သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အနာဂတ္ေရး စိုးရိမ္ေနတဲ့ ျမန္မာဒုကၡသည္ေတြ ဘဝ


ထိုင္း-ျမန္မာနယ္စပ္က ဒုကၡသည္မ်ား

[[ ZAWGYI / UNICODE ]]

အနာဂတ္ေရး စိုးရိမ္ေနတဲ့ ျမန္မာဒုကၡသည္ေတြ ဘဝ

ျမန္မာႏိုင္ငံမွာ တိုက္ပြဲနဲ႔ ႏိုင္ငံေရးပဋိ့ပကၡ အေျခအေနေတြေၾကာင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူဦးေရဟာ ၁ သန္းေက်ာ္သြားၿပီလို႔ UNOCHA ကုလသမဂၢ လူသားခ်င္းစာနာကူညီမႈ ညႇိႏႈိင္းေရး႐ုံးက ထုတ္ျပန္ထားပါတယ္။ အဲဒီထဲမွာ စစ္အာဏာသိမ္းၿပီးေနာက္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူ ၇၆၀,၀၀၀ နီးပါးလည္း ပါဝင္တယ္လို႔ ေဖာ္ျပပါတယ္။ ျမန္မာျပည္တြင္းမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရသူေတြရဲ႕ အေျခအေနနဲ႔ ပတ္သက္လို႔ ရန္ကုန္ကေပးပို႔ထားတဲ့ သတင္းကို ကိုရဲမြန္ ေျပာျပမွာပါ။

ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေဆာင္႐ြက္ေရးအဖြဲ႕ UNOCHA က ျမန္မာႏိုင္ငံမွာ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ဦးေရ ၁ သန္းေက်ာ္ဟာ ေ႐ႊ႕ေျပာင္းေနထိုင္ေနရၿပီး အဲဒီထဲမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ပဋိပကၡနဲ႔ လုံၿခဳံေရးအေျခအေနေၾကာင့္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးရသူ ၇၆၀,၀၀၀ နီးပါးလည္း ပါဝင္တယ္လို႔ ဇြန္လ ၂၈ ရက္မွာ ထုတ္ျပန္ထားပါတယ္။ ဇြန္လထဲမွာ မိုးႀကီးေရလွ်ံတာရဲ႕ ေနာက္ဆက္တြဲ ကခ်င္ျပည္နယ္တြင္းက လူေပါင္း ၆၀၀ ေက်ာ္ကို ကုန္းျမင့္ရာ ေ႐ႊ႕ေျပာင္းေပးခဲ့ရတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးႏိုင္ဖို႔ အခက္အခဲနဲ႔ ကန႔္သတ္မႈေတြရွိတဲ့ၾကားက ဆက္ၿပီးပံ့ပိုးေနတယ္လို႔လည္း ေျပာပါတယ္။ ဒါေပမဲ့ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းဆီကိုေတာ့ အကူအညီေပးေရး လက္လွမ္းမွီႏိုင္ဖို႔ လိုအပ္ေနေသးတယ္လို႔ UNOCHA က ေျပာထားပါတယ္။ စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕မွာေတာ့ အခုရက္ပိုင္းထဲ တိုက္ပြဲမရွိေပမယ့္ ေဒသခံေတြဟာ သူတို႔ရဲ႕ေနအိမ္ဆီကို ျပန္မလာရဲေသးဘူးလို႔ ႐ြာမွာက်န္ခဲ့သူတဦးက ေျပာပါတယ္။

"တခ်ိဳ႕မေျပးဘဲ ပိတ္မိတဲ့ဟာေတြကေတာ့ ဘာမွမလုပ္ဘူး ႐ြာထဲမွာရွိတယ္။ ထြက္ေျပးတဲ့လူေတြကေတာ့ ျပန္မဝင္ရဲၾကဘူး။ ကူညီေထာက္ပံ့မႈကေတာ့ ေဘး႐ြာေတြဆီေျပးၾကေတာ့ နီးရာေဆြမ်ိဳးေတြကပဲ အဲဒီမွာ ခ်က္ျပဳတ္စားေသာက္ ကူညီထားၾကတာရွိတယ္။ တခ်ိဳ႕႐ြာေတြမွာဆို မထင္ရင္မထင္သလို မီးရႈိ႕တယ္။ ဒီၾကားထဲ ႐ြာမွာက်န္ရစ္ခဲ့တဲ့ ပိတ္မိခဲ့တဲ့အမ်ိဳးသမီးေတြကို အဓမၼက်င့္ခံရတယ္ဆိုတာ ေနာက္ပိုင္းၾကားလာၿပီ။ ကိုယ့္ႏိုင္ငံသားအခ်င္းခ်င္းကို ရက္စက္လြန္းအားႀကီးတယ္။ တိုင္းတပါးနဲ႔ အခုဟာက ျဖစ္ပ်က္ေနတာလည္း မဟုတ္ဘူး။ ဒီေလာက္ႀကီး ရက္စက္ယုတ္မာလြန္းအားႀကီးတာေတြကို လုပ္ေနၾကေတာ့ ၾကာလာေတာ့ ျပည္သူေတြလည္း နာလွၿပီ။ ႏိုင္ငံႀကီးလည္း စုတ္ျပတ္သတ္ေနၿပီ။"

ခ်င္းျပည္နယ္ကေန မေကြးတိုင္းဆီ စစ္ေရွာင္လာသူတဦးကေတာ့ ဒုကၡသည္စခန္းမွာ ၁ ႏွစ္ေက်ာ္ၾကာေနထိုင္ရတဲ့ ကာလထဲ အခက္အခဲေပါင္းစုံ ရင္ဆိုင္ရေပမယ့္လည္း ေနအိမ္ျပန္ႏိုင္ဖို႔က အခုခ်ိန္ထိ တိုက္ပြဲေတြရွိေနလို႔ ျပန္မရေသးဘူးလို႔ ေျပာပါတယ္။ အေျခခံစားေသာက္ေရး၊ က်န္းမာေရး အခက္အခဲေတြၾကားမွာ ကေလးငယ္ေတြရဲ႕ ပညာေရးအတြက္လည္း ေရွ႕မဆက္ႏိုင္မွာကို စိုးရိမ္ပူပင္ေနပါတယ္။

"ခ်င္းျပည္ ကန္ပက္လက္ကေန ေျပးလာတာ အခု မေကြးတိုင္း၊ ေဆာၿမိဳ႕နယ္၊ သီးကုန္းစစ္ေရွာင္စခန္းကို ေျပးလာရတာ။ ၂၀၂၁ ေမလကတည္းက ေျပးလာတာ အခုဆို ၁ ႏွစ္နဲ႔ ၁ လေက်ာ္သြားၿပီေပါ့။ အခက္အခဲေပါင္းစုံ ရင္ဆိုင္ေနရတာေပါ့။ တခါတေလ တဖက္အဖြဲ႕က စစ္ေၾကာင္းထိုးလာရင္ ကိုယ္ကလည္း အေတြ႕မခံရဲတဲ့အခါက်ေတာ့ လူႀကီးေရာ ကေလးသူငယ္ေတြကအစ ေျပးလႊားရတဲ့အေျခအေနလည္း ရွိတယ္ေပါ့။ စားနပ္ရိကၡာနဲ႔ ပတ္သက္လို႔ အခက္အခဲေတြလည္း အမ်ားႀကီးပဲေတြ႕တယ္။ ဟိုတေလာကဆိုရင္ က်ေနာ္တို႔ဆီမွာ ဆိုင္ကယ္မေတာ္တဆ အျပင္းအထန္ျဖစ္သြားတာ ေသြးေတြအန္ေပမယ့္ အနီးအနားမွာက ေဆး႐ုံေဆးခန္းေတြ မရွိ။ အမ်ားႀကီးရင္ဆိုင္ရတယ္၊ ေတြ႕ႀကဳံရတယ္၊ အခက္အခဲေတြကေတာ့ ...။"

ျမန္မာႏိုင္ငံက ေက်ာင္းေနအ႐ြယ္ ကေလးငယ္ ေလးသန္းေက်ာ္ဟာ အခုခ်ိန္မွာ ပညာမသင္ၾကားႏိုင္ေသးပါဘူး။ တႏိုင္ငံလုံးလူဦးေရနဲ႔ တစ္ရာခိုင္ႏႈန္းပဲရွိတဲ့ ခ်င္းျပည္နယ္မွာဆိုရင္လည္း စစ္ေကာင္စီရဲ႕ဖိႏွိပ္မႈေတြေၾကာင့္ လူဦးေရအမ်ားအျပားက စစ္ေဘးေရွာင္ေနရတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းဇာအုပ္က ဗြီအိုေအကို ေျပာပါတယ္။

"တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း တႏွစ္အတြင္းမွာ ခ်င္းျပည္နယ္ကေန စြန႔္ခြာထြက္ေျပးသြားရတဲ့ သူေတြလည္းရွိသလို ခ်င္းျပည္နယ္တြင္းမွာ ဒုကၡေရာက္ေနတဲ့ IDP ေတြလည္းမ်ားတယ္။ ရာခိုင္ႏႈန္းနဲ႔ ျပန္ၾကည့္မယ္ဆိုရင္လည္း ၂၀ ရာခိုင္ႏႈန္းေလာက္က ခ်င္းျပည္နယ္ကေန စစ္ေဘးေရွာင္ အေျခအေနကို ေရာက္ေနတယ္။ ဒီလိုမ်ိဳး ခ်င္းလူမ်ိဳးေတြကို၊ ခ်င္းေဒသေတြကို ပစ္မွတ္ထားၿပီးေတာ့ စစ္တပ္က ဒီလိုမ်ိဳးလုပ္ရတာက က်ေနာ္တို႔ျပည္သူေတြက ေတာ္ေတာ္ေလး ခံစားရတာေပါ့ေနာ္။"

မုတ္သုံရာသီမွာ ကူးစက္ေရာဂါ ျပန႔္ပြားမႈ တိုးလာမယ့္အေပၚ အေျခခံက်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔ ႀကိဳတင္ကာကြယ္ေရး ေဆာင္႐ြက္ခ်က္ေတြကိုလည္း အေရးေပၚလုပ္ေဆာင္ဖို႔ လိုအပ္ေနပါတယ္။ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ေနရသူေတြနဲ႔ ထိခိုက္ခံစားခဲ့ရသူ အမ်ားစုဆီကို လူသားခ်င္းစာနာမႈ အကူအညီေတြေပးႏိုင္ဖို႔က အကန႔္အသတ္ေတြရွိေနလို႔ အခုခ်ိန္ထိ စစ္ေဘးဒုကၡသည္ေတြမွာ အေျခခံလိုအပ္ခ်က္ေတြကိုေတာင္ မျဖည့္တင္းႏိုင္တဲ့ အခက္အခဲေတြ ရင္ဆိုင္ေနရပါတယ္။

အနာဂတ္ေရး စိုးရိမ္ေနတဲ့ ျမန္မာဒုကၡသည္ေတြ ဘဝ
please wait

No media source currently available

0:00 0:04:22 0:00
တိုက္႐ိုက္ လင့္ခ္

===================

{{ UNICODE }}

အနာဂတ်ရေး စိုးရိမ်နေတဲ့ မြန်မာဒုက္ခသည်တွေ ဘဝ

မြန်မာနိုင်ငံမှာ တိုက်ပွဲနဲ့ နိုင်ငံရေးပဋိ့ပက္ခ အခြေအနေတွေကြောင့် ရွှေ့ပြောင်းနေထိုင်သူဦးရေဟာ ၁ သန်းကျော်သွားပြီလို့ UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၇၆၀,၀၀၀ နီးပါးလည်း ပါဝင်တယ်လို့ ဖော်ပြပါတယ်။ မြန်မာပြည်တွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုရဲမွန် ပြောပြမှာပါ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA က မြန်မာနိုင်ငံမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်ဦးရေ ၁ သန်းကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရပြီး အဲဒီထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၇၆၀,၀၀၀ နီးပါးလည်း ပါဝင်တယ်လို့ ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဇွန်လထဲမှာ မိုးကြီးရေလျှံတာရဲ့ နောက်ဆက်တွဲ ကချင်ပြည်နယ်တွင်းက လူပေါင်း ၆၀၀ ကျော်ကို ကုန်းမြင့်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ဖို့ အခက်အခဲနဲ့ ကန့်သတ်မှုတွေရှိတဲ့ကြားက ဆက်ပြီးပံ့ပိုးနေတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဆီကိုတော့ အကူအညီပေးရေး လက်လှမ်းမှီနိုင်ဖို့ လိုအပ်နေသေးတယ်လို့ UNOCHA က ပြောထားပါတယ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာတော့ အခုရက်ပိုင်းထဲ တိုက်ပွဲမရှိပေမယ့် ဒေသခံတွေဟာ သူတို့ရဲ့နေအိမ်ဆီကို ပြန်မလာရဲသေးဘူးလို့ ရွာမှာကျန်ခဲ့သူတဦးက ပြောပါတယ်။

"တချို့မပြေးဘဲ ပိတ်မိတဲ့ဟာတွေကတော့ ဘာမှမလုပ်ဘူး ရွာထဲမှာရှိတယ်။ ထွက်ပြေးတဲ့လူတွေကတော့ ပြန်မဝင်ရဲကြဘူး။ ကူညီထောက်ပံ့မှုကတော့ ဘေးရွာတွေဆီပြေးကြတော့ နီးရာဆွေမျိုးတွေကပဲ အဲဒီမှာ ချက်ပြုတ်စားသောက် ကူညီထားကြတာရှိတယ်။ တချို့ရွာတွေမှာဆို မထင်ရင်မထင်သလို မီးရှို့တယ်။ ဒီကြားထဲ ရွာမှာကျန်ရစ်ခဲ့တဲ့ ပိတ်မိခဲ့တဲ့အမျိုးသမီးတွေကို အဓမ္မကျင့်ခံရတယ်ဆိုတာ နောက်ပိုင်းကြားလာပြီ။ ကိုယ့်နိုင်ငံသားအချင်းချင်းကို ရက်စက်လွန်းအားကြီးတယ်။ တိုင်းတပါးနဲ့ အခုဟာက ဖြစ်ပျက်နေတာလည်း မဟုတ်ဘူး။ ဒီလောက်ကြီး ရက်စက်ယုတ်မာလွန်းအားကြီးတာတွေကို လုပ်နေကြတော့ ကြာလာတော့ ပြည်သူတွေလည်း နာလှပြီ။ နိုင်ငံကြီးလည်း စုတ်ပြတ်သတ်နေပြီ။"

ချင်းပြည်နယ်ကနေ မကွေးတိုင်းဆီ စစ်ရှောင်လာသူတဦးကတော့ ဒုက္ခသည်စခန်းမှာ ၁ နှစ်ကျော်ကြာနေထိုင်ရတဲ့ ကာလထဲ အခက်အခဲပေါင်းစုံ ရင်ဆိုင်ရပေမယ့်လည်း နေအိမ်ပြန်နိုင်ဖို့က အခုချိန်ထိ တိုက်ပွဲတွေရှိနေလို့ ပြန်မရသေးဘူးလို့ ပြောပါတယ်။ အခြေခံစားသောက်ရေး၊ ကျန်းမာရေး အခက်အခဲတွေကြားမှာ ကလေးငယ်တွေရဲ့ ပညာရေးအတွက်လည်း ရှေ့မဆက်နိုင်မှာကို စိုးရိမ်ပူပင်နေပါတယ်။

"ချင်းပြည် ကန်ပက်လက်ကနေ ပြေးလာတာ အခု မကွေးတိုင်း၊ ဆောမြို့နယ်၊ သီးကုန်းစစ်ရှောင်စခန်းကို ပြေးလာရတာ။ ၂၀၂၁ မေလကတည်းက ပြေးလာတာ အခုဆို ၁ နှစ်နဲ့ ၁ လကျော်သွားပြီပေါ့။ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရတာပေါ့။ တခါတလေ တဖက်အဖွဲ့က စစ်ကြောင်းထိုးလာရင် ကိုယ်ကလည်း အတွေ့မခံရဲတဲ့အခါကျတော့ လူကြီးရော ကလေးသူငယ်တွေကအစ ပြေးလွှားရတဲ့အခြေအနေလည်း ရှိတယ်ပေါ့။ စားနပ်ရိက္ခာနဲ့ ပတ်သက်လို့ အခက်အခဲတွေလည်း အများကြီးပဲတွေ့တယ်။ ဟိုတလောကဆိုရင် ကျနော်တို့ဆီမှာ ဆိုင်ကယ်မတော်တဆ အပြင်းအထန်ဖြစ်သွားတာ သွေးတွေအန်ပေမယ့် အနီးအနားမှာက ဆေးရုံဆေးခန်းတွေ မရှိ။ အများကြီးရင်ဆိုင်ရတယ်၊ တွေ့ကြုံရတယ်၊ အခက်အခဲတွေကတော့ ...။"

မြန်မာနိုင်ငံက ကျောင်းနေအရွယ် ကလေးငယ် လေးသန်းကျော်ဟာ အခုချိန်မှာ ပညာမသင်ကြားနိုင်သေးပါဘူး။ တနိုင်ငံလုံးလူဦးရေနဲ့ တစ်ရာခိုင်နှုန်းပဲရှိတဲ့ ချင်းပြည်နယ်မှာဆိုရင်လည်း စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့် လူဦးရေအများအပြားက စစ်ဘေးရှောင်နေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဇာအုပ်က ဗွီအိုအေကို ပြောပါတယ်။

"တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တနှစ်အတွင်းမှာ ချင်းပြည်နယ်ကနေ စွန့်ခွာထွက်ပြေးသွားရတဲ့ သူတွေလည်းရှိသလို ချင်းပြည်နယ်တွင်းမှာ ဒုက္ခရောက်နေတဲ့ IDP တွေလည်းများတယ်။ ရာခိုင်နှုန်းနဲ့ ပြန်ကြည့်မယ်ဆိုရင်လည်း ၂၀ ရာခိုင်နှုန်းလောက်က ချင်းပြည်နယ်ကနေ စစ်ဘေးရှောင် အခြေအနေကို ရောက်နေတယ်။ ဒီလိုမျိုး ချင်းလူမျိုးတွေကို၊ ချင်းဒေသတွေကို ပစ်မှတ်ထားပြီးတော့ စစ်တပ်က ဒီလိုမျိုးလုပ်ရတာက ကျနော်တို့ပြည်သူတွေက တော်တော်လေး ခံစားရတာပေါ့နော်။"

မုတ်သုံရာသီမှာ ကူးစက်ရောဂါ ပြန့်ပွားမှု တိုးလာမယ့်အပေါ် အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်တွေကိုလည်း အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေနဲ့ ထိခိုက်ခံစားခဲ့ရသူ အများစုဆီကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့က အကန့်အသတ်တွေရှိနေလို့ အခုချိန်ထိ စစ်ဘေးဒုက္ခသည်တွေမှာ အခြေခံလိုအပ်ချက်တွေကိုတောင် မဖြည့်တင်းနိုင်တဲ့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

XS
SM
MD
LG