သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရှေ့နေချုပ် William Barr ရာထူးကနုတ်ထွက်


ကန်ရှေ့နေချုပ် William Barr
ကန်ရှေ့နေချုပ် William Barr

[Zawgyi/Unicode]

အမေရိကန်ရှေ့နေချုပ် William Barr ဟာ ရှေ့သီတင်းပတ်ထဲ သူ့ရာထူးကနေ နုတ်ထွက်အနားယူတော့မှာဖြစ်ပါတယ်။ တနင်္လာနေ့က သမ္မတဒေါနယ်လ်ထရမ့်နဲ့ ရှေ့နေချုပ်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံမှုအပြီး ရှေ့နေချုပ် Barr ဟာ ခရစ်စမတ်အားလပ်ရက် မတိုင်ခင်မှာ ရာထူးကနေ အနားယူတော့မယ်လို့ သမ္မတထရမ့်က သူ့တွစ်တာလူမှုကွန်ရက်ကနေ ရေးသားဖော်ပြလိုက်တာပါ။ သမ္မတ Trump အစိုးရကို အတော်လေး ချီးမွမ်းထားတဲ့ ရှေ့နေချုပ် William Barr ရဲ့နုတ်ထွက်စာကိုပါ သူ့ တွစ်တာအကောင့်မှာ တင်ထားပါတယ်။

စာထဲမှာတော့ ရှေ့နေချုပ် Barr ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိပဲ သူ့ရှေ့နေချုပ် တာဝန်ကို နောက်ဆုံးထမ်းဆောင်မှာဖြစ်ပါတယ်။ ရှေ့နေချုပ် Barr ရဲ့နေရာမှာ လက်ထောက်ရှေ့နေချုပ် Jeff Rose က ရှေ့နေချုပ်အဖြစ် ယာယီတာဝန်ယူမယ်လို့ သမ္မတထရမ့်ကပြောပါတယ်။

ရှေ့နေချုပ် Barr ဟာ သမ္မတထရမ့်ကို ထောက်ခံသူဖြစ်ပေမဲ့လို့ ကျင်းပခဲ့တဲ့၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ ဒီရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲစေလောက်တဲ့ ကြီးကြီးမားမား မဲမသာမှုမျိုး မရှိဘူးလို့ ရှေ့နေချုပ် Barr ပြောခဲ့တာကြောင့် ရွေးကောက်ပွဲရလဒ်ကို ချေဖျက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သူ သမ္မထထရမ့်ကို အမျက်ထွက်စေခဲ့တာပါ။ သမ္မတထရမ့်ကို ထောက်ခံသူ ရီပတ်ပလင်ကမ်အမတ် Lindsey Graham ကလည်း ရှေ့နေချုပ် Barr ဟာ သူတရားရေးရှေ့နေချုပ်အဖြစ် တာဝန်ယူထမ်းဆောင်ခဲ့တဲ့အချိန်အတွင်း တရားရေးဌာနရဲ့ ပျက်စီးယိုယွင်းမှုတွေကို ပြန်လည်ပြုပြင်ခဲ့တယ်။ ဥပဒေအတိုင်းမျှမျှတတနဲ့ ဥပဒေနဲ့အညီဖြစ်အောင် ကြိုးစားခဲ့တယ်။ သူ့အတွက် ဂုဏ်ယူစရာတွေများစွာ ရှိပါတယ်လို့ ဂုဏ်ယူကြောင်း ချီးမွမ်းပြောဆိုခဲ့ပါတယ်။

ရှေ့နေချုပ် Barr ဟာ ရှေ့နေချုပ်တယောက်အနေနဲ့ သူတတ်နိုင်တဲ့နေရာကနေ တတ်နိုင်သလောက် သမ္မတအတွက် ရင်ဆိုင်တိုက်ပွဲဝင်ပေးခဲ့တယ်။ ဒါပေမဲ့ သူဟာ ဘယ်တော့မှ ရှေ့နေချုပ်ရာထူးတာဝန်ကနေ ကျော်လွန်ဆုံးဖြတ်ရမယ့် မလုပ်သင့်တာမျိုး မလုပ်ခဲ့ဘူးလို့လည်း Lindsey Graham က ချီးကျူးပြောဆိုခဲ့တာပါ။ ဒီမိုကရက်တွေဘက်ကတော့ ရှေ့နေချုပ်Barrဟာ သူ့တာဝန်သက်တမ်း တလျှောက် သမ္မတ Trump အကျိုးအတွက်ပဲ လုပ်ပေးခဲ့တယ်လို့ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

ကန်ရှေ့နေချုပ် William Barr ရာထူးကနုတ်ထွက်
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG