သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်ပဋိပက္ခမှာ အကူအညီလိုသူတွေအတွက် လမ်းဖွင့်ပေးဖို့ WHO တိုက်တွန်း


တိုက်ပွဲတွေကြောင် ဆူဒန်မြို့တော် ခါတွန်ကနေထွက်ပြေးဖို့ အဝေးပြေးကားဂိတ်ကိုရောက်နေသူများ (ဧပြီ ၁၉၊ ၂၀၂၃)
တိုက်ပွဲတွေကြောင် ဆူဒန်မြို့တော် ခါတွန်ကနေထွက်ပြေးဖို့ အဝေးပြေးကားဂိတ်ကိုရောက်နေသူများ (ဧပြီ ၁၉၊ ၂၀၂၃)

ဆူဒန်မှာ လက်နက်ကိုင်အုပ်စု ၂ ခုကြား အပစ်အခတ်ရပ်ဆဲဖို့ နောက်ဆုံး ကြိုးပမ်းမှု မအောင်မမြင် ဖြစ်နေတာနဲ့အတူ ခါတွန် (Khartoum) မြို့တော်မှာ ဒီနေ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသပေးနိုင်ဖို့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေ၊ လူနာတင်ကားတွေ သွားလာနိုင်အောင် လူသားချင်းစာနာမှုနဲ့ လမ်းဖွင့်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတိုက်တွန်းလိုက်ပါတယ်။

တိုက်ပွဲတွေကြား ပိတ်မိနေသူတွေ ဘေးကင်းရာသွားနိုင်ဖို့ တိုက်ပွဲတွေ ခဏရပ်ပေးဖို့ စစ်တပ်နဲ့ Rapid Support Forces (RSF) ဆိုတဲ့ ပြည်သူ့စစ်အဖွဲ့ကို WHO ဒေသဆိုင်ရာအကြီးအကဲက ဒီနေ့ တောင်းဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းကစပြီး ၂၄ နာရီ အပစ်အခတ်ရပ်စဲမယ်လို့ ၂ ဖက်လုံးက ပြောထားပေမဲ့ မကြာခင်မှာပဲ ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားနေတာပါ။ ပြီးခဲ့တဲ့ ၅ ရက်အတွင်း သေဆုံးသူ ၃၀၀ နီးပါးရှိတယ်လို့ WHO ကပြောပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို နှစ်ဘက်စလုံးက လေးစားလိုက်နာဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုတဲ့အကြောင်း သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Karine Jean-Pierre က တိုက်တွန်းထားပါတယ်။

စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့အကြား ၂ ဘက် တိုက်ပွဲတွေကြောင့် ခါတွန်မြို့တော်မှာ လူသူကင်းမဲ့နေပြီး မီးခိုးလုံးတွေ ကောင်းကင်ကို အူထွက်နေတာ တွေ့ရပါတယ်။ (ဧပြီ ၁၅၊ ၂၀၂၃)
စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့အကြား ၂ ဘက် တိုက်ပွဲတွေကြောင့် ခါတွန်မြို့တော်မှာ လူသူကင်းမဲ့နေပြီး မီးခိုးလုံးတွေ ကောင်းကင်ကို အူထွက်နေတာ တွေ့ရပါတယ်။ (ဧပြီ ၁၅၊ ၂၀၂၃)

ဗိုလ်ချုပ်ကြီး Abdel Fattah al-Burhan ကိုသစ္စာခံတဲ့ ဆူဒန်စစ်တပ်နဲ့ သူ့လက်ထောက် Mohamed Hamdan Daglo ဦးဆောင်တဲ့ သြဇာညောင်းတဲ့ RSF ပြည်သူ့စစ်အဖွဲ့တို့ကြား စနေနေ့ထဲက စလို့ အပြင်းအထန် တိုက်ပွဲတွေဖြစ် စဖြစ်ခဲ့တာဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ မှတ်တမ်းတွေရှိတဲ့ သူတို့ ၂ ယောက်လုံးဟာ သဘာဝအရင်းအမြစ် ပေါကြွယ်ဝတဲ့ အာဖရိကတိုက်ထဲက တတိယအကြီးဆုံး ဆူဒန်နိုင်ငံကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG