သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၄ လေက်ာ္ ယူကရိန္းစစ္ပြဲနဲ႔ အမ်ိဳးသမီး စစ္ေျပးဒုကၡသည္မ်ား


ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္တာ ရက္ေပါင္း ၁၀၀ ေက်ာ္လာခ်ိန္မွာ ယူကရိန္းႏိုင္ငံတြင္းကေန အိမ္နီးခ်င္းႏိုင္ငံေတြကို ထြက္ေျပးရတဲ့ ဒုကၡသည္ ၅ သန္းေက်ာ္ ရွိေနၿပီး ေနာက္ထပ္ ၈ သန္းေက်ာ္ဟာလည္း ျပည္တြင္းမွာ အိုးအိမ္ေတြကို စြန႔္ခြာ ထြက္ေျပးေန ၾကရတယ္လို႔ ကုလသမဂၢ ေျပာပါတယ္။

[Zawgyi/Unicode

ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္တာ ရက္ေပါင္း ၁၀၀ ေက်ာ္လာခ်ိန္မွာ ယူကရိန္းႏိုင္ငံတြင္းကေန အိမ္နီးခ်င္းႏိုင္ငံေတြကို ထြက္ေျပးရတဲ့ ဒုကၡသည္ ၅ သန္းေက်ာ္ ရွိေနၿပီး ေနာက္ထပ္ ၈ သန္းေက်ာ္ဟာလည္း ျပည္တြင္းမွာ အိုးအိမ္ေတြကို စြန႔္ခြာ ထြက္ေျပးေန ၾကရတယ္လို႔ ကုလသမဂၢ ေျပာပါတယ္။ ဒီအထဲမွာ အမ်ားစုက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ ျဖစ္ပါတယ္။ ဒီလို စစ္ပြဲဒဏ္သင့္ ယူကရိန္း ဒုကၡသည္ အမ်ိဳးသမီးေတြ ေျပာျပတဲ့ သူတို႔ရဲ႕ အေတြ႕အႀကဳံေတြနဲ႔ ရင္ဆိုင္ရတဲ့ အခက္အခဲေတြအေၾကာင္းကို ေအပီ၊ ေအအက္ဖ္ပီ နဲ႔ ႐ိုက္တာ သတင္းေဆာင္းပါးေတြကို စုစည္းၿပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

ယူကရိန္းစစ္ပြဲ ၾကာရွည္လာတာနဲ႔အမ ွ် ေနရပ္စြန႔္ခြာ ထြက္ေျပးေနရတဲ့ ဒုကၡသည္ေတြလည္း တေန႔တျခား ပိုမ်ားလာေနပါတယ္။ ကမာၻတဝန္း လက္နက္ကိုင္ ပဋိပကၡေတြ၊ အၾကမ္းဖက္မႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြေၾကာင့္ ဒီႏွစ္ ၂၀၂၂ ခုႏွစ္ ပထမ လအနည္းငယ္ အတြင္းမွာကိုပဲ ကမာၻတဝန္း ဒုကၡသည္ ၁၀ သန္းေက်ာ္ တိုးလာတယ္လို႔ ကုလသမဂၢက ထုတ္ျပန္ထား သလို၊ ဒီအထဲမွာ အမ်ားစုက ယူကရိန္း ဒုကၡသည္ေတြ ျဖစ္ပါတယ္။

၃ လေက်ာ္ ၄ လနီးပါး ရွိလာၿပီ ျဖစ္တဲ့ ယူကရိန္းစစ္ပြဲေၾကာင့္ ကေလးငယ္ေတြ အပါအဝင္ ယူကရိန္း အရပ္သားျပည္သူ ေထာင္ေပါင္းမ်ားစြာ ေသဆုံးခဲ့ရၿပီး ျဖစ္သလို၊ ျပည္တြင္းမွာပဲ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရသူေတြ၊ နယ္စပ္ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္း ႏိုင္ငံေတြမွာ ခိုလုံေနၾကတဲ့ ဒုကၡသည္ေတြ စုစုေပါင္း ၁၃ သန္းေက်ာ္ ရွိတယ္လို႔ ကုလသမဂၢနဲ႔ လူ႔အခြင့္အေရး အဖြဲ႕ေတြက ထုတ္ျပန္ထားပါတယ္။ ဒီအထဲမွာ အမ်ားစုက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ ျဖစ္ပါတယ္။

"ခုလို အေျခအေနမ်ိဳး ႀကဳံရလိမ့္မယ္လို႔ က်မ ဘယ္တုန္းကမွ မေတြးခဲ့ဖူးပါဘူး။ ဘဝမွာ ဒီလို ႀကံဳရလိမ့္မယ္လို႔ တကယ္ကို မေတြးခဲ့တာပါ။”

"က်မတို႔ ဘဝေတြ၊ က်မတို႔ရဲ႕ လုံၿခဳံမႈေတြ အားလုံး ဆုံးရႈံးခဲ့ရတယ္။”

စစ္ပြဲေတြေၾကာင့္ Kyiv ၿမိဳ႕ကေန အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ရသူတခ်ိဳ႕ ေျပာသြားတာပါ။ သူတို႔ကေတာ့ ယူကရိန္း ႏိုင္ငံတြင္းမွာပဲ လုံၿခဳံတဲ့ေနရာ တခ်ိဳ႕မွာ ခိုလုံေနၾကတာပါ။ ဒီလို ျပည္တြင္းမွာပဲ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရသူေတြ ၈ သန္းေက်ာ္ရွိတယ္လို႔ ကုလသမဂၢက ခန႔္မွန္းထားပါတယ္။ ဗုံးက်ဲ တိုက္ခိုက္မႈေတြနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးခဲ့ရေပမဲ့ အိမ္ျပန္ခြင့္ရဖို႔ ေမ ွ်ာ္လင့္ေနတုန္း ပါပဲလို႔ အသက္ ၆၀ အ႐ြယ္ Olena Rultseva က ေျပာပါတယ္။

"အိမ္ျပန္ခြင့္ရဖို႔ ေမ ွ်ာ္လင့္ခ်က္ကေတာ့ ေသခ်ာေပါက္ ရွိတာေပါ့။ ဒါေပမဲ့ ေလာေလာဆယ္ကေတာ့ ပစ္ခတ္မႈေတြ၊ ဗုံးက်ဲတာေတြ ရွိေနေတာ့ ဒီမွာပဲ ေနသင့္တယ္လို႔ ထင္ပါတယ္။ ဒီမွာက လုံၿခဳံ တိတ္ဆိတ္တယ္ေလ။”

ခိုလုံေရးစခန္းေတြမွာ ေရာက္ေနၾကတဲ့သူ အမ်ားစုက ကေလးငယ္ေတြ၊ ကေလးမိခင္ေတြနဲ႔ သက္ႀကီး ႐ြယ္အိုေတြပါ။ ကိုယ့္အိမ္ကိုယ့္ယာမွာ ေအးေအးခ်မ္းခ်မ္း ေနခ်င္ေပမဲ့လို႔ အသက္အႏၲရာယ္ေၾကာင့္သာ မိသားစုေတြ တကြဲတျပားနဲ႔ ေနရပ္ကေန ထြက္လာခဲ့ရတာလို႔ ဒုကၡသည္ အမ်ားစုက ေျပာပါတယ္။

"အိမ္ျပန္ခ်င္တာေပါ့။ ဘယ္မွာမွ မေနခ်င္ပါဘူး။ ကိုယ့္အိမ္ ကိုယ့္နယ္ကိုပဲ ျပန္ခ်င္တယ္။ ခုေတာ့ အဲ့ဒီမွာက ဗုံးက်ဲတာ၊ မီးေလာင္တာေတြ ရွိေနေတာ့ ျပန္လို႔မရဘူး။ အိမ္ သိပ္ ျပန္ခ်င္တာေပါ့။”

Ruska Lozova ၿမိဳ႕က Galyna Chystiakova ကေတာ့ အခ်ိန္အေတာ္ၾကာ ၿမိဳ႕ကေန မထြက္ဘဲ ေနခဲ့ပါေသးတယ္။ ေနာက္ဆုံး ဘယ္လိုမွ မလုံၿခဳံေတာ့တဲ့အခါမွပဲ ၿမိဳ႕က ထြက္ခြာၿပီး ခုေတာ့ ခိုလုံေရး စခန္းတခုမွာ ေရာက္ေနပါတယ္။

"ဗုံးေတြ က်ဲတဲ့အခ်ိန္တုန္းက ေျမေအာက္ခန္းထဲမွာပဲ ၂ လေလာက္အထိ ေနခဲ့ရပါတယ္။ က်မတို႔ ေမြးထားတဲ့ ယုန္ကေလးေတြေရာ၊ ကိုယ္ဝန္ေဆာင္ မိခင္ေတြနဲ႔ သူတို႔အမ်ိဳးသားေတြလည္း ပါ ပါတယ္။”

ေဖေဖာ္ဝါရီလ ၂၄ ရက္ ယူကရိန္းကို ႐ုရွား တပ္ဖြဲ႕ေတြ ဝင္ေရာက္ က်ဴးေက်ာ္ တိုက္ခိုက္ခ်ိန္ကစလို႔ ယူကရိန္းႏိုင္ငံ တဝန္း ၿမိဳ႕ ႀကီး ၿမိဳ႕ငယ္ ေနရာစုံမွာ အရပ္သားျပည္သူေတြ အမ်ားအျပား ခုလို အိုးအိမ္ေတြကို စြန႔္ခြာ ထြက္ေျပးေနၾကရတာပါ။ ခုလို အေျခအေန ႀကဳံရဖို႔ ဘယ္သူမွ မေမ ွ်ာ္လင့္ခဲ့ၾကပါဘူး။ တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ခဲ့တဲ့ Mariupol ၿမိဳ႕ကေန နယ္စပ္ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္း ခ်က္ရီပတ္ဘလစ္ႏိုင္ငံကို ထြက္ေျပးလာတဲ့ ကေလးႏွစ္ေယာက္မိခင္ Alisa Artiukh က သူ႔အေတြ႕အႀကံဳကို ခုလို ေျပာျပပါတယ္။

"ဗုံးေတြ ေနရာတိုင္း က်ဲေနေတာ့ က်မတို႔ ဘာလုပ္ရမလဲ မသိေတာ့ဘူး။ ဗုံးေတြ က်ဲတယ္။ ေလေၾကာင္းကေနလည္း တိုက္တယ္။ ၿမိဳ႕ထဲမွာ အရာအာလုံးက ေပါက္ကြဲေနတာပါပဲ။ က်မတို႔လည္း ေျမေအာက္မွာ ေနတာ ၂ ပတ္ေလာက္ ၾကာလာေတာ့ ဆက္ၿပီး ပုန္းေနမလား။ တခုခု ျဖစ္ရင္ က်မတို႔ ေသၾကလိမ့္မယ္ ဆိုၿပီး ၿမိဳ႕ကထြက္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ေဝဖာနဲ႔ ကြတ္ကီးမုန႔္ တခ်ိဳ႕ ၊ ၿပီးေတာ့ ေရ ႏွစ္လီတာေလာက္ ပါ ယူၿပီး က်န္တာေတြ အားလုံး ထားခဲ့ၿပီး ထြက္လာခဲ့တယ္။ ကေလး ႏွစ္ေယာက္ရွိေတာ့ လိုအပ္တဲ့ စာ႐ြက္စာတမ္းတခ်ိဳ႕လည္း ယူလာခဲ့တယ္။”

Mariupol ၿမိဳ႕ကေန ထြက္ေျပးလာတဲ့ Alisa Artiukh တို႔ သားအမိေတြဟာ အခုေတာ့ ခ်က္ ရီပတ္လစ္ႏိုင္ငံက ေက်း႐ြာငယ္ေလး တခုမွာ ေရာက္ေနပါတယ္။ အိမ္ျပန္ဖို႔ မျဖစ္ႏိုင္ေသးတဲ့အတြက္ ခ်က္ ႏိုင္ငံမွာပဲ ဘဝသစ္စဖို႔ ႀကိဳးစားျပင္ဆင္ေနတယ္လို႔ သူက ေျပာပါတယ္။

"လုံးဝမတူတဲ့ ဘဝသစ္တခုကို က်ေနာ္တို႔ စရမွာပါ။ ခ်က္ရီပတ္ဘလစ္မွာ ေနထိုင္ရတဲ့ အေျခအေန၊ ကေလးေတြအတြက္ ဘယ္လို လူမႈ အေထာက္အပံ့ေတြ ရႏိုင္မလဲ ၾကည့္ရပါတယ္။ က်မတို႔အတြက္က ကေလးေတြ ပညာ ဆက္သင္ႏိုင္ဖို႔က သိပ္ အေရးႀကီးပါတယ္။ ဒါေၾကာင့္ ဒီမွာပဲ ဆက္ေနဖို႔ ဆုံးျဖတ္လိုက္တယ္။ ဒီတပတ္ထဲမွာပဲ က်မတို႔ ေနထိုင္ခြင့္ ေလ ွ်ာက္ပါမယ္။ သိပ္ မၾကာခင္ ကေလးေတြ ေက်ာင္းတက္ခြင့္ ရၿပီး ဘဝသစ္ စႏိုင္ဖို႔ ေမ ွ်ာ္လင့္ပါတယ္။”

Alisa Artiukh တို႔လို နယ္စပ္ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြမွာ ခိုလုံေနတဲ့ ယူကရိန္း ဒုကၡသည္ဟာ ၿပီးခဲ့တဲ့ ၃ လအတြင္း ၅ သန္းေက်ာ္ ရွိတဲ့အေၾကာင္း ကုလသမဂၢက ထုတ္ျပန္ထားပါတယ္။ ပိုလန္၊ ႐ိုေမးနီးယား၊ ေမာ္လ္ဒိုဗာ၊ ဆလိုဗက္ကီးယား၊ ဟန္ေဂရီ၊ ဘဲလား႐ုစ္၊ ခ်က္ရီပတ္ဘလစ္ စတဲ့ အိမ္နီးခ်င္း ႏိုင္ငံေတြအျပင္ ႐ုရွားႏိုင္ငံဘက္ ထြက္ေျပးရတဲ့ ဒုကၡသည္ေတြလည္း အမ်ားအျပား ရွိပါတယ္။ နယ္စပ္ျဖတ္ေက်ာ္ ဒုကၡသည္ အမ်ားစုကေတာ့ ပိုလန္ႏိုင္ငံမွာ ခိုလုံေနၾကတာပါ။ Mariupol ၿမိဳ႕ကေန ပိုလန္ႏိုင္ငံကို ထြက္ေျပးလာတဲ့ Natalia Osiuk က အိမ္ျပန္ရဖို႔လမ္း မျမင္ေသးဘူးလို႔ ေျပာပါတယ္။

“Mariupol ကို ျပန္လို႔ရမွာ မဟုတ္ပါဘူး။ အဲ့ဒီမွာ အရာအားလုံးက ပ်က္စီးသြားပါၿပီ။ တေန႔ တေန႔ ဗုံး အလုံးေပါင္း ၂၀၀ ေလာက္ အက်ဲ ခံခဲ့ရတာပါ။ ေလယာဥ္တစီးကို ဗုံး ၆ လုံးေလာက္ က်ဲပါတယ္။ တေန႔ကို ဗုံး ၂၀၀ ေလာက္ က်ဲေနတာပါ။”

Mariupol ၿမိဳ႕ကေတာ့ စစ္ပြဲဒဏ္ကို ျပင္းျပင္းထန္ထန္ ခံရတဲ့ ေနရာေတြထဲက တခုပါ။ ၿမိဳ႕ခံေတြ အတြက္ေတာ့ ၿမိဳ႕ပ်က္ႀကီးတခုလို ျဖစ္ေနတဲ့ သူတို႔ရဲ႕ ၿမိဳ႕ကို ျပန္ခြင့္ ရရင္ေတာင္ ျပန္ထူေထာင္ဖို႔ လြယ္ဦးမွာ မဟုတ္ပါဘူး။

Irpin ၿမိဳ႕ကေန Kyiv ၿမိဳ႕ကို ထြက္ေျပးလာတဲ့ အသက္ ၄၄ ႏွစ္အ႐ြယ္ Lena Yaroslava ကေတာ့ စစ္ပြဲႀကီး ဒီေလာက္ အခ်ိန္ၾကာၿပီး ဆုံးရႈံးမႈေတြ မ်ားလိမ့္မယ္လို႔ မေမ ွ်ာ္လင့္ခဲ့ဘူးလို႔ ေျပာပါတယ္။

"ေရမရွိ၊ လ ွ်ပ္စစ္မီး မရွိဘဲ ၃ ရက္ေလာက္ ေနခဲ့ရတယ္။ စားေသာက္ကုန္ေတြလည္း ပ်က္လုနီးပါး ျဖစ္သြားတယ္။ ဒီအေျခအေနႀကီး အျမန္ဆုံး ၿပီးသြားဖို႔ပဲ ေမ ွ်ာ္လင့္ပါတယ္။”

ဒီအေျခအေနႀကီးကို အဆုံးသတ္ခ်င္တာကေတာ့ Lena တေယာက္တည္း မဟုတ္ပါဘူး။

“ၿငိမ္းခ်မ္းေရး လိုခ်င္တယ္။ စစ္ပြဲေတြ မလိုလားဘူး။ တိုင္းျပည္ကို လြတ္ေျမာက္ေစခ်င္တယ္လို႔” Irpin ၿမိဳ႕က ထြက္ေျပးလာတဲ့ Svitlana Yurchenko ေျပာသြားတာပါ။

တိုက္ခိုက္မႈေတြ ဆက္ရွိေနတာနဲ႔အမ ွ် ဒုကၡသည္ေတြကလည္း ဆက္ၿပီး ထြက္ေျပးေနၾကရဆဲ ျဖစ္ပါတယ္။ ဒုကၡသည္ အမ်ားစုဟာ စိုးရိမ္ထိတ္လန႔္မႈေတြ၊ စိတ္ဒဏ္ရာေတြနဲ႔ ႀကဳံခဲ့ၾကရတယ္လို႔ ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး UNHCR ရဲ႕ ပိုလန္ႏိုင္ငံ ဆိုင္ရာ ေျပာခြင့္ရ Olga Sarrado က ေျပာပါတယ္။

“အသစ္ထပ္ေရာက္လာတဲ့ ဒုကၡသည္ေတြကေတာ့ အမ်ားအ ားျဖင့္ တိုက္ခိုက္မႈေတြ ျပင္းျပင္းထန္ထန္ ျဖစ္ေနတဲ့ ေနရာေတြက လာၾကသူေတြပါ။ တခ်ိဳ႕က ဗုံးခိုက်င္းေတြ၊ ေျမေအာက္ခန္းေတြထဲမွာ သီတင္းပတ္ေတြနဲ႔ခ်ီ အၾကာႀကီး ေနခဲ့ရၿပီး ေရာက္လာၾကတဲ့သူေတြပါ။ မိသားစု က်န္ခဲ့တဲ့သူေတြ၊ စိုးရိမ္ထိတ္လန႔္မႈေတြ၊ စိတ္ဖိစီးမႈေတြနဲ႔ ေရာက္လာၾကတာ မ်ားပါတယ္။ ဘယ္သြားလို႔ ဘာလုပ္ရမယ္ မသိ။ အေစာပိုင္းထဲက ထြက္လာတဲ့သူေတြေလာက္ စီးပြားေရး အလုပ္အကိုင္ အဆက္အသြယ္ ဆိုတာေတြလည္း မရွိၾကပါဘူး။”

ယူကရိန္းကို ႐ုရွား စတင္ တိုက္ခိုက္တဲ့ ေဖေဖာ္ဝါရီလ ေနာက္ပိုင္း ပိုလန္ ႏိုင္ငံ တခုတည္းကို ထြက္ေျပးလာတဲ့ ယူကရိန္း ဒုကၡသည္ ၃ သန္းေက်ာ္ ရွိတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။ ဒီအထဲမွာ ဒုကၡသည္အျဖစ္ တရားဝင္ ေနထိုင္ခြင့္ မွတ္ပုံတင္ထားသူ ၁ သန္းေက်ာ္ ရွိပါတယ္။ အမ်ားစုက အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြျဖစ္တယ္လို႔ UNHCR ပိုလန္ ဌာေန ေျပာခြင့္ရ Olga Sarrado က ေျပာပါတယ္။

“ပိုလန္ အစိုးရထံမွာ ဒုကၡသည္အျဖစ္ တရားဝင္ စာရင္းေပးတဲ့သူ ၁.၁ သန္း ေက်ာ္ ရွိပါတယ္။ ဒီလို စာရင္းေပးတဲ့အတြက္ ေနထိုင္ခြင့္ မွတ္ပုံတင္ ထုတ္ေပးသလို၊ လူမႈ ဝန္ေဆာင္မႈေတြလည္း ရပါတယ္။ အခု တရားဝင္ စာရင္းေပးသူေတြထဲမွာ ၉ ၄ % က အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြပါ။”

ယူကရိန္းမွာ တိုက္ပြဲေတြကေတာ့ ဆက္ျဖစ္ေနဆဲပါ။ အထူးသျဖင့္ ႏိုင္ငံ အေရွ႕ျခမ္း ေဒသေတြကို ႐ုရွားတပ္ဖြဲ႕ေတြက ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတာနဲ႔အမ ွ် အဲ့ဒီေဒသမွာ တိုက္ပြဲေတြ ပိုၿပီး ျပင္းထန္ေနပါတယ္။ စစ္ပြဲႀကီးမတိုင္ခင္က ယူကရိန္းနဲ႔ လက္ရွိအေျခအေန ကေတာ့ အမ်ားႀကီး ေျပာင္းလဲ ကြာျခားသြားခဲ့ၿပီ။ တခ်ိန္က တိုးတက္စည္ကားခဲ့တဲ့ ၿမိဳ႕ႀကီးေတြ အမ်ားအျပား စစ္ပြဲဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ ရတာပါ။ ကေလးငယ္ေတြ အပါအဝင္ လူေတြ ေသာင္းနဲ႔ခ်ီ ေသဆုံးခဲ့ရၿပီး ျဖစ္သလို၊ ျပည္တြင္း ျပည္ပမွာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူေတြ သန္းနဲ႔ခ်ီ တိုးလာတာလည္း ျဖစ္ပါတယ္။

ဒီစစ္ပြဲႀကီး အဆုံး မသတ္ႏိုင္ေသးသ၍၊ ၿငိမ္းခ်မ္း တည္ၿငိမ္မႈ မရွိေသးသ၍ကေတာ့ ဒီလို သန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ရဖို႔ကလည္း လြယ္ကူမွာ မဟုတ္ပါဘူး။ စစ္ပြဲၿပီးသြားလို႔ ကိုယ့္အိမ္ ကိုယ္ျပန္ၾကရတယ္ ရင္ေတာင္ ဆုံးရႈံးခဲ့ရတဲ့ ဘဝေတြ၊ ႀကဳံေတြ႕ခဲ့ရတဲ့ စစ္ရဲ႕ အနိဌာ႐ုံေတြနဲ႔ စိတ္ဒဏ္ရာေတြကေတာ့ အခ်ိန္ယူ ကုစားၾကရဦးမွာပါ။ စစ္ပြဲ အခ်ိန္ၾကာလာတာနဲ႔အမ ွ် ေနရပ္ စြန႔္ခြာ ထြက္ေျပးရတဲ့ ဒုကၡသည္ေတြ တေန႔တျခား ပိုမ်ားလာေနၿပီး သူတို႔အတြက္ စိတ္ပိုင္း ႐ုပ္ပိုင္းဆိုင္ရာ အကူအညီ လိုအပ္ခ်က္ေတြကလည္း ပိုမို မ်ားလာေနတာမို႔ ဒီစစ္ပြဲႀကီး အျမန္ဆုံး အဆုံးသတ္ဖို႔ လိုအပ္ေနၿပီ ဆိုတာတင္ျပရင္း ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ ျပဳပါ။ က်မ ခင္ျဖဴေထြး ပါရွင္။

==========================================

[Unicode]

၄ လကျော် ယူကရိန်းစစ်ပွဲနဲ့ အမျိုးသမီး စစ်ပြေးဒုက္ခသည်များ (အမျိုးသမီးကဏ္ဍ)

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တာ ရက်ပေါင်း ၁၀၀ ကျော်လာချိန်မှာ ယူကရိန်းနိုင်ငံတွင်းကနေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည် ၅ သန်းကျော် ရှိနေပြီး နောက်ထပ် ၈ သန်းကျော်ဟာလည်း ပြည်တွင်းမှာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေ ကြရတယ်လို့ ကုလသမဂ္ဂ ပြောပါတယ်။ ဒီအထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ဒီလို စစ်ပွဲဒဏ်သင့် ယူကရိန်း ဒုက္ခသည် အမျိုးသမီးတွေ ပြောပြတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေအကြောင်းကို အေပီ၊ အေအက်ဖ်ပီ နဲ့ ရိုက်တာ သတင်းဆောင်းပါးတွေကို စုစည်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ယူကရိန်းစစ်ပွဲ ကြာရှည်လာတာနဲ့အမ ျှ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေလည်း တနေ့တခြား ပိုများလာနေပါတယ်။ ကမ္ဘာတဝန်း လက်နက်ကိုင် ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဒီနှစ် ၂၀၂၂ ခုနှစ် ပထမ လအနည်းငယ် အတွင်းမှာကိုပဲ ကမ္ဘာတဝန်း ဒုက္ခသည် ၁၀ သန်းကျော် တိုးလာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထား သလို၊ ဒီအထဲမှာ အများစုက ယူကရိန်း ဒုက္ခသည်တွေ ဖြစ်ပါတယ်။

၃ လကျော် ၄ လနီးပါး ရှိလာပြီ ဖြစ်တဲ့ ယူကရိန်းစစ်ပွဲကြောင့် ကလေးငယ်တွေ အပါအဝင် ယူကရိန်း အရပ်သားပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး ဖြစ်သလို၊ ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ၊ နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း နိုင်ငံတွေမှာ ခိုလုံနေကြတဲ့ ဒုက္ခသည်တွေ စုစုပေါင်း ၁၃ သန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ ဒီအထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

"ခုလို အခြေအနေမျိုး ကြုံရလိမ့်မယ်လို့ ကျမ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ ဘဝမှာ ဒီလို ကြုံရလိမ့်မယ်လို့ တကယ်ကို မတွေးခဲ့တာပါ။”

"ကျမတို့ ဘဝတွေ၊ ကျမတို့ရဲ့ လုံခြုံမှုတွေ အားလုံး ဆုံးရှုံးခဲ့ရတယ်။”

စစ်ပွဲတွေကြောင့် Kyiv မြို့ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတချို့ ပြောသွားတာပါ။ သူတို့ကတော့ ယူကရိန်း နိုင်ငံတွင်းမှာပဲ လုံခြုံတဲ့နေရာ တချို့မှာ ခိုလုံနေကြတာပါ။ ဒီလို ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ ၈ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဗုံးကျဲ တိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရပေမဲ့ အိမ်ပြန်ခွင့်ရဖို့ မေ ျှာ်လင့်နေတုန်း ပါပဲလို့ အသက် ၆၀ အရွယ် Olena Rultseva က ပြောပါတယ်။

"အိမ်ပြန်ခွင့်ရဖို့ မေ ျှာ်လင့်ချက်ကတော့ သေချာပေါက် ရှိတာပေါ့။ ဒါပေမဲ့ လောလောဆယ်ကတော့ ပစ်ခတ်မှုတွေ၊ ဗုံးကျဲတာတွေ ရှိနေတော့ ဒီမှာပဲ နေသင့်တယ်လို့ ထင်ပါတယ်။ ဒီမှာက လုံခြုံ တိတ်ဆိတ်တယ်လေ။”

ခိုလုံရေးစခန်းတွေမှာ ရောက်နေကြတဲ့သူ အများစုက ကလေးငယ်တွေ၊ ကလေးမိခင်တွေနဲ့ သက်ကြီး ရွယ်အိုတွေပါ။ ကိုယ့်အိမ်ကိုယ့်ယာမှာ အေးအေးချမ်းချမ်း နေချင်ပေမဲ့လို့ အသက်အန္တရာယ်ကြောင့်သာ မိသားစုတွေ တကွဲတပြားနဲ့ နေရပ်ကနေ ထွက်လာခဲ့ရတာလို့ ဒုက္ခသည် အများစုက ပြောပါတယ်။

"အိမ်ပြန်ချင်တာပေါ့။ ဘယ်မှာမှ မနေချင်ပါဘူး။ ကိုယ့်အိမ် ကိုယ့်နယ်ကိုပဲ ပြန်ချင်တယ်။ ခုတော့ အဲ့ဒီမှာက ဗုံးကျဲတာ၊ မီးလောင်တာတွေ ရှိနေတော့ ပြန်လို့မရဘူး။ အိမ် သိပ် ပြန်ချင်တာပေါ့။”

Ruska Lozova မြို့က Galyna Chystiakova ကတော့ အချိန်အတော်ကြာ မြို့ကနေ မထွက်ဘဲ နေခဲ့ပါသေးတယ်။ နောက်ဆုံး ဘယ်လိုမှ မလုံခြုံတော့တဲ့အခါမှပဲ မြို့က ထွက်ခွာပြီး ခုတော့ ခိုလုံရေး စခန်းတခုမှာ ရောက်နေပါတယ်။

"ဗုံးတွေ ကျဲတဲ့အချိန်တုန်းက မြေအောက်ခန်းထဲမှာပဲ ၂ လလောက်အထိ နေခဲ့ရပါတယ်။ ကျမတို့ မွေးထားတဲ့ ယုန်ကလေးတွေရော၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ သူတို့အမျိုးသားတွေလည်း ပါ ပါတယ်။”

ဖေဖော်ဝါရီလ ၂၄ ရက် ယူကရိန်းကို ရုရှား တပ်ဖွဲ့တွေ ဝင်ရောက် ကျူးကျော် တိုက်ခိုက်ချိန်ကစလို့ ယူကရိန်းနိုင်ငံ တဝန်း မြို့ ကြီး မြို့ငယ် နေရာစုံမှာ အရပ်သားပြည်သူတွေ အများအပြား ခုလို အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရတာပါ။ ခုလို အခြေအနေ ကြုံရဖို့ ဘယ်သူမှ မမေ ျှာ်လင့်ခဲ့ကြပါဘူး။ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တဲ့ Mariupol မြို့ကနေ နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ချက်ရီပတ်ဘလစ်နိုင်ငံကို ထွက်ပြေးလာတဲ့ ကလေးနှစ်ယောက်မိခင် Alisa Artiukh က သူ့အတွေ့အကြုံကို ခုလို ပြောပြပါတယ်။

"ဗုံးတွေ နေရာတိုင်း ကျဲနေတော့ ကျမတို့ ဘာလုပ်ရမလဲ မသိတော့ဘူး။ ဗုံးတွေ ကျဲတယ်။ လေကြောင်းကနေလည်း တိုက်တယ်။ မြို့ထဲမှာ အရာအာလုံးက ပေါက်ကွဲနေတာပါပဲ။ ကျမတို့လည်း မြေအောက်မှာ နေတာ ၂ ပတ်လောက် ကြာလာတော့ ဆက်ပြီး ပုန်းနေမလား။ တခုခု ဖြစ်ရင် ကျမတို့ သေကြလိမ့်မယ် ဆိုပြီး မြို့ကထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဝေဖာနဲ့ ကွတ်ကီးမုန့် တချို့ ၊ ပြီးတော့ ရေ နှစ်လီတာလောက် ပါ ယူပြီး ကျန်တာတွေ အားလုံး ထားခဲ့ပြီး ထွက်လာခဲ့တယ်။ ကလေး နှစ်ယောက်ရှိတော့ လိုအပ်တဲ့ စာရွက်စာတမ်းတချို့လည်း ယူလာခဲ့တယ်။”

Mariupol မြို့ကနေ ထွက်ပြေးလာတဲ့ Alisa Artiukh တို့ သားအမိတွေဟာ အခုတော့ ချက် ရီပတ်လစ်နိုင်ငံက ကျေးရွာငယ်လေး တခုမှာ ရောက်နေပါတယ်။ အိမ်ပြန်ဖို့ မဖြစ်နိုင်သေးတဲ့အတွက် ချက် နိုင်ငံမှာပဲ ဘဝသစ်စဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။

"လုံးဝမတူတဲ့ ဘဝသစ်တခုကို ကျနော်တို့ စရမှာပါ။ ချက်ရီပတ်ဘလစ်မှာ နေထိုင်ရတဲ့ အခြေအနေ၊ ကလေးတွေအတွက် ဘယ်လို လူမှု အထောက်အပံ့တွေ ရနိုင်မလဲ ကြည့်ရပါတယ်။ ကျမတို့အတွက်က ကလေးတွေ ပညာ ဆက်သင်နိုင်ဖို့က သိပ် အရေးကြီးပါတယ်။ ဒါကြောင့် ဒီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီတပတ်ထဲမှာပဲ ကျမတို့ နေထိုင်ခွင့် လေ ျှာက်ပါမယ်။ သိပ် မကြာခင် ကလေးတွေ ကျောင်းတက်ခွင့် ရပြီး ဘဝသစ် စနိုင်ဖို့ မေ ျှာ်လင့်ပါတယ်။”

Alisa Artiukh တို့လို နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလုံနေတဲ့ ယူကရိန်း ဒုက္ခသည်ဟာ ပြီးခဲ့တဲ့ ၃ လအတွင်း ၅ သန်းကျော် ရှိတဲ့အကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပိုလန်၊ ရိုမေးနီးယား၊ မော်လ်ဒိုဗာ၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ဘဲလားရုစ်၊ ချက်ရီပတ်ဘလစ် စတဲ့ အိမ်နီးချင်း နိုင်ငံတွေအပြင် ရုရှားနိုင်ငံဘက် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေလည်း အများအပြား ရှိပါတယ်။ နယ်စပ်ဖြတ်ကျော် ဒုက္ခသည် အများစုကတော့ ပိုလန်နိုင်ငံမှာ ခိုလုံနေကြတာပါ။ Mariupol မြို့ကနေ ပိုလန်နိုင်ငံကို ထွက်ပြေးလာတဲ့ Natalia Osiuk က အိမ်ပြန်ရဖို့လမ်း မမြင်သေးဘူးလို့ ပြောပါတယ်။

“Mariupol ကို ပြန်လို့ရမှာ မဟုတ်ပါဘူး။ အဲ့ဒီမှာ အရာအားလုံးက ပျက်စီးသွားပါပြီ။ တနေ့ တနေ့ ဗုံး အလုံးပေါင်း ၂၀၀ လောက် အကျဲ ခံခဲ့ရတာပါ။ လေယာဉ်တစီးကို ဗုံး ၆ လုံးလောက် ကျဲပါတယ်။ တနေ့ကို ဗုံး ၂၀၀ လောက် ကျဲနေတာပါ။”

Mariupol မြို့ကတော့ စစ်ပွဲဒဏ်ကို ပြင်းပြင်းထန်ထန် ခံရတဲ့ နေရာတွေထဲက တခုပါ။ မြို့ခံတွေ အတွက်တော့ မြို့ပျက်ကြီးတခုလို ဖြစ်နေတဲ့ သူတို့ရဲ့ မြို့ကို ပြန်ခွင့် ရရင်တောင် ပြန်ထူထောင်ဖို့ လွယ်ဦးမှာ မဟုတ်ပါဘူး။

Irpin မြို့ကနေ Kyiv မြို့ကို ထွက်ပြေးလာတဲ့ အသက် ၄၄ နှစ်အရွယ် Lena Yaroslava ကတော့ စစ်ပွဲကြီး ဒီလောက် အချိန်ကြာပြီး ဆုံးရှုံးမှုတွေ များလိမ့်မယ်လို့ မမေ ျှာ်လင့်ခဲ့ဘူးလို့ ပြောပါတယ်။

"ရေမရှိ၊ လ ျှပ်စစ်မီး မရှိဘဲ ၃ ရက်လောက် နေခဲ့ရတယ်။ စားသောက်ကုန်တွေလည်း ပျက်လုနီးပါး ဖြစ်သွားတယ်။ ဒီအခြေအနေကြီး အမြန်ဆုံး ပြီးသွားဖို့ပဲ မေ ျှာ်လင့်ပါတယ်။”

ဒီအခြေအနေကြီးကို အဆုံးသတ်ချင်တာကတော့ Lena တယောက်တည်း မဟုတ်ပါဘူး။

“ငြိမ်းချမ်းရေး လိုချင်တယ်။ စစ်ပွဲတွေ မလိုလားဘူး။ တိုင်းပြည်ကို လွတ်မြောက်စေချင်တယ်လို့” Irpin မြို့က ထွက်ပြေးလာတဲ့ Svitlana Yurchenko ပြောသွားတာပါ။

တိုက်ခိုက်မှုတွေ ဆက်ရှိနေတာနဲ့အမ ျှ ဒုက္ခသည်တွေကလည်း ဆက်ပြီး ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။ ဒုက္ခသည် အများစုဟာ စိုးရိမ်ထိတ်လန့်မှုတွေ၊ စိတ်ဒဏ်ရာတွေနဲ့ ကြုံခဲ့ကြရတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ရဲ့ ပိုလန်နိုင်ငံ ဆိုင်ရာ ပြောခွင့်ရ Olga Sarrado က ပြောပါတယ်။

“အသစ်ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေကတော့ အများအ ားဖြင့် တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ နေရာတွေက လာကြသူတွေပါ။ တချို့က ဗုံးခိုကျင်းတွေ၊ မြေအောက်ခန်းတွေထဲမှာ သီတင်းပတ်တွေနဲ့ချီ အကြာကြီး နေခဲ့ရပြီး ရောက်လာကြတဲ့သူတွေပါ။ မိသားစု ကျန်ခဲ့တဲ့သူတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ရောက်လာကြတာ များပါတယ်။ ဘယ်သွားလို့ ဘာလုပ်ရမယ် မသိ။ အစောပိုင်းထဲက ထွက်လာတဲ့သူတွေလောက် စီးပွားရေး အလုပ်အကိုင် အဆက်အသွယ် ဆိုတာတွေလည်း မရှိကြပါဘူး။”

ယူကရိန်းကို ရုရှား စတင် တိုက်ခိုက်တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်း ပိုလန် နိုင်ငံ တခုတည်းကို ထွက်ပြေးလာတဲ့ ယူကရိန်း ဒုက္ခသည် ၃ သန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီအထဲမှာ ဒုက္ခသည်အဖြစ် တရားဝင် နေထိုင်ခွင့် မှတ်ပုံတင်ထားသူ ၁ သန်းကျော် ရှိပါတယ်။ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ UNHCR ပိုလန် ဌာနေ ပြောခွင့်ရ Olga Sarrado က ပြောပါတယ်။

“ပိုလန် အစိုးရထံမှာ ဒုက္ခသည်အဖြစ် တရားဝင် စာရင်းပေးတဲ့သူ ၁.၁ သန်း ကျော် ရှိပါတယ်။ ဒီလို စာရင်းပေးတဲ့အတွက် နေထိုင်ခွင့် မှတ်ပုံတင် ထုတ်ပေးသလို၊ လူမှု ဝန်ဆောင်မှုတွေလည်း ရပါတယ်။ အခု တရားဝင် စာရင်းပေးသူတွေထဲမှာ ၉ ၄ % က အမျိုးသမီးနဲ့ ကလေးငယ်တွေပါ။”

ယူကရိန်းမှာ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဆဲပါ။ အထူးသဖြင့် နိုင်ငံ အရှေ့ခြမ်း ဒေသတွေကို ရုရှားတပ်ဖွဲ့တွေက ထိန်းချုပ်ဖို့ ကြိုးစားနေတာနဲ့အမ ျှ အဲ့ဒီဒေသမှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်နေပါတယ်။ စစ်ပွဲကြီးမတိုင်ခင်က ယူကရိန်းနဲ့ လက်ရှိအခြေအနေ ကတော့ အများကြီး ပြောင်းလဲ ကွာခြားသွားခဲ့ပြီ။ တချိန်က တိုးတက်စည်ကားခဲ့တဲ့ မြို့ကြီးတွေ အများအပြား စစ်ပွဲဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ ရတာပါ။ ကလေးငယ်တွေ အပါအဝင် လူတွေ သောင်းနဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်သလို၊ ပြည်တွင်း ပြည်ပမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ သန်းနဲ့ချီ တိုးလာတာလည်း ဖြစ်ပါတယ်။

ဒီစစ်ပွဲကြီး အဆုံး မသတ်နိုင်သေးသ၍၊ ငြိမ်းချမ်း တည်ငြိမ်မှု မရှိသေးသ၍ကတော့ ဒီလို သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရဖို့ကလည်း လွယ်ကူမှာ မဟုတ်ပါဘူး။ စစ်ပွဲပြီးသွားလို့ ကိုယ့်အိမ် ကိုယ်ပြန်ကြရတယ် ရင်တောင် ဆုံးရှုံးခဲ့ရတဲ့ ဘဝတွေ၊ ကြုံတွေ့ခဲ့ရတဲ့ စစ်ရဲ့ အနိဌာရုံတွေနဲ့ စိတ်ဒဏ်ရာတွေကတော့ အချိန်ယူ ကုစားကြရဦးမှာပါ။ စစ်ပွဲ အချိန်ကြာလာတာနဲ့အမ ျှ နေရပ် စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ တနေ့တခြား ပိုများလာနေပြီး သူတို့အတွက် စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်ချက်တွေကလည်း ပိုမို များလာနေတာမို့ ဒီစစ်ပွဲကြီး အမြန်ဆုံး အဆုံးသတ်ဖို့ လိုအပ်နေပြီ ဆိုတာတင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့် ပြုပါ။ ကျမ ခင်ဖြူထွေး ပါရှင်။

XS
SM
MD
LG