သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယူးေယာက္ၿမိဳ႕က NYPD ရဲအရာရွိ မလွလွစံရဲ႕ ဘဝျဖတ္သန္းမႈ


အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕က NYPD ရဲအရာရွိ မလွလွစံ

(Zawgyi/Unicode)

ဆယ္ေက်ာ္သက္သမီးငယ္ေလးနဲ႔အတူ အေမရိကန္ျပည္ေထာင္စုကို မေလးရွားႏုိင္ငံက တဆင့္ ဒုကၡသည္ေတြအျဖစ္ ေျပာင္းေရႊ႕ ေရာက္ရွိလာတဲ့ ျမန္မာႏုိင္ငံမွာတုန္းက အဂၤလိပ္စာ ဆရာမအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ မလွလွစံဟာ အခုဆိုရင္ေတာ့ နယူးေယာက္ၿမိဳ႕မွာ NYPD (The New York City Police Department) ရဲဌာနမွာ ယာဥ္စည္းကမ္းထိန္းသိမ္းေရး ရဲအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ ေနၿပီျဖစ္ပါတယ္။ ပညာေရာ အားကစားပါ ငယ္စဥ္ကတည္းက ထူးခၽြန္လွတဲ့ သူမရဲ႕သမီးငယ္ေလး ဟာလည္း အေမရိကန္စစ္တပ္မွာ တာဝန္ထမ္းေဆာင္ေနဖို႔ အဆင့္ျမင့္လုပ္ငန္းခြင္ သင္တန္းတက္ေနပါၿပီ။ ၂၀၁၅ခုႏွစ္ကစလို႔ အေမရိကန္ျပည္ေထာင္စု ကို ေရာက္ရွိခဲ့ၿပီးေနာက္ မိခင္က ရဲဝန္ထမ္းအျဖစ္ သမီးက အေမရိကန္စစ္သားအျဖစ္ ေရြးခ်ယ္ခဲ့တဲ့ မလွလွစံတို႔ သားအမိႏွစ္ဦးရဲ႕ ျဖတ္သန္း ၾကိဳးစားအားထုတ္မႈ စိန္ေခၚမႈေတြနဲ႔အတူ ဒီျမန္မာအမ်ိဳးသမီးေတြရဲ႕ စြမ္းေဆာင္ခ်က္ေတြ အေၾကာင္း ဒီသီတင္းပတ္ရဲ႕ အမ်ိဳးသမီးက႑မွာ မဆုမြန္က တင္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

မဆုမြန္။ ။ မလွလွစံကို အဓိက ေမးခ်င္တာကေတာ့ ဒီအေမရိကန္ျပည္ေထာင္စုကို မေလးရွားနုိင္ငံ ကေနတဆင့္ ေျပာင္းေရႊ႕ ေရာက္ရွိလာေတာ့မယ့္ အခ်ိန္မွာ မေရာက္လာခင္မွာေရာ ၾကိဳတင္ျပင္ဆင္မႈေတြ ဘာေတြလုပ္ခဲ့လဲ။ ဘာေၾကာင့္ ဒီနယူးေယာက္ၿမိဳ႕ကို ေရြးခ်ယ္ျဖစ္ခဲ့လဲ။ ေနာက္ ေရာက္ရွိလာတဲ့ အေတြ႔အၾကံဳ အသစ္ေတြ အေပၚမွာေပါ့ေနာ္ ဘယ္လိုမ်ားရင္ဆိုင္ျဖတ္သန္းခဲ့လဲ အဲ့တာေလး အရင္ရွင္းျပေပးပါလား။

မလွလွစံ။ ။ ဟုတ္ကဲ့ အမအေနနဲ႔ မေလးရွားကေန အမတို႔လာတာက Refugee Status နဲ႔ လာတာေပါ့ေနာ္ မေလးရွားမွာေတာ့ သမီးေလးကိုေတာ့ Refugee သမားေတြ တက္လို႔ရတဲ့ေက်ာင္းမွာေတာ့ တက္ခုိင္းခဲ့တယ္။ စိတ္ဓာတ္ေရးရာပိုင္းမွာေတာ့ အမကို အမ ျပင္ဆင္ခဲ့တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ရင္ဆိုင္ရမယ့္ဟာေတြက ဘယ္လိုၾကံဳေတြ႔ရမယ့္ ဟာေတြရွိမလဲ ေနာက္တခုက အမက စိတ္ဓာတ္ ခုိင္မာၿပီးသား လူတေယာက္ျဖစ္တဲ့အတြက္ေၾကာင့္ ကိုယ့္အတြက္ေတာ့ သိပ္ျပင္ဆင္မႈေတာ့ မလုပ္ခဲ့ဘူး။ နယူးေယာက္ၿမိဳ႕ကို အမက ဘာေၾကာင့္ ေရြးခ်ယ္ခဲ့ရသလဲဆိုရင္ အမက အမ ငယ္ဘဝကတည္းက နယူးေယာက္ၿမိဳ႕ကို အရမ္းလာခ်င္ခဲ့တဲ့လူတေယာက္၊ အဲ့လိုမ်ိဳး ဆိုေတာ့ အမက နယူးေယာက္ကို ေရြးခ်ယ္တယ္။ အမတို႔ မေလးရွားကသူေတြ ဆိုရင္ တျခား States ေတြကိုပဲ ဒီ Refugees ေတြက သြားၾကတယ္ ေရြးခ်ယ္ၾကတယ္။ ဒါေပမဲ့ အမ တေယာက္တည္းသာလ်င္ ေခါင္းမာစြာနဲ႔ နယူးေယာက္ကို လာခဲ့တယ္။

နယူးေယာက္ကို ေရာက္ေရာက္ခ်င္း Long Island ကအမတို႔အသိေဟာင္း တေယာက္ အိမ္မွာ အမတို႔သားအမိႏွစ္ေယာက္ ႏွစ္ပတ္ေနခဲ့တယ္။ အဲ့ဒီ့မွာလည္း အဲ့ဒီ့အသိေဟာင္းက အမတို႔သားအမိႏွစ္ေယာက္ ေသာင္တင္မွာစိုးလို႔ ျမန္ျမန္ေျပာင္းေစခ်င္တယ္။ အဲ့တာကေတာ့ အမ ပထမဦးဆံုး အမ ခံစားရတဲ့ဟာေပါ့။ ေနာက္က်ေတာ့ အမတို႔ Queens မွာ အခန္းေလးတခန္း စဌားလိုက္တယ္ေပါ့။ ပထမဆံုးရင္ဆိုင္ရတာကေတာ့ ေနရာေဒသေပါ့ေနာ္။ ေနရာအသြားအလာ အရမ္းအခက္ခဲျဖစ္ခဲ့တယ္။ အမတို႔ ဘာမွမသိဘူး။ မသိတဲ့အခါက်ေတာ့ အမတို႔မွာ ဘယ္ေနရာမဆိုသြားခ်င္ရင္ ေျမပံုကိုအသံုးျပဳၿပီးေတာ့ အမတို႔သားအမိႏွစ္ေယာက္ သြားရတယ္။ အစိုးရဌာနဆိုင္ရာကိစၥေတြ၊ ေနာက္ အမတို႔ Refugees Settlements Plans ေတြအတြက္ သြားရတယ္။ အဲ့လိုမ်ိဳးေတြလိုေပါ့ေနာ္။ ေနာက္ ေရာက္ေရာက္ခ်င္း အမ အလုပ္လုပ္ခြင့္ Work Permit အရင္ရတယ္။ ရေတာ့ စၿပီးေတာ့ အလုပ္ေလွ်ာက္ရတာေပါ့။ အဲ့ဒီ့အလုပ္ကလည္း General Worker အေထြေထြလုပ္သမားေပါ့ ညီမရယ္။ အရင္တုန္းက တခါမွမလုပ္ခဲ့ဖူးတဲ့အလုပ္ၾကမ္းကို အမ လုပ္ခဲ့ရတယ္ေပါ့ေနာ္။

မဆုမြန္။ ။ ဟုတ္ကဲ့ အခုအခ်ိန္မွာေတာ့ မလွလွစံက နယူးေယာက္ၿမိဳ႕က NYPD (The New York City Police Department) ေပါ့ေနာ္ ရဲအရာရွိတဦးအေနနဲ႔ အဲ့ဒီ့အထဲမွာမွ ယာဥ္စည္းကမ္း ထိန္းသိမ္းေရးအရာရွိတဦးအေနနဲ႔ တာဝန္ထမ္းေဆာင္ေနၿပီ ဆိုတဲ့အခါက်ေတာ့ ဘာေၾကာင့္ ဒီအလုပ္ကို ေရြးခ်ယ္ျဖစ္ခဲ့ပါသလဲ။ ေနာက္ၿပီးေတာ့ အလုပ္မွာေရာ ဘယ္လိုစိန္ေခၚမႈ ျဖတ္သန္းမႈေတြ ရွိခဲ့ပါသလဲ အဲ့တာေလး နည္းနည္းေျပာျပေပးပါဦး။

မလွလွစံ။ ။ “ငါေတာ့ အစိုးရအလုပ္တခုေတာ့ ေလွ်ာက္မွျဖစ္မယ္။” ေတြးမိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါက အမရဲ႕ေရရွည္ဘဝရပ္တည္ခ်က္ Retirement Plan အတြက္ေပါ့ေနာ္။ ပင္စင္ေပါ့ အဲ့ဒီ့မွာ စာတုိက္အလုပ္ရွိတယ္။ NYPC (The New York City Police Department) ရွိတယ္။ အဲ့ဒီ့အခါမွာ စာတုိက္အလုပ္ကိုမေရြးခ်ယ္ပဲနဲ႔ NYPD အလုပ္ကိုပဲ ေရြးခ်ယ္ခဲ့တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အမက ကေလးငယ္ဘဝကတည္းက ႐ုပ္ရွင္ အက္ရွင္Movie ေတြၾကည့္တဲ့အခါမွာ NYPD ကို အရမ္းစိတ္ဝင္စားတယ္။ အဲ့ဒီ့အခါမွာ NYPD Website ထဲကို ဝင္လိုက္ၿပီးေတာ့ သူတို႔ေမးတဲ့စာေမးပြဲကိုေျဖရတယ္။ အဲ့ဒီ့အလုပ္ရဖို႔အတြက္ကို စာေမးပြဲေျဖရတာ။ အဲ့ဒီ့စာေမးပြဲအတြက္ Appointment ယူတယ္။ စာေတြေလ့လာတယ္။ စာေမးပြဲ ဝင္ေျဖလိုက္တယ္ေပါ့။ ဒီစာေမးပြဲေျဖရမယ့္ ရက္ကို။ အဲ့မွာ စာေမးပြဲ ေအာင္သြားတယ္ဆိုပါေတာ့။ စာေမးပြဲေအာင္ၿပီး တဲ့ေနာက္မွာေတာ့ Physical Test ေတြ သူတို႔ Processing ေတြ လုပ္တယ္ေပါ့ေနာ္ ေနာက္ အမရဲ႕ Background Checkup ေတြလုပ္တယ္ ဒီ NYPD အလုပ္ကိုရဖို႔အတြက္ကို တႏွစ္ေက်ာ္ေလာက္ကို ေစာင့္ရတယ္။ ၿပီးေတာ့ အားလံုး Pass ျဖစ္သြားေတာ့မွ Psychological Test ကေတာ့ ေနာက္ဆံုးေပါ့ေနာ္။ Psychological Test ပါ Pass ျဖစ္သြားၿပီဆိုေတာ့မွ Police Academy တက္ဖို႔ဆိုၿပီး ဖိတ္ေခၚတယ္။ အဲ့ေတာ့ Police Academy စတက္တဲ့ေန႔ကေနစၿပီးေတာ့မွ အမသည္ NYPD အလုပ္ကို စရခဲ့တယ္။

Police Academy ရဲ႕Training က အမ ၁၄ပတ္တက္ခဲ့ရတယ္။ ၿပီးေတာ့ Graduation ရတယ္။ Graduation ၿပီးေတာ့ လုပ္ငန္းခြင္ကို ဝင္ရၿပီ။ လုပ္ငန္းခြင္ကို စဝင္ရၿပီဆိုတဲ့အခ်ိန္မွာေတာ့ အမတို႔က Police Academy မွာ သင္ခဲ့ရတာက စာေတြ႔၊ လုပ္ငန္းခြင္ကက်ေတာ့ လက္ေတြ႔ျဖစ္သြားၿပီ။ အဲ့ဒီ့မွာ အမ စတင္ၿပီးရင္ဆိုင္ရတာကေတာ့ လူေတြနဲ႔ ဆက္ဆံရတာကို ရင္ဆိုင္ရတယ္။ လူေတြမွ လူမ်ိဳးစံု ေတြ႔ရ ရင္ဆိုင္ရတယ္။ Aggressive ျဖစ္တဲ့ လူရွိတယ္။ ဆဲဆိုတာေတြရွိတယ္။ ပထမဆံုး လုပ္ငန္းခြင္ ဝင္ဝင္ခ်င္း ႏွစ္ပတ္မွာကို ေရနဲ႔အပက္ခံရတယ္။ ေရနဲ႔အပက္ခံရတယ္။ အဲ့ဒီ့လူကိုလည္း ဖမ္းမိပါတယ္။ လုပ္ငန္းခြင္ဝင္ဝင္ခ်င္းမွာေတာ့ အမမွာ ရြံ႕တဲ့စိတ္ကေလးေတာ့ရွိတယ္။ ကိုယ္က ေၾကာက္တာေပါ့ေနာ္။ ကိုယ္တုိင္က လူေကာင္ကလည္းေသးတယ္။ ေနာက္ ဒီမွာရွိတဲ့သူေတြက လူေကာင္လည္းၾကီးတယ္။ အသံၾကီးေတြကလည္း အက်ယ္ၾကီးေတြ ဆိုေတာ့ ပထမဆံုး လုပ္ငန္းခြင္ဝင္တဲ့ တလမွာေတာ့ အမ ကိုယ့္ကိုကိုယ္ Confidence မရွိသလိုမ်ိဳး စိုးရြ႕ံမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတယ္။ လူမ်ိဳးစံုနဲ႔ေတြ႔ရတဲ့အခါမွာေတာ့ ေနာက္ဆံုးေတာ့ အမကို အမ Change လုိက္တာေပါ့ေနာ္ ငါဟာ ငါ့အလုပ္ ငါလုပ္ေနတာ။ သူတို႔ ငါ့ကို ဘယ္လိုပဲ ဆက္ဆံ ဆက္ဆံ ငါက တာဝန္ကို ထမ္းေဆာင္ေနတာ၊ အဲ့လိုစိတ္နဲ႔ အမက အခုဆုိရင္ သူတို႔နဲ႔ဆက္ဆံတဲ့အခါမွာ အမမွာ ရြံ႔စိတ္မရွိေတာ့ဘူး။ အမ မ်က္ႏွာဟာ Serious Face နဲ႔ပဲ အသံက ျပတ္ျပတ္သားသားနဲ႔ ေျပာႏုိင္လာတယ္ေပါ့ေနာ္ ညီမ။

မဆုမြန္။ ။ ဟုတ္ကဲ့။ အဲ့ေတာ့ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ဟာ ယာဥ္အသြားအလာ လည္း ထူထပ္တယ္။ ေနာက္ လမ္းစည္းကမ္း ယာဥ္စည္းကမ္း ဆိုတာကလည္း ျမန္မာနုိင္ငံ ေနာက္ မေလးရွားႏုိင္ငံ အေမရိကန္ျပည္ေထာင္စုဆိုေတာ့ နုိင္ငံအလိုက္ စည္းကမ္းေတြကလည္း ကြာျခားမႈရွိတယ္။ ဆိုေတာ့ ကိုယ္က ယာဥ္စည္းကမ္း ထိန္းသိမ္းတဲ့ တာဝန္ရွိသူတေယာက္အေနနဲ႔ တာဝန္ထမ္းေဆာင္ခ်ိန္ ဘယ္လိုစိန္ေခၚမႈေတြရွိခဲ့လဲ ေနာက္ၿပီးေတာ့ ဒီလိုမ်ိဳး ယာဥ္စည္းကမ္းနဲ႔ပတ္သက္ၿပီး ဆံုးျဖတ္ခ်က္ခ်ရမယ့္ကိစၥမ်ိဳးေတြမွာ ကိုယ့္ဘက္က ဘယ္လိုဆံုးျဖတ္ခ်က္ေတြ ခ်ၿပီး ျဖတ္သန္းခဲ့တာေတြရွိလဲ။ အဲ့ဒီ့အထဲကမွ မလွလွစံအတြက္ မွတ္မွတ္ရရျဖစ္ေစခဲ့တဲ့ အေၾကာင္းအရာေတြက ဘာေတြပါလဲရွင္။

မလွလွစံ။ ။ ဟုတ္ကဲ့ Police Academy မွာ သင္ခဲ့ရတာေတြကေတာ့ စာေတြ႔ေတြပဲ ရွိခဲ့တယ္။ ကိုယ့္လုပ္ငန္းခြင္ထဲက်ေတာ့ ကိုယ့္ရဲ႕ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ေတြေပၚမွာပဲ မူတည္သြားခဲ့တယ္ေပါ့ အကုန္လံုးက။ အဲ့ဒီ့ေတာ့ အဲ့ဒီ့အတြက္ကို အမအတြက္က မွန္ကန္တဲ့ Decision ခ်ဖို႔ လိုတယ္ေပါ့ေနာ္။ ကိုယ့္ဘက္က မွားတယ္ဆိုရင္ေတာ့ ဒီ Motorist ဘက္ကေပါ့ေနာ္ ကိုယ့္ကို ျပန္ၿပီး Complaint လုပ္လို႔ရတယ္။ အဲ့ဒီ့ေတာ့ အမက ကိုယ့္ဘက္ကလည္း အမွားမရွိေအာင္ သူတို႔ဘက္ကလည္း ျပန္ၿပီး Complaint မတက္ေအာင္ အမအေနနဲ႔ Right Decision ေတာ့ လုပ္ရတာေပါ့ေနာ္။ ေနာက္တခုက အမက အခမ္းအနားေတြ ေတာ္ေတာ္မ်ားမ်ားကို တာဝန္ယူရတယ္ အခုဆိုရင္ေတာ့ UN ကုလသမဂၢမွာ အစည္းအေဝးေတြရွိတယ္ဆိုရင္ အဲ့ဒီ့ဘက္ေတြမွာ တာဝန္ထမ္းေဆာင္ဖို႔ အတြက္ Traffic ကို Direct ညႊန္ၾကားႏိုင္ဖို႔အတြက္ အဲ့တာေတြ အမတို႔ စီစဥ္ရတယ္။ ၿပီးတဲ့အခါက်ရင္ Funeral နာေရးလမ္းေၾကာင္းေပါ့ Fire Department မီးသတ္ဌာန ေနာက္ Police Officer ရဲဝန္ထမ္းေတြရဲ႕ Funeral နာေရးအသုဘယာဥ္တန္းလို လမ္းေၾကာင္းေတြအတြက္ တာဝန္ထမ္းေဆာင္ရတယ္။ လာေရာက္တဲ့ ဧည့္သည္ေတြ ယာဥ္ေၾကာပိတ္ဆို႔မႈေတြ မျဖစ္ေအာင္ အမတို႔က တာဝန္ယူေပးရတာေပါ့ေနာ္။

မဆုမြန္။ ။ ဟုတ္ကဲ့ အခု အမရဲ႕ NYPD ရဲအေတြ႔အၾကံဳကေနၿပီးေတာ့ ေရွ႕ဆက္ၿပီးေတာ့ ဒီလုပ္ငန္းနဲ႔ပတ္သက္ၿပီးေတာ့ ရည္မွန္းခ်က္၊ ေမွ်ာ္မွန္းခ်က္ ျဖစ္ခ်င္တဲ့ဟာမ်ိဳး အမအေနနဲ႔ ဆက္ၿပီးေတာ့ ၾကိဳးစားခ်င္တဲ့ဟာေပါ့ ဘယ္ေလာက္အဆင့္အထိ ဆက္ၿပီးေတာ့သြားဖို႔ ေမွ်ာ္မွန္းခ်က္ ထားပါသလဲရွင္။

မလွလွစံ။ ။ အမအေနနဲ႔ ဒီအလုပ္ကိုစၿပီးေတာ့ ရည္မွန္းတာကေတာ့ ပထမေတာ့ အမရဲ႕ရည္မွန္းတာကေတာ့ Stepping Stone တခုလို႔သတ္မွတ္ထားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အမက ဒါကိုအေျခခံၿပီးေတာ့ အမမွာ တျခားေရြးခ်ယ္ခြင့္ လမ္းေၾကာင္းေတြ အမ်ားၾကီးရွိ သြားတာေပါ့ေနာ္ အမ ဒီိထဲကို ေျခစံုရပ္လုိက္ၿပီ ဆိုေတာ့ေလ အမ ဥပမာ တျခား ဘယ္ Department ကို ေလွ်ာက္မလဲ။ ေလွ်ာက္ဖို႔အတြက္ ဒါဟာ အမရဲ႕ Experience တခုအေနနဲ႔ ဆိုၿပီးေတာ့ လုပ္တယ္။ ၿပီးေတာ့ အလုပ္ေတြ လုပ္ေနရင္းနဲ႔ကို အမရဲ႕အလုပ္ကို အမ ႏွစ္သက္လာတယ္ေပါ့ေနာ္။ အဲ့ဒီ့ေတာ့ အမရဲ႕ ရည္မွန္းခ်က္ကေတာ့ အမ Supervisor ျဖစ္ေအာင္လုပ္မယ္။ Supervisor စာေမးပြဲ ဝင္ေျဖမယ္ေပါ့ေနာ္ ဒီဇင္ဘာလက်ရင္ သူတို႔ေခၚလိမ့္မယ္။ ေနာက္ အမရဲ႕ရည္မွန္းခ်က္က Commander တေယာက္ျဖစ္တဲ့အထိ အမရည္မွန္းထားပါတယ္။

မဆုမြန္။ ။ အေမရိကန္ျပည္ေထာင္စုကို ေရႊ႕ေျပာင္းေရာက္ရွိလာတဲ့သူေတြ အထူးသျဖင့္ အမ်ိဳးသမီးေတြေပါ့ေနာ္ ကိုယ့္ဘဝျမင့္မားေရးအတြက္ ေနာက္ၿပီးေတာ့ ပတ္ဝန္းက်င္ အသစ္ အေတြ႔အၾကံဳသစ္ နဲ႔ေရာက္ရွိလာမယ့္ အမ်ိဳးသမီးေတြ အတြက္ကိုေပါ့ေနာ္ ဘယ္လို သတင္းစကား၊ အားေပးစကားေျပာခ်င္တာရွိပါသလဲ။ ကိုယ့္ရဲ႕အေတြ႔အၾကံဳနဲ႔ ယွဥ္ၿပီးေတာ့ေလ။

မလွလွစံ။ ။ အမက ကေလးဘဝကတည္းက ရည္မွန္းခ်က္ၾကီးၾကီးထားတယ္ေပါ့ေနာ္။ အဲ့ဒီ့ရည္မွန္းခ်က္ၾကီးၾကီးေရာက္ေအာင္လို႔လည္း အမက ဘယ္လိုအခက္ခဲမ်ိဳးေတြ ျဖစ္ေနပါေစ ရေအာင္လုပ္တယ္။ ေဘးကေန ဝိုင္းဝန္းၿပီးေတာ့ေပါ့ေနာ္ ေဝဖန္မႈေတြ အမ်ားၾကီးရွိတယ္။ ဥပမာ ဒီအလုပ္ေပါ့ေနာ္ NYPD အလုပ္ကို လုပ္တယ္ဆိုရင္လည္း အလုပ္က မဝင္ရေသးဘူး။ အမ အင္တာဗ်ဴး Process ေတြ လုပ္ေနစဥ္ကာလမွာ ကတည္းကိုက ဒီလိုပဲေပါ့ေနာ္ ေဘးကေန ေဝဖန္ေရးေတြေပါ့ ညီမရယ္ ေျပာၾကတဲ့သူေတြ အမ်ားၾကီးရွိတယ္။ အဲ့ဒီ့အထဲမွာမွ အမက ငါဘာျဖစ္ခ်င္တာလည္း။ ငါဘယ္လမ္းကို သြားခ်င္တာလည္း။ ငါသြားခ်င္တဲ့လမ္းကိုေရာက္ေအာင္သြားမယ္ သူတို႔ဘာသာ ငါ့ကိုေျပာခ်င္ တာေျပာ။ အဲ့လိုမ်ိဳး စိတ္ဓာတ္ေတြ ခိုင္မာေစခ်င္တယ္ နံပတ္တစ္ အမ်ိဳးသမီးေတြကို စိတ္ဓာတ္ခိုင္ခိုင္မာမာထားေစခ်င္တယ္။ ေနာက္တခုက က်ေတာ့ ကိုယ္ဘာျဖစ္ခ်င္သလဲ ဆိုတဲ့ စိတ္ဓာတ္ ရည္မွန္းခ်က္ပန္းတိုင္ကို အရင္ လက္ခံ ထားၿပီးေတာ့ အေျခခံ ထားၿပီးေတာ့ စိတ္ဓာတ္ခိုင္မာေစခ်င္တယ္။ စိတ္ဓာတ္ေတြကို ယိမ္းယိုင္ မသြားေစခ်င္ဘူး။ ဟိုလူေျပာလို႔ ေတြေဝသြားတာမ်ိဳး ဒီလူေျပာလို႔ ေတြေဝသြားတာမ်ိဳး အမက မျဖစ္ေစခ်င္ဘူး။ ေနာက္တခုက ဘယ္အရာကိုမဆို ကိုယ့္ကိုကိုယ္ Self Learning လုပ္ေစခ်င္တယ္ အမကေတာ့ေလ။

အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာ NYPD (The New York City Police Department) ရဲဌာနမွာ ယာဥ္စည္းကမ္းထိန္းသိမ္းေရး ရဲအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ မလွလွစံအေၾကာင္း ဒီသီတင္းပတ္ရဲ႕ အမ်ိဳးသမီးက႑မွာ မဆုမြန္က ေမးျမန္းတင္ဆက္ခဲ့တာျဖစ္ပါတယ္။


(Unicode version)

နယူးယောက်မြို့က NYPD ရဲအရာရှိ မလှလှစံရဲ့ ဘဝဖြတ်သန်းမှု

ဆယ်ကျော်သက်သမီးငယ်လေးနဲ့အတူ အမေရိကန်ပြည်ထောင်စုကို မလေးရှားနိုင်ငံကတဆင့် ဒုက္ခသည်တွေအဖြစ် ပြောင်းရွှေ့ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံမှာတုန်းက အင်္ဂလိပ်စာဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ မလှလှစံဟာ အခုဆိုရင်တော့ နယူးယောက်မြို့မှာ NYPD (The New York City Police Department) ရဲဌာနမှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင် နေပြီဖြစ်ပါတယ်။ ပညာရော အားကစားပါ ငယ်စဉ်ကတည်းက ထူးချွန်လှတဲ့ သူမရဲ့သမီးငယ်လေးဟာလည်း အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေဖို့ အဆင့်မြင့်လုပ်ငန်းခွင် သင်တန်းတက်နေပါပြီ။ ၂၀၁၅ခုနှစ်ကစလို့ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိခဲ့ပြီးနောက် မိခင်က ရဲဝန်ထမ်းအဖြစ် သမီးက အမေရိကန်စစ်သားအဖြစ် ရွေးချယ်ခဲ့တဲ့ မလှလှစံတို့ သားအမိနှစ်ဦးရဲ့ ဖြတ်သန်း ကြိုးစားအားထုတ်မှု စိန်ခေါ်မှုတွေနဲ့အတူ ဒီမြန်မာအမျိုးသမီးတွေရဲ့စွမ်းဆောင်ချက်တွေအကြောင်း ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ မဆုမွန်က တင်ပြထားပါတယ်။

မဆုမွန်။ ။ မလှလှစံကို အဓိက မေးချင်တာကတော့ အမေရိကန်ပြည်ထောင်စုကို မလေးရှားနိုင်ငံကနေတဆင့် ရောက်ရှိလာတော့မယ့် အချိန်မှာ မရောက်လာခင်မှာရော ကြိုတင်ပြင်ဆင်မှုတွေ ဘာတွေလုပ်ခဲ့လဲ။ ဘာကြောင့် ဒီနယူးယောက်မြို့ကိုရွေးချယ်ဖြစ်ခဲ့လဲ။ နောက် ရောက်ရှိလာတဲ့အတွေ့အကြုံအသစ်တွေအပေါ်မှာပေါ့နော် ဘယ်လိုများရင်ဆိုင်ဖြတ်သန်းခဲ့လဲ အဲ့တာလေး အရင်ရှင်းပြပေးပါလား။

မလှလှစံ။ ။ ဟုတ်ကဲ့ အမအနေနဲ့ မလေးရှားကနေ အမတို့လာတာက Refugee Status နဲ့ လာတာပေါ့နော် မလေးရှားမှာတော့ သမီးလေးကိုတော့ Refugee သမားတွေ တက်လို့ရတဲ့ကျောင်းမှာတော့ တက်ခိုင်းခဲ့တယ်။ စိတ်ဓာတ်ရေးရာပိုင်းမှာတော့ အမကို အမ ပြင်ဆင်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရင်ဆိုင်ရမယ့်ဟာတွေက ဘယ်လိုကြုံတွေ့ရမယ့်ဟာတွေရှိမလဲ နောက်တခုက အမက စိတ်ဓာတ်ခိုင်မာပြီးသားလူတယောက်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်အတွက်တော့ သိပ်ပြင်ဆင်မှုတော့ မလုပ်ခဲ့ဘူး။ နယူးယောက်မြို့ကို ဘာကြောင့် ရွေးချယ်ခဲ့ရသလဲဆိုရင် အမက အမ ငယ်ဘဝကတည်းက နယူးယောက်မြို့ကို သိပ်လာချင်ခဲ့တဲ့လူတယောက်၊ အဲ့လိုမျိုးဆိုတော့ အမက နယူးယောက်ကို ရွေးချယ်တယ်။ အမတို့ မလေးရှားကသူတွေဆိုရင် တခြား States တွေကိုပဲ ဒီ Refugees တွေက သွားကြတယ် ရွေးချယ်ကြတယ်။ ဒါပေမဲ့ အမ တယောက်တည်းသာလျင် ခေါင်းမာစွာနဲ့ နယူးယောက်ကို လာခဲ့တယ်။

နယူးယောက်ကို ရောက်ရောက်ချင်း Long Island ကအမတို့အသိဟောင်းတယောက်အိမ်မှာ အမတို့သားအမိနှစ်ယောက် နှစ်ပတ်နေခဲ့တယ်။ အဲ့ဒီ့မှာလည်း အဲ့ဒီ့အသိဟောင်းက အမတို့သားအမိနှစ်ယောက် သောင်တင်မှာစိုးလို့ မြန်မြန်ပြောင်းစေချင်တယ်။ အဲ့တာကတော့ အမ ပထမဦးဆုံး အမ ခံစားရတဲ့ဟာပေါ့။ နောက်ကျတော့ အမတို့ Queens မှာ အခန်းလေးတခန်း စဌားလိုက်တယ်ပေါ့။ ပထမဆုံးရင်ဆိုင်ရတာကတော့ နေရာဒေသပေါ့နော်။ နေရာအသွားအလာ အရမ်းအခက်ခဲဖြစ်ခဲ့တယ်။ အမတို့ ဘာမှမသိဘူး။ မသိတဲ့အခါကျတော့ အမတို့မှာ ဘယ်နေရာမဆိုသွားချင်ရင် မြေပုံကိုအသုံးပြုပြီးတော့ အမတို့သားအမိနှစ်ယောက်သွားရတယ်။ အစိုးရဌာနဆိုင်ရာကိစ္စတွေ၊ နောက် အမတို့ Refugees Settlements Plans တွေအတွက် သွားရတယ်။ အဲ့လိုမျိုးတွေလိုပေါ့နော်။ နောက် ရောက်ရောက်ချင်း အမ အလုပ်လုပ်ခွင့် Work Permit အရင်ရတယ်။ ရတော့ စပြီးတော့ အလုပ်လျှောက်ရတာပေါ့။ အဲ့ဒီ့အလုပ်ကလည်း General Worker အထွေထွေလုပ်သမားပေါ့ ညီမရယ်။ အရင်တုန်းက တခါမှမလုပ်ခဲ့ဖူးတဲ့အလုပ်ကို လုပ်ခဲ့ရတယ်ပေါ့နော်။

မဆုမွန်။ ။ ဟုတ်ကဲ့ အခုအချိန်မှာတော့ မလှလှစံက နယူးယောက်မြို့က NYPD (The New York City Police Department) ပေါ့နော် ရဲအရာရှိတဦးအနေနဲ့ အဲ့ဒီ့အထဲမှာမှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအရာရှိတဦးအနေနဲ့ တာဝန်ထမ်းဆောင်နေပြီဆိုတဲ့အခါကျတော့ ဘာကြောင့် ဒီအလုပ်ကို ရွေးချယ်ဖြစ်ခဲ့ပါသလဲ။ နောက်ပြီးတော့ အလုပ်မှာရော ဘယ်လိုစိန်ခေါ်မှု ဖြတ်သန်းမှုတွေ ရှိခဲ့ပါသလဲ အဲ့တာလေး နည်းနည်းပြောပြပေးပါဦး။

မလှလှစံ။ ။ “ငါတော့ အစိုးရတခုတော့ လျှောက်မှဖြစ်မယ်။” တွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အမရဲ့ရေရှည်ဘဝရပ်တည်ချက် Retirement Plan အတွက်ပေါ့နော်။ ပင်စင်ပေါ့ အဲ့ဒီ့မှာ စာတိုက်အလုပ်ရှိတယ်။ NYPC (The New York City Police Department) ရှိတယ်။ အဲ့ဒီ့အခါမှာ စာတိုက်အလုပ်ကိုမရွေးချယ်ပဲနဲ့ NYPD အလုပ်ကိုပဲ ရွေးချယ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမက ကလေးငယ်ဘဝကတည်းက ရုပ်ရှင် အက်ရှင်Movie တွေကြည့်တဲ့အခါမှာ NYPD ကို အရမ်းစိတ်ဝင်စားတယ်။ အဲ့ဒီ့အခါမှာ NYPD Website ထဲကို ဝင်လိုက်ပြီးတော့ သူတို့မေးတဲ့စာမေးပွဲကိုဖြေရတယ်။ အဲ့ဒီ့အလုပ်ရဖို့အတွက်ကို စာမေးပွဲဖြေရတာ။ အဲ့ဒီ့စာမေးပွဲအတွက် Appointment ယူတယ်။ စာတွေလေ့လာတယ်။ စာမေးပွဲ ဝင်ဖြေလိုက်တယ်ပေါ့။ ဒီစာမေးပွဲဖြေရမယ့်ရက်ကို။ အဲ့မှာ စာမေးပွဲ အောင်သွားတယ်ဆိုပါတော့။ စာမေးပွဲအောင်ပြီးတဲ့နောက်မှာတော့ Physical Test တွေ သူတို့ Processing တွေ လုပ်တယ်ပေါ့နော် နောက် အမရဲ့ Background Checkup တွေလုပ်တယ် ဒီ NYPD အလုပ်ကိုရဖို့အတွက်ကို တနှစ်ကျော်လောက်ကို စောင့်ရတယ်။ ပြီးတော့ အားလုံး Pass ဖြစ်သွားတော့မှ Psychological Test ကတော့ နောက်ဆုံးပေါ့နော်။ Psychological Test ပါ Pass ဖြစ်သွားပြီဆိုတော့မှ Police Academy တက်ဖို့ဆိုပြီး ဖိတ်ခေါ်တယ်။ အဲ့တော့ Police Academy စတက်တဲ့နေ့ကနေစပြီးတော့မှ အမသည် NYPD အလုပ်ကို စရခဲ့တယ်။

Police Academy ရဲ့Training က အမ ၁၄ပတ်တက်ခဲ့ရတယ်။ ပြီးတော့ Graduation ရတယ်။ Graduation ပြီးတော့ လုပ်ငန်းခွင်ကို ဝင်ရပြီ။ လုပ်ငန်းခွင်ကို ဝင်ရပြီဆိုတဲ့အချိန်မှာတော့ အမတို့က Police Academy မှာ သင်ခဲ့ရတာက စာတွေ့၊ လုပ်ငန်းခွင်ကကျတော့ လက်တွေ့ဖြစ်သွားပြီ။ အဲ့ဒီ့မှာ အမ စတင်ပြီးရင်ဆိုင်ရတာကတော့ လူတွေနဲ့ ဆက်ဆံရတာကို ရင်ဆိုင်ရတယ်။ လူတွေမှ လူမျိုးစုံ ရင်ဆိုင်ရတယ်။ Aggressive ဖြစ်တဲ့ လူရှိတယ်။ ဆဲဆိုတာတွေရှိတယ်။ ပထမဆုံး လုပ်ငန်းခွင် ဝင်ဝင်ချင်း နှစ်ပတ်မှာကို ရေနဲ့အပက်ခံရတယ်။ အဲ့ဒီ့လူကိုလည်း ဖမ်းမိပါတယ်။ လုပ်ငန်းခွင်ဝင်ဝင်ချင်းမှာတော့ ရွံ့တဲ့စိတ်ကလေးတော့ရှိတယ်။ ကိုယ်က ကြောက်တာပေါ့နော်။ ကိုယ်တိုင်က လူကောင်ကလည်းသေးတယ်။ နောက် ဒီမှာရှိတဲ့သူတွေက လူကောင်လည်းကြီးတယ်။ အသံကြီးတွေကလည်း အကျယ်ကြီးတွေဆိုတော့ ပထမဆုံး လုပ်ငန်းခွင်ဝင်တဲ့ တလမှာတော့ အမ ကိုယ့်ကိုကိုယ် Confidence မရှိသလိုမျိုး စိုးရွံ့မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ လူမျိုးစုံနဲ့တွေ့ရတဲ့အခါမှာတော့ နောက်ဆုံးတော့ အမကို အမ Change လိုက်တာပေါ့နော် ငါဟာ ငါ့အလုပ် ငါလုပ်နေတာ။ သူတို့ ငါ့ကို ဘယ်လိုပဲ ဆက်ဆံ ဆက်ဆံ ငါက တာဝန်ကို ထမ်းဆောင်နေတာ၊ အဲ့လိုစိတ်နဲ့ အမက အခုဆိုရင် သူတို့နဲ့ဆက်ဆံတဲ့အခါမှာ အမမှာ ရွံ့စိတ်မရှိတော့ဘူး။ အမ မျက်နှာဟာ Serious Face နဲ့ပဲ အသံက ပြတ်ပြတ်သားသားနဲ့ ပြောနိုင်လာတယ်ပေါ့နော် ညီမ။

မဆုမွန်။ ။ ဟုတ်ကဲ့။ အဲ့တော့ နယူးယောက်မြို့ဟာ ယာဉ်အသွားအလာလည်း ထူထပ်တယ်။ နောက် လမ်းစည်းကမ်း ယာဉ်စည်းကမ်းဆိုတာကလည်း မြန်မာနိုင်ငံ နောက် မလေးရှားနိုင်ငံ အမေရိကန်ပြည်ထောင်စုက စည်းကမ်းတွေကလည်း ကွာခြားမှုရှိတယ်။ ဆိုတော့ ကိုယ်က ယာဉ်စည်းကမ်းထိန်းသိမ်းတဲ့ တာဝန်ရှိသူတယောက်အနေနဲ့ တာဝန်ထမ်းဆောင်ချိန် ဘယ်လိုစိန်ခေါ်မှုတွေရှိခဲ့လဲ နောက်ပြီးတော့ ဒီလိုမျိုး ယာဉ်စည်းကမ်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရမယ့်ကိစ္စမျိုးတွေမှာ ကိုယ့်ဘက်က ဘယ်လိုဆုံးဖြတ်ချက်တွေ ချပြီး ဖြတ်သန်းခဲ့တာတွေရှိလဲ။ အဲ့ဒီ့အထဲကမှ မလှလှစံအတွက် မှတ်မှတ်ရရဖြစ်စေခဲ့တဲ့ အကြောင်းအရာတွေက ဘာတွေပါလဲရှင်။

မလှလှစံ။ ။ ဟုတ်ကဲ့ Police Academy မှာ သင်ခဲ့ရတာတွေကတော့ စာတွေ့တွေပဲရှိခဲ့တယ်။ လုပ်ငန်းခွင်ထဲကျတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေပေါ်မှာပဲ မူတည်သွားခဲ့တယ်ပေါ့ အကုန်လုံးက။ အဲ့ဒီ့တော့ အဲ့ဒီ့အတွက်ကို အမအတွက်က မှန်ကန်တဲ့ Decision ချဖို့ လိုတယ်ပေါ့နော်။ ကိုယ့်ဘက်က မှားတယ်ဆိုရင်တော့ ဒီ Motorist ဘက်က ကိုယ့်ကို ပြန်ပြီး Complaint လုပ်လို့ရတယ်။ အဲ့ဒီ့တော့ အမက ကိုယ့်ဘက်ကလည်း အမှားမရှိအောင် သူတို့ဘက်ကလည်း Complaint မတက်အောင် အမအနေနဲ့ Right Decision တော့ လုပ်ရတာပေါ့နော်။ နောက်တခုက အမက အခမ်းအနားတွေ တော်တော်များများကို တာဝန်ယူရတယ် အခုဆိုရင်တော့ UN ကုလသမဂ္ဂမှာ အစည်းအဝေးတွေရှိတယ်ဆိုရင် အဲ့ဒီ့ဘက်တွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် Traffic ကို Direct ညွှန်ကြားနိုင်ဖို့အတွက် အမတို့ စီစဉ်ရတယ်။ ပြီးတဲ့အခါကျရင် Funeral နာရေးလမ်းကြောင်းပေါ့ Fire Department မီးသတ်ဌာန နောက် Police Officer ရဲဝန်ထမ်းတွေရဲ့ Funeral နာရေးအသုဘယာဉ်တန်းလို လမ်းကြောင်းတွေအတွက် တာဝန်ထမ်းဆောင်ရတယ်။ လာရောက်တဲ့ ဧည့်သည်တွေ ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်အောင် အမတို့က တာဝန်ယူပေးရတာပေါ့နော်။

မဆုမွန်။ ။ ဟုတ်ကဲ့ အခု အမရဲ့ NYPD ရဲအတွေ့အကြုံကနေပြီးတော့ ရှေ့ဆက်ပြီးတော့ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ရည်မှန်းချက်၊ မျှော်မှန်းချက် ဖြစ်ချင်တဲ့ဟာမျိုး အမအနေနဲ့ ဆက်ပြီးတော့ ကြိုးစားချင်တဲ့ဟာပေါ့ ဘယ်လောက်အဆင့်အထိ ဆက်ပြီးတော့သွားဖို့ မျှော်မှန်းချက် ထားပါသလဲရှင်။

မလှလှစံ။ ။ အမအနေနဲ့ ဒီအလုပ်ကိုစပြီးတော့ ရည်မှန်းတာကတော့ ပထမတော့ အမရဲ့ရည်မှန်းတာကတော့ Stepping Stone တခုလို့သတ်မှတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမက ဒါကိုအခြေခံပြီးတော့ အမမှာ တခြားရွေးချယ်ခွင့်လမ်းကြောင်းတွေ အများကြီးရှိသွားတာပေါ့နော် အမ ဒီထဲကို ခြေစုံရပ်လိုက်ပြီဆိုတော့လေ အမ တခြား ဘယ် Department ကို လျှောက်မလဲ။ လျှောက်ဖို့အတွက် အမရဲ့ Experience တခုအနေနဲ့ ဆိုပြီးတော့ လုပ်တယ်။ ပြီးတော့ အလုပ်တွေလုပ်နေရင်းနဲ့ကို အမရဲ့အလုပ်ကို အမ နှစ်သက်လာတယ်ပေါ့နော်။ အဲ့ဒီ့တော့ အမရဲ့ ရည်မှန်းချက်ကတော့ အမ Supervisor ဖြစ်အောင်လုပ်မယ်။ Supervisor စာမေးပွဲဝင်ဖြေမယ်ပေါ့နော် ဒီဇင်ဘာလကျရင် သူတို့ခေါ်လိမ့်မယ်။ နောက် အမရဲ့ရည်မှန်းချက်က Commander တယောက်ဖြစ်တဲ့အထိ အမရည်မှန်းထားပါတယ်။

မဆုမွန်။ ။ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းရောက်ရှိလာတဲ့သူတွေ အထူးသဖြင့် အမျိုးသမီးတွေ ကိုယ့်ဘဝမြင့်မားရေးအတွက် နောက်ပြီးတော့ ပတ်ဝန်းကျင်အသစ် အတွေ့အကြုံသစ်နဲ့ရောက်ရှိလာမယ့် အမျိုးသမီးတွေအတွက်ကိုပေါ့နော် ဘယ်လိုသတင်းစကား၊ အားပေးစကားပြောချင်တာရှိပါသလဲ။ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီးတော့လေ။

မလှလှစံ။ ။ အမက ကလေးဘဝကတည်းက ရည်မှန်းချက်ကြီးကြီးထားတယ်ပေါ့နော်။ အဲ့ဒီ့ရည်မှန်းချက်ကြီးကြီးရောက်အောင်လို့လည်း အမက ဘယ်လိုအခက်ခဲမျိုးတွေ ဖြစ်နေပါစေ ရအောင်လုပ်တယ်။ ဘေးကနေ ဝိုင်းဝန်းပြီးတော့ပေါ့နော် ဝေဖန်မှုတွေ အများကြီးရှိတယ်။ ဥပမာ ဒီအလုပ်ပေါ့နော် NYPD အလုပ်ကို လုပ်တယ်ဆိုရင်လည်း အလုပ်က မဝင်ရသေးဘူး။ အမ အင်တာဗျူး Process တွေ လုပ်နေစဉ်ကာလမှာကတည်းကိုက ဘေးကနေ ဝေဖန်ရေးတွေပေါ့ ညီမရယ် ပြောကြတဲ့သူတွေ အများကြီးရှိတယ်။ အဲ့ဒီ့အထဲမှာမှ အမက ငါဘာဖြစ်ချင်တာလည်း။ ငါဘယ်လမ်းကိုသွားချင်တာလည်း။ ငါသွားချင်တဲ့လမ်းကိုရောက်အောင်သွားမယ် သူတို့ဘာသာပြောချင်တာပြော။ အဲ့လိုမျိုး စိတ်ဓာတ်တွေ ခိုင်မာစေချင်တယ် နံပတ်တစ် အမျိုးသမီးတွေကို စိတ်ဓာတ်ခိုင်ခိုင်မာမာထားစေချင်တယ်။ နောက်တခုကကျတော့ ကိုယ်ဘာဖြစ်ချင်သလဲဆိုတဲ့ စိတ်ဓာတ် ရည်မှန်းချက်ပန်းတိုင်ကို လက်ခံထားပြီးတော့ အခြေခံထားပြီးတော့ စိတ်ဓာတ်ခိုင်မာစေချင်တယ်။ စိတ်ဓာတ်တွေကို ယိမ်းယိုင်မသွားစေချင်ဘူး။ ဟိုလူပြောလို့ တွေဝေသွားတာမျိုး ဒီလူပြောလို့ တွေဝေသွားတာမျိုး အမက မဖြစ်စေချင်ဘူး။ နောက်တခုက ဘယ်အရာကိုမဆို ကိုယ့်ကိုကိုယ် Self Learning လုပ်စေချင်တယ် အမကတော့လေ။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ NYPD (The New York City Police Department) ရဲဌာနမှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မလှလှစံအကြောင်း ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ မဆုမွန်က မေးမြန်းတင်ဆက်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG