သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက လူဖြူတွေ အမေရိကန်သမ္မတကို ထောက်ခံ ချီတက်


ပရီတိုးရီးယားမြို့၊ အမေရိကန်သံရုံးရှေ့တွင် သမ္မတထရမ့်ကို ထောက်ခံသည့်အနေဖြင့် ဆန္ဒပြနေသည့် လူဖြူ တောင်အာဖရိကနိုင်ငံသားတချို့။ (၁၅ ဖေဖော်ဝါရီ ၂၀၂၅) (AP)
ပရီတိုးရီးယားမြို့၊ အမေရိကန်သံရုံးရှေ့တွင် သမ္မတထရမ့်ကို ထောက်ခံသည့်အနေဖြင့် ဆန္ဒပြနေသည့် လူဖြူ တောင်အာဖရိကနိုင်ငံသားတချို့။ (၁၅ ဖေဖော်ဝါရီ ၂၀၂၅) (AP)

တောင်အာဖရိက လူဖြူတချို့က အမေရိကန်သမ္မတ ထရမ့်ကို ထောက်ခံကြောင်း ပရီတိုးရီးယားမြို့တော်၊ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒ ထုတ်ဖော်ပြလိုက်ကြပြီး သူတို့ဟာ အစိုးရရဲ့ လူမျိုးရေး ခွဲခြားမှုကို ခံရသူတွေ ဖြစ်ကြတယ်လို့ ဆိုလိုက်ကြပါတယ်။

သမ္မတထရမ့် လုပ်ဆောင်ချက်တွေအတွက် ဘုရားသခင်ရဲ့ ကျေးဇူးတော်လို့ အဓိပ္ပါယ်ရနိုင်တဲ့ စာတမ်းတွေနဲ့ အခြားစာတမ်းတွေကို ကိုင်ပြီး ရာချီတဲ့ လူဖြူတွေက စနေနေ့က ဆန္ဒပြခဲ့ကြတာပါ။

တောင်အာဖရိကအစိုးရက ပြဌာန်းလိုက်တဲ့ ဥပဒေက လူဖြူလူနည်းစုအပေါ်မှာ ခွဲခြားဆက်ဆံတယ်လို့ သူတို့က မြင်ကြပါတယ်။

လူမည်းတွေ ဦးဆောင်နေတဲ့ တောင်အာဖရိကအစိုးရကို အမေရိကန်အစိုးရက အကူအညီ ဖြတ်တောက်တဲ့အမိန့်ကို လွန်ခဲ့တဲ့တပတ်မှာ အမေရိကန်သမ္မတထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။

ဒတ်ချ်မျိုးနွယ် လူဖြူတွေကို တောင်အာဖရိကဥပဒေက ပစ်မှတ်ထားပြီး သူတို့ရဲ့ ပုဂ္ဂလိကမြေတွေကို အစိုးရသိမ်းနိုင်အောင် ခွင့်ပြုခဲ့တယ်လို့ ထရမ့်က သူ့အမိန့်ကြေညာချက်မှာ ပြောပါတယ်။ သူတို့ကို အမေရိကန်မှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်ခံမယ်လို့လည်း ထရမ့်က ကြေညာခဲ့ပါတယ်။

တောင်အာဖရိကတိုင်းပြည်နဲ့ ဥပဒေတွေနဲ့ပတ်သက်လို့ ထရမ့်ရဲ့ ပြောဆိုချက်တွေဟာ သတင်းမှားတွေ၊ ပုံပျက်သတင်းတွေနဲ့ ပြည့်နေပြီး ဥပဒေသစ်က လူမျိုးနဲ့ ချိတ်ဆက်နေတယ်ဆိုတာကို တောင်အာဖရိက အစိုးရကတော့ ငြင်းဆိုပါတယ်။

တောင်အာဖရိက လူဖြူတွေ အမေရိကန်သမ္မတကို ထောက်ခံ ချီတက်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG