သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ျပႆနာႏွင့္ ထိုင္း ရပ္တည္ခ်က္


ျမန္မာျပည္ထဲက စစ္ေဘးေရွာင္ေတြ ထိုင္းႏုိင္ငံမယ္ေဆာက္ၿမိဳ႕ မယ္ေတာ္အရပ္မွာ ထိုင္းစစ္ကားႀကီးေတြေပၚက ဆင္းလာပံု။ (ဒီဇင္ဘာ ၁၆၊ ၂၀၂၁)

ေဒသတြင္းျပႆနာတရပ္ျဖစ္တယ္လို သတ္မွတ္ျခင္းခံေနရတဲ့ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈ ယိုယြင္းပ်က္ျပားေနတဲ့ အေျခအေနဟာ ထိုင္းႏိုင္ငံအက်ိဳးစီးပြားကို ဘယ္လိုထိခိုက္ႏိုင္ပါသလဲ။ ဒီျပႆနာ ေျပလည္သက္သာေရးအတြက္ ထိုင္းႏိုင္ငံအေနနဲ႔ ဘယ္ေလာက္ထိ တက္တက္ႂကြႂကြ ရွိပါသလဲ။ ISP (Myanmar) ေခၚ မဟာဗ်ဴဟာနဲ႔ မူဝါဒ ေလ့လာေရးအဖြဲ႔ ၫႊန္ၾကားေရးမႉး ဦီးေအာင္သူၿငိမ္းနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အခုေလာေလာဆယ္ ျမန္မာႏုိင္ငံမွာ ျဖစ္ပြားေနတဲ့ ႏုိင္ငံေရး၊ စစ္ေရး အစစအရာရာ မတည္မၿငိမ္ ျဖစ္ေနတဲ့ အေျခအေနဟာ ျမန္မာ့အေရးႀကီးတဲ့ အိမ္နီးခ်င္း၊ ျမန္မာႏုိင္ငံနဲ႔ အစိုးရခ်င္း၊ လူထုခ်င္း အနီးကပ္ထိေတြ႔ဆက္ဆံမႈ ရိွေနတဲ့ ထိုင္းႏုိင္္ငံအတြက္ ပံုမွန္္ထိုင္ၾကည့္ေနလို႔ ျဖစ္ႏုိင္တဲ့အေနအထား ဟုတ္ပါသလား။ တနည္းေျပာရရင္ ထုိင္းႏုိင္ငံအတြက္ တစံုတရာ ဝင္ေျပာစရာမလိုဘဲနဲ႔ ေအးေအးေဆးေဆး ထိုင္ေနလို႔ ျဖစ္တဲ့အေျခအေနလို႔ ထင္ပါသလား။

ေျဖ ။ ။ အထူးသျဖင့္က နယ္စပ္ကုန္သြယ္ေရးက မဲေဆာက္-ျမဝတီ လမ္းမႀကီးကသြားေနေတာ့ အဲဒီကေန နယ္စပ္ကုန္သြယ္ေရး ဆင္းတာက မနည္းပါဘူး။ ဆိုေတာ့ အခု က်ေနာ္တို႔ ေတြ႔ထားတဲ့ သုေတသန မွတ္တမ္းေတြအရ ကုန္သြယ္ေရးရဲ ႔ တဝက္နီးပါးေလာက္က ထိုင္းကေနဆင္းတဲ့ အေနအထား ရိွပါတယ္။ အဲဒီေတာ့ ဘာျဖစ္လဲဆိုေတာ့ ျမဝတီကေန ဆင္းတဲ့လမ္းမႀကီးေပၚမွာ တိုက္ပြဲေတြျဖစ္တယ္၊ ကားေတြမီးရိွဳ ႔ခံရတယ္။ ဒါမ်ဳိးေတြျဖစ္ရင္ ထုိင္းက သိပ္ၿပီးေတာ့ စိတ္ညစ္ပါတယ္။ အထူးသျဖင့္ေတာ့ သူ႔ရဲ ႔ ဒီလမ္းမႀကီးကလဲ ထိုင္းရဲ ႔ ပိုက္ဆံနဲ႔ ေဆာက္ထားတယ္။ ေနာက္တခုက သူ႔ရဲ ႔ ေရရွည္ရည္ရြယ္ခ်က္ဆိုရင္လဲ ဒန္နန္၊ ဗိယက္နမ္ကေန ဆင္းလာမယ့္ လမ္းမႀကီးကေန က်ေနာ္တုိ႔ဆီမွာ ေမာ္လၿမိဳင္အထိ သြားဆင္းမယ့္အထိေပါ့။ ဒါမ်ဳိးေတြ ရည္မွန္းထားတဲ့ အေျခအေနမွာ ဒီလိုမ်ဳိး အဖုအထစ္ေတြ ျဖစ္တဲ့အခါမွာ ထိုင္းက အေတာ္စိတ္ညစ္တဲ့ အေနအထား ရိွပါတယ္။ ေနာက္တခါ က်ေနာ္တို႔ဆီမွာ ႏိုင္ငံေရးမတည္ၿငိမ္ေတာ့ ဘာျဖစ္လာလဲဆိုေတာ့ လူေတာ္ေတာ္မ်ားမ်ားက အလုပ္လုပ္မယ္ဆိုၿပီးေတာ့ ထိုင္းကို ခိုးဝင္ၾကပါတယ္။ အဲဒီေတာ့ တေလာတုန္းကေတြ႔တဲ့ စာရင္းအရဆုိရင္ ၿပီးခဲ့တဲ့ ႏွစ္ကုန္ထဲမွာပဲ ဖမ္းမိတဲ့ က်ေနာ္တို႔ ျမန္မာႏုိင္ငံအတြင္းက လူေပါင္း (၅) ေသာင္းေက်ာ္ေလာက္ရိွတဲ့ အေနအထားကို ေတြ႔ရတယ္။ အခုအခ်ိန္အထိလဲ ဝင္လဲမစဲတသဲသဲေပါ့။ ဒါေတြနဲ႔လဲ ပတ္သက္လို႔ စိတ္ညစ္ရတဲ့ အေနအထား ရိွပါတယ္။ ေနာက္တခါ တေလာက သတင္းတခုမွာဆိုရင္ ျမန္မာဘက္ကို ကုန္ကူးမယ္လုိ႔ ယူဆရတဲ့ လက္နက္ခဲယမ္း - လက္နက္ေပါင္း တစ္ေထာင္ေက်ာ္ေလာက္လုပ္တဲ့ ေမွာင္ခိုဂိုဏ္းကိုမိတယ္ဆိုတဲ့ သတင္းေတြလည္း ရိွပါတယ္။ အဲဒီေတာ့ ေျပာမယ္ဆိုရင္ေတာ့ ထိုင္းက ေတာ္ေတာ္ေလးကို စိုးရိမ္ပူပန္မႈေတြ ရိွပါတယ္။

ေမး ။ ။ အဲဒီလိုဆိုေတာ့ အခုျမန္မာႏုိင္ငံမွာ ျဖစ္ေနတဲ့ကိစၥဟာ ထုိင္းႏုိင္ငံရဲ ႔ အက်ဳိးစီးပြားကိုလည္း ထိခိုက္ေစတယ္။ ေနာက္ ထိုင္းနဲ႔ျမန္မာဆိုတာ လူထုအခ်င္းခ်င္းေကာ၊ ယဥ္ေက်းမႈ၊ ဘာသာေရးအရေကာ ေတာ္ေတာ္ေလး နီးစပ္တဲ့ အိမ္နီးခ်င္းႏုိုင္ငံေတြလည္း ျဖစ္ၾကတယ္။ ဆိုေတာ့ ျမန္မာႏုိင္ငံမွာ အခုလို အေျခအေန ဆုတ္ယုတ္ယိုးယြင္းေနတဲ့ အေျခအေနမွာ တည္ၿငိမ္မႈကင္းမဲ့၊ ၿငိမ္းခ်မ္းမႈကင္းမဲ့ေနတဲ့ ခအခ်ိန္မွာ ဒီဟာေတြကို ျပန္လည္တည္ေဆာက္ႏုိင္ေရးအတြက္ ထုိင္းႏုိင္ငံက သူတို႔အက်ဳိးစီးပြားအတြက္ေသာ္လည္းေကာင္း၊ ေနာက္တခါ စာနာစိတ္နဲ႔ Moral Responsibility အရေသာ္လည္းေကာင္း ဒီဟာကုိ ပိုၿပီးထိထိေရာက္ေရာက္ ပါဝင္ေဆာင္ရြက္ဖို႔ မသင့္ေပဘူးလား။ အဲဒီလို ပါဝင္ေဆာင္ရြက္သင့္တယ္လို႔ သူတို႔က မခံယူၾကဘူးလား။ မယူဆၾကဘူးလား။

ေျဖ ။ ။ တခုရိွတာကေတာ့ ခ်ဥ္းကပ္ပံုကေတာ့ ေတာ္ေတာ္ကြာမယ္လုိ႔ ထင္ပါတယ္။ ဟိုအရင္ကာလေတြထဲက အရင္စစ္အစိုးရကာလေတြမွာ Constructive Engagement ထိုင္းအစိုးရရဲ ႔သေဘာက အျပဳသေဘာေဆာင္တဲ့ ဆက္ဆံေရးထားမယ္။ ျမန္မာစစ္အစိုးရကို နားခ်သြားမယ္ဆိုတဲ့ဟာမ်ဳိး ၿပီးခဲ့တဲ့ကာလေတြကတည္းက က်င့္သံုးခဲ့ပါတယ္။ ဆုိေတာ့ အခုကာလမွာလဲ ၾကည့္မယ္ဆိုရင္ ထိုင္းအစိုးရရဲ ႔ သေဘာထားက က်ေနာ္ထင္တယ္ အဲဒီလိုပဲ အျပဳသေဘာ ဆက္ဆံေရးဆိုတဲ့ သေဘာမ်ဳိးကို သူတို႔ေဆြးေႏြးတာကို ေတြ႔ရတယ္။ ထိုင္းက သူ႔ရဲ ႔ဘဝေပး အေျခအေနအရ က်ေနာ္တုိ႔နဲ႔ ဆက္ဆံေရးမွာ ဒီလိုအျပဳသေဘာေဆာင္တဲ့ ဆက္ဆံေရးမ်ဳိးကို ေရြးတယ္လို႔ ထင္ပါတယ္။ အခု က်ေနာ္တို႔ အတည္မျပဳႏုိင္ေသးလို႔ရတဲ့ သတင္းေတြအရလဲ ထိုင္းနန္းေတာ္ဘက္က ဗိုလ္ခ်ဳပ္ႀကီးေတြကို ျမန္မာဗိုလ္ခ်ဳပ္ႀကီးေတြနဲ႔ နီးစပ္ေအာင္လုပ္ၿပီးေတာ့ နားခ်ဖို႔ ဆိုတာမ်ဳိးေတြ ေဆြးေႏြးေနၾကတယ္လို႔ ၾကားပါတယ္။ အဲဒီလိုအေနအထားမွာေတာ့ က်ေနာ္ထင္တယ္ ထိုင္းရဲ ႔ပံုစံကေတာ့ နားခ်ၿပီးေတာ့ အျပဳသေဘာဆက္ဆံမယ္ - ဒီလိုမ်ဳိးပဲ သြားမယ္လို႔ ထင္ပါတယ္။


ေမး ။ ။ ေနာက္တခုက တေလာတုန္းကလဲ Pornpimol Kanchanalak ဆိုတဲ့ အမ်ဳိးသမီးကို ျမန္မာျပည္ဆိုင္ရာ အထူးသံတမန္အျဖစ္ ခန္႔အပ္လိုက္တာကို ေတြ႔ရပါတယ္။ အဲဒါေကာ ဘာရည္ရြယ္လဲ။ ဘယ္ေလာက္မ်ား ထူးျခားလာႏုိင္မလဲ။

ေျဖ ။ ။ ရည္ရြယ္ခ်က္ကေတာ့ ျမန္မာျပည္နဲ႔ ပတ္သက္လို႔ မဟာဗ်ဴဟာ ခ်မွတ္ေရး။ ႏုိင္ငံတကာပြဲလမ္းေတြရိွရင္ ပိုၿပီးေဆြးေႏြးညိွႏိႈင္းႏုိင္ဖို႔ဆိုတဲ့ သေဘာမ်ဳိးေတြ။ အဲဒီေတာ့ ျပန္ၿခံဳၾကည့္လိုက္လို႔ရိွရင္ အေလးေတာ့ထားတယ္။ ဒါေပမဲ့ သူတုိ႔ရဲ ႔ ခ်ဥ္းကပ္ပံုက သူမ်ားနဲ႔ တူခ်င္းမွတူမယ္။ ဖိအားေပးေရးေတြ ဘာေတြ မဟုတ္ဘူး။ အျပဳသေဘာနဲ႔ နားခ်မယ္ဆိုတဲ့သေဘာမ်ဳိး မ်ားပါတယ္။

ေမး ။ ။ က်ေနာ္လည္း ေမးခ်င္ပါတယ္။ အလားအလာကို ၾကည့္ရတာေပါ့။ အဲဒီလို မေျပာခင္မွာ သူတို႔ရဲ ႔ ခ်ဥ္းကပ္ခ်င္တဲ့ပံုက အာဆီယံက ခ်မွတ္ထားတဲ့မူထက္ ထူးျခားေနတယ္လို႔။ တႏုိင္ငံခ်င္း ခ်ဥ္းကပ္ခ်င္လို႔။ bilateral လုပ္ခ်င္လို႔မ်ား ဒီလို ခန္႔အပ္ရတာလား။ အာဆီယံမူနဲ႔ ဘာမ်ားကြဲလြဲႏိုင္သလဲ။ အာဆီယံတခုလံုးက ခ်မွတ္ထားတဲ့ မူ (၅) ခ်က္နဲ႔ ဘာမ်ားကြဲလြဲႏိုင္သလဲ။

ေျဖ ။ ။ အာဆီယံရဲ ႔ မူကေတာ့ အာဆီယံထိပ္သီးေခါင္းေဆာင္ေတြၾကားထဲမွာ ေၾကလည္ၿပီးေတာ့ ခ်မွတ္ထားတဲ့ သေဘာမ်ဳိးေပါ့။ အဲဒီကာလမွာကတည္းက က်ေနာ္တုိ႔ သိရသေလာက္ဆုိရင္ အခ်ဳိ ႔ႏုိင္ငံေတြကေတာ့ သေဘာထား တင္းခံၿပီးေတာ့ ေဝဖန္ခ်င္တာေတြ ရိွပါတယ္။ အထူးသျဖင့္ေတာ့ အင္ဒိုနီးရွား၊ မေလးရွားတို႔ေပါ့။ ေနာက္တခုကေတာ့ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း လုပ္ပါဆိုတဲ့အုပ္စုလည္း ရိွပါတယ္။ အထူးသျဖင့္ ဗိယက္နမ္၊ ကေမာၻဒီးယား၊ ထိုင္းတို႔ပါ။ ဆိုေတာ့ အရင္အခ်ိန္ကတည္းက ဒီလိုမ်ဳိး သေဘာထား ကြဲေပမဲ့လဲ ေနာက္ပိုင္းေတာ့ Consensus အားလံုးသေဘာတူတဲ့ အခ်က္ (၅) ခ်က္ကို ခ်လိုက္တဲ့သေဘာပါ။ ဆိုေတာ့ အခုအခ်ိန္မွာ ထိုင္းကေတာ့ သူ႔ရဲ ႔ႏိုင္ငံအက်ဳိးစီးပြား၊ ေနာက္တခုက သူ႔ရဲ ႔ ထူးျခားခ်က္ - အိမ္နီးနားခ်င္း ျဖစ္ေနတာလဲပါတယ္။ အဲဒီအတြက္ေၾကာင့္ သူ႔ရဲ ႔မူဝါဒက တနည္းတဖံုေတာ့ သြားမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ တခုက ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ အာဆီယံမွာလည္း ကြဲလြဲေနၾကတယ္ဆိုေတာ့ အခု ထိုင္းကလဲ ခ်ဥ္းကပ္လာတယ္ဆိုေတာ့ အာဆီယံတြင္းရဲ ႔ သေဘာထားၾကေတာ့ ကြဲလြဲမႈက ပိုၿပီးနက္ရိွဳင္းသြားမလား။ အာဆီယံရဲ ႔ တခုလံုးအေနနဲ႔ ျမန္မာႏုိင္ငံကို တြန္းတဲ့တြန္းအားကေရာ ထိေရာက္မႈ ရိွႏိုင္မယ္လား။ ပိုၿပီးေတာ့ ဖရိုဖရဲ ျဖစ္ႏုိင္သလား။ ဘယ္လိုတြက္ပါသလဲ။

ေျဖ ။ ။ တခုေတာ့ ရိွတာေပါ့။ က်ေနာ္တုိ႔ေျပာေနၾကတာ ASEAN never united အာဆီယံက ဘယ္ေသာအခါမွ တသံတည္းထြက္ဖို႔ ခက္တဲ့ အစုအေဝးမ်ဳိး ျဖစ္ပါတယ္။ အဲဒီေတာ့ ျမန္မာျပည္အေရးမွာ လုပ္ၾကမယ္ဆိုတဲ့အခါၾကေတာ့လဲ အခုထိ အလွည့္က် Chairman ျဖစ္တဲ့ ကေမာၻဒီးယားရဲ ႔ သက္တမ္းကလည္း တျဖည္းျဖည္းနဲ႔ ေရြ ႔လာလိုက္တာ အခုဆိုရင္ ႏွစ္ဝက္က်ဳိးလာတဲ့ အေနအထား ျဖစ္ပါတယ္။ ဒီဇင္ဘာဆိုရင္ေတာ့ အင္ဒိုနီးရွား ဦးေဆာင္မႈဘက္ကို ေျပာင္းေပးရေတာ့မယ့္ အေနအထားေပါ့။ အဲဒီေတာ့ က်ေနာ္ထင္တာ ခ်ဥ္းကပ္ပံုေတြက မတူဘူး။ မတူတဲ့အတြက္ေၾကာင့္ က်ေနာ္ထင္တယ္ - အက်ဳိးသက္ေရာက္မႈ နည္းလိမ့္မယ္္လို႔ ထင္ပါတယ္။

ေမး ။ ။ အဲဒါကိုလဲ တဆက္တည္းေမးလိုက္ခ်င္ပါတယ္။ အင္ဒိုနီးရွားလက္ကို ေျပာင္းလာရင္ေကာ သေဘာထားတမ်ဳိး ေျပာင္းသြားႏုိင္သလား။ ပိုၿပီးေတာ့မ်ား ျမန္မာႏုိင္ငံကို ဖိအားေပးတဲ့ဘက္က ပိုၿပီးအေလးသာသြားႏုိင္သလားဆုိတာကို က်ေနာ္ တြက္ပါတယ္။ အခုေတာက္ေလွ်ာက္က ဘရူးႏိုင္း - ဘရူးႏုိင္းလက္ထက္မွာေတာ့ မဆိုးခဲ့ပါဘူး။ ဒါေပမဲ့ ကေမာၻဒီးယားလက္ထက္မွာေတာ့ ပိုၿပီးေတာ့ လူေတြအေတာ္ေလး အားမရဘူးေပါ့။ ေျပာစရာ ေဝဖန္စရာေတြ ပိုျဖစ္လာပါတယ္။ အင္ဒိုနီးရွား ေခါင္းေဆာင္မႈလက္ထဲကို ေရာက္သြားတဲ့အခါမွာ အာဆီယံရဲ ႔ သေဘာထားက ပိုၿပီးတင္းမာႏိုင္စရာ ရိွပါသလား။ ဒီ Consensus နဲ႔ ဒီအတုိင္းပဲ သြားမွာလား။ အဲဒါလဲ တခ်က္ေလာက္ တြက္ၾကည့္ပါအံုး။

ေျဖ ။ ။ အင္ဒိုနီးရွားႏုိင္ငံက Tink-Tank အုပ္စုေတြနဲ႔ က်ေနာ္တို႔ စကားေျပာေနရတာ ရိွပါတယ္။ သူတို႔ရဲ ႔ အေနအထားမွာလဲ ဘာျဖစ္လာလဲဆိုေတာ့ လက္ေတြ႔က်က် စဥ္းစားလာတဲ့ အေနအထားမ်ဳိး ရိွလာတယ္။ သူတို႔ကလဲ စိုးရိမ္လာတယ္။ ဆိုလိုတဲ့သေဘာကေတာ့ အခု ျမန္မာျပည္အေရးမွာ ကေမာၻဒီးယားက ဆိုပါစို႔ ေျခလွမ္းတစ္ရာ ေလွ်ာက္ရမယ္ဆိုရင္ အကယ္၍ ကေမာၻဒီးယားက ေျခလွမ္းသံုးဆယ္ ေလွ်ာက္ခဲ့တဲ့ဆိုရင္ အင္ဒိုနီးရွားလက္ထဲေရာက္ရင္ သံုးဆယ္ကေန ေလွ်ာက္ရံုေပါ့။ အဲဒီလိုမဟုတ္ဘဲနဲ႔ ကေမာၻဒီးယားက ေလွ်ာက္ထားတာ တလွမ္းမွ မရိွဘူးဆိုရင္ သူတုိ႔လက္ထဲကို Zero ကေန စၿပီးေတာ့ လွမ္းရမယ့္အေနအထားကိုလည္း အင္ဒိုနီးရွားဘက္က စိုးရိမ္ပူပန္လာတဲ့ အေနအထားေတြကို က်ေနာ္တို႔ ေတြ႔ပါတယ္။


ေမး ။ ။ အဲဒီေတာ့ အင္ဒိုနီးရွားလက္ထက္မွာ အာဆီယံကို ပိုၿပီးေတာ့ တြန္းၿပီးေတာ့ စည္းရံုးေခၚေဆာင္ၿပီးေတာ့ တစည္းတလံုးတည္း ဖိအားေပးႏိုင္တဲ့ အေျခအေန ေရာက္လာႏုိင္ဖြယ္ ရိွပါသလား။

ေျဖ ။ ။ က်ေနာ္ကေတာ့ အဲဒီလို မယူဆဘူး။ တခုကေတာ့ အခု ထိုင္းတို႔ ခ်ဥ္းကပ္ေနတဲ့ ကေမာၻဒီးယားတိုိ႔က Engagement Policy အျပဳသေဘာဆက္ဆံေရးနဲ႔ သြားခ်င္ၾကတယ္။ ဒါေပမဲ့လဲ အျပဳသေဘာနဲ႔ သြားၿပီးေတာ့ မလုပ္ႏုိ္င္ဘူးဆိုရင္ က်ေနာ္တို႔က အေခ်ာ့ေတာ္သေဘာမ်ဳိး ျဖစ္သြားႏိုင္ပါတယ္။ တဘက္ဘက္ကလဲ Sanction ေပးမယ္၊ ဖိအားေပးမယ္ဆိုတဲ့ အုပ္စုေတြ ရိွတာေပါ့။ အထူးသျဖင့္ အေမရိကန္အပါအဝင္၊ အေနာက္ႏုိင္ငံေတြက ဦးေဆာင္ေနတာ။ ဒါေပမဲ့လဲ ဒီႏိုင္ငံေတြၾကားထဲမွာ ျမင္တာက Collective Action ပူးေပါင္းေဆာင္ရြက္မႈ ျပႆနာကို ျမင္ပါတယ္။ အဲဒီလိုျဖစ္ေနတဲ့အခါၾကေတာ့ ပူးေပါင္းေဆာင္ရြက္မႈ မရိွဘူးဆိုရင္လဲ Sanction ဖိအားေပးတာေတြက ျပႆနာ ေတာ္ေတာ္ေလး ရိွတယ္လို႔ထင္တယ္။ အလုပ္မျဖစ္ႏိုင္ဘူးေပါ့။ အဲဒီလိုအေနအထားမွာေတာ့ က်ေနာ္ျမင္တာ က်ေနာ္တို႔ႏုိင္ငံအတြက္ Special Envoy ေတြ ခန္႔ထားတာေတြ ရိွပါတယ္။ ဥပမာ တရုတ္ရိွတယ္။ ဂ်ပန္ ရိွတယ္။ UN ရိွတယ္။ အာဆီယံ ရိွတယ္။ အေမရိကန္ကလည္း ခန္႔မယ္လို႔ သတင္းေတြ ၾကားေနပါတယ္။ အဲဒီလို ျမန္မာျပည္ႀကီးအတြက္ လုပ္ေဆာင္ေနတဲ့ အထူးသံေတြနဲ႔ ပူးေပါင္းညိွႏိႈင္းၿပီးေတာ့ တစံုတရာ ႀကိဳးစားမွ အလုပ္ျဖစ္မယ္လို႔ က်ေနာ္ယူဆပါတယ္။

ေမး ။ ။ ေနာက္ဆံုးအေနနဲ႔ တကယ္လို႔ အာဆီယံ - အခုကလဲ ႏုိင္ငံတကာကလည္း အာဆီယံရဲ ႔ မူကိုပဲ ေရွ ႔တန္းတင္ၿပီးေတာ့ ေျပာေနၾကတယ္။ ဆိုေတာ့ ဒီမူ (၅) ခ်က္နဲ႔ အလုပ္မျဖစ္ဘူးဆိုရင္ ႏုိင္ငံတကာက ဘာမ်ားဆက္လုပ္ႏုိင္မလဲဆိုတာကို ေျပာေပးပါ။ ဘယ္လိုထင္သလဲ။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ ဒီအတုိင္းကေတာ့ ေရရွည္ဆြဲသြားမယ့္ ပံုစံမ်ဳိး ျဖစ္တာေပါ့။ အခု က်ေနာ္တို႔ (၂) ႏွစ္ေလာက္ ရိွလာၿပီ။ က်ေနာ္တုိ႔ရဲ ႔ မူ (၅) ခ်က္ - အခုန သေဘာတူထားတာလဲ အေကာင္အထည္ေဖာ္ႏိုင္တဲ့ အေနအထား မရိွေသးပါဘူး။ ဆိုေတာ့ အဲဒီလို အေနအထားမွာေတာ့ ႏုိင္ငံတကာဘက္ကလဲ လုပ္ႏို္င္တဲ့ နည္းလမ္းကေတာ့ နည္းပါတယ္။ ဒါေပမဲ့ အခုနေျပာသလို အထူးသံေတြက ပူးေပါင္းေဆာင္ရြက္ၾကမယ္။ ပူးေပါင္းေဆာင္ရြက္ၿပီးမွ ေသခ်ာခ်ဥ္းကပ္ၾကမယ္ဆိုရင္ေတာ့ ပိုအလုပ္ျဖစ္ႏုိင္စရာ အေၾကာင္းရိွတယ္လို႔ ထင္ပါတယ္။

===Unicode===

ဒေသတွင်းပြဿနာတရပ်ဖြစ်တယ်လို သတ်မှတ်ခြင်းခံနေရတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ယိုယွင်းပျက်ပြားနေတဲ့ အခြေအနေဟာ ထိုင်းနိုင်ငံအကျိုးစီးပွားကို ဘယ်လိုထိခိုက်နိုင်ပါသလဲ။ ဒီပြဿနာ ပြေလည်သက်သာရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ ဘယ်လောက်ထိ တက်တက်ကြွကြွ ရှိပါသလဲ။ ISP (Myanmar) ခေါ် မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦီးအောင်သူငြိမ်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေး အစစအရာရာ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေဟာ မြန်မာ့အရေးကြီးတဲ့ အိမ်နီးချင်း၊ မြန်မာနိုင်ငံနဲ့ အစိုးရချင်း၊ လူထုချင်း အနီးကပ်ထိတွေ့ဆက်ဆံမှု ရှိနေတဲ့ ထိုင်းနိုင်ငံအတွက် ပုံမှန်ထိုင်ကြည့်နေလို့ ဖြစ်နိုင်တဲ့အနေအထား ဟုတ်ပါသလား။ တနည်းပြောရရင် ထိုင်းနိုင်ငံအတွက် တစုံတရာ ဝင်ပြောစရာမလိုဘဲနဲ့ အေးအေးဆေးဆေး ထိုင်နေလို့ ဖြစ်တဲ့အခြေအနေလို့ ထင်ပါသလား။

ဖြေ ။ ။ အထူးသဖြင့်က နယ်စပ်ကုန်သွယ်ရေးက မဲဆောက်-မြဝတီ လမ်းမကြီးကသွားနေတော့ အဲဒီကနေ နယ်စပ်ကုန်သွယ်ရေး ဆင်းတာက မနည်းပါဘူး။ ဆိုတော့ အခု ကျနော်တို့ တွေ့ထားတဲ့ သုတေသန မှတ်တမ်းတွေအရ ကုန်သွယ်ရေးရဲ့ တဝက်နီးပါးလောက်က ထိုင်းကနေဆင်းတဲ့ အနေအထား ရှိပါတယ်။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ မြဝတီကနေ ဆင်းတဲ့လမ်းမကြီးပေါ်မှာ တိုက်ပွဲတွေဖြစ်တယ်၊ ကားတွေမီးရှို့ခံရတယ်။ ဒါမျိုးတွေဖြစ်ရင် ထိုင်းက သိပ်ပြီးတော့ စိတ်ညစ်ပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ဒီလမ်းမကြီးကလဲ ထိုင်းရဲ့ ပိုက်ဆံနဲ့ ဆောက်ထားတယ်။ နောက်တခုက သူ့ရဲ့ ရေရှည်ရည်ရွယ်ချက်ဆိုရင်လဲ ဒန်နန်၊ ဗိယက်နမ်ကနေ ဆင်းလာမယ့် လမ်းမကြီးကနေ ကျနော်တို့ဆီမှာ မော်လမြိုင်အထိ သွားဆင်းမယ့်အထိပေါ့။ ဒါမျိုးတွေ ရည်မှန်းထားတဲ့ အခြေအနေမှာ ဒီလိုမျိုး အဖုအထစ်တွေ ဖြစ်တဲ့အခါမှာ ထိုင်းက အတော်စိတ်ညစ်တဲ့ အနေအထား ရှိပါတယ်။ နောက်တခါ ကျနော်တို့ဆီမှာ နိုင်ငံရေးမတည်ငြိမ်တော့ ဘာဖြစ်လာလဲဆိုတော့ လူတော်တော်များများက အလုပ်လုပ်မယ်ဆိုပြီးတော့ ထိုင်းကို ခိုးဝင်ကြပါတယ်။ အဲဒီတော့ တလောတုန်းကတွေ့တဲ့ စာရင်းအရဆိုရင် ပြီးခဲ့တဲ့ နှစ်ကုန်ထဲမှာပဲ ဖမ်းမိတဲ့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းက လူပေါင်း (၅) သောင်းကျော်လောက်ရှိတဲ့ အနေအထားကို တွေ့ရတယ်။ အခုအချိန်အထိလဲ ဝင်လဲမစဲတသဲသဲပေါ့။ ဒါတွေနဲ့လဲ ပတ်သက်လို့ စိတ်ညစ်ရတဲ့ အနေအထား ရှိပါတယ်။ နောက်တခါ တလောက သတင်းတခုမှာဆိုရင် မြန်မာဘက်ကို ကုန်ကူးမယ်လို့ ယူဆရတဲ့ လက်နက်ခဲယမ်း - လက်နက်ပေါင်း တစ်ထောင်ကျော်လောက်လုပ်တဲ့ မှောင်ခိုဂိုဏ်းကိုမိတယ်ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။ အဲဒီတော့ ပြောမယ်ဆိုရင်တော့ ထိုင်းက တော်တော်လေးကို စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။

မေး ။ ။ အဲဒီလိုဆိုတော့ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စဟာ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကိုလည်း ထိခိုက်စေတယ်။ နောက် ထိုင်းနဲ့မြန်မာဆိုတာ လူထုအချင်းချင်းကော၊ ယဉ်ကျေးမှု၊ ဘာသာရေးအရကော တော်တော်လေး နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံတွေလည်း ဖြစ်ကြတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ အခုလို အခြေအနေ ဆုတ်ယုတ်ယိုးယွင်းနေတဲ့ အခြေအနေမှာ တည်ငြိမ်မှုကင်းမဲ့၊ ငြိမ်းချမ်းမှုကင်းမဲ့နေတဲ့ ခအချိန်မှာ ဒီဟာတွေကို ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ထိုင်းနိုင်ငံက သူတို့အကျိုးစီးပွားအတွက်သော်လည်းကောင်း၊ နောက်တခါ စာနာစိတ်နဲ့ Moral Responsibility အရသော်လည်းကောင်း ဒီဟာကို ပိုပြီးထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ဖို့ မသင့်ပေဘူးလား။ အဲဒီလို ပါဝင်ဆောင်ရွက်သင့်တယ်လို့ သူတို့က မခံယူကြဘူးလား။ မယူဆကြဘူးလား။

ဖြေ ။ ။ တခုရှိတာကတော့ ချဉ်းကပ်ပုံကတော့ တော်တော်ကွာမယ်လို့ ထင်ပါတယ်။ ဟိုအရင်ကာလတွေထဲက အရင်စစ်အစိုးရကာလတွေမှာ Constructive Engagement ထိုင်းအစိုးရရဲ့သဘောက အပြုသဘောဆောင်တဲ့ ဆက်ဆံရေးထားမယ်။ မြန်မာစစ်အစိုးရကို နားချသွားမယ်ဆိုတဲ့ဟာမျိုး ပြီးခဲ့တဲ့ကာလတွေကတည်းက ကျင့်သုံးခဲ့ပါတယ်။ ဆိုတော့ အခုကာလမှာလဲ ကြည့်မယ်ဆိုရင် ထိုင်းအစိုးရရဲ့ သဘောထားက ကျနော်ထင်တယ် အဲဒီလိုပဲ အပြုသဘော ဆက်ဆံရေးဆိုတဲ့ သဘောမျိုးကို သူတို့ဆွေးနွေးတာကို တွေ့ရတယ်။ ထိုင်းက သူ့ရဲ့ဘဝပေး အခြေအနေအရ ကျနော်တို့နဲ့ ဆက်ဆံရေးမှာ ဒီလိုအပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးကို ရွေးတယ်လို့ ထင်ပါတယ်။ အခု ကျနော်တို့ အတည်မပြုနိုင်သေးလို့ရတဲ့ သတင်းတွေအရလဲ ထိုင်းနန်းတော်ဘက်က ဗိုလ်ချုပ်ကြီးတွေကို မြန်မာဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်အောင်လုပ်ပြီးတော့ နားချဖို့ ဆိုတာမျိုးတွေ ဆွေးနွေးနေကြတယ်လို့ ကြားပါတယ်။ အဲဒီလိုအနေအထားမှာတော့ ကျနော်ထင်တယ် ထိုင်းရဲ့ပုံစံကတော့ နားချပြီးတော့ အပြုသဘောဆက်ဆံမယ် - ဒီလိုမျိုးပဲ သွားမယ်လို့ ထင်ပါတယ်။


မေး ။ ။ နောက်တခုက တလောတုန်းကလဲ Pornpimol Kanchanalak ဆိုတဲ့ အမျိုးသမီးကို မြန်မာပြည်ဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်တာကို တွေ့ရပါတယ်။ အဲဒါကော ဘာရည်ရွယ်လဲ။ ဘယ်လောက်များ ထူးခြားလာနိုင်မလဲ။

ဖြေ ။ ။ ရည်ရွယ်ချက်ကတော့ မြန်မာပြည်နဲ့ ပတ်သက်လို့ မဟာဗျူဟာ ချမှတ်ရေး။ နိုင်ငံတကာပွဲလမ်းတွေရှိရင် ပိုပြီးဆွေးနွေးညှိနှိုင်းနိုင်ဖို့ဆိုတဲ့ သဘောမျိုးတွေ။ အဲဒီတော့ ပြန်ခြုံကြည့်လိုက်လို့ရှိရင် အလေးတော့ထားတယ်။ ဒါပေမဲ့ သူတို့ရဲ့ ချဉ်းကပ်ပုံက သူများနဲ့ တူချင်းမှတူမယ်။ ဖိအားပေးရေးတွေ ဘာတွေ မဟုတ်ဘူး။ အပြုသဘောနဲ့ နားချမယ်ဆိုတဲ့သဘောမျိုး များပါတယ်။

မေး ။ ။ ကျနော်လည်း မေးချင်ပါတယ်။ အလားအလာကို ကြည့်ရတာပေါ့။ အဲဒီလို မပြောခင်မှာ သူတို့ရဲ့ ချဉ်းကပ်ချင်တဲ့ပုံက အာဆီယံက ချမှတ်ထားတဲ့မူထက် ထူးခြားနေတယ်လို့။ တနိုင်ငံချင်း ချဉ်းကပ်ချင်လို့။ bilateral လုပ်ချင်လို့များ ဒီလို ခန့်အပ်ရတာလား။ အာဆီယံမူနဲ့ ဘာများကွဲလွဲနိုင်သလဲ။ အာဆီယံတခုလုံးက ချမှတ်ထားတဲ့ မူ (၅) ချက်နဲ့ ဘာများကွဲလွဲနိုင်သလဲ။

ဖြေ ။ ။ အာဆီယံရဲ့ မူကတော့ အာဆီယံထိပ်သီးခေါင်းဆောင်တွေကြားထဲမှာ ကြေလည်ပြီးတော့ ချမှတ်ထားတဲ့ သဘောမျိုးပေါ့။ အဲဒီကာလမှာကတည်းက ကျနော်တို့ သိရသလောက်ဆိုရင် အချို့နိုင်ငံတွေကတော့ သဘောထား တင်းခံပြီးတော့ ဝေဖန်ချင်တာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ အင်ဒိုနီးရှား၊ မလေးရှားတို့ပေါ့။ နောက်တခုကတော့ ပျော့ပျော့ပြောင်းပြောင်း လုပ်ပါဆိုတဲ့အုပ်စုလည်း ရှိပါတယ်။ အထူးသဖြင့် ဗိယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းတို့ပါ။ ဆိုတော့ အရင်အချိန်ကတည်းက ဒီလိုမျိုး သဘောထား ကွဲပေမဲ့လဲ နောက်ပိုင်းတော့ Consensus အားလုံးသဘောတူတဲ့ အချက် (၅) ချက်ကို ချလိုက်တဲ့သဘောပါ။ ဆိုတော့ အခုအချိန်မှာ ထိုင်းကတော့ သူ့ရဲ့နိုင်ငံအကျိုးစီးပွား၊ နောက်တခုက သူ့ရဲ့ ထူးခြားချက် - အိမ်နီးနားချင်း ဖြစ်နေတာလဲပါတယ်။ အဲဒီအတွက်ကြောင့် သူ့ရဲ့မူဝါဒက တနည်းတဖုံတော့ သွားမယ်လို့ ထင်ပါတယ်။

မေး ။ ။ တခုက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အာဆီယံမှာလည်း ကွဲလွဲနေကြတယ်ဆိုတော့ အခု ထိုင်းကလဲ ချဉ်းကပ်လာတယ်ဆိုတော့ အာဆီယံတွင်းရဲ့ သဘောထားကြတော့ ကွဲလွဲမှုက ပိုပြီးနက်ရှိုင်းသွားမလား။ အာဆီယံရဲ့ တခုလုံးအနေနဲ့ မြန်မာနိုင်ငံကို တွန်းတဲ့တွန်းအားကရော ထိရောက်မှု ရှိနိုင်မယ်လား။ ပိုပြီးတော့ ဖရိုဖရဲ ဖြစ်နိုင်သလား။ ဘယ်လိုတွက်ပါသလဲ။

ဖြေ ။ ။ တခုတော့ ရှိတာပေါ့။ ကျနော်တို့ပြောနေကြတာ ASEAN never united အာဆီယံက ဘယ်သောအခါမှ တသံတည်းထွက်ဖို့ ခက်တဲ့ အစုအဝေးမျိုး ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာပြည်အရေးမှာ လုပ်ကြမယ်ဆိုတဲ့အခါကြတော့လဲ အခုထိ အလှည့်ကျ Chairman ဖြစ်တဲ့ ကမ္ဘောဒီးယားရဲ့ သက်တမ်းကလည်း တဖြည်းဖြည်းနဲ့ ရွေ့လာလိုက်တာ အခုဆိုရင် နှစ်ဝက်ကျိုးလာတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီဇင်ဘာဆိုရင်တော့ အင်ဒိုနီးရှား ဦးဆောင်မှုဘက်ကို ပြောင်းပေးရတော့မယ့် အနေအထားပေါ့။ အဲဒီတော့ ကျနော်ထင်တာ ချဉ်းကပ်ပုံတွေက မတူဘူး။ မတူတဲ့အတွက်ကြောင့် ကျနော်ထင်တယ် - အကျိုးသက်ရောက်မှု နည်းလိမ့်မယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲဒါကိုလဲ တဆက်တည်းမေးလိုက်ချင်ပါတယ်။ အင်ဒိုနီးရှားလက်ကို ပြောင်းလာရင်ကော သဘောထားတမျိုး ပြောင်းသွားနိုင်သလား။ ပိုပြီးတော့များ မြန်မာနိုင်ငံကို ဖိအားပေးတဲ့ဘက်က ပိုပြီးအလေးသာသွားနိုင်သလားဆိုတာကို ကျနော် တွက်ပါတယ်။ အခုတောက်လျှောက်က ဘရူးနိုင်း - ဘရူးနိုင်းလက်ထက်မှာတော့ မဆိုးခဲ့ပါဘူး။ ဒါပေမဲ့ ကမ္ဘောဒီးယားလက်ထက်မှာတော့ ပိုပြီးတော့ လူတွေအတော်လေး အားမရဘူးပေါ့။ ပြောစရာ ဝေဖန်စရာတွေ ပိုဖြစ်လာပါတယ်။ အင်ဒိုနီးရှား ခေါင်းဆောင်မှုလက်ထဲကို ရောက်သွားတဲ့အခါမှာ အာဆီယံရဲ့ သဘောထားက ပိုပြီးတင်းမာနိုင်စရာ ရှိပါသလား။ ဒီ Consensus နဲ့ ဒီအတိုင်းပဲ သွားမှာလား။ အဲဒါလဲ တချက်လောက် တွက်ကြည့်ပါအုံး။

ဖြေ ။ ။ အင်ဒိုနီးရှားနိုင်ငံက Tink-Tank အုပ်စုတွေနဲ့ ကျနော်တို့ စကားပြောနေရတာ ရှိပါတယ်။ သူတို့ရဲ့ အနေအထားမှာလဲ ဘာဖြစ်လာလဲဆိုတော့ လက်တွေ့ကျကျ စဉ်းစားလာတဲ့ အနေအထားမျိုး ရှိလာတယ်။ သူတို့ကလဲ စိုးရိမ်လာတယ်။ ဆိုလိုတဲ့သဘောကတော့ အခု မြန်မာပြည်အရေးမှာ ကမ္ဘောဒီးယားက ဆိုပါစို့ ခြေလှမ်းတစ်ရာ လျှောက်ရမယ်ဆိုရင် အကယ်၍ ကမ္ဘောဒီးယားက ခြေလှမ်းသုံးဆယ် လျှောက်ခဲ့တဲ့ဆိုရင် အင်ဒိုနီးရှားလက်ထဲရောက်ရင် သုံးဆယ်ကနေ လျှောက်ရုံပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ကမ္ဘောဒီးယားက လျှောက်ထားတာ တလှမ်းမှ မရှိဘူးဆိုရင် သူတို့လက်ထဲကို Zero ကနေ စပြီးတော့ လှမ်းရမယ့်အနေအထားကိုလည်း အင်ဒိုနီးရှားဘက်က စိုးရိမ်ပူပန်လာတဲ့ အနေအထားတွေကို ကျနော်တို့ တွေ့ပါတယ်။


မေး ။ ။ အဲဒီတော့ အင်ဒိုနီးရှားလက်ထက်မှာ အာဆီယံကို ပိုပြီးတော့ တွန်းပြီးတော့ စည်းရုံးခေါ်ဆောင်ပြီးတော့ တစည်းတလုံးတည်း ဖိအားပေးနိုင်တဲ့ အခြေအနေ ရောက်လာနိုင်ဖွယ် ရှိပါသလား။

ဖြေ ။ ။ ကျနော်ကတော့ အဲဒီလို မယူဆဘူး။ တခုကတော့ အခု ထိုင်းတို့ ချဉ်းကပ်နေတဲ့ ကမ္ဘောဒီးယားတို့က Engagement Policy အပြုသဘောဆက်ဆံရေးနဲ့ သွားချင်ကြတယ်။ ဒါပေမဲ့လဲ အပြုသဘောနဲ့ သွားပြီးတော့ မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့က အချော့တော်သဘောမျိုး ဖြစ်သွားနိုင်ပါတယ်။ တဘက်ဘက်ကလဲ Sanction ပေးမယ်၊ ဖိအားပေးမယ်ဆိုတဲ့ အုပ်စုတွေ ရှိတာပေါ့။ အထူးသဖြင့် အမေရိကန်အပါအဝင်၊ အနောက်နိုင်ငံတွေက ဦးဆောင်နေတာ။ ဒါပေမဲ့လဲ ဒီနိုင်ငံတွေကြားထဲမှာ မြင်တာက Collective Action ပူးပေါင်းဆောင်ရွက်မှု ပြဿနာကို မြင်ပါတယ်။ အဲဒီလိုဖြစ်နေတဲ့အခါကြတော့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင်လဲ Sanction ဖိအားပေးတာတွေက ပြဿနာ တော်တော်လေး ရှိတယ်လို့ထင်တယ်။ အလုပ်မဖြစ်နိုင်ဘူးပေါ့။ အဲဒီလိုအနေအထားမှာတော့ ကျနော်မြင်တာ ကျနော်တို့နိုင်ငံအတွက် Special Envoy တွေ ခန့်ထားတာတွေ ရှိပါတယ်။ ဥပမာ တရုတ်ရှိတယ်။ ဂျပန် ရှိတယ်။ UN ရှိတယ်။ အာဆီယံ ရှိတယ်။ အမေရိကန်ကလည်း ခန့်မယ်လို့ သတင်းတွေ ကြားနေပါတယ်။ အဲဒီလို မြန်မာပြည်ကြီးအတွက် လုပ်ဆောင်နေတဲ့ အထူးသံတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီးတော့ တစုံတရာ ကြိုးစားမှ အလုပ်ဖြစ်မယ်လို့ ကျနော်ယူဆပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ တကယ်လို့ အာဆီယံ - အခုကလဲ နိုင်ငံတကာကလည်း အာဆီယံရဲ့ မူကိုပဲ ရှေ့တန်းတင်ပြီးတော့ ပြောနေကြတယ်။ ဆိုတော့ ဒီမူ (၅) ချက်နဲ့ အလုပ်မဖြစ်ဘူးဆိုရင် နိုင်ငံတကာက ဘာများဆက်လုပ်နိုင်မလဲဆိုတာကို ပြောပေးပါ။ ဘယ်လိုထင်သလဲ။

ဖြေ ။ ။ ကျနော်မြင်တာကတော့ ဒီအတိုင်းကတော့ ရေရှည်ဆွဲသွားမယ့် ပုံစံမျိုး ဖြစ်တာပေါ့။ အခု ကျနော်တို့ (၂) နှစ်လောက် ရှိလာပြီ။ ကျနော်တို့ရဲ့ မူ (၅) ချက် - အခုန သဘောတူထားတာလဲ အကောင်အထည်ဖော်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။ ဆိုတော့ အဲဒီလို အနေအထားမှာတော့ နိုင်ငံတကာဘက်ကလဲ လုပ်နိုင်တဲ့ နည်းလမ်းကတော့ နည်းပါတယ်။ ဒါပေမဲ့ အခုနပြောသလို အထူးသံတွေက ပူးပေါင်းဆောင်ရွက်ကြမယ်။ ပူးပေါင်းဆောင်ရွက်ပြီးမှ သေချာချဉ်းကပ်ကြမယ်ဆိုရင်တော့ ပိုအလုပ်ဖြစ်နိုင်စရာ အကြောင်းရှိတယ်လို့ ထင်ပါတယ်။

XS
SM
MD
LG