီ၊ လက်ခံမှာသာ အကောင်အထည်ဖော်လာမှာ ဖြစ်တဲ့အတွက် အခုထိ မပြောင်းလဲသေးတာဟာ NLD ဘက်ကြီး အပြစ်တင်တယ်ဆိုရင် မတရားဘူးလို့ ကျနော် မြင်ပါတယ်။ သို့သော်လဲ ၂၀၁၅ ကနေ ၂၀၂၀ အတွင်းမှာ NLD က တတ်နိုင်သလောက်တော့ တပ်မတော်ဘက်နဲ့ ပတ်သက်ပြီးတော့ ကိုယ့်ဘက်က နာမည်အသစ်ခန့်ပြီးတော့ တပ်မတော်ကို စည်းရုံးမှုတွေ ဆောင်ရွက်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အပြစ်တင်ခံရပါတယ်။ ဒါကြောင့် ကြိုးစားမှုတွေ ရှိတယ်။ တဘက်က လက်ခံမှု၊ လက်မခံမှုကိုတော့ အပြစ်မပြောဘဲနဲ့၊ ကြိုးစားတဲ့လူတွေ အားနည်းတယ်လို့ ပြောတာကတော့ ကျနော့်အထင် သိပ်ပြီးတော့ သမာသမတ်ကျတဲ့ ဆုံးဖြတ်ချက်၊ သုံးသပ်ချက် မဟုတ်ဘူးလို့ ထင်ပါတယ်။
မေး ။ ။ တချို့က အခုလောလောဆယ်မှာ တိုင်းရင်းသားတွေနဲ့ ဖြစ်တဲ့ကိစ္စ။ ရခိုင်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ AA ဘက်က ကြေညာတာကို တပ်မတော်က လက်ခံပြီးတော့ အပစ်ခတ်ရပ်စဲထားတဲ့ အခြေအနေအထိ ရောက်နေတယ်။ ဒီကိစ္စမှာ NLD အစိုးရအနေနဲ့ လှိုက်လှိုက်လှဲလှဲ တက်တက်ကြွကြွ မရှိလှဘူးလို့ ပြောကြပါတယ်။ ဆိုတော့ ဒီလိုအနေအထားကို ဆရာအနေနဲ့ ဘာပြောချင်ပါလဲ။
ဖြေ ။ ။ ကြားဖြတ်ရွေးကောက်ပွဲဆိုတာ ပုံမှန်အားဖြင့် အထွေထွေရွေးကောက်ပွဲကြီးအပြီး ခန့်မှန်းခြေ (၂) နှစ်ဝန်းကျင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်မှာပဲဖြစ်ဖြစ်၊ အခြားဒေသတွေမှာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ မလုပ်ခဲ့ရတဲ့ဟာတွေကို (၂) နှစ်အတွင်း မလုပ်အပ်ဘူးလို့တော့ ကျနော်က မယူဆပါဘူး။ သို့သော်လဲ ဒီလို ရွေးကောက်ပွဲတစ်ခု လုပ်ဖို့ဆိုတာ ဝုန်းကနဲ ဒိုင်းကနဲ တစ်နေရာမှာ ချိန်းပြီးတော့ ပြောတဲ့စကားကို လိုက်ပြီးတော့ လုပ်ပါမယ့်လို့ ပြောလို့ရတဲ့စကား မဟုတ်ဘူး။ နိုင်ငံရေးနဲ့ဆိုင်တယ်။ ရွေးကောက်ပွဲနဲ့ဆိုင်တယ်။ ပြည်သူလူထု မဲဆန္ဒတွေနဲ့ ဆိုင်တော့။ စဉ်းစဉ်းစားစား၊ တိုင်တိုင်ပင်ပင် နောက်တစ်ခါ ချမှတ်ထားတဲ့ ရှိပြီသား အခြေအနေ၊ ဥပဒေတွေအရ ရွေးကောက်ပွဲ ဥပဒေအရ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အခုက အစိုးရသစ်တောင် မတက်ရသေးဘူး။ နောက်ထပ် ရွေးကောက်ပွဲလုပ်ဖို့ မလုပ်သေးဘူးဆိုပြီးတော့ အပြစ်တင်တာကတော့ အဲဒါကိုလည်း ကျနော်ကတော့ တရားမျှတတယ်လို့ မထင်ပါဘူး။ ဆောင်ရွက်နေပါတယ်လို့ပဲ ကျနော် ယူဆပါတယ်။
မေး ။ ။ ဒါပေမဲ့ အခုဟာက ကြားဖြတ်ရွေးကောက်ပွဲ bi-election မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုပြီးတော့ အကြောင်းပြပြီးတော့ မလုပ်ဘဲထားခဲ့တာ။ အဲဒီတော့ အဓိက သူတို့အကြောင်းပြခဲ့တဲ့ တိုက်ပွဲတွေ ဘာညာဆိုတာ နှစ်ဘက်စလုံးက မတိုက်ပါဘူး၊ လုပ်ပါ ကျနော်တို့ အာမခံပါတယ်ပြောတာကို မလုပ်ဘူး။ ဒါက ကြားဖြတ်မဟုတ်ဘူး။ မလုပ်ဖြစ်ခဲ့တာကို လုပ်ဖြစ်အောင် ကျင်းပဖို့ ပြောတာပါ။ ဒါက မဖြစ်နိုင်ဘူးလား။
ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့ အစဉ်အလာ ၁၉၄၇-၄၈ လွတ်လပ်ရေး ရပြီးကတည်းက အဲဒီလို ရွေးကောက်ပွဲမျိုး ဘယ်နှစ်ခါ ရှိဖူးခဲ့သလဲဆိုတာကို သမိုင်းကြောင်း ပြန်ကြည့်ရပါလိမ့်မယ်။ အဲဒီတော့ အခုဖြစ်နေတဲ့ ကိစ္စက ကျနော်တို့ အစောကြီးကတည်းက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လ၊ တနည်းအားဖြင့် နှစ်နဲ့ချီပြီးတော့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ တကယ်လိုသာ ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့ရင် ဒေသခံပါတီတွေ နစ်နာစရာ ရှိတယ်လို့ အကြိမ်ပေါင်းမြောက်မြားစွာ အင်တာဗျူးတွေမှာ ကျနော်တို့ ပြောခဲ့ပြီသား ဖြစ်ပါတယ်။ အဲဒီလို ပြောခဲ့တဲ့ကြားထဲက ရွေးကောက်ပွဲမှာ တိုက်ပွဲမရပ်ဘဲနဲ့ အခုမှဆိုတော့ ဒါက အပြစ်တင်ချင်လို့များ အခုမှ ရပ်ပြတာလား။ အဲဒီလိုလုပ်လို့ရှိရင် ဒေသခံပါတီတွေ နစ်နာမယ်။ အဲဒီတော့ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသ အကျိုးကျေးဇူးကို အဓိက ဦးစားပေးပြီးတော့ ဆောင်ရွက်သင့်တယ်လို့ပဲ ကျနော်ကတော့ ထပ်ပြီးတော့ အကြံပြုပါရစေ။
မေး ။ ။ အခု ဒေသခံပါတီတွေ နိုင်မယ်။ NLD ရှုံးမှာမို့လို့ တမင်မလုပ်တာလို့ လူတွေက ပြောနေယူဆနေကြတယ်။
ဖြေ ။ ။ ဒီလိုတင်ကူးကြံစည်းမှု စိတ်ကူးကတော့ ဘယ်သူမဆို လုပ်နိုင်ပါတယ်။ လုပ်သင့်ပါတယ်။ မဟုတ်ဘူးလို့လဲ ပြောလို့မရဘူး။ ဟုတ်တယ်လို့လဲ ပြောလို့မရတဲ့ သုံးသပ်ချက်ပဲ ဖြစ်တယ်။ ခိုင်မာမှု သိပ်မရှိဘူးလို့ ကျနော်က ယူဆပါတယ်။
မေး ။ ။ နောက်တစ်ခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရဖြစ်လာပြီးတဲ့နောက် တိုင်းရင်းသားတွေအပေါ်မှာ စာနာမှု သိပ်မရှိဘူး။ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို သိပ်ပြီးတော့ နားမလည်ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် ရှေ့တိုးအောင် ဆောင်ရွက်တဲ့နေရာမှာ ရှေ့တိုးသင့်သလောက် မတိုးဘူးဆိုတဲ့ ဝေဖန်ချက်တချို့လည်း တွေ့ရပါတယ်။
ဖြေ ။ ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကြည့်ရင် ထူးခြားမှုကြီး အကြီးကြီးတစ်ခုကတော့ တိုင်းရင်းသားနယ်မြေ ဒေသတွေမှာ NLD ပါတီကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ကြင်နာတဲ့ မြောက်မြားစွာ အနိုင်ရရှိပါတယ်။ ကျနော်တို့ မျှော်မှန်းမထားပါဘူး။ သို့သော်လဲ အဲဒီလို နိုင်တာကိုကြည့်ခြင်းအားဖြင့် အဲဒီတိုင်းရင်းသားဒေသတွေမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ မဲပေးပိုင်ခွင့်ရှိတဲ့ လူတွေရဲ့ နိုင်ငံရေးအရည်အချင်းဟာ ပိုပြီးတော့ မြင့်လာတယ်။ ပိုပြီးတော့ ကျယ်လာတယ်လို့ ကျနော်ကတော့ ဒီလိုသုံးသပ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ တိုင်းရင်းသားတွေနဲ့ NLD နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ တနည်းအားဖြင့် ထဲထဲဝင်ဝင် နှစ်ကိုယ့်တစ်စိတ် ဆောင်ရွက်မှုဟာ ပိုပြီးတော့ ကောင်းလာနိုင်စရာအကြောင်း ရှိတယ်လို့ ကျနော်ကတော့ အပြုသဘော မြင်ပါတယ်။