သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၅၀၅ နဲ႔အဖမ္းခံရၿပီး ျပန္လြတ္လာသူရဲ႕ ေထာင္တြင္း အေတြ႕အႀကဳံ


ၿပီးခဲ့တဲ့ ေအာက္တိုဘာလက တက္ႂကြလႈပ္ရွားသူ ေထာင္နဲ႔ခ်ီကို စစ္ေကာင္စီက ျပန္လႊတ္ေပးခဲ့တယ္ ဆိုေပမဲ့၊ လူေတြကို မေျပာရဲမဆိုရဲေအာင္ အက်ဥ္းခ်ထားတဲ့ကာလအတြင္း စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္ညႇင္းပမ္းတာေတြ လုပ္ခဲ့တယ္လို႔ ျပန္လည္ လြတ္ေျမာက္လာတဲ့ အလုပ္သမားေရး တက္ႂကြလႈပ္ရွားသူ ေဒၚမ်ိဳးမ်ိဳးေအးက ေျပာပါတယ္။

(Zawgyi/Unicode)
အာဏာသိမ္းထားတဲ့ စစ္ေကာင္စီဟာ သူတို႔ဖမ္းဆီးထားတဲ့ တက္ႂကြလႈပ္ရွားသူေတြထဲက ေထာင္နဲ႔ခ်ီကို ၿပီးခဲ့တဲ့ ေအာက္တိုဘာလက ျပန္လႊတ္ေပးခဲ့တယ္ ဆိုေပမဲ့၊ ျပန္လႊတ္ခ်ိန္မွာ လူေတြ မေျပာရဲမဆိုရဲေအာင္ အက်ဥ္းခ်ထားတဲ့ကာလအတြင္း နည္းလမ္းစုံ သုံးၿပီး စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္ညႇင္းပမ္းတာေတြ လုပ္ခဲ့တဲ့အေၾကာင္း ျပန္လည္ လြတ္ေျမာက္လာသူတဦးျဖစ္တဲ့ အလုပ္သမားေရး တက္ႂကြလႈပ္ရွားသူ ေဒၚမ်ိဳးမ်ိဳးေအးက ေျပာပါတယ္။ ၆ လေက်ာ္ ခ်ဳပ္ေႏွာင္ခံခဲ့ရတဲ့ ကာလအတြင္း ၄၅ ရက္ သီးျခား တိုက္ပိတ္ခံခဲ့ရတယ္လို႔လည္း ေဒၚမ်ိဳးမ်ိဳးေအးက ေျပာျပပါတယ္။ အာဏာသိမ္းမႈေနာက္ပိုင္း ဖမ္းဆီးခံရတဲ့ အေျခအေန၊ ေထာင္တြင္းျဖတ္သန္းမႈတခ်ိဳ႕နဲ႔ ျပန္လည္ လြတ္ေျမာက္ၿပီး ေနာက္ပိုင္း ႀကဳံေတြ႕ရတဲ့ အေျခအေနေတြနဲ႔ပတ္သက္လို႔ ေဒၚမ်ိဳးမ်ိဳးေအးကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။
====================
[Unicode]
၅၀၅ နဲ့အဖမ်းခံရပြီး ပြန်လွတ်လာသူရဲ့ ထောင်တွင်း အတွေ့အကြုံ (အမျိုးသမီးကဏ္ဍ)

အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ သူတို့ဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူတွေထဲက ထောင်နဲ့ချီကို ပြီးခဲ့တဲ့ အောက်တိုဘာလက ပြန်လွှတ်ပေးခဲ့တယ် ဆိုပေမဲ့၊ ပြန်လွှတ်ချိန်မှာ လူတွေ မပြောရဲမဆိုရဲအောင် အကျဉ်းချထားတဲ့ကာလအတွင်း နည်းလမ်းစုံ သုံးပြီး စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းတာတွေ လုပ်ခဲ့တဲ့အကြောင်း ပြန်လည် လွတ်မြောက်လာသူတဦးဖြစ်တဲ့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။ ၆ လကျော် ချုပ်နှောင်ခံခဲ့ရတဲ့ ကာလအတွင်း ၄၅ ရက် သီးခြား တိုက်ပိတ်ခံခဲ့ရတယ်လို့လည်း ဒေါ်မျိုးမျိုးအေးက ပြောပြပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရတဲ့ အခြေအနေ၊ ထောင်တွင်းဖြတ်သန်းမှုတချို့နဲ့ ပြန်လည် လွတ်မြောက်ပြီး နောက်ပိုင်း ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒေါ်မျိုးမျိုးအေးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG