သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဓါးသြားထက္ထက္တဲ့ ကေလာင္သြားမ်ား


ျမန္မာကဗ်ာဆရာခက္သီ ကဗ်ာစာစု (ဓါတ္ပံု Facebook Poem Collection)

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဖမ္းဆီးေထာင္ခ်ခံရတဲ့၊ လက္လြန္ေအာင္ ႏွိပ္စက္ညႇဥ္းပမ္းခံရတဲ့အထဲမွာ စာေရးဆရာ ကဗ်ာဆရာေတြလဲ ပါဝင္ပါတယ္။ သူတို႔ဟာ စစ္အာဏာပိုင္ေတြအတြက္ ဘယ္ေလာက္ထိ အႏၲရာယ္မ်ားေနလို႔ ဒီလို ရန္ၿငိဳးထားျခင္းခံရတာပါလဲ။ သူတို႔ရဲ႕ကေလာင္သြားက စစ္အင္အားကို စိမ္ေခၚႏိုင္ပါသလား။ Pen America အဖြဲ႔က ၫႊန္ၾကားေရးမႉးတဦးျဖစ္တဲ့ Dr. Karin Karlekar နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ က်ေနာ္ ဒီေန႔ေဆြးေႏြးခ်င္တာကေတာ့ စစ္အာဏာရွင္ေတြဟာ စာေရးဆရာ၊ ကဗ်ာဆရာေတြကို ေၾကာက္သလဲဆိုတာအေၾကာင္းအရာပဲ ျဖစ္ပါတယ္။ ပမာဏအေနနဲ႔ စာေရးဆရာ၊ ကဗ်ာဆရာေတြရဲ ႔ အခန္းက႑ဟာ ႏုိင္ငံတခု၊ လူ႔အဖြဲ႔အစည္းတခု အေျပာင္းအလဲ လုပ္တဲ့ေနရာမွာ ဘယ္ေလာက္အထိ အေရးႀကီးသလဲဆိုတာကို ပထမဦးဆံုး ေျပာပါ။

ေျဖ ။ ။ စာေရးဆရာေတြရဲ ႔ ဘဝကို အထူးသျဖင့္ ျမန္မာႏုိင္ငံကို ၾကည့္မယ္ဆိုရင္ ကဗ်ာဆရာေတြက သိပ္ကိုအေရးပါပါတယ္။ သမိုင္းအစဥ္အလာနဲ႔ၾကည့္ရင္ သူတို႔က ပထမဦးဆံုး ၿဗိတိသွ်ကိုလိုနီ အာဏာရွင္အုပ္စိုးမႈကို တြန္းလွန္တဲ့ေနရာမွာနဲ႔ လြန္ခဲ့တဲ့ ဆယ္စုနွစ္ေတြအတြင္းမွာ ပံုစံအမ်ဳိးမ်ဳိးနဲ႔ အုပ္စိုးခဲ့ၾကတဲ့ အာဏာရွင္ေတြ ဆန္႔က်င္ေရးမွာ အေရးႀကီးတဲ့ေနရာကေန ပါဝင္ခဲ့ၾကတာပါ။ နမူနာအေနနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ စစ္အုပ္ခ်ဳပ္ေရး အေစာပိုင္းကာလ နာဂစ္မုန္တိုင္းဝန္းက်င္ ေရႊဝါေရာင္ေတာ္လွန္ေရး စတာေတြနဲ႔တကြ အခုလက္ရိွ အေျခအေနအထိပါပဲ။ ဆိုေတာ့ ျမန္မာႏိုင္ငံမွာ အာဏာရွင္စနစ္ကို ဆန္႔က်င္တြန္းလွန္တဲ့ေနရာမွာ ကဗ်ာဆရာ၊ စာေရးဆရာေတြရဲ ႔ အခန္းက႑က သိပ္ၿပီးေတာ့ အေရးႀကီးပါတယ္။

ေမး ။ ။ သူတုိ႔အေရးပါတာေတာ့ ဟုတ္ပါၿပီ၊ ဒါေပမဲ့ သူတုိ႔ရဲ ႔ အေရးပါမႈ၊ သူတို႔ရဲ ႔ လုပ္ေဆာင္ခ်က္၊ စြမ္းေဆာင္ခ်က္ေတြဟာ အာဏာရွင္ေတြ၊ စစ္အာဏာရွင္ေတြကိို ျပဳတ္က်သြားေအာင္၊ သို႔မဟုတ္ သူတို႔ရဲ ႔ အေနအထားကို ၿခိမ္းေျခာက္ႏိုင္တဲ့ အေျခအေနေကာ ရိွပါရဲ ႔လား။

ေျဖ ။ ။ စစ္အစိုးရကေတာ့ စာေရးဆရာေတြက သူတုိ႔ကို ၿခိမ္းေျခာက္ၾကမယ္လို႔ ယူဆၾကပါတယ္။ အာဏာသိမ္းၿပီးတဲ့ ပထမေန႔မွာပဲ သူတို႔ဖမ္းဆီးခဲ့တဲ့ လူေတြကို ၾကည့္မယ္ဆိုရင္ ႏုိင္ငံေရးသမားေတြကို ဖမ္းဆီးတယ္၊ NLD ေခါင္းေဆာင္ပိုင္းကိုဖမ္းတယ္၊ ဒါ့အျပင္ စာေရးဆရာ အနည္းဆံုး (၅) ဦးနဲ႔ အႏုပညာဖန္တီးတဲ့ လူေတြကိုလည္း ဖမ္းဆီးခဲ့တာကို ေတြ႔ရပါတယ္။ စာေရးဆရာ ေမာင္သာခ်ဳိအပါအဝင္ အမ်ားအျပားကိုပဲ ဖမ္းဆီးခဲ့ပါတယ္။ ဒါဟာ သူတို႔ကို ေၾကာက္ရြံေနတဲ့အတြက္ေၾကာင့္မို႔ အာဏာသိမ္းတဲ့ စစ္တပ္က လက္ဦးမႈ ရယူဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ေမး ။ ။ တကယ္ေတာ့ အာဏာရွင္ေတြအေနနဲ႔ လြတ္လပ္စြာ ေရးသားေျပာဆိုခြင့္ေတြကို ပိတ္ပင္လိုက္ရင္ေကာ မျဖစ္ႏိုင္ဘူးလား။ မ်ားေသာအားျဖင့္လဲ ပိတ္ပင္ထားၾကတာပဲ။ Censor လုပ္ၾကတယ္၊ ဒီလုပ္ရပ္ေတြနဲ႔ေကာ စာေရးဆရာ၊ ကဗ်ာဆရာေတြရဲ ႔ အခန္းက႑ကို မဟန္႔တားႏုိင္ဘူးလား။ ဖမ္းဆီးေထာင္ခ်ဖို႔ လိုေသးလား။

ေျဖ ။ ။ သူတို႔အေနနဲ႔ ဆင္ဆာလုပ္ေပး၊ လုပ္တာေတြလည္း လုပ္ပါတယ္။ ျမန္မာႏုိင္ငံမွာ စစ္အုပ္ခ်ဳပ္ေရး အေစာပိုင္းကာလက အင္မတန္အေတြ႔အႀကံဳရိွတဲ့ ဆင္ဆာျဖတ္ေတာက္မႈေတြ ရိွခဲ့ပါတယ္။ ဒါေပမဲ့လဲ ဆင္ဆာနဲ႔ မထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနကို ျဖစ္လာပါၿပီ။ လူေတြရဲ ႔ ထင္ျမင္ယူဆခ်က္မ်ဳိးစံုကို ေရးသားေဖာ္ထုတ္တဲ့ လမ္းေၾကာင္းေတြ ရိွလာပါၿပီ။ Facebook မွာ ႀကိဳက္တာေရးလို႔ရေတာ့ အားလံုးကိုလႊမ္းၿခံဳႏိုင္တဲ့ ဆင္ဆာမ်ဳိး မလုပ္ႏုိုင္ေတာ့ပါဘူး။ ေနာက္ၿပီးေတာ့ လက္ကိုင္ဖုန္းေတြ ရိွေနၾကေတာ့ သတင္းအခ်က္အလက္ေတြကို အလြယ္တကူ လက္လွမ္းမီလာၾကပါတယ္။ ဒါေၾကာင့္လဲ ကဗ်ာ ဖန္တီးမႈေတြ၊ သတင္းအခ်က္အလက္ေတြ ျပန္႔ႏံွ႔မွာေၾကာက္လို႔ စစ္အာဏာပိုင္ေတြက အင္တာနက္ပိတ္စို႔မႈေတြကို လုပ္လာပါတယ္။ ေရးသားေဖာ္ထုတ္တဲ့ လူေတြကို ဖမ္းဆီးေထာင္ခ်မႈေတြလည္း လုပ္ပါတယ္။ ဒါေပမဲ့ လူထုကေတာ့ သူတုိ႔စာေပေတြကိုပဲ ရွာေဖြဖတ္ရွဳေနၿပီး၊ ဖမ္းဆီးေထာင္ခ်ခံေနရတဲ့ လူေတြကို ေထာက္ခံေလးစားဆဲပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ စစ္အာဏာပိုင္ေတြ ဘယ္လိုပဲ ႏိွပ္ကြပ္ေပမယ့္ မထိေရာက္ႏုိင္တာ ေတြ႔ရပါတယ္။

ေမး ။ ။ ေနာက္ အထူးသျဖင့္ ကဗ်ာဆရာေတြရဲ ႔ အခန္းက႑ကိုလည္း က်ေနာ္ ေမးခ်င္ပါတယ္။ တကယ္ေတာ့ ျပည္သူလူထုထဲမွာ စာဖတ္ပရိသတ္ထဲမွာ ကဗ်ာဖတ္တဲ့ ပရိသတ္က အင္မတန္နည္းတယ္လို႔ က်ေနာ္ ထင္ပါတယ္။ ဆိုေတာ့ ဒီအာဏာပိုင္ေတြကို သူတုိ႔ စိန္ေခၚလိုက္ရေအာင္ ပရိသတ္က မ်ားျပားသလား။ ကဗ်ာ့ၾသဇာက ဒီေလာက္အထိ ႀကီးမားသလား။ ဘာေၾကာင့္မို႔လို႔ စစ္အာဏာပိုင္ေတြက ကေ်ာဆရာေတြကိုလည္း အႏၱရာယ္ျပဳေနရသလဲ။ ရန္ရွာေနရသလဲ။

ေျဖ ။ ။ အထူးသျဖင့္ ျမန္မာျပည္မွာ သေရာ္စာပံုစံကဗ်ာ အထူးသျဖင့္ Satirical Poetry ေတြ၊ ဇာဂနာတို႔လို လူေတြရဲ ႔ အခန္းက႑၊ ေဒါင္းမ်ဳိးဆက္သံခ်ပ္အဖြဲ႔တို႔ရဲ ႔ အခန္းက႑ေတြက စစ္အာဏာပိုင္ေတြကို ေဝဖန္ေထာက္ျပတဲ့ေနရာ၊ လူ႔အခြင့္အေရး၊ ဒီမိုကေရစီေရးကို ေထာက္ခံအားေပးတဲ့ ေနရာမွာ၊ ေနာက္ၿပီးေတာ့ လြတ္လပ္စြာ ဆႏၵသေဘာထား ထုတ္ေဖာ္ခြင့္၊ လံႈေဆာ္တဲ့ေနရာေတြမွာ အထူးပဲ ထိေရာက္မႈ ရိွတယ္လို႔ က်မ တကယ္ပဲ ယူဆပါတယ္။ ဒါက ျမန္မာႏုိင္ငံမွာ အစဥ္အလာတရပ္နဲ႔ကို ရိွေနခဲ့တာပါ။ ဒါေၾကာင့္လဲ စစ္အာဏာပိုင္ေတြက သူတုိ႔ကို ဖမ္းဆီးေနတာ ျဖစ္ပါတယ္။

ေမး ။ ။ ဒီေနရာမွာ က်ေနာ္ တခုစဥ္းစားမိတယ္။ စာေရးဆရာေတြ၊ စာေပသမားေတြရဲ ႔ ေရးသားတင္ျပခ်က္ေတြက သူတိုိ႔ရဲ ႔ ေစတနာကေတာ့ လူ႔အဖြဲ႔အစည္းကို ေကာင္းေစခ်င္တယ္။ ႏုိင္ငံကို ေကာင္းေစခ်င္တယ္ဆိုေတာ့ ဒီလို ေကာင္းေစခ်င္တဲ့ ေစတနာကို အာဏာပိုင္ေတြက ဖတ္ၿပီးေတာ့ သေဘာေပါက္ လက္ခံတာေကာ မရိွေပဘူးလား။ အဲဒါေကာ ဘာေၾကာင့္ မရိွေနတာလဲ။

ေျဖ ။ ။ အရပ္သားအစိုးရေခတ္ကို ျပန္ၿပီးေတာ့ ၾကည့္မယ္ဆိုရင္ ကဗ်ာဆရာ၊ စာေရးဆရာ အေတာ္မ်ားမ်ားက အစိုးရတာဝန္ေတြ ထမ္းေဆာင္ခဲ့ၾကပါတယ္။ လႊတ္ေတာ္အမတ္ေတြအျဖစ္ ထမ္းေဆာင္ခဲ့ၾကတာ ေတြ႔ရပါလိမ့္မယ္။ သူတုိ႔က ျပဳျပင္ေျပာင္းလဲေရးအတြက္ အစိုးရကို တင္ျပေတာင္းဆို တိုက္တြန္းႏိုင္ခဲ့ၾကပါတယ္။ ဒီလူတခ်ဳိ ႔နဲ႔လည္း က်မ ထိေတြ႔ဆက္ဆံမႈေတြ ရိွခဲ့ပါတယ္။ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္နဲ႔ ပတ္သက္ၿပီးေတာ့ ပိုၿပီးေတာ့ လုပ္ေဆာင္ဖို႔အတြက္ NLD အစိုးရကို ေျပာဆိုတိုက္တြန္းမႈေတြ ရိွခဲ့ၿပီးေတာ့ ဒါမ်ဳိးေတြကို ဆက္လုပ္လာႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတုိ႔ရဲ ႔ ေရးသားခ်က္ေတြ၊ ေဟာေျပာခ်က္ေတြကို ျပဳျပင္ေျပာင္းလဲေရးအတြက္ အထိေရာက္ဆံုး တြန္းအားျဖစ္ေနၿပီးေတာ့ NLD ကုိလည္း ဒီလိုမ်ဳိး ျပဳျပင္ေျပာင္းလဲေရးေတြအတြက္ တြန္းအားေပးႏုိင္ခဲ့တာလည္း ျဖစ္လို႔ပါပဲ။

ေမး ။ ။ ဆိုေတာ့ သူတုိ႔ကို အခုလို ဖမ္းဆီးေထာင္ခ်လိုက္တာနဲ႔ သူတုိ႔ေတြက ႏႈတ္ပိတ္သြားေရာလား။ လက္တြန္႔ၿပီးေတာ့ မလုပ္ဘဲ ေနၾကမလား။ ေနာက္ဆုတ္သြားမယ္လို႔ ထင္ပါသလား။

ေျဖ ။ ။ အာဏာသိမ္းစကတည္းက ဖမ္းဆီးထားတဲ့ လူေတြကို လေတြအၾကာႀကီး ဖမ္းထားၿပီးေတာ့မွ အခုမွ စြဲခ်က္တင္ႏုိင္ပါတယ္။ ေထာင္ဒဏ္ (၂) ႏွစ္ စသည္ျဖင့္ ခ်မွတ္ပါတယ္။ ဆိုေတာ့ သူတုိ႔က အခိုက္အတန္႔အားျဖင့္ ႏႈတ္စိတ္ေနရပါလိမ့္မယ္။ ေထာင္က်ေနတုန္းေတာ့ လြတ္လပ္စြာ ေရးသားေျပာဆုိခြင့္ ဘာမွရရိွမွာ မဟုတ္ပါဘူး။ ဒါေပမဲ့လဲ တျခားကဗ်ာဆရာ၊ စာေရးဆရာ အမ်ားအျပား သူတို႔ေတြရဲ ႔ လံုၿခံဳေရးအတြက္ ျပည္တြင္းမွာပဲ တိမ္းေရွာင္ေန၊ ဒါမွမဟုတ္ ျပည္ပကို ထြက္ေျပးႏိုင္ခဲ့ၾကတာပါ။ သူတုိ႔က ဆက္ၿပီးေတာ့ ေရးႏုိင္ေျပာႏုိင္ၾကပါတယ္။ ဒါေၾကာင့္မို႔ စစ္အာဏာပိုင္ေတြ ႏႈတ္ပိတ္ႏုိင္တာက တခ်ဳိ ႔တဝက္ကို ယာယီႏႈတ္ပိတ္ထားႏုိင္ျခင္းပဲ ျဖစ္ပါတယ္။ စာေရးဆရာတုိင္း၊ ကဗ်ာဆရာတုိင္းကို သူတုိ႔ထိန္းခ်ဳပ္မထားႏုိင္ပါဘူး။ သူတုိ႔အာဏာကို ဖီဆန္တြန္းလွန္ေနၾကသူေတြ အမ်ားႀကီး ရိွေနပါတယ္။


ေမး ။ ။ ဆိုေတာ့ စစ္အာဏာပိုင္ေတြက ေလာေလာဆယ္မွာေတာ့ ကဗ်ာဆရာေတြကို၊ တနည္းေျပာရရင္ စာေရးဆရာေတြကို သူတုိ႔ရဲ ႔ ကေလာင္စြမ္းကို လက္နက္အင္အားနဲ႔ အႏိုင္ယူေနတဲ့ သေဘာေပါ့။

ေျဖ ။ ။ အမွန္ပါပဲ - ဒီႏွစ္အေစာပိုင္းက အသတ္ခံသြားရတဲ့ ကဗ်ာဆရာခက္သီရဲ ႔ ေရးသားခ်က္ေတြကို ၾကည့္မယ္ဆိုရင္ အာဏာသိမ္းမႈကို အျပင္းအထန္ ဆန္႔က်င္တာေတြ ေတြ႔ရသလို၊ လူထုကိုလည္း အရမ္းႏွစ္ေထာင္အားရ ျဖစ္ေစၿပီး တက္ၾကြေစခဲ့ပါတယ္။ သူဆံုးသြားၿပီးတဲ့ေနာက္မွာ လူေတြၾကားမွာ အခ်င္းခ်င္းျဖန္႔ခ်ီခဲ့ၾကပါတယ္။ ကံမေကာင္းအေၾကာင္းမလွစြာနဲ႔ ခက္သီလိုပဲ မႏွစ္က တႏွစ္ထဲမွာ ဆံုးသြားခဲ့ရတဲ့ ကဗ်ာဆရာေတြ အနည္းဆံုး (၅) ေယာက္ ရိွခဲ့ပါၿပီ။ စာေရးဆရာ အမ်ားအျပားလည္း ေထာင္ထဲမွာ ေရာက္ေနခဲ့ၿပီးေတာ့၊ က်န္တဲ့တခ်ဳိ ႔လဲ ျပည္ပကို ထြက္ေျပးေနရပါတယ္။ တခ်ဳိ ႔လဲ ပုန္းေအာင္းေနရပါတယ္။ ၿပီးခဲ့တဲ့ ပြင့္လင္းကာလရဲ ႔ အေတြ႔အႀကံဳကို လူအမ်ားအျပား ရရိွခဲ့ၿပီ ျဖစ္ပါတယ္။ အဲဒီအေတြ႔အႀကံဳကို သူတုိ႔က ႀကိဳက္ၾကတယ္။ ဆက္ၿပီးေတာ့လဲ အဲဒီလို အေတြ႔အႀကံဳမ်ဳိး ျဖစ္ထြန္းဖို႔အတြက္ လိုလားေနၾကတယ္ဆိုတာကို သိၾကပါတယ္။ ပြင့္လင္းလြတ္လပ္ခြင့္ ထြန္းကားေရးအတြက္ စာေရးဆရာ၊ ကဗ်ာဆရာႀကီးေတြနဲ႔အတူ ေရးေဖာ္ေရးဖက္အျဖစ္နဲ႔ ဒီမ်ဳိးဆက္သစ္ေတြလည္း ေပၚထြန္းလာလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။

ေမး ။ ။ ေနာက္ဆံုးေမးခ်င္တာက ‘The pen is mightier than the sword’ ဆိုတဲ့ ‘ဆိုရိုးစကား၊ ဓါးသြားထက္ ကေလာင္သြားထက္တယ္’ ဆိုတဲ့ ဆုိရိုးစကားဟာ ျမန္မာႏုိင္ငံအတြက္လည္း မွန္ကန္ေနတယ္ဆိုတဲ့သေဘာ ေျပာႏိုင္ပါသလား။ Karin ရဲ ႔ သေဘာထားကို သိပါရေစ။

ေျဖ ။ ။ ဒါကို မွန္တယ္လို႔ က်မ တကယ္ပဲယူဆပါတယ္။ ကဗ်ာဆရာေတြကို စစ္တပ္က ပစ္သတ္လိုက္တဲ့ ကိစၥကိုပဲၾကည့္ပါ။ ခက္သီတုိ႔ကို သတ္ျပစ္လိုက္ေပမယ့္ သူ႔ကဗ်ာေတြ ရွင္သန္ေနဆဲပါ။ သူ႔ကဗ်ာေတြ၊ သူ႔စကားေတြ ရိွေနဆဲပါ။ လူထုက ဒါေတြကို ျဖန္႔ေဝေနဆဲပါ။ ဘာသာျပန္ေနၾကဆဲပါ။ ကမာၻတဝွမ္းက ရြတ္ဖတ္ေနၾကဆဲပါ။ ခက္သီ အသတ္မခံရေသးခင္က သူ႔ရဲ ႔နာမည္ကို ျမန္မာျပည္ထဲကလူေတြ၊ ကမာၻကလူေတြ တခါမွ မၾကားဖူးၾကပါဘူး။ အခုအခါမွာေတာ့ ကမာၻတဝွမ္းက ကဗ်ာဆရာေတြ အမ်ားႀကီး ခက္သီကို သိသြားၾကပါၿပီ။ သူ႔ရဲ ႔ကဗ်ာေတြကို ရြတ္ဆိုၾကားနာေနၾကပါၿပီ။ ဒါေၾကာင့္မို႔ စစ္အာဏာရွင္ေတြက ကဗ်ာဆရာတေယာက္ကို သတ္ျဖတ္ႏုိင္ပါတယ္။ ဒါေပမဲ့ သူတုိ႔ရဲ ႔ ကဗ်ာကို မသတ္ႏုိင္ပါဘူး။ အသတ္ဆံုးရွံဳးသြားရေပမယ့္ သူ႔ရဲ ႔ကဗ်ာေတြက ပိုၿပီးေတာ့ ရွင္သန္ျပန္႔ႏံွ႔သြားခဲ့ပါၿပီ။ ခ်ဳပ္ေျပာရမယ္ဆိုရင္ေတာ့ ဓါးသြားထက္ ကေလာင္သြားထက္တယ္ဆိုတဲ့ ဆိုရိုးစကားကို က်မ ယံုၾကည္ပါတယ္။

ကဗ်ာဆရာကို သတ္သတ္၊ ေထာင္ခ်ခ် ကဗ်ာကေတာ့ ဆက္ၿပီးေတာ့ ရွင္သန္ေနပါမယ္။

ဦးေက်ာ္ဇံသာ ။ ။ ေသာတရွင္မ်ားခင္မ်ား - အခုတင္ျပခဲ့တာေတာ့ Pen America ရဲ ႔ ညႊန္ၾကားေရးမွဴးတေယာက္ျဖစ္တဲ့ Dr. Karin Karlekar နဲ႔ ကို ဆက္သြယ္ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။ စစ္ေကာင္စီ ဖမ္းဆီးၿပီး (၂၄) နာရီအတြင္းမွာ ညွဥ္းပမ္းႏိွပ္စက္ခံရလို႔ ေသဆံုးသြားခဲ့တဲ့ ခက္သီရဲ ႔ ကဗ်ာတခ်ဳိ ႔ကိုလည္း အခြင့္သင့္တုန္း ဆက္လက္ေဖာ္ျပလိုပါတယ္။ ကိုသားညႊန္႔ဦးက ဖတ္ေပးထားတာ ျဖစ္ပါတယ္။

သူတုိ႔က ေခါင္းကိုပစ္တယ္ ေတာ္လွန္ေရးက ႏွလံုးသားမွာရိွတာ မသိၾကဘူး
ငါ ေသနတ္ မပစ္တတ္ဘူး
ငါ ေသနတ္မပစ္တတ္ဘူး
ငါ့လက္က ဂစ္တာတီးခဲ့တာ။
ငါ ေသနတ္မပစ္တတ္ဘူး
ငါ့လက္က ကဗ်ာပဲေရးတတ္တာ။
ငါ ေသနတ္မပစ္တတ္ဘူး
ငါ ေမြးေန႔ကိတ္ပဲ အလွဆင္တတ္တာ။
အခု ငါ့လူေတြ ေသနတ္ပစ္ခံရတယ္
ငါကေတာ့ ကဗ်ာနဲ႔ပဲ ျပန္ပစ္ႏိုင္ခဲ့တယ္။
အဲ့ဒါဟာ မမွ်တဘူးလို႔ ခံစားေနရတယ္
လိပ္ျပာမလုံဘူးလို႔ ေတြးရိပ္ထင္ေနတယ္။
ငါ ေသနတ္ပစ္မယ္
ငါ ေသနတ္ပစ္မယ္
ပါးစပ္နဲ႔မရတာ ေသခ်ာတဲ့အခါ
ေသနတ္ကို ေသေသခ်ာခ်ာ ေ႐ြးခ်ယ္ရေတာ့မယ္
ငါ ေသနတ္ပစ္မယ္ ။ ။

==Unicode==

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထောင်ချခံရတဲ့၊ လက်လွန်အောင် နှိပ်စက်ညှဉ်းပမ်းခံရတဲ့အထဲမှာ စာရေးဆရာ ကဗျာဆရာတွေလဲ ပါဝင်ပါတယ်။ သူတို့ဟာ စစ်အာဏာပိုင်တွေအတွက် ဘယ်လောက်ထိ အန္တရာယ်များနေလို့ ဒီလို ရန်ငြိုးထားခြင်းခံရတာပါလဲ။ သူတို့ရဲ့ကလောင်သွားက စစ်အင်အားကို စိမ်ခေါ်နိုင်ပါသလား။ Pen America အဖွဲ့က ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ Dr. Karin Karlekar နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ကျနော် ဒီနေ့ဆွေးနွေးချင်တာကတော့ စစ်အာဏာရှင်တွေဟာ စာရေးဆရာ၊ ကဗျာဆရာတွေကို ကြောက်သလဲဆိုတာအကြောင်းအရာပဲ ဖြစ်ပါတယ်။ ပမာဏအနေနဲ့ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ အခန်းကဏ္ဍဟာ နိုင်ငံတခု၊ လူ့အဖွဲ့အစည်းတခု အပြောင်းအလဲ လုပ်တဲ့နေရာမှာ ဘယ်လောက်အထိ အရေးကြီးသလဲဆိုတာကို ပထမဦးဆုံး ပြောပါ။

ဖြေ ။ ။ စာရေးဆရာတွေရဲ့ ဘဝကို အထူးသဖြင့် မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် ကဗျာဆရာတွေက သိပ်ကိုအရေးပါပါတယ်။ သမိုင်းအစဉ်အလာနဲ့ကြည့်ရင် သူတို့က ပထမဦးဆုံး ဗြိတိသျှကိုလိုနီ အာဏာရှင်အုပ်စိုးမှုကို တွန်းလှန်တဲ့နေရာမှာနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ အုပ်စိုးခဲ့ကြတဲ့ အာဏာရှင်တွေ ဆန့်ကျင်ရေးမှာ အရေးကြီးတဲ့နေရာကနေ ပါဝင်ခဲ့ကြတာပါ။ နမူနာအနေနဲ့ ပြောရမယ်ဆိုရင်တော့ စစ်အုပ်ချုပ်ရေး အစောပိုင်းကာလ နာဂစ်မုန်တိုင်းဝန်းကျင် ရွှေဝါရောင်တော်လှန်ရေး စတာတွေနဲ့တကွ အခုလက်ရှိ အခြေအနေအထိပါပဲ။ ဆိုတော့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်တဲ့နေရာမှာ ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ အခန်းကဏ္ဍက သိပ်ပြီးတော့ အရေးကြီးပါတယ်။

မေး ။ ။ သူတို့အရေးပါတာတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ သူတို့ရဲ့ အရေးပါမှု၊ သူတို့ရဲ့ လုပ်ဆောင်ချက်၊ စွမ်းဆောင်ချက်တွေဟာ အာဏာရှင်တွေ၊ စစ်အာဏာရှင်တွေကို ပြုတ်ကျသွားအောင်၊ သို့မဟုတ် သူတို့ရဲ့ အနေအထားကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေကော ရှိပါရဲ့လား။

ဖြေ ။ ။ စစ်အစိုးရကတော့ စာရေးဆရာတွေက သူတို့ကို ခြိမ်းခြောက်ကြမယ်လို့ ယူဆကြပါတယ်။ အာဏာသိမ်းပြီးတဲ့ ပထမနေ့မှာပဲ သူတို့ဖမ်းဆီးခဲ့တဲ့ လူတွေကို ကြည့်မယ်ဆိုရင် နိုင်ငံရေးသမားတွေကို ဖမ်းဆီးတယ်၊ NLD ခေါင်းဆောင်ပိုင်းကိုဖမ်းတယ်၊ ဒါ့အပြင် စာရေးဆရာ အနည်းဆုံး (၅) ဦးနဲ့ အနုပညာဖန်တီးတဲ့ လူတွေကိုလည်း ဖမ်းဆီးခဲ့တာကို တွေ့ရပါတယ်။ စာရေးဆရာ မောင်သာချိုအပါအဝင် အများအပြားကိုပဲ ဖမ်းဆီးခဲ့ပါတယ်။ ဒါဟာ သူတို့ကို ကြောက်ရွံနေတဲ့အတွက်ကြောင့်မို့ အာဏာသိမ်းတဲ့ စစ်တပ်က လက်ဦးမှု ရယူဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မေး ။ ။ တကယ်တော့ အာဏာရှင်တွေအနေနဲ့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်တွေကို ပိတ်ပင်လိုက်ရင်ကော မဖြစ်နိုင်ဘူးလား။ များသောအားဖြင့်လဲ ပိတ်ပင်ထားကြတာပဲ။ Censor လုပ်ကြတယ်၊ ဒီလုပ်ရပ်တွေနဲ့ကော စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ အခန်းကဏ္ဍကို မဟန့်တားနိုင်ဘူးလား။ ဖမ်းဆီးထောင်ချဖို့ လိုသေးလား။

ဖြေ ။ ။ သူတို့အနေနဲ့ ဆင်ဆာလုပ်ပေး၊ လုပ်တာတွေလည်း လုပ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး အစောပိုင်းကာလက အင်မတန်အတွေ့အကြုံရှိတဲ့ ဆင်ဆာဖြတ်တောက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လဲ ဆင်ဆာနဲ့ မထိန်းချုပ်နိုင်တဲ့ အခြေအနေကို ဖြစ်လာပါပြီ။ လူတွေရဲ့ ထင်မြင်ယူဆချက်မျိုးစုံကို ရေးသားဖော်ထုတ်တဲ့ လမ်းကြောင်းတွေ ရှိလာပါပြီ။ Facebook မှာ ကြိုက်တာရေးလို့ရတော့ အားလုံးကိုလွှမ်းခြုံနိုင်တဲ့ ဆင်ဆာမျိုး မလုပ်နိုင်တော့ပါဘူး။ နောက်ပြီးတော့ လက်ကိုင်ဖုန်းတွေ ရှိနေကြတော့ သတင်းအချက်အလက်တွေကို အလွယ်တကူ လက်လှမ်းမီလာကြပါတယ်။ ဒါကြောင့်လဲ ကဗျာ ဖန်တီးမှုတွေ၊ သတင်းအချက်အလက်တွေ ပြန့်နံှ့မှာကြောက်လို့ စစ်အာဏာပိုင်တွေက အင်တာနက်ပိတ်စို့မှုတွေကို လုပ်လာပါတယ်။ ရေးသားဖော်ထုတ်တဲ့ လူတွေကို ဖမ်းဆီးထောင်ချမှုတွေလည်း လုပ်ပါတယ်။ ဒါပေမဲ့ လူထုကတော့ သူတို့စာပေတွေကိုပဲ ရှာဖွေဖတ်ရှုနေပြီး၊ ဖမ်းဆီးထောင်ချခံနေရတဲ့ လူတွေကို ထောက်ခံလေးစားဆဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စစ်အာဏာပိုင်တွေ ဘယ်လိုပဲ နှိပ်ကွပ်ပေမယ့် မထိရောက်နိုင်တာ တွေ့ရပါတယ်။

မေး ။ ။ နောက် အထူးသဖြင့် ကဗျာဆရာတွေရဲ့ အခန်းကဏ္ဍကိုလည်း ကျနော် မေးချင်ပါတယ်။ တကယ်တော့ ပြည်သူလူထုထဲမှာ စာဖတ်ပရိသတ်ထဲမှာ ကဗျာဖတ်တဲ့ ပရိသတ်က အင်မတန်နည်းတယ်လို့ ကျနော် ထင်ပါတယ်။ ဆိုတော့ ဒီအာဏာပိုင်တွေကို သူတို့ စိန်ခေါ်လိုက်ရအောင် ပရိသတ်က များပြားသလား။ ကဗျာ့သြဇာက ဒီလောက်အထိ ကြီးမားသလား။ ဘာကြောင့်မို့လို့ စစ်အာဏာပိုင်တွေက ကျောဆရာတွေကိုလည်း အန္တရာယ်ပြုနေရသလဲ။ ရန်ရှာနေရသလဲ။

ဖြေ ။ ။ အထူးသဖြင့် မြန်မာပြည်မှာ သရော်စာပုံစံကဗျာ အထူးသဖြင့် Satirical Poetry တွေ၊ ဇာဂနာတို့လို လူတွေရဲ့ အခန်းကဏ္ဍ၊ ဒေါင်းမျိုးဆက်သံချပ်အဖွဲ့တို့ရဲ့ အခန်းကဏ္ဍတွေက စစ်အာဏာပိုင်တွေကို ဝေဖန်ထောက်ပြတဲ့နေရာ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ နေရာမှာ၊ နောက်ပြီးတော့ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖော်ခွင့်၊ လှုံဆော်တဲ့နေရာတွေမှာ အထူးပဲ ထိရောက်မှု ရှိတယ်လို့ ကျမ တကယ်ပဲ ယူဆပါတယ်။ ဒါက မြန်မာနိုင်ငံမှာ အစဉ်အလာတရပ်နဲ့ကို ရှိနေခဲ့တာပါ။ ဒါကြောင့်လဲ စစ်အာဏာပိုင်တွေက သူတို့ကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

မေး ။ ။ ဒီနေရာမှာ ကျနော် တခုစဉ်းစားမိတယ်။ စာရေးဆရာတွေ၊ စာပေသမားတွေရဲ့ ရေးသားတင်ပြချက်တွေက သူတို့ရဲ့ စေတနာကတော့ လူ့အဖွဲ့အစည်းကို ကောင်းစေချင်တယ်။ နိုင်ငံကို ကောင်းစေချင်တယ်ဆိုတော့ ဒီလို ကောင်းစေချင်တဲ့ စေတနာကို အာဏာပိုင်တွေက ဖတ်ပြီးတော့ သဘောပေါက် လက်ခံတာကော မရှိပေဘူးလား။ အဲဒါကော ဘာကြောင့် မရှိနေတာလဲ။

ဖြေ ။ ။ အရပ်သားအစိုးရခေတ်ကို ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် ကဗျာဆရာ၊ စာရေးဆရာ အတော်များများက အစိုးရတာဝန်တွေ ထမ်းဆောင်ခဲ့ကြပါတယ်။ လွှတ်တော်အမတ်တွေအဖြစ် ထမ်းဆောင်ခဲ့ကြတာ တွေ့ရပါလိမ့်မယ်။ သူတို့က ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရကို တင်ပြတောင်းဆို တိုက်တွန်းနိုင်ခဲ့ကြပါတယ်။ ဒီလူတချို့နဲ့လည်း ကျမ ထိတွေ့ဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ လုပ်ဆောင်ဖို့အတွက် NLD အစိုးရကို ပြောဆိုတိုက်တွန်းမှုတွေ ရှိခဲ့ပြီးတော့ ဒါမျိုးတွေကို ဆက်လုပ်လာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ရေးသားချက်တွေ၊ ဟောပြောချက်တွေကို ပြုပြင်ပြောင်းလဲရေးအတွက် အထိရောက်ဆုံး တွန်းအားဖြစ်နေပြီးတော့ NLD ကိုလည်း ဒီလိုမျိုး ပြုပြင်ပြောင်းလဲရေးတွေအတွက် တွန်းအားပေးနိုင်ခဲ့တာလည်း ဖြစ်လို့ပါပဲ။

မေး ။ ။ ဆိုတော့ သူတို့ကို အခုလို ဖမ်းဆီးထောင်ချလိုက်တာနဲ့ သူတို့တွေက နှုတ်ပိတ်သွားရောလား။ လက်တွန့်ပြီးတော့ မလုပ်ဘဲ နေကြမလား။ နောက်ဆုတ်သွားမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ အာဏာသိမ်းစကတည်းက ဖမ်းဆီးထားတဲ့ လူတွေကို လတွေအကြာကြီး ဖမ်းထားပြီးတော့မှ အခုမှ စွဲချက်တင်နိုင်ပါတယ်။ ထောင်ဒဏ် (၂) နှစ် စသည်ဖြင့် ချမှတ်ပါတယ်။ ဆိုတော့ သူတို့က အခိုက်အတန့်အားဖြင့် နှုတ်စိတ်နေရပါလိမ့်မယ်။ ထောင်ကျနေတုန်းတော့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် ဘာမှရရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လဲ တခြားကဗျာဆရာ၊ စာရေးဆရာ အများအပြား သူတို့တွေရဲ့ လုံခြုံရေးအတွက် ပြည်တွင်းမှာပဲ တိမ်းရှောင်နေ၊ ဒါမှမဟုတ် ပြည်ပကို ထွက်ပြေးနိုင်ခဲ့ကြတာပါ။ သူတို့က ဆက်ပြီးတော့ ရေးနိုင်ပြောနိုင်ကြပါတယ်။ ဒါကြောင့်မို့ စစ်အာဏာပိုင်တွေ နှုတ်ပိတ်နိုင်တာက တချို့တဝက်ကို ယာယီနှုတ်ပိတ်ထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ စာရေးဆရာတိုင်း၊ ကဗျာဆရာတိုင်းကို သူတို့ထိန်းချုပ်မထားနိုင်ပါဘူး။ သူတို့အာဏာကို ဖီဆန်တွန်းလှန်နေကြသူတွေ အများကြီး ရှိနေပါတယ်။


မေး ။ ။ ဆိုတော့ စစ်အာဏာပိုင်တွေက လောလောဆယ်မှာတော့ ကဗျာဆရာတွေကို၊ တနည်းပြောရရင် စာရေးဆရာတွေကို သူတို့ရဲ့ ကလောင်စွမ်းကို လက်နက်အင်အားနဲ့ အနိုင်ယူနေတဲ့ သဘောပေါ့။

ဖြေ ။ ။ အမှန်ပါပဲ - ဒီနှစ်အစောပိုင်းက အသတ်ခံသွားရတဲ့ ကဗျာဆရာခက်သီရဲ့ ရေးသားချက်တွေကို ကြည့်မယ်ဆိုရင် အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်တာတွေ တွေ့ရသလို၊ လူထုကိုလည်း အရမ်းနှစ်ထောင်အားရ ဖြစ်စေပြီး တက်ကြွစေခဲ့ပါတယ်။ သူဆုံးသွားပြီးတဲ့နောက်မှာ လူတွေကြားမှာ အချင်းချင်းဖြန့်ချီခဲ့ကြပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ ခက်သီလိုပဲ မနှစ်က တနှစ်ထဲမှာ ဆုံးသွားခဲ့ရတဲ့ ကဗျာဆရာတွေ အနည်းဆုံး (၅) ယောက် ရှိခဲ့ပါပြီ။ စာရေးဆရာ အများအပြားလည်း ထောင်ထဲမှာ ရောက်နေခဲ့ပြီးတော့၊ ကျန်တဲ့တချို့လဲ ပြည်ပကို ထွက်ပြေးနေရပါတယ်။ တချို့လဲ ပုန်းအောင်းနေရပါတယ်။ ပြီးခဲ့တဲ့ ပွင့်လင်းကာလရဲ့ အတွေ့အကြုံကို လူအများအပြား ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံကို သူတို့က ကြိုက်ကြတယ်။ ဆက်ပြီးတော့လဲ အဲဒီလို အတွေ့အကြုံမျိုး ဖြစ်ထွန်းဖို့အတွက် လိုလားနေကြတယ်ဆိုတာကို သိကြပါတယ်။ ပွင့်လင်းလွတ်လပ်ခွင့် ထွန်းကားရေးအတွက် စာရေးဆရာ၊ ကဗျာဆရာကြီးတွေနဲ့အတူ ရေးဖော်ရေးဖက်အဖြစ်နဲ့ ဒီမျိုးဆက်သစ်တွေလည်း ပေါ်ထွန်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ နောက်ဆုံးမေးချင်တာက ‘The pen is mightier than the sword’ ဆိုတဲ့ ‘ဆိုရိုးစကား၊ ဓါးသွားထက် ကလောင်သွားထက်တယ်’ ဆိုတဲ့ ဆိုရိုးစကားဟာ မြန်မာနိုင်ငံအတွက်လည်း မှန်ကန်နေတယ်ဆိုတဲ့သဘော ပြောနိုင်ပါသလား။ Karin ရဲ့ သဘောထားကို သိပါရစေ။

ဖြေ ။ ။ ဒါကို မှန်တယ်လို့ ကျမ တကယ်ပဲယူဆပါတယ်။ ကဗျာဆရာတွေကို စစ်တပ်က ပစ်သတ်လိုက်တဲ့ ကိစ္စကိုပဲကြည့်ပါ။ ခက်သီတို့ကို သတ်ပြစ်လိုက်ပေမယ့် သူ့ကဗျာတွေ ရှင်သန်နေဆဲပါ။ သူ့ကဗျာတွေ၊ သူ့စကားတွေ ရှိနေဆဲပါ။ လူထုက ဒါတွေကို ဖြန့်ဝေနေဆဲပါ။ ဘာသာပြန်နေကြဆဲပါ။ ကမ္ဘာတဝှမ်းက ရွတ်ဖတ်နေကြဆဲပါ။ ခက်သီ အသတ်မခံရသေးခင်က သူ့ရဲ့နာမည်ကို မြန်မာပြည်ထဲကလူတွေ၊ ကမ္ဘာကလူတွေ တခါမှ မကြားဖူးကြပါဘူး။ အခုအခါမှာတော့ ကမ္ဘာတဝှမ်းက ကဗျာဆရာတွေ အများကြီး ခက်သီကို သိသွားကြပါပြီ။ သူ့ရဲ့ကဗျာတွေကို ရွတ်ဆိုကြားနာနေကြပါပြီ။ ဒါကြောင့်မို့ စစ်အာဏာရှင်တွေက ကဗျာဆရာတယောက်ကို သတ်ဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကဗျာကို မသတ်နိုင်ပါဘူး။ အသတ်ဆုံးရှုံးသွားရပေမယ့် သူ့ရဲ့ကဗျာတွေက ပိုပြီးတော့ ရှင်သန်ပြန့်နံှ့သွားခဲ့ပါပြီ။ ချုပ်ပြောရမယ်ဆိုရင်တော့ ဓါးသွားထက် ကလောင်သွားထက်တယ်ဆိုတဲ့ ဆိုရိုးစကားကို ကျမ ယုံကြည်ပါတယ်။

ကဗျာဆရာကို သတ်သတ်၊ ထောင်ချချ ကဗျာကတော့ ဆက်ပြီးတော့ ရှင်သန်နေပါမယ်။

ဦးကျော်ဇံသာ ။ ။ သောတရှင်များခင်များ - အခုတင်ပြခဲ့တာတော့ Pen America ရဲ့ ညွှန်ကြားရေးမှူးတယောက်ဖြစ်တဲ့ Dr. Karin Karlekar နဲ့ ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ ဖမ်းဆီးပြီး (၂၄) နာရီအတွင်းမှာ ညှဉ်းပမ်းနှိပ်စက်ခံရလို့ သေဆုံးသွားခဲ့တဲ့ ခက်သီရဲ့ ကဗျာတချို့ကိုလည်း အခွင့်သင့်တုန်း ဆက်လက်ဖော်ပြလိုပါတယ်။ ကိုသားညွှန့်ဦးက ဖတ်ပေးထားတာ ဖြစ်ပါတယ်။

သူတို့က ခေါင်းကိုပစ်တယ် တော်လှန်ရေးက နှလုံးသားမှာရှိတာ မသိကြဘူး
ငါ သေနတ် မပစ်တတ်ဘူး
ငါ သေနတ်မပစ်တတ်ဘူး
ငါ့လက်က ဂစ်တာတီးခဲ့တာ။
ငါ သေနတ်မပစ်တတ်ဘူး
ငါ့လက်က ကဗျာပဲရေးတတ်တာ။
ငါ သေနတ်မပစ်တတ်ဘူး
ငါ မွေးနေ့ကိတ်ပဲ အလှဆင်တတ်တာ။
အခု ငါ့လူတွေ သေနတ်ပစ်ခံရတယ်
ငါကတော့ ကဗျာနဲ့ပဲ ပြန်ပစ်နိုင်ခဲ့တယ်။
အဲ့ဒါဟာ မမျှတဘူးလို့ ခံစားနေရတယ်
လိပ်ပြာမလုံဘူးလို့ တွေးရိပ်ထင်နေတယ်။
ငါ သေနတ်ပစ်မယ်
ငါ သေနတ်ပစ်မယ်
ပါးစပ်နဲ့မရတာ သေချာတဲ့အခါ
သေနတ်ကို သေသေချာချာ ရွေးချယ်ရတော့မယ်
ငါ သေနတ်ပစ်မယ် ။ ။

XS
SM
MD
LG