သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္မူဝါဒ ႏွင့္ ျမန္မာ့ႏိုင္ငံေရး အလားအလာ


ျမန္မာႏြယ္ဖြား၊ အေမရိကန္ႏုိင္ငံသူ ဒုတိယဗိုလ္မႉးႀကီး ပါေမာကၡ ေဒါက္တာမီမီဝင္းဘတ္ (Dr. Mie Mie Win Byrd)

ျမန္မာ့အေျပာင္းအလဲအတြက္ ႏိုင္ငံတကာ ဖိအားဟာ အင္မတန္ အေရးပါတယ္၊ ဒီအတြက္ အေမရိကန္အစိုးရက ဦးေဆာင္ႀကိဳးပမ္းေနတယ္လို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ အာရွ-ပစၥိဖိတ္ လုံၿခဳံမႈေလ့လာေရးဌာန ပါေမာကၡ မီမီဝင္းဘာ့ခ္ က ဆိုပါတယ္။ အာဏာသိမ္း စစ္တပ္နဲ႔ ဖီဆန္ေရးအင္အားစုတို႔ရဲ႕ လက္ရွိအေျခအေနကိုလည္း တခ်ိန္က ျမန္မာစစ္အရာရွိေတြကို ပညာသင္ၾကားပို႔ခ်ေပးခဲ့တဲ့ အေမရိကန္ ဒုဗိုလ္မႉးႀကီး (အၿငိမ္းစား) မီမီဝင္းဘာ့ခ္ က ႏႈိင္းယွဥ္ထားပါတယ္။ အေသးစိတ္ကို ပါေမာကၡဘာ့ခ္ နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ပါေမာကၡမီမီဝင္းဘာ့ခ္ ခင္မ်ား နိဒါန္းနည္းနည္းေျပာေစခ်င္တာကေတာ့ ဦးသိန္းစိန္အစိုးရ တက္ၿပီကတည္းကစၿပီးေတာ့ ျမန္မာႏိုင္ငံစစ္တပ္နဲ႔ အေမရိကန္စစ္တပ္ စစ္တပ္ခ်င္း ဆက္ဆံေရးဆိုတဲ့ ပုံစံတရပ္ ရွိခဲ့တယ္လို႔ ထင္ပါတယ္။ ဆိုေတာ့ အဲဒီဟာကို အက်ဥ္း႐ုံးေလးေျပာပါ။ ဘယ္လိုပုံစံမ်ိဳး ရွိခဲ့သလဲ။ အခုေတာ့ ပ်က္သြားၿပီေပါ့။

ေျဖ ။ ။ ျမန္မာႏိုင္ငံ ဒီမိုကေရစီ transition အခ်ိန္မွာ က်မတို႔က military-military engagement လို ပုံစံမ်ိဳး လုပ္တဲ့အခါမွာ တခ်ိဳ႕ျမန္မာအရာရွိေတြ က်မတို႔ရဲ႕ စင္တာမွာ လာၿပီးေတာ့ ေက်ာင္းလာတက္ၾကတယ္။ သူမ်ားေတြက ခဏခဏေျပာတာ ဒီဟာက training ဆိုၾကတယ္။ တကယ္ေတာ့ အဲဒါ training မဟုတ္ဘူး။ က်မတို႔က education ပညာေရး ျဖစ္တယ္။ ပညာသင္ယူၾကတာ။ က်မတို႔ သင္ေပးတာ အျပည္ျပည္ဆိုင္ရာ ဆက္ဆံေရး။ ေနာက္ၿပီးေတာ့ civil-military relation ဒီမိုကေရစီအစိုးရေအာက္မွာ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးက ဘယ္လိုရွိရမလဲဆိုတာကို တင္ျပတာ။

ေမး ။ ။ အဲဒီဆက္ဆံေရးက အခုေတာ့ ပ်က္သြားၿပီေပါ့။ အာဏာသိမ္းၿပီးတဲ့ေနာက္မွာ။

ေျဖ ။ ။ ဟုတ္တယ္ရွင့္။ အခုအခ်ိန္မွာ US ကေန အားလုံး sanction လုပ္ထားပါတယ္။ ျမန္မာစစ္တပ္ကို။

ေမး ။ ။ အခု ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္ၿပီးေနာက္မွာ ျမန္မာစစ္ေကာင္စီက ႐ုရွားကို အျပတ္အသတ္ ေထာက္ခံလိုက္တယ္ဆိုေတာ့ အေမရိကန္နဲ႔ ဆက္ဆံေရးက ပိုၿပီးအလွမ္းေဝးသြားတယ္လို႔ ေျပာလို႔ရမလား။

ေျဖ ။ ။ ႐ုရွားကို ေထာက္ခံလို႔ အေမရိကန္နဲ႔ ေဝးတာက ဘယ္ေလာက္မွ မရွိဘူး။ ပိုၿပီးေတာ့ အေမရိကန္နဲ႔ ေဝးသြားတဲ့ဥစၥာက အာဏာသိမ္းတာနဲ႔ ဒီမိုကေရစီနည္းနဲ႔ တင္ေျမႇာက္ထားတဲ့ ျပည္သူ႔အစိုးရအဖြဲ႕ဝင္ေတြကို ဖမ္းဆီးတာေတြက ပိုၿပီးေတာ့ အေရးႀကီးတယ္။

ေမး ။ ။ တခ်ိဳ႕က ေျပာၾကတယ္ - အေမရိကန္ရဲ႕ စစ္ေကာင္စီအေပၚ အေရးယူမႈ၊ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေပၚ တက္လွမ္းႏိုင္ဖို႔အတြက္ အေမရိကန္ရဲ႕ စြမ္းေဆာင္မႈေတြဟာ သိပ္ထိေရာက္မႈ မရွိဘူးဆိုၿပီးေတာ့ ျမန္မာျပည္သူ ေတာ္ေတာ္မ်ားမ်ားက ညည္းတြားၾကပါတယ္။ ပညာရွင္တေယာက္အေနနဲ႔ ဒီေျပာဆိုခ်က္ေတြကို ဘယ္လိုေျပာလိုပါလဲ။

ေျဖ ။ ။ က်မတို႔ သမိုင္းမွာ ေအာင္ျမင္သြားတဲ့ ေတာ္လွန္ေရးေတြကို ျပန္ၿပီးေတာ့ ေလ့လာလိုက္တဲ့အခါမွာ က်မတို႔ ဘာသြားေတြ႕သလဲဆိုရင္ အဲဒီမွာ အဓိက (၃) ခ်က္ပါတယ္။ ပထမဆုံးတခ်က္က ျပည္သူလူထုရဲ႕ ဆန႔္က်င္မႈ - ျပည္သူလူထု အမ်ားႀကီးရဲ႕ ဆန႔္က်င္မႈ။ ေနာက္တခ်က္ကေတာ့ အျပည္ျပည္ဆိုင္ရာက ဖိအား။ ေနာက္သုံးခ်က္ေျမာက္ကေတာ့ defection - စစ္တပ္နဲ႔ ထိပ္တန္းလူေတြ ဘက္ေျပာင္း၊ စြန႔္ခြါမႈ။ အဲဒီအခ်က္ (၃) ခုကို သြားေတြ႕တယ္။ ဆိုေတာ့ ဒီမွာ အျပည္ျပည္ဆိုင္ရာရဲ႕ ဖိအားက အရမ္းအေရးႀကီးတယ္။ အဲဒီအခ်က္ေၾကာင့္လဲ အေမရိကဘက္က ဘယ္လိုနည္းနဲ႔ ဖိအားေပးရမလဲဆိုတာကို ေဆာင္႐ြက္ေနတယ္။ အဲဒီမွာ Sanction ပိတ္စို႔မႈေတြလည္းပါတယ္။ ေနာက္ Diplomatic သံတမန္ေရးနည္းနဲ႔ အာဆီယံနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ဥေရာပတို႔နဲ႔ အတူတူေပါင္းၿပီးေတာ့ ဖိအားေပးလုပ္ၾကတယ္။ အဲဒါေၾကာင့္လဲ ဖိအားက အမ်ားႀကီးရွိလာတာ။

ေမး ။ ။ အခုန မီမီေျပာတဲ့ (၃) ခ်က္မွာ ျပည္သူလူထုရဲ႕ ဆန႔္က်င္အုံႂကြမႈ - အဲဒါကေတာ့ ျမန္မာႏိုင္ငံသမိုင္းမွာ တခါမွမႀကဳံဘူးတဲ့ ႀကီးမားတဲ့ ဆန႔္က်င္အုံႂကြမႈကို ေတြ႕ေနရတယ္လို႔ က်ေနာ္ကေတာ့ သတင္းသမားတေယာက္အေနနဲ႔ ျမင္မိပါတယ္။ ဆိုေတာ့ ဖိအားကေကာ လုံေလာက္တဲ့ ဖိအား enough pressure ရွိပါရဲ႕လား။ လူေတြက ညည္းတြားၾကတယ္ - အဲဒီဥစၥာကို အဲဒါထက္ပိုၿပီးေတာ လုပ္သင္တယ္။ အေမရိကန္တို႔က ဖိအားပိုေပးသင့္တယ္။ အေျပာသာမ်ားေနၿပီးေတာ့ လက္ေတြ႕နည္းတယ္လို႔ ဆိုပါတယ္။ က်ေနာ္က အဲဒီကိစၥကို သိခ်င္တာပါ။ အထူးသျဖင့္ စီးပြားေရးအရ ဒဏ္ခတ္ပိတ္စို႔တဲ့ေနရာမွာ ေရနံတို႔ ဘာတို႔ဆိုရင္ အေမရိကန္က မပိတ္စို႔ဘူး ျဖစ္ေနတယ္။

ေျဖ ။ ။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန US State Department က ေနာက္ထပ္ Sanction တသုတ္ ထပ္လာျပန္ၿပီ။ ဆိုေတာ့ တျဖည္းျဖည္းနဲ႔ တင္းၾကပ္ဖို႔ လုပ္ေနတယ္။ ဟုတ္တယ္ - ေရနံကိုလည္း သူတို႔ထိန္းခ်ဳပ္ပါမယ္။ သူတို႔ အဲဒီကိစၥကို အမ်ားႀကီးေဆြးေႏြးေနပါတယ္။ ေရနံနဲ႔ ပတ္သက္ၿပီး လုပ္ၾကတဲ့အခါမွာ နည္းနည္းေလး Tricky ျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စြမ္းအင္က႑ Energy Sector မွာ မစဥ္းစားဘဲ လုပ္လိုက္မယ္ဆိုရင္ သံတမန္နဲ႔ ဖိအားထဲမွာ သြားၿပီးေတာ့ ၿငိ့ႏိုင္တယ္။ အဲဒါေၾကာင့္မို႔ သူတို႔ ဒီအပိုင္းကို အမ်ားႀကီးစဥ္းစားၿပီး၊ အမ်ားႀကီးေဆြးေႏြးၿပီး လုပ္စရာေတြ အမ်ားႀကီးလိုအပ္တယ္လို႔ က်မ ေတြ႕မိတယ္။

ေမး ။ ။ ဒါေပမဲ့လဲ တခုစဥ္းစားမိတာက အခု ႐ုရွားနဲ႔ ျဖစ္လိုက္တဲ့အခါမွာ ႐ုရွားရဲ႕ ေရနံကို ဒဏ္ခတ္လိုက္တယ္။ အေမရိကန္ထက္ပိုၿပီးေတာ့ ဥေရာပႏိုင္ငံေတြက ဒီကိစၥနဲ႔ ပတ္သက္လို႔ ပိုၿပီးေတာ့ အခက္ႀကဳံရတယ္။ ဆိုေတာ့ ေရနံက ဘယ္ကရရ ပိုၿပီးေတာ့ လိုအပ္ေနတဲ့သေဘာ။ တေလာတုန္းကဆိုရင္ အေမရိကန္သမၼတ Joe Biden က Saudi Arabia တို႔ အပါအဝင္ အေရွ႕အလယ္ပိုင္းႏိုင္ငံေတြကို ေရနံ ပိုၿပီးေတာ့ ထုတ္ေပးဖို႔အတြက္ ခ်ဥ္းကပ္တယ္ဆိုတာကို ၾကားရပါတယ္။ အဲဒီႏိုင္ငံေတြက လက္မခံၾကဘူးတဲ့။ ဆိုေတာ့ ျမန္မာႏိုင္ငံက ေရနံက ဘာပဲေျပာေျပာ သူတို႔အတြက္ ပိုၿပီးလိုအပ္ေနလိုမ်ား သူတို႔ လက္ပိုက္ၾကည့္ေနၾကတာလား။

ေျဖ ။ ။ အဲဒီအတြက္ကေတာ့ က်မ အေသအခ်ာ မသိဘူး။ ဒါေပမဲ့ သံတမန္အေရး၊ အျပည္ျပည္ဆိုင္ရာ ဆက္ဆံေရးကလည္း ပါေသးတယ္။ ႐ုရွားနဲ႔ ယူကရိန္းၾကေတာ့ က်န္ႏိုင္ငံေတြက စုေပါင္းၿပီးေတာ့ ညီၫႊတ္စြာလုပ္ၾကတယ္။ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး တူညီတဲ့ စုစည္းမႈကို သိပ္ၿပီးေတာ့မေတြ႕ရေသးဘူးဆိုေတာ့ အဲဒီဥစၥာကိုမ်ား ဝိုင္းႀကိဳးစားေနၾကတယ္။ အဲဒီအပိုင္းကို တြက္ေနတယ္လို႔ က်မ ထင္ပါတယ္။

ေမး ။ ။ ဆိုေတာ့ ေစာေစာက မီမီေျပာတဲ့ အခ်က္ (၃) ခ်က္ထဲမွာ ဆန႔္က်င္မႈရယ္၊ ျပင္ပဖိအားရယ္၊ ေနာက္ဆုံးအခ်က္က ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းတယ္။ Defection - စစ္တပ္နဲ႔ Elite ဆိုေတာ့ က်ေနာ္ နားလည္တာက ဥပမာ ဖိလစ္ပိုင္ႏိုင္ငံမွာ ျဖစ္တဲ့ကိစၥမ်ိဳးလား။ ရားမို႔စ္ … မားကို႔စ္တို႔တုန္းက Defect - ဘက္ေျပာင္းလိုက္ၾကတယ္။ ျပည္သူဘက္ကို ဘက္ေျပာင္းလိုက္ၾကတယ္။ အဲဒီပုံစံမ်ိဳးကို ေျပာတယ္ဆိုရင္ ျမန္မာႏိုင္ငံမွာေကာ အဲဒီလို ျဖစ္ႏိုင္မယ့္ အလားအလာ ရွိပါသလား။

ေျဖ ။ ။ ျဖစ္ႏိုင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုအခ်ိန္မွာ Defection နဲ႔ ပတ္သက္ၿပီးေတာ့ အမ်ားႀကီး ထြက္လာတယ္။ ထြက္လာတဲ့ လူေတြကိုလည္း ေမးလိုက္လို႔ရွိရင္ သူတို႔ကေျပာတာက အထဲမွာ (၇၀) ရာခိုင္ႏႈန္းေလာက္က ထြက္ခ်င္ေနၿပီ၊ သူတို႔မလုပ္ခ်င္ၾကေတာ့ဘူး။ တခ်ိဳ႕ေတြက အမ်ိဳးမ်ိဳးေၾကာင့္ မထြက္ႏိုင္လို႔သာ ေနေနရတာ၊ သူတို႔ရဲ႕ စိတ္ဓါတ္ မရွိၾကေတာ့ဘူး။ စစ္တိုက္တယ္ဆိုတာက စိတ္ဓါတ္မရွိလို႔ရွိရင္ တိုက္ရတာ မလြယ္ဘူး။ ႏိုင္ဖို႔က မလြယ္ဘူး။ ဆိုေတာ့ အဲဒါမ်ိဳး ျဖစ္ေနတယ္။ ေနာက္ၿပီးေတာ့ Elite အထက္တန္းလႊာေတြနဲ႔ ပတ္သက္ၿပီးေတာ့လဲ အခုတေလာမွာ ခ႐ိုနီေတြ - Elite ဆိုရင္ ျမန္မာႏိုင္ငံမွာဆို ခ႐ိုနီေတြဆိုၿပီး ေျပာလို႔ရတယ္။ Cronies ခ႐ိုနီေတြကို သူတို႔လိုက္ဖမ္းေနတာ - ဘာေၾကာင့္လိုက္ဖမ္းေနသလဲဆိုတာကို က်မတို႔အတြက္ indicator ၫႊန္ျပခ်က္တခုက အဲဒီ Elite ေတြက သူတို႔ဘက္ကို မလိုက္ၾကေတာ့လို႔။ ဒီဘက္ကို ေရာက္လာလို႔။ အဲဒါေၾကာင့္မို႔ လိုက္ဖမ္းတယ္လို႔ က်မ ခန႔္မွန္းလို႔ရတယ္။ ဆိုေတာ့ ႏွစ္ခုစလုံးကို ျပန္ၿပီးေတာ့ ၾကည့္လိုက္လို႔ရွိရင္ Defection ဆိုတဲ့ ဥစၥာက ေတာ္ေတာ္မ်ားမ်ား သမိုင္းနဲ႔ ျပန္ခ်ိန္းၾကည့္ရင္ တခါမွ မေတြ႕ဘူးတဲ့ အေျခေအနအဆင့္ ျဖစ္ေနတာကို ေတြ႕ရတယ္။

ေမး ။ ။ မီမီကိုယ္တိုင္ ပါေမာကၡတေယာက္အေနနဲ႔ အဲဒီမွာ စစ္တပ္အရာရွိေတြ၊ စစ္ဦးစီးတကၠသိုလ္ေတြမွာ သင္ၾကားပို႔ခ်တယ္။ ပညာသင္ၾကားေပးတယ္ဆိုတာကို က်ေနာ္တို႔ သိရပါတယ္ဆိုေတာ့ အဲဒီအခါမွာေကာ သူတို႔ေတြရဲ႕ တုံ႔ျပန္မႈ၊ သူတို႔ေတြရဲ႕ ဒီမိုကေရစီ အထိန္းအကြပ္ေအာက္မွာ ေနရတဲ့ တပ္မေတာ္တခု ျဖစ္ေရးကို ဘယ္ေလာက္စိတ္အားထက္သန္မႈ ရွိတယ္လို႔ ေတြ႕ခဲ့ရပါသလဲ။

ေျဖ ။ ။ က်မ သြားသင္တဲ့အခါမွာ က်မကေတာ့ Lt. Colonel ဒု-ဗိုလ္မႉးႀကီးေအာက္ မ်ားေသာအားျဖင့္နဲ႔ ထိေတြ႕ခဲ့တယ္။ အဲဒီမွာေတာ့ သူတို႔ေတြက အမ်ားႀကီး ေမွ်ာ္လင့္ခ်က္ ရွိၾကတယ္။ သူတို႔က ကမာၻနဲ႔တန္းၿပီးေတာ့ ကမာၻမွာရွိတဲ့ တျခားစစ္တပ္ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ လုပ္ခ်င္တယ္။ အဲဒီလို လုပ္တဲ့အခါမွာလည္း သူတို႔ေတြကို ေလးေလးစားစားနဲ႔ ဂုဏ္ယူစြာ လုပ္ခ်င္ၾကတယ္။ အဲဒီအခ်ိန္တုန္းက က်မ သင္ၾကားပို႔ခ်တဲ့အခါမွာ တကမာၻလုံးကလည္း ျမန္မာစစ္တပ္ကိုၾကည့္ၿပီးေတာ့ နည္းနည္းအထင္ႀကီးလာတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္တပ္ကိုယ္တိုင္က ဒီမိုကေရစီအေျပာင္းအလဲ Democratic Transition ကို လုပ္ေပးလိုက္တယ္ဆိုေတာ့ လူေတြက တခါတည္းအံ့ၾသၿပီးေတာ့ သူတို႔ကို လက္ခံၾကတယ္။ သူတို႔ကို ေတာ္ေတာ္ေလး ႀကိဳဆိုၾကတယ္။ အဲဒီေနရာကေန အခုဆိုရင္ တခါတည္း သူတို႔ကို လုံးဝလူဆိုးလိုမ်ိဳး ထင္ၿပီးေတာ့၊ လုံးဝပစ္ပယ္လိုက္ၾကတယ္။ အဲဒီအထိ တခါတည္းကို ထိုးၾကသြားတယ္။ က်မ စိတ္ထဲမွာလည္း တခါတေလမွာ အဲဒီစစ္ဗိုလ္ႀကီးေတြကို က်မ သူတို႔မ်က္ႏွာေလးေတြကို ျမင္မိတယ္။ အဲဒီအခ်ိန္မွာ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ၊ အနာဂတ္ေတြကို အရမ္းပဲစိတ္လႈပ္ရွား၊ တက္ႂကြၾကတယ္။ အဲဒီအေျခအေနကေန တခါတည္း အဝီဇိထဲကို ဆင္းသြားတယ္ဆိုတာ သူတို႔အတြက္လဲ က်မ ေတာ္ေတာ္ေလး စိတ္မေကာင္း ျဖစ္မိတယ္။

ေမး ။ ။ ဒါေပမဲ့ ေလာေလာဆယ္မွာ သူတို႔ကို တစည္းတလုံးတည္း ျဖစ္ေနေအာင္ Unified လုပ္ထားႏိုင္တဲ့ အဓိကအခ်က္က ဘာလို႔ ေျပာႏိုင္ပါသလဲ။ ျပည္သူေတြ သူတို႔ကို မႀကိဳက္မႏွစ္သက္ဘူးဆိုတာလဲ သိတယ္။ လက္ေအာက္က တပ္မေတာ္ဝန္ထမ္းေတြက မေက်နပ္ၾကဘူး။ သူတို႔ဘဝ က်ဥ္းၾကပ္တယ္။ အထက္အရာရွိေတြနဲ႔ မတူဘူးဆိုတာလဲ သူတို႔သိတယ္။ သို႔ေသာ္လဲ သူတို႔က ဘာလို႔ တစုတစည္းလုံးတည္း ျဖစ္ေနၾကတယ္လို႔ ထင္ပါသလဲ။

ေျဖ ။ ။ က်မ အင္တာဗ်ဴးေတြ လုပ္လိုက္တဲ့အခါမွာ ေတြ႕တာက သူတို႔မွာ အားလုံး ဒီေလာက္အမ်ားႀကီးလည္း မရွိေတာ့ဘူး။ ဆိုပါေတာ့ တပ္ရင္းတခုဆိုရင္ Full Strength အျပည့္အစုံ ရွိမယ္ဆိုရင္ လူ (၈၀၀) ရွိရမယ္။ အခုဟိုတေလာက ထြက္လာတာ သူတို႔ေျပာေနတာ (၁၅၀) ေလာက္ပဲ ရွိေတာ့တယ္။ အဲဒီရွိတဲ့ (၁၅၀) ထဲမွာလဲ (၅၀) ရာခိုင္ႏႈန္းကပဲ Combat Ready စစ္တိုက္ဖို႔ အဆင္သင့္ ရွိတယ္။ ဆိုေတာ့ (၇၅) ေယာက္ေလာက္ပဲ တပ္ရင္းတခုမွာ ရွိေတာ့တယ္။ အဲဒီရွိတဲ့လူေတြထဲမွာလဲ သူတို႔ေျပာတာ (၇၀) ရာခိုင္ႏႈန္းေလာက္ပဲ လုံးဝမတိုက္ခ်င္ၾကေတာ့ဘူး။ တခ်ိဳ႕ေတြၾကေတာ့ အရမ္းအသက္ႀကီးေနၿပီ။ ဆိုပါေတာ့ Sergeant တပ္ၾကပ္ႀကီးေတြ - သူတို႔တသက္လုံးလည္း စစ္တပ္ထဲမွာပဲ လုပ္လာခဲ့ၾကေတာ့ ဘယ္လိုမွ ထြက္လိုက္လို႔ရွိရင္လဲ စာေရးေသာက္ေရး ဘယ္လိုလုပ္မလဲဆိုၿပီး စိတ္ပူၾကတယ္။ ေနာက္ၿပီးေတာ့ တခ်ိဳ႕ေတြဆိုရင္လဲ သူတို႔ရဲ႕ မိသားစုေတြ။ အခုအခ်ိန္မွာ စစ္တပ္က မိသားစုေတြကိုလည္း တင္းၾကပ္ကိုင္ထားတယ္။ ဆိုေတာ့ အဲဒီဥစၥာအတြက္လဲ မထြက္ႏိုင္ဘူး။ ေနာက္တခါၾကေတာ့ Logistic တကယ္ထြက္ဖို႔အတြက္ကလဲ စစ္တပ္က အမ်ားႀကီးပဲ သူတို႔ကို ခ်ဳပ္ကိုင္ထားတယ္ဆိုေတာ့ အဲဒီအေျခအေနမွာ သူတို႔မထြက္ႏိုင္တဲ့ဟာ အမ်ားႀကီးရွိေသးတယ္။

ေမး ။ ။ ေနာက္တဘက္ကိုလဲ က်ေနာ္ေမးခ်င္ပါတယ္။ လက္နက္ကိုင္ၿပီးေတာ့ ဖီဆန္ေနၾကတဲ့ EAOs တိုင္းရင္းသားတပ္ေတြနဲ႔ PDFs ျပည္သူ႔ကာကြယ္ေရးတပ္ေတြ - သူတို႔ေတြရဲ႕ အင္အားကိုေရာ စစ္ေရးကြၽမ္းက်င္တဲ့ ပုဂၢိဳလ္တေယာက္အေနနဲ႔ ဘယ္လိုသုံးသပ္မိပါသလဲ။ သူတို႔ရဲ႕ ညီၫြတ္မႈ Unity, Strength ေတြကို မီမီ ဘယ္လိုသုံးသပ္မိပါသလဲ။

ေျဖ ။ ။ ဆရာမတေယာက္အေနနဲ႔ သူတို႔ကို B+ အေတြ႕အႀကဳံ မရွိ၊ Training လည္းမရွိဘဲနဲ႔ ဒီေလာက္အထိ လုပ္ႏိုင္တယ္ဆိုတာ ေတာ္ေတာ္ခ်ီးက်ဴးစရာပဲ။ အၿပီထိေအာင္ျမင္ႏိုင္ဖို႔ၾကေတာ့ ပူးေပါင္းေဆာင္႐ြက္မွသာ A အထိ၊ A+ ရဖို႔အတြက္ လုပ္ႏိုင္ၾကမယ္လို႔ က်မအေနနဲ႔ သုံးသပ္ေပးလို႔ရပါတယ္။

==Unicode===

မြန်မာ့အပြောင်းအလဲအတွက် နိုင်ငံတကာ ဖိအားဟာ အင်မတန် အရေးပါတယ်၊ ဒီအတွက် အမေရိကန်အစိုးရက ဦးဆောင်ကြိုးပမ်းနေတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ အာရှ-ပစ္စိဖိတ် လုံခြုံမှုလေ့လာရေးဌာန ပါမောက္ခ မီမီဝင်းဘာ့ခ် က ဆိုပါတယ်။ အာဏာသိမ်း စစ်တပ်နဲ့ ဖီဆန်ရေးအင်အားစုတို့ရဲ့ လက်ရှိအခြေအနေကိုလည်း တချိန်က မြန်မာစစ်အရာရှိတွေကို ပညာသင်ကြားပို့ချပေးခဲ့တဲ့ အမေရိကန် ဒုဗိုလ်မှူးကြီး (အငြိမ်းစား) မီမီဝင်းဘာ့ခ် က နှိုင်းယှဉ်ထားပါတယ်။ အသေးစိတ်ကို ပါမောက္ခဘာ့ခ် နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပါမောက္ခမီမီဝင်းဘာ့ခ် ခင်များ နိဒါန်းနည်းနည်းပြောစေချင်တာကတော့ ဦးသိန်းစိန်အစိုးရ တက်ပြီကတည်းကစပြီးတော့ မြန်မာနိုင်ငံစစ်တပ်နဲ့ အမေရိကန်စစ်တပ် စစ်တပ်ချင်း ဆက်ဆံရေးဆိုတဲ့ ပုံစံတရပ် ရှိခဲ့တယ်လို့ ထင်ပါတယ်။ ဆိုတော့ အဲဒီဟာကို အကျဉ်းရုံးလေးပြောပါ။ ဘယ်လိုပုံစံမျိုး ရှိခဲ့သလဲ။ အခုတော့ ပျက်သွားပြီပေါ့။

ဖြေ ။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီ transition အချိန်မှာ ကျမတို့က military-military engagement လို ပုံစံမျိုး လုပ်တဲ့အခါမှာ တချို့မြန်မာအရာရှိတွေ ကျမတို့ရဲ့ စင်တာမှာ လာပြီးတော့ ကျောင်းလာတက်ကြတယ်။ သူများတွေက ခဏခဏပြောတာ ဒီဟာက training ဆိုကြတယ်။ တကယ်တော့ အဲဒါ training မဟုတ်ဘူး။ ကျမတို့က education ပညာရေး ဖြစ်တယ်။ ပညာသင်ယူကြတာ။ ကျမတို့ သင်ပေးတာ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး။ နောက်ပြီးတော့ civil-military relation ဒီမိုကရေစီအစိုးရအောက်မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးက ဘယ်လိုရှိရမလဲဆိုတာကို တင်ပြတာ။

မေး ။ ။ အဲဒီဆက်ဆံရေးက အခုတော့ ပျက်သွားပြီပေါ့။ အာဏာသိမ်းပြီးတဲ့နောက်မှာ။

ဖြေ ။ ။ ဟုတ်တယ်ရှင့်။ အခုအချိန်မှာ US ကနေ အားလုံး sanction လုပ်ထားပါတယ်။ မြန်မာစစ်တပ်ကို။

မေး ။ ။ အခု ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်မှာ မြန်မာစစ်ကောင်စီက ရုရှားကို အပြတ်အသတ် ထောက်ခံလိုက်တယ်ဆိုတော့ အမေရိကန်နဲ့ ဆက်ဆံရေးက ပိုပြီးအလှမ်းဝေးသွားတယ်လို့ ပြောလို့ရမလား။

ဖြေ ။ ။ ရုရှားကို ထောက်ခံလို့ အမေရိကန်နဲ့ ဝေးတာက ဘယ်လောက်မှ မရှိဘူး။ ပိုပြီးတော့ အမေရိကန်နဲ့ ဝေးသွားတဲ့ဥစ္စာက အာဏာသိမ်းတာနဲ့ ဒီမိုကရေစီနည်းနဲ့ တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေက ပိုပြီးတော့ အရေးကြီးတယ်။

မေး ။ ။ တချို့က ပြောကြတယ် - အမေရိကန်ရဲ့ စစ်ကောင်စီအပေါ် အရေးယူမှု၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းပေါ် တက်လှမ်းနိုင်ဖို့အတွက် အမေရိကန်ရဲ့ စွမ်းဆောင်မှုတွေဟာ သိပ်ထိရောက်မှု မရှိဘူးဆိုပြီးတော့ မြန်မာပြည်သူ တော်တော်များများက ညည်းတွားကြပါတယ်။ ပညာရှင်တယောက်အနေနဲ့ ဒီပြောဆိုချက်တွေကို ဘယ်လိုပြောလိုပါလဲ။

ဖြေ ။ ။ ကျမတို့ သမိုင်းမှာ အောင်မြင်သွားတဲ့ တော်လှန်ရေးတွေကို ပြန်ပြီးတော့ လေ့လာလိုက်တဲ့အခါမှာ ကျမတို့ ဘာသွားတွေ့သလဲဆိုရင် အဲဒီမှာ အဓိက (၃) ချက်ပါတယ်။ ပထမဆုံးတချက်က ပြည်သူလူထုရဲ့ ဆန့်ကျင်မှု - ပြည်သူလူထု အများကြီးရဲ့ ဆန့်ကျင်မှု။ နောက်တချက်ကတော့ အပြည်ပြည်ဆိုင်ရာက ဖိအား။ နောက်သုံးချက်မြောက်ကတော့ defection - စစ်တပ်နဲ့ ထိပ်တန်းလူတွေ ဘက်ပြောင်း၊ စွန့်ခွါမှု။ အဲဒီအချက် (၃) ခုကို သွားတွေ့တယ်။ ဆိုတော့ ဒီမှာ အပြည်ပြည်ဆိုင်ရာရဲ့ ဖိအားက အရမ်းအရေးကြီးတယ်။ အဲဒီအချက်ကြောင့်လဲ အမေရိကဘက်က ဘယ်လိုနည်းနဲ့ ဖိအားပေးရမလဲဆိုတာကို ဆောင်ရွက်နေတယ်။ အဲဒီမှာ Sanction ပိတ်စို့မှုတွေလည်းပါတယ်။ နောက် Diplomatic သံတမန်ရေးနည်းနဲ့ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဥရောပတို့နဲ့ အတူတူပေါင်းပြီးတော့ ဖိအားပေးလုပ်ကြတယ်။ အဲဒါကြောင့်လဲ ဖိအားက အများကြီးရှိလာတာ။

မေး ။ ။ အခုန မီမီပြောတဲ့ (၃) ချက်မှာ ပြည်သူလူထုရဲ့ ဆန့်ကျင်အုံကြွမှု - အဲဒါကတော့ မြန်မာနိုင်ငံသမိုင်းမှာ တခါမှမကြုံဘူးတဲ့ ကြီးမားတဲ့ ဆန့်ကျင်အုံကြွမှုကို တွေ့နေရတယ်လို့ ကျနော်ကတော့ သတင်းသမားတယောက်အနေနဲ့ မြင်မိပါတယ်။ ဆိုတော့ ဖိအားကကော လုံလောက်တဲ့ ဖိအား enough pressure ရှိပါရဲ့လား။ လူတွေက ညည်းတွားကြတယ် - အဲဒီဥစ္စာကို အဲဒါထက်ပိုပြီးတော လုပ်သင်တယ်။ အမေရိကန်တို့က ဖိအားပိုပေးသင့်တယ်။ အပြောသာများနေပြီးတော့ လက်တွေ့နည်းတယ်လို့ ဆိုပါတယ်။ ကျနော်က အဲဒီကိစ္စကို သိချင်တာပါ။ အထူးသဖြင့် စီးပွားရေးအရ ဒဏ်ခတ်ပိတ်စို့တဲ့နေရာမှာ ရေနံတို့ ဘာတို့ဆိုရင် အမေရိကန်က မပိတ်စို့ဘူး ဖြစ်နေတယ်။

ဖြေ ။ ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန US State Department က နောက်ထပ် Sanction တသုတ် ထပ်လာပြန်ပြီ။ ဆိုတော့ တဖြည်းဖြည်းနဲ့ တင်းကြပ်ဖို့ လုပ်နေတယ်။ ဟုတ်တယ် - ရေနံကိုလည်း သူတို့ထိန်းချုပ်ပါမယ်။ သူတို့ အဲဒီကိစ္စကို အများကြီးဆွေးနွေးနေပါတယ်။ ရေနံနဲ့ ပတ်သက်ပြီး လုပ်ကြတဲ့အခါမှာ နည်းနည်းလေး Tricky ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စွမ်းအင်ကဏ္ဍ Energy Sector မှာ မစဉ်းစားဘဲ လုပ်လိုက်မယ်ဆိုရင် သံတမန်နဲ့ ဖိအားထဲမှာ သွားပြီးတော့ ငြိ့နိုင်တယ်။ အဲဒါကြောင့်မို့ သူတို့ ဒီအပိုင်းကို အများကြီးစဉ်းစားပြီး၊ အများကြီးဆွေးနွေးပြီး လုပ်စရာတွေ အများကြီးလိုအပ်တယ်လို့ ကျမ တွေ့မိတယ်။

မေး ။ ။ ဒါပေမဲ့လဲ တခုစဉ်းစားမိတာက အခု ရုရှားနဲ့ ဖြစ်လိုက်တဲ့အခါမှာ ရုရှားရဲ့ ရေနံကို ဒဏ်ခတ်လိုက်တယ်။ အမေရိကန်ထက်ပိုပြီးတော့ ဥရောပနိုင်ငံတွေက ဒီကိစ္စနဲ့ ပတ်သက်လို့ ပိုပြီးတော့ အခက်ကြုံရတယ်။ ဆိုတော့ ရေနံက ဘယ်ကရရ ပိုပြီးတော့ လိုအပ်နေတဲ့သဘော။ တလောတုန်းကဆိုရင် အမေရိကန်သမ္မတ Joe Biden က Saudi Arabia တို့ အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရေနံ ပိုပြီးတော့ ထုတ်ပေးဖို့အတွက် ချဉ်းကပ်တယ်ဆိုတာကို ကြားရပါတယ်။ အဲဒီနိုင်ငံတွေက လက်မခံကြဘူးတဲ့။ ဆိုတော့ မြန်မာနိုင်ငံက ရေနံက ဘာပဲပြောပြော သူတို့အတွက် ပိုပြီးလိုအပ်နေလိုများ သူတို့ လက်ပိုက်ကြည့်နေကြတာလား။

ဖြေ ။ ။ အဲဒီအတွက်ကတော့ ကျမ အသေအချာ မသိဘူး။ ဒါပေမဲ့ သံတမန်အရေး၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးကလည်း ပါသေးတယ်။ ရုရှားနဲ့ ယူကရိန်းကြတော့ ကျန်နိုင်ငံတွေက စုပေါင်းပြီးတော့ ညီညွှတ်စွာလုပ်ကြတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တူညီတဲ့ စုစည်းမှုကို သိပ်ပြီးတော့မတွေ့ရသေးဘူးဆိုတော့ အဲဒီဥစ္စာကိုများ ဝိုင်းကြိုးစားနေကြတယ်။ အဲဒီအပိုင်းကို တွက်နေတယ်လို့ ကျမ ထင်ပါတယ်။

မေး ။ ။ ဆိုတော့ စောစောက မီမီပြောတဲ့ အချက် (၃) ချက်ထဲမှာ ဆန့်ကျင်မှုရယ်၊ ပြင်ပဖိအားရယ်၊ နောက်ဆုံးအချက်က ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ Defection - စစ်တပ်နဲ့ Elite ဆိုတော့ ကျနော် နားလည်တာက ဥပမာ ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်တဲ့ကိစ္စမျိုးလား။ ရားမို့စ် … မားကို့စ်တို့တုန်းက Defect - ဘက်ပြောင်းလိုက်ကြတယ်။ ပြည်သူဘက်ကို ဘက်ပြောင်းလိုက်ကြတယ်။ အဲဒီပုံစံမျိုးကို ပြောတယ်ဆိုရင် မြန်မာနိုင်ငံမှာကော အဲဒီလို ဖြစ်နိုင်မယ့် အလားအလာ ရှိပါသလား။

ဖြေ ။ ။ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ Defection နဲ့ ပတ်သက်ပြီးတော့ အများကြီး ထွက်လာတယ်။ ထွက်လာတဲ့ လူတွေကိုလည်း မေးလိုက်လို့ရှိရင် သူတို့ကပြောတာက အထဲမှာ (၇၀) ရာခိုင်နှုန်းလောက်က ထွက်ချင်နေပြီ၊ သူတို့မလုပ်ချင်ကြတော့ဘူး။ တချို့တွေက အမျိုးမျိုးကြောင့် မထွက်နိုင်လို့သာ နေနေရတာ၊ သူတို့ရဲ့ စိတ်ဓါတ် မရှိကြတော့ဘူး။ စစ်တိုက်တယ်ဆိုတာက စိတ်ဓါတ်မရှိလို့ရှိရင် တိုက်ရတာ မလွယ်ဘူး။ နိုင်ဖို့က မလွယ်ဘူး။ ဆိုတော့ အဲဒါမျိုး ဖြစ်နေတယ်။ နောက်ပြီးတော့ Elite အထက်တန်းလွှာတွေနဲ့ ပတ်သက်ပြီးတော့လဲ အခုတလောမှာ ခရိုနီတွေ - Elite ဆိုရင် မြန်မာနိုင်ငံမှာဆို ခရိုနီတွေဆိုပြီး ပြောလို့ရတယ်။ Cronies ခရိုနီတွေကို သူတို့လိုက်ဖမ်းနေတာ - ဘာကြောင့်လိုက်ဖမ်းနေသလဲဆိုတာကို ကျမတို့အတွက် indicator ညွှန်ပြချက်တခုက အဲဒီ Elite တွေက သူတို့ဘက်ကို မလိုက်ကြတော့လို့။ ဒီဘက်ကို ရောက်လာလို့။ အဲဒါကြောင့်မို့ လိုက်ဖမ်းတယ်လို့ ကျမ ခန့်မှန်းလို့ရတယ်။ ဆိုတော့ နှစ်ခုစလုံးကို ပြန်ပြီးတော့ ကြည့်လိုက်လို့ရှိရင် Defection ဆိုတဲ့ ဥစ္စာက တော်တော်များများ သမိုင်းနဲ့ ပြန်ချိန်းကြည့်ရင် တခါမှ မတွေ့ဘူးတဲ့ အခြေအေနအဆင့် ဖြစ်နေတာကို တွေ့ရတယ်။

မေး ။ ။ မီမီကိုယ်တိုင် ပါမောက္ခတယောက်အနေနဲ့ အဲဒီမှာ စစ်တပ်အရာရှိတွေ၊ စစ်ဦးစီးတက္ကသိုလ်တွေမှာ သင်ကြားပို့ချတယ်။ ပညာသင်ကြားပေးတယ်ဆိုတာကို ကျနော်တို့ သိရပါတယ်ဆိုတော့ အဲဒီအခါမှာကော သူတို့တွေရဲ့ တုံ့ပြန်မှု၊ သူတို့တွေရဲ့ ဒီမိုကရေစီ အထိန်းအကွပ်အောက်မှာ နေရတဲ့ တပ်မတော်တခု ဖြစ်ရေးကို ဘယ်လောက်စိတ်အားထက်သန်မှု ရှိတယ်လို့ တွေ့ခဲ့ရပါသလဲ။

ဖြေ ။ ။ ကျမ သွားသင်တဲ့အခါမှာ ကျမကတော့ Lt. Colonel ဒု-ဗိုလ်မှူးကြီးအောက် များသောအားဖြင့်နဲ့ ထိတွေ့ခဲ့တယ်။ အဲဒီမှာတော့ သူတို့တွေက အများကြီး မျှော်လင့်ချက် ရှိကြတယ်။ သူတို့က ကမ္ဘာနဲ့တန်းပြီးတော့ ကမ္ဘာမှာရှိတဲ့ တခြားစစ်တပ်တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ချင်တယ်။ အဲဒီလို လုပ်တဲ့အခါမှာလည်း သူတို့တွေကို လေးလေးစားစားနဲ့ ဂုဏ်ယူစွာ လုပ်ချင်ကြတယ်။ အဲဒီအချိန်တုန်းက ကျမ သင်ကြားပို့ချတဲ့အခါမှာ တကမ္ဘာလုံးကလည်း မြန်မာစစ်တပ်ကိုကြည့်ပြီးတော့ နည်းနည်းအထင်ကြီးလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကိုယ်တိုင်က ဒီမိုကရေစီအပြောင်းအလဲ Democratic Transition ကို လုပ်ပေးလိုက်တယ်ဆိုတော့ လူတွေက တခါတည်းအံ့သြပြီးတော့ သူတို့ကို လက်ခံကြတယ်။ သူတို့ကို တော်တော်လေး ကြိုဆိုကြတယ်။ အဲဒီနေရာကနေ အခုဆိုရင် တခါတည်း သူတို့ကို လုံးဝလူဆိုးလိုမျိုး ထင်ပြီးတော့၊ လုံးဝပစ်ပယ်လိုက်ကြတယ်။ အဲဒီအထိ တခါတည်းကို ထိုးကြသွားတယ်။ ကျမ စိတ်ထဲမှာလည်း တခါတလေမှာ အဲဒီစစ်ဗိုလ်ကြီးတွေကို ကျမ သူတို့မျက်နှာလေးတွေကို မြင်မိတယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ အနာဂတ်တွေကို အရမ်းပဲစိတ်လှုပ်ရှား၊ တက်ကြွကြတယ်။ အဲဒီအခြေအနေကနေ တခါတည်း အဝီဇိထဲကို ဆင်းသွားတယ်ဆိုတာ သူတို့အတွက်လဲ ကျမ တော်တော်လေး စိတ်မကောင်း ဖြစ်မိတယ်။

မေး ။ ။ ဒါပေမဲ့ လောလောဆယ်မှာ သူတို့ကို တစည်းတလုံးတည်း ဖြစ်နေအောင် Unified လုပ်ထားနိုင်တဲ့ အဓိကအချက်က ဘာလို့ ပြောနိုင်ပါသလဲ။ ပြည်သူတွေ သူတို့ကို မကြိုက်မနှစ်သက်ဘူးဆိုတာလဲ သိတယ်။ လက်အောက်က တပ်မတော်ဝန်ထမ်းတွေက မကျေနပ်ကြဘူး။ သူတို့ဘဝ ကျဉ်းကြပ်တယ်။ အထက်အရာရှိတွေနဲ့ မတူဘူးဆိုတာလဲ သူတို့သိတယ်။ သို့သော်လဲ သူတို့က ဘာလို့ တစုတစည်းလုံးတည်း ဖြစ်နေကြတယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ကျမ အင်တာဗျူးတွေ လုပ်လိုက်တဲ့အခါမှာ တွေ့တာက သူတို့မှာ အားလုံး ဒီလောက်အများကြီးလည်း မရှိတော့ဘူး။ ဆိုပါတော့ တပ်ရင်းတခုဆိုရင် Full Strength အပြည့်အစုံ ရှိမယ်ဆိုရင် လူ (၈၀၀) ရှိရမယ်။ အခုဟိုတလောက ထွက်လာတာ သူတို့ပြောနေတာ (၁၅၀) လောက်ပဲ ရှိတော့တယ်။ အဲဒီရှိတဲ့ (၁၅၀) ထဲမှာလဲ (၅၀) ရာခိုင်နှုန်းကပဲ Combat Ready စစ်တိုက်ဖို့ အဆင်သင့် ရှိတယ်။ ဆိုတော့ (၇၅) ယောက်လောက်ပဲ တပ်ရင်းတခုမှာ ရှိတော့တယ်။ အဲဒီရှိတဲ့လူတွေထဲမှာလဲ သူတို့ပြောတာ (၇၀) ရာခိုင်နှုန်းလောက်ပဲ လုံးဝမတိုက်ချင်ကြတော့ဘူး။ တချို့တွေကြတော့ အရမ်းအသက်ကြီးနေပြီ။ ဆိုပါတော့ Sergeant တပ်ကြပ်ကြီးတွေ - သူတို့တသက်လုံးလည်း စစ်တပ်ထဲမှာပဲ လုပ်လာခဲ့ကြတော့ ဘယ်လိုမှ ထွက်လိုက်လို့ရှိရင်လဲ စာရေးသောက်ရေး ဘယ်လိုလုပ်မလဲဆိုပြီး စိတ်ပူကြတယ်။ နောက်ပြီးတော့ တချို့တွေဆိုရင်လဲ သူတို့ရဲ့ မိသားစုတွေ။ အခုအချိန်မှာ စစ်တပ်က မိသားစုတွေကိုလည်း တင်းကြပ်ကိုင်ထားတယ်။ ဆိုတော့ အဲဒီဥစ္စာအတွက်လဲ မထွက်နိုင်ဘူး။ နောက်တခါကြတော့ Logistic တကယ်ထွက်ဖို့အတွက်ကလဲ စစ်တပ်က အများကြီးပဲ သူတို့ကို ချုပ်ကိုင်ထားတယ်ဆိုတော့ အဲဒီအခြေအနေမှာ သူတို့မထွက်နိုင်တဲ့ဟာ အများကြီးရှိသေးတယ်။

မေး ။ ။ နောက်တဘက်ကိုလဲ ကျနော်မေးချင်ပါတယ်။ လက်နက်ကိုင်ပြီးတော့ ဖီဆန်နေကြတဲ့ EAOs တိုင်းရင်းသားတပ်တွေနဲ့ PDFs ပြည်သူ့ကာကွယ်ရေးတပ်တွေ - သူတို့တွေရဲ့ အင်အားကိုရော စစ်ရေးကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။ သူတို့ရဲ့ ညီညွတ်မှု Unity, Strength တွေကို မီမီ ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ ။ ။ ဆရာမတယောက်အနေနဲ့ သူတို့ကို B+ အတွေ့အကြုံ မရှိ၊ Training လည်းမရှိဘဲနဲ့ ဒီလောက်အထိ လုပ်နိုင်တယ်ဆိုတာ တော်တော်ချီးကျူးစရာပဲ။ အပြီထိအောင်မြင်နိုင်ဖို့ကြတော့ ပူးပေါင်းဆောင်ရွက်မှသာ A အထိ၊ A+ ရဖို့အတွက် လုပ်နိုင်ကြမယ်လို့ ကျမအနေနဲ့ သုံးသပ်ပေးလို့ရပါတယ်။

XS
SM
MD
LG