သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမြို့က WFP ဂိုဒေါင် လုယက်ဖျက်ဆီးခံရ


မောင်တောမြို့ ဝေသာလီကျေးရွာ WFP ဂိုဒေါင်တွေနဲ့ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း AA က ထုတ်ပြန်ခဲ့သည့် ဗီဒီယို (ဇွန် ၂၅၊ ၂၀၂၄)
မောင်တောမြို့ ဝေသာလီကျေးရွာ WFP ဂိုဒေါင်တွေနဲ့ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း AA က ထုတ်ပြန်ခဲ့သည့် ဗီဒီယို (ဇွန် ၂၅၊ ၂၀၂၄)

ပြီးခဲ့တဲ့ စနေနေ့ ဇွန်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ WFP ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် သိုလှောင်ရုံ ဖေါက်ထွင်းခံရပြီး လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပစ္စည်းတွေ လုယက်ခံရသလို မီးရှို့ခံရတာကြောင့် ဒီ လုပ်ရပ်ကို ရှုတ်ချတဲ့အကြောင်း WFP က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဖျက်ဆီး မီးရှို့ခံရတဲ့ မောင်တော သိုလှောင်ရုံမှာ လူဦးရေ ၆၄,၀၀၀ အတွက် ဆန် ၁၁၇၅ မက်ထရစ်တန် သိုလှောင်ထားတဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေနဲ့ လုံခြုံရေးအခြေအနေကြောင့် WFP ဝန်ထမ်းတွေ မေလကုန်ကတည်းက သွားရောက်နိုင်ခြင်း မရှိတဲ့အကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။ WFP ဟာ မြန်မာနိုင်ငံ အနှံ့အပြား ပဋိပက္ခဒဏ် ခံစားနေရသူတွေအတွက် အရေးပေါ် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးနေပြီး ဒီနှစ်အတွင်း လူတသန်းနီးပါးကို ကူညီထောက်ပံ့ပေးထားတဲ့အကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ဘယ်အဖွဲ့အစည်း ဘယ်သူ့လက်ချက်ဆိုတာ ဖေါ်ပြခြင်းမရှိပေမဲ့ ပဋိပက္ခမှာ ပါဝင်သူအားလုံး အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို လေးစားဖို့ WFP က တိုက်တွန်းထားပါတယ်။ အာရက္ခတပ်တော် AA ကတော့ စစ်ကောင်စီနဲ့ သင်တန်းပေးထားတဲ့ လက်နက်ကိုင် မူဆလင်တွေ ပူးပေါင်းပြီး မောင်တောမြို့ ဝေသာလီကျေးရွာမှာရှိတဲ့ WFP ဂိုဒေါင်တွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က တုံ့ပြန်ဖြေရှင်းချက် ချက်ခြင်းဆိုသလို ထွက်တာတာ မရှိသေးပါဘူး။ ဒီအတောအတွင်း ရခိုင်တောင်ပိုင်း သံတွဲမြို့နယ် ငပလီကမ်းခြေတလျှောက်မှာ စစ်ကောင်စီနဲ့ AA အကြားတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်း အထန် ခုခံနေတဲ့အကြောင်း ဒေသခံတွေက VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG