သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္က ဒုကၡသည္ေတြ အကူအညီေပးေရးအစီအစဥ္ WFP ျပန္စ


စစ္တပ္နဲ႔ AA လက္နက္ကိုင္ တိုက္ပြဲေတြေၾကာင့္ စစ္ေတြျမဳိ႕ ဘုန္းႀကီးေက်ာင္း တေက်ာင္းကို စစ္ေရွာင္လာသည့္ ေဒသခံမ်ား။ [ June 29, 2020. Photo by AFP]

{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္က အေထာက္အပံ့လိုအပ္ေနသူေတြအတြက္ WFP ကမာၻ႔စားနပ္ရိကၡာအစီအစဥ္က လစဥ္ အစားအေသာက္နဲ႔ ေငြသားေထာက္ပံ့မႈကို အခုသီတင္းပါတ္က စၿပီး ျပန္လည္ေပးေနပါၿပီ။ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ အကူအညီေပးတဲ့ အစီအစဥ္ေတြ သံုးလနီးပါး ရပ္တန္႔ရာကေန အခုလို အေထာက္အပံ့ ျပန္ေပးတာျဖစ္ပါတယ္။ ၃ လၾကာ အေထာက္အပံံ့ေတြ မရခဲ့လို႔ အေတာ္ေလး ေနေရး စားေရး အခက္အခဲေတြျဖစ္ေနသူေတြ အကူအညီ ျမန္ျမန္ရဖို႔ေမ ွ်ာ္လင့္ေနၾကပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကို အလိမၼာကတင္ျပပါမယ္။

ကုလသမဂၢ ကမၻာ့စားနပ္ရိကၡာအစီအစဥ္ WFP က ရခိုင္၊ ႐ွမ္း၊ ကခ်င္၊ ခ်င္း စတဲ့ေဒသေတြက အကူအညီအလြန္လိုအပ္ေနတဲ့ မိသားစုေတြကို လစဥ္ စားနပ္ရိကၡာနဲ႔ေငြသားေထာက္ပံ့မႈေပးတဲ့ အစီအစဥ္လုပ္ပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ဇူလိုင္လကစလို႔ ရခိုင္ျပည္နယ္မွာ အဲဒီအေထာက္အပံ့ အစီအစဥ္ရပ္သြားခဲ့တာပါ။ အခုေတာ့ ဒီသီတင္းပတ္ ကစလို႔ အေထာက္အပံ့ေပးတဲ့ အစီအစဥ္ ရခိုင္မွာ ျပန္စေနၿပီလို႔ WFP ကသတင္းထုတ္ျပန္ပါတယ္။


ရခိုင္ျပည္နယ္တြင္းက ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ရေသ့ေတာင္၊ ေျမပံု စတဲ့ၿမိဳ႕နယ္ေတြမွာ႐ွိတဲ့ ဒုကၡသည္စခန္းေတြမွာ WFP ရဲ႕စားနပ္ရိကၡာနဲ႔ ေငြသား ေထာက္ပံ့မႈ မရတာ ၃ လ နီးပါးရွိၿပီ ျဖစ္ပါတယ္။ ဒုကၡသည္ေတြဟာ ခုလို အဖဲြ႔အစည္းေတြရဲ႕ ေထာက္ပံ့မႈေတြအေပၚ မွီခိုအားထားေနရတာျဖစ္တယ္လို႔ ေျမာက္ဦးၿမိဳ႕ ဘုရားေပၚစစ္ေရွာင္စခန္းတာဝန္ခံ ဦးေမာင္ျဖဴေခ် က ဗီြအုိေအကို ေျပာပါတယ္။

“စစ္ေရွာင္စခန္းမွာဆိုေတာ့ အလုပ္အကိုင္လည္း အဆင္မေျပဘူးေလး ဒီအလွဴအဖြဲ႕အစည္းေတြက ေပးတဲ့တာပဲ သူတို႔ကအားကိုးေနရတယ္ဆိုေတာ့ (WFP) ကို ဟို… လေမွ်ာ္တာေပါ့ သူတို႔က ေမွ်ာ္ပါတယ္၊ အလုပ္အကုိင္ေတြလည္း မရွိဘူးဆိုေတာ့ အခက္အခဲပိုရွိတာေပါ့။”

ရခိုင္ျပည္နယ္ ဒုကၡသည္ေတြအတြက္ လူတေယာက္ကို လစဥ္ ေငြက်ပ္ ၁၅,၀၀၀ ႏႈန္းနဲ႔ WFP က ေထာက္ပံ့ေပးပါတယ္။ အေထာက္အပံ့ကို မီွခိုေနရတဲ့ ဦးညိဳသားဦးကလည္း အေထာက္အပံ့ေတြ မေရေတာ့ခ်ိန္ အေတာ္ေလး ဒုကၡေရာက္တယ္လို႔ ေျပာျပပါတယ္။

“တစ္ေယာက္နဲ႔ တစ္ေယာက္ ေခ်းငွားစားၾက ရွိတဲ့လူဆီေတြေပါ့။ စားေရးေသာက္ေရး လံုးဝအဆင္မေျပပါ ေနထိုင္ က်န္းမာေရးကအစ ဒါလံုးဝ အဆင္မေျပပါ။”

အခုအထိေတာ့ သူတို႔ေနတဲ့ စစ္ေဘးဒုကၡသည္စခန္းကို WFP ရဲ႕ အေထာက္အပံ့ေတြ မရေသးပါဘူး။ ၾသဂုတ္လ မကုန္ခင္ အေထာက္အပံ့ေတြ ျပန္ေပးမယ္လို႔ WFP ကေျပာထားေၾကာင္း ေျမာက္ဦးဒုကၡသည္စခန္းတာဝန္ခံ ဦးသိန္းေရႊျမတ္ကေျပာပါတယ္။

“သူတို႔ (WFP) statement ေတြ ဘာေတြထုတ္တာ ထုတ္ထားတာရွိပါတယ္။ က်ေနာ္တို႔ကို ကမ္းလွမ္းတာေတာ့ ရွိပါတယ္။ ဒါေပမယ့္ သူတို႔ ဒီလမွာ ၈ လပိုင္းမကုန္ခင္ ေရာက္မယ္လို႔ေတာ့ ေျပာထားတယ္။ ဒါေပမယ့္ ေရာက္ေတာ့ မေရာက္ေသးဘူး၊ က်ေနာ္တို႔ စခန္းမွာ ဒုကၡသည္ေတြ အကုန္လံုး ဒုကၡေရာက္ေနရတယ္။ အခက္အခဲကေတာ့ အမ်ားႀကီးပါပဲ သူတို႔ WFP က ေထာက္ပံ့တာေလာက္နဲ႔လည္း က်ေနာ္တို႔က ေလာက္လံုတာေတာ့ မဟုတ္ဘူးေလ။ ဒါေပမယ့္ သူတို႔က ဒါေလးနဲ႔ သူတို႔ဒုကၡသည္ေတြက မွ်ၿပီးစားေနၾကတာေလး။”

ရခိုင္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္က ရခိုင္နဲ႔မြတ္ဆလင္ေတြၾကားျဖစ္ခဲ့တဲ့ လူမ်ဳိးေရးအေျခခံတဲ့ ပဋိပကၡေတြ၊ ၂၀၁၈ အကုန္ပိုင္းကစျဖစ္ခဲ့တဲ့ စစ္တပ္နဲ႔ AA အဖြဲ႔တို႔ၾကား တိုက္ပြဲေတြေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြဟာ ျပည္တြင္းဒုကၡသည္ IDP စခန္းေတြ စစ္ေဘးဒုကၡသည္စခန္းေတြမွာ ခိုလႈံေနၾကဆဲျဖစ္ပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရခိုင်ပြည်နယ်က အထောက်အပံ့လိုအပ်နေသူတွေအတွက် WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က လစဉ် အစားအသောက်နဲ့ ငွေသားထောက်ပံ့မှုကို အခုသီတင်းပါတ်က စပြီး ပြန်လည်ပေးနေပါပြီ။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် အကူအညီပေးတဲ့ အစီအစဉ်တွေ သုံးလနီးပါး ရပ်တန့်ရာကနေ အခုလို အထောက်အပံ့ ပြန်ပေးတာဖြစ်ပါတယ်။ ၃ လကြာ အထောက်အပံံ့တွေ မရခဲ့လို့ အတော်လေး နေရေး စားရေး အခက်အခဲတွေဖြစ်နေသူတွေ အကူအညီ မြန်မြန်ရဖို့မေ ျှာ်လင့်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို အလိမ္မာ ကတင်ပြပါမယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း စတဲ့ဒေသတွေက အကူအညီအလွန်လိုအပ်နေတဲ့ မိသားစုတွေကို လစဉ် စားနပ်ရိက္ခာနဲ့ငွေသားထောက်ပံ့မှုပေးတဲ့ အစီအစဉ်လုပ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဇူလိုင်လကစလို့ ရခိုင်ပြည်နယ်မှာ အဲဒီအထောက်အပံ့ အစီအစဉ်ရပ်သွားခဲ့တာပါ။ အခုတော့ ဒီသီတင်းပတ် ကစလို့ အထောက်အပံ့ပေးတဲ့ အစီအစဉ် ရခိုင်မှာ ပြန်စနေပြီလို့ WFP ကသတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်တွင်းက ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မြေပုံ စတဲ့မြို့နယ်တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ WFP ရဲ့စားနပ်ရိက္ခာနဲ့ ငွေသား ထောက်ပံ့မှု မရတာ ၃ လ နီးပါးရှိပြီ ဖြစ်ပါတယ်။ ဒုက္ခသည်တွေဟာ ခုလို အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေအပေါ် မှီခိုအားထားနေရတာဖြစ်တယ်လို့ မြောက်ဦးမြို့ ဘုရားပေါ်စစ်ရှောင်စခန်းတာဝန်ခံ ဦးမောင်ဖြူချေ က ဗွီအိုအေကို ပြောပါတယ်။

“စစ်ရှောင်စခန်းမှာဆိုတော့ အလုပ်အကိုင်လည်း အဆင်မပြေဘူးလေး ဒီအလှူအဖွဲ့အစည်းတွေက ပေးတဲ့တာပဲ သူတို့ကအားကိုးနေရတယ်ဆိုတော့ (WFP) ကို ဟို… လမျှော်တာပေါ့ သူတို့က မျှော်ပါတယ်၊ အလုပ်အကိုင်တွေလည်း မရှိဘူးဆိုတော့ အခက်အခဲပိုရှိတာပေါ့။”

ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် လူတယောက်ကို လစဉ် ငွေကျပ် ၁၅,၀၀၀ နှုန်းနဲ့ WFP က ထောက်ပံ့ပေးပါတယ်။ အထောက်အပံ့ကို မှီခိုနေရတဲ့ ဦးညိုသားဦးကလည်း အထောက်အပံ့တွေ မရေတော့ချိန် အတော်လေး ဒုက္ခရောက်တယ်လို့ ပြောပြပါတယ်။

“တစ်ယောက်နဲ့ တစ်ယောက် ချေးငှားစားကြ ရှိတဲ့လူဆီတွေပေါ့။ စားရေးသောက်ရေး လုံးဝအဆင်မပြေပါ နေထိုင် ကျန်းမာရေးကအစ ဒါလုံးဝ အဆင်မပြေပါ။”

အခုအထိတော့ သူတို့နေတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို WFP ရဲ့ အထောက်အပံ့တွေ မရသေးပါဘူး။ သြဂုတ်လ မကုန်ခင် အထောက်အပံ့တွေ ပြန်ပေးမယ်လို့ WFP ကပြောထားကြောင်း မြောက်ဦးဒုက္ခသည်စခန်းတာဝန်ခံ ဦးသိန်းရွှေမြတ်ကပြောပါတယ်။

“သူတို့ (WFP) statement တွေ ဘာတွေထုတ်တာ ထုတ်ထားတာရှိပါတယ်။ ကျနော်တို့ကို ကမ်းလှမ်းတာတော့ ရှိပါတယ်။ ဒါပေမယ့် သူတို့ ဒီလမှာ ၈ လပိုင်းမကုန်ခင် ရောက်မယ်လို့တော့ ပြောထားတယ်။ ဒါပေမယ့် ရောက်တော့ မရောက်သေးဘူး၊ ကျနော်တို့ စခန်းမှာ ဒုက္ခသည်တွေ အကုန်လုံး ဒုက္ခရောက်နေရတယ်။ အခက်အခဲကတော့ အများကြီးပါပဲ သူတို့ WFP က ထောက်ပံ့တာလောက်နဲ့လည်း ကျနော်တို့က လောက်လုံတာတော့ မဟုတ်ဘူးလေ။ ဒါပေမယ့် သူတို့က ဒါလေးနဲ့ သူတို့ဒုက္ခသည်တွေက မျှပြီးစားနေကြတာလေး။”

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က ရခိုင်နဲ့မွတ်ဆလင်တွေကြားဖြစ်ခဲ့တဲ့ လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခတွေ၊ ၂၀၁၈ အကုန်ပိုင်းကစဖြစ်ခဲ့တဲ့ စစ်တပ်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ပြည်တွင်းဒုက္ခသည် IDP စခန်းတွေ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG