သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ကူညီရေး ဂျာမနီ၊ ပြင်သစ်နဲ့ ပိုလန်တို့ ဆွေးနွေး


 ဂျာမနီဝန်ကြီးချုပ် Olaf Scholz (ဝဲ) ၊ ပိုလန်ဝန်ကြီးချုပ် Donald Tusk (လယ်) နဲ့ ပြင်သစ်သမ္မတ Emmanuel Macron (ယာ)
ဂျာမနီဝန်ကြီးချုပ် Olaf Scholz (ဝဲ) ၊ ပိုလန်ဝန်ကြီးချုပ် Donald Tusk (လယ်) နဲ့ ပြင်သစ်သမ္မတ Emmanuel Macron (ယာ)

စစ်ရေးအကူအညီတွေ လိုအပ်နေတဲ့ ယူကရိန်းနဲ့အတူ သွေးစည်းညီညွတ်မှု ပြနိုင်ဖို့နဲ့ အကူအညီတွေပေးနိုင်ရေး ဆွေးနွေးဖို့ ဒေသတွင်း ဂျာမနီ၊ ပြင်သစ် နဲ့ ပိုလန်နိုင်ငံတွေက ခေါင်းဆောင်တွေ ဒီကနေ့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ရုရှားမှာ သမ္မတ Vladimir Putin ပဲ အာဏာဆက်ရဖို့ သေချာနေတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနေချိန်မှာ ဥရောပခေါင်းဆောင် ၃ ဦး ခုလို တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ “Weimar Triangle” လို့ ခေါ်တဲ့ ဥရောပရဲ့ အဓိက အင်အားကြီး ၃ နိုင်ငံ မဟာမိတ် ထပ်သီး ဆွေးနွေးပွဲတက်ရောက်ဖို့ ဂျာမနီကို ရောက်နေတဲ့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့ကို အိမ်ရှင် ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ကြိုဆိုခဲ့ပါတယ်။

အရင်က ပိုလန် အမျိုးသားရေးဝါဒီ အစိုးရလက်ထက်မှာ မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး မပြေမလည် ဖြစ်ခဲ့ပြီးတဲ့နောက် ဒီနိုင်ငံတွေကြား ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။ ဒီလို အနောက် ဥရောပနိုင်ငံတွေ ထံကနေ စစ်ရေး အကူအညီတွေ ပိုရဖို့ ယူကရိန်းက မျှော်လင့်နေတာပါ။

ယူကရိန်းထက် အင်အား ပိုကြီးပြီး ပိုကောင်းတဲ့ ရုရုားစစ်တပ်က ယူကရိန်းစစ်မျက်နှာပြင် နေရာ တော်တော်များများမှာ အင်အားတိုးမြှင့် တိုက်ခိုက် လာနေတာကို ခုခံဖို့ ယူကရိန်းအနေနဲ့ ခက်ခက်ခဲခဲ ကြိုးစားနေရတာဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ဥရောပသမဂ္ဂက ယူကရိန်းအတွက် အမြှောက်ကျည် ၁ သန်း ထုတ်လုပ်ပေးမယ့် အစီအစဥ်ကလည်း အပြည့်အဝ မထုတ်လုပ်နိုင်သေးသလို၊ အမေရိကန်ရဲ့ အကူအညီကလည်း သူ့နိုင်ငံတွင်း လတ်တလော နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေကြောင့် ကြန့်ကြာနေတာပါ။ ဒါကြောင့် ဂျာမနီဝန်ကြီးချုပ် Scholz ကတော့ ခုချိန်မှာ ယူကရိန်းအတွက် တတ်နိုင်သမျှ အကူအညီတွေ ရအောင် လိုအပ်တာမှန်သမျှ လုပ်သွားကြရမလိမ့်မယ်လို့ ဗုဒ္ဓဟူးနေ့ကပြောဆိုခဲ့ပါတယ်။

ယူကရိန်းကို ကူညီရေး ဂျာမနီ၊ ပြင်သစ်နဲ့ ပိုလန်တို့ ဆွေးနွေး
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG