သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးသူ သန္း ၃၀၀ ျပည့္ 


(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စုမွာ ဇန္နဝါရီလ ၂၀ ရက္ေန႔က သမၼတအျဖစ္ စတင္တာ၀န္ယူခ်ိန္ကစလို႔ ကိုဗစ္ေရာဂါကာကြယ္ေဆး ထိုးၿပီးတဲ့သူ သန္း ၃၀၀ ျပည့္ၿပီျဖစ္ေၾကာင္း သမၼတ Joe Biden က ေၾကညာလိုက္ပါတယ္။

“ရက္ေပါင္း ၁၅၀ အတြင္း ကာကြယ္ေဆး ထိုးၿပီးတဲ့သူ ဒီေန႔ဆိုရင္ သန္း ၃၀၀ ျပည့္မွာ ျဖစ္ပါတယ္။ ထပ္ေျပာပါရေစ၊ ရက္ေပါင္း ၁၅၀ အတြင္း သန္း ၃၀၀ ကို ကာကြယ္ေဆးထိုးေပးခဲ့တာပါ။” လို႔ ေသာၾကာေန႔က အိမ္ျဖဴေတာ္မွာ သမၼတဘိုင္ဒင္ ေျပာဆိုလိုက္တာပါ။

၂ ႀကိမ္ထိုးရတဲ့ ကိုဗစ္ကာကြယ္ေဆးကို ၁ ႀကိမ္ ထိုးထားၿပီးသားသူ အေရအတြက္ဟာ အေမရိကန္ လူဦးေရရဲ႕ ၅၂ ရာခိုင္ႏႈန္း၊ လူေပါင္း ၁၇၂.၄ သန္းနီးပါး ရွိေနၿပီး၊ ၂ ႀကိမ္အျပည့္ထိုးၿပီးသူ ၄၂.၆ ရာခိုင္ႏႈန္း ရွိေၾကာင္း အေမရိကန္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန (CDC) က ေျပာဆိုထားတဲ့ တခ်ိန္တည္းမွာပဲ သမၼတက မွတ္ခ်က္ေပး ေျပာဆိုလိုက္တာလည္း ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၂ လေလာက္ကစ ကာကြယ္ေဆးထိုးသူ ႐ုတ္တရက္ ထိုးက်သြားတဲ့အတြက္ ၇၀ ရာခိုုင္ႏႈန္း ေဆးထိုးၿပီးျဖစ္ဖို႔ သမၼတက ရည္မွန္းထားသလို ျဖစ္လာမယ့္ အလားအလာကေတာ့ နည္းေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ သန်း ၃၀၀ ပြည့်

(Unicode)

အမေရိကန် ပြည်ထောင်စုမှာ ဇန်နဝါရီလ ၂၀ ရက်နေ့က သမ္မတအဖြစ် စတင်တာဝန်ယူချိန်ကစလို့ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးပြီးတဲ့သူ သန်း ၃၀၀ ပြည့်ပြီဖြစ်ကြောင်း သမ္မတ Joe Biden က ကြေညာလိုက်ပါတယ်။

“ရက်ပေါင်း ၁၅၀ အတွင်း ကာကွယ်ဆေး ထိုးပြီးတဲ့သူ ဒီနေ့ဆိုရင် သန်း ၃၀၀ ပြည့်မှာ ဖြစ်ပါတယ်။ ထပ်ပြောပါရစေ၊ ရက်ပေါင်း ၁၅၀ အတွင်း သန်း ၃၀၀ ကို ကာကွယ်ဆေးထိုးပေးခဲ့တာပါ။” လို့ သောကြာနေ့က အိမ်ဖြူတော်မှာ သမ္မတဘိုင်ဒင် ပြောဆိုလိုက်တာပါ။

၂ ကြိမ်ထိုးရတဲ့ ကိုဗစ်ကာကွယ်ဆေးကို ၁ ကြိမ် ထိုးထားပြီးသားသူ အရေအတွက်ဟာ အမေရိကန် လူဦးရေရဲ့ ၅၂ ရာခိုင်နှုန်း၊ လူပေါင်း ၁၇၂.၄ သန်းနီးပါး ရှိနေပြီး၊ ၂ ကြိမ်အပြည့်ထိုးပြီးသူ ၄၂.၆ ရာခိုင်နှုန်း ရှိကြောင်း အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က ပြောဆိုထားတဲ့ တချိန်တည်းမှာပဲ သမ္မတက မှတ်ချက်ပေး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ လလောက်ကစ ကာကွယ်ဆေးထိုးသူ ရုတ်တရက် ထိုးကျသွားတဲ့အတွက် ၇၀ ရာခိုင်နှုန်း ဆေးထိုးပြီးဖြစ်ဖို့ သမ္မတက ရည်မှန်းထားသလို ဖြစ်လာမယ့် အလားအလာကတော့ နည်းနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG