သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပက လာရောက်သူတွေ ကိုဗစ်ဆေးထိုး အထောက်အထားပြခိုင်းဖို့ ကန်စဉ်းစား


Virus Outbreak Vaccine Diversity
Virus Outbreak Vaccine Diversity

{{Zawgyi/Unicode}}

ကိုဗစ်ကပ်ရောဂါကြောင့် ရပ်ထားရတဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေ ပြန်စတဲ့အခါ ပြည်ပက လာမယ့် ခရီးသွားတွေကို ကာကွယ်ဆေး ထိုးပြီးဖြစ်ကြောင်း အထောက်အထားတောင်းခံဖို့ အမေရိကန်က စဉ်းစားနေကြောင်း သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

ပြည်ပခရီးသွား လုပ်ငန်းတွေ ပြန်စတဲ့အခါ ရောဂါထိန်းချုပ်ရေး အစိုးရအေဂျင်စီတွေ စဉ်းစားရာမှာ နည်းလမ်းတခုအဖြစ် ထည့်သွင်းထားတာ ဖြစ်ကြောင်းလည်း အိမ်ဖြူတော် ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့က ပြောဆိုလိုက်တာပါ။

“အစီအစဉ်တွေထဲက တခုအဖြစ် နိုင်ငံခြားသား ခရီးသွားတွေ အနေနဲ့ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ သတ်မှတ်ချက်တခုခု ထည့်သွင်းဖို့ စဉ်းစားနေပါတယ်။” လို့ အိမ်ဖြူတော်ရဲ့ ကိုဗစ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး ညှိနှိုင်းရေးမှူး Jeff Zients က ကြာသပတေးနေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Delta ကိုဗစ်မျိုးကွဲကြောင့် ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ အမေရိကန်မှာ လတ်တလော ပြည်ပခရီးသွား လုပ်ငန်းတွေ ပြန်စမယ့် အချိန်အတိအကျတော့ သတ်မှတ်မထားသေးပါဘူး။

ကပ်ရောဂါ စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံကို ခရီးသွားလာမှုတွေကိုတော့ အမေရိကန်က ပြီးခဲ့တဲ့နှစ် ၂၀၂၀ ဇန်နဝါရီလမှာ စတင်တားမြစ်ခဲ့တာပါ။ နောက်ပိုင်းမှာလည်း ရောဂါကူးစက်မှုတွေ တိုးလာတဲ့ အိန္ဒိယနဲ့ ဥရောပ အပါအဝင် နိုင်ငံတော်တော်များများကို ခရီးသွားလာမှုတွေ ကန့်သတ်ခဲ့ပါတယ်။

နိုင်ငံခြားသား ခရီးသွားတွေကို ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထား တောင်းခံမယ် ဆိုပေမဲ့ အမေရိကန်မှာ အတည်ပြုမထားတဲ့ ဆေးအမျိုးအစား ထိုးထားသူတွေကို လက်ခံမှာလား၊ ဘယ်လိုအထောက်အထားမျိုးတွေကို လက်ခံမှာလဲ ဆိုတာကလည်း အဓိကစိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................

{{Unicode}}







XS
SM
MD
LG