သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ အမ်ဳိးသမီးေတြမဲေပးခြင့္ ႏွစ္ရာျပည့္အထိမ္းအမွတ္ ျမန္မာအမ်ဳိးသမီးေတြ ေဆြးေႏြး


"ျမန္မာႏိုင္ငံက အမ်ိဴးသမီးေတြရဲ႕ အခြင့္အေရးနဲ႔ ႏိုင္ငံေရးျဖစ္စဥ္ေတြအေၾကာင္း" စကားဝိုင္း။ (ဓာတ္ပံု - American Center, Yangon -ၾသဂုတ္ ၁၄၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ အမ်ိဳးသမီးေတြကို မဲေပးခြင့္ျပဳတဲ့ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္ျမန္မာအမ်ိဳးသမီးေရး လႈပ္ရွားသူေတြရဲ႕ ဒီကေန႔ေဆြးေႏြးၾကတဲ့ "ျမန္မာႏိုင္ငံက အမ်ိဴးသမီးေတြရဲ႕ အခြင့္အေရးနဲ႔ ႏိုင္ငံေရးျဖစ္စဥ္ေတြအေၾကာင္း" စကားဝိုင္းကို ေျပာျပေပးပါမယ္။

၂၀၂၀ ျပည့္ႏွစ္ ဒီလ ၾသဂုတ္လဟာ အေမရိကန္ျပည္ေထာင္စုမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ၁၉ ႀကိမ္ေျမာက္ျပင္ဆင္ၿပီး အမ်ိဳးသမီးေတြ မဲေပးပိုင္ခြင့္ကို ခြင့္ျပဳေပးခဲ့တဲ့ ၁၉၂၀ျပည့္ႏွစ္ကစလို႔- ႏွစ္ေပါင္း ၁၀၀ တင္းတင္းျပည့္တဲ့ ႏွစ္ပတ္လည္ေန႔ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ အမ်ိဳးသမီးေတြ မဲေပးပိုင္ခြင့္ရရွိေရး မ်ိဳးဆက္ေလးဆက္တိုင္ တိုက္ပြဲဝင္ခဲ့ၾကရတာမို႔ ျမန္မာႏိုင္ငံမွာ အမ်ိဳးသမီးေတြ ႏိုင္ငံေရးအခန္းက႑ေတြမွာ တန္းတူပါဝင္ခြင့္ရွိဖို႔ အေရးႀကီးတဲ့အေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ုံးဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ႏိုင္ငံေရးျဖစ္စဥ္မွာ အမ်ိဳးသမီးေတြ ညီတူညီမွ်တန္းတူ ပါဝင္ခြင့္ရရွိေရးဟာ ေကာင္းမြန္တဲ့ လူ႔အဖြဲ႕အစည္း ျဖစ္ထြန္းေပၚေပါက္ဖို႔နဲ႔ ဒီမိုကေရစီစနစ္ခိုင္ၿမဲေရး ႏွစ္ ၁၀၀ ျပည့္အထိမ္းအမွတ္ ဒီကေန႔ ၾသဂုတ္လ ၁၄ ရက္ေန႔မွာ “ျမန္မာႏိုင္ငံရွိ အမ်ိဳးသမီးမ်ား၏ အခြင့္အေရးမ်ားႏွင့္ ႏိုင္ငံေရးျဖစ္စဥ္” ဆိုတဲ့ေခါင္းစဥ္နဲ႔ အမ်ိဳးသမီးေရးလႈပ္ရွားသူေတြရဲ႕ စကားဝိုင္းက်င္းပခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ အမ်ိဳးသမီးေတြ မဲေပးပိုင္ခြင့္ရွိေရး ေတာင္းဆို တိုက္ပြဲဝင္ခဲ့ၾကရသလို ျမန္မာႏိုင္ငံတြင္းမွာရွိတဲ့ အမ်ိဳးသမီးေတြ ႏိုင္ငံေရးအခန္းက႑ေတြမွာ ပါဝင္ခြင့္ရေရးအတြက္လည္း အခုခ်ိန္အထိ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရဆဲျဖစ္တဲ့ အေၾကာင္း အဓိက ေဆြးေႏြးျဖစ္ခဲ့တယ္လို႔ အဲ့ဒီ့စကားဝိုင္းမွာ ဦးေဆာင္ေဆြးေႏြးခဲ့သူတဦးျဖစ္တဲ့ အမ်ိဳးသမီးအခြင့္အေရး လႈပ္ရွားေတာင္းဆိုတဲ့အဖြဲ႕ျဖစ္တဲ့ Triangle Women အဖြဲ႕တည္ေထာင္သူ မခင္ေလးက ဗြီအိုေအျမန္မာပိုင္းကိုေျပာျပပါတယ္။

"အေမရိကန္ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ the 19th Amendment ေပါ့ အမ်ိဳးသမီးေတြ မဲေပးပိုင္ခြင့္ရဖို႔အတြက္ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ခ်က္ (၁၉) ႀကိမ္ေျမာက္ ႏွစ္ ၁၀၀ ျပည့္ေပါ့ေနာ္ ဒီ ႏွစ္ ၁၀၀ ျပည့္မွာ အမ်ိဳးသမီးေတြ မဲေပးခြင့္ရဖို႔အတြက္ ႀကိဳးစားခဲ့ၾကရတဲ့ႏွစ္၁၀၀ျပည့္ကို က်မတို႔က ဂုဏ္ျပဳတဲ့အေနနဲ႔ ေဆြးေႏြးၾကတာျဖစ္ပါတယ္။ က်မတို႔မွာ စိန္ေခၚခ်က္ေတြမွာက မတူဘူးေပါ့ေနာ္။ ႏိုင္ငံေရးမွာပါဝင္ခြင့္ရဖို႔ ကန႔္သတ္ထားတာေတြ လက္ရွိျဖစ္ေနတဲ့ အေနအထားေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ေခတ္စနစ္အရ အရင္ကထက္ေတာ့ က်မတို႔ ႏိုင္ငံေရးမွာပါဝင္ခြင့္ရတယ္။ ဒါကလည္း အမ်ိဳးသမီးေတြရဲ႕ေတာင္းဆိုမႈေတြနဲ႔ ေျပာင္းလဲလာတဲ့ အေျခအေနအရ မျဖစ္မေန မတတ္သာလို႔ ေပးလိုက္ရတဲ့အေနအထားမ်ိဳးမဟုတ္ပဲ တကယ့္အဓိပၸါယ္ရွိတဲ့ ပါဝင္မႈရွိလာေအာင္ အမ်ိဳးသမီးေတြရဲ႕ေဆြးေႏြးခ်က္ အယူအဆ စိတ္ကူးစိတ္သန္းေတြကို တကယ္ထည့္သြင္းအသုံးျပဳတဲ့ ျဖစ္စဥ္ေတြျဖစ္လာဖို႔အတြက္ က်မတို႔ေတြ အမ်ားႀကီး ႀကိဳးစားၾကရဦးမယ္ဆိုတာေတြကိုက်မတို႔ျခံဳၿပီးေတာ့ ေျပာျဖစ္ခဲ့ပါတယ္။"

ႏိုင္ငံေရးျဖစ္စဥ္ေတြ ႏိုင္ငံေရးရဲ႕ အေျပာင္းအလဲေဖာ္ေဆာင္မႈေတြနဲ႔ အေရးႀကီးတဲ့အခန္းက႑ေတြမွာ တိုင္းရင္းေဒသေတြက အမ်ိဴးသမီးေတြရဲ႕ ပူးေပါင္းပါဝင္ခြင့္ရႏိုင္ေရးက အေရးႀကီးတဲ့အေၾကာင္း စကားဝိုင္းမွာ ဦးေဆာင္ေဆြးေႏြးခဲ့သူတဦးျဖစ္တဲ့ ကခ်င္ျပည္နယ္ အမ်ိဳးသမီးမ်ားကြန္ရက္ ေဒၚနန္ပူကလည္း ဗြီအိုေအကိုေျပာပါတယ္။

"လက္ရွိ တိုင္းရင္းသားေဒသမွာရွိတဲ့ အမ်ိဳးသမီးေတြရဲ႕ ႏိုင္ငံေရးမွာ ပါဝင္ခြင့္နဲ႔ မဲေပးခြင့္နဲ႔ပတ္သက္တာေတြ ေနာက္ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့မွ အမ်ိဳးသမီးေတြ အခြင့္အေရးေတြ ဆုံးရႈံးခဲ့တာေတြကို က်မ ေဆြးေႏြးခဲ့တာပါ။ အမ်ိဳးသမီးဆိုတာနဲ႔ အမ်ိဳးသမီးေတြရဲ႕ ႏိုင္ငံေရးမွာ ပါဝင္ခြင့္ဆိုတဲ့ေနရာမွာ လႊတ္ေတာ္ထဲမွာ အမ်ိဳးသမီးေတြ မ်ားမ်ားပါဝင္မွသာလွ်င္ ႏိုင္ငံမွာရွိတဲ့ အမ်ိဳးသမီးေတြရဲ႕အေရးကိစၥကို အဲ့ဒီ့အမ်ိဳးသမီးေတြကသာ လုပ္ေဆာင္လာႏိုင္မယ္ဆိုတာရယ္ ေနာက္ အမ်ိဳးသမီးေတြ မဲေပးပိုင္ခြင့္ရွိဖို႔အတြက္ မဲစာရင္းေတြကို သြားၾကည့္သင့္တယ္ဆိုတဲ့အခ်က္ရယ္ ဒါမွ အမ်ိဳးသမီးေတြရဲ႕ ပါဝင္မႈမ်ားလာမွ အမ်ိဳးသမီးေတြရဲ႕အေရးကိစၥေတြကို ပိုလုပ္ေဆာင္ေပးႏုိင္မႈ ရွိလာမယ္။ ေအာက္ေျခက အေျခအေနေတြကိုလည္း အမ်ိဳးသမီးေတြနဲ႔ ေဒသကိုယ္စားလွယ္ေတြက အေျခအေနကိုပိုသိတယ္။ သူတို႔ကိုယ္တိုင္ေ႐ြးေကာက္ တင္ေျမႇာက္ခံရမွလည္း ျပႆနာေတြ ကိုေျဖရွင္းႏိုင္မယ္။ လက္နက္ကိုင္ပဋိပကၡေတြျဖစ္တဲ့ေနရာေတြမွာလည္း အမ်ိဳးသမီးကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္ဖို႔ ယာထားတဲ့ေနရာေတြမွာ ေ႐ြးေကာက္ပြဲ မျဖစ္ခဲ့ရင္လည္း လႊတ္ေတာ္ထဲမွာ တိုင္းရင္းသားအမ်ိဳးသမီးေတြရဲ႕ ပါဝင္ခြင့္ကလည္း အခြင့္အလမ္းေတြနည္းလာမွာကိုလည္း စိုးရိမ္မႈေတြရွိပါတယ္။"

"ျမန္မာႏိုင္ငံက အမ်ိဴးသမီးေတြရဲ႕ အခြင့္အေရးနဲ႔ ႏိုင္ငံေရးျဖစ္စဥ္ေတြအေၾကာင္း" စကားဝိုင္း။ (ဓာတ္ပံု - American Center, Yangon -ၾသဂုတ္ ၁၄၊ ၂၀၂၀)
"ျမန္မာႏိုင္ငံက အမ်ိဴးသမီးေတြရဲ႕ အခြင့္အေရးနဲ႔ ႏိုင္ငံေရးျဖစ္စဥ္ေတြအေၾကာင္း" စကားဝိုင္း။ (ဓာတ္ပံု - American Center, Yangon -ၾသဂုတ္ ၁၄၊ ၂၀၂၀)

ႏိုင္ငံရဲ႕ စနစ္မူဝါဒေတြကို ေဖာ္ေဆာင္ဦးေဆာင္ေပးႏိုင္မယ့္ အုပ္ခ်ဳပ္မႈစနစ္အေျပာင္းအလဲမွာ အေရးႀကီးတဲ့ေ႐ြးေကာက္ပြဲေတြမွာ အမ်ိဳးသမီးေတြတင္သာမက မသန္စြမ္းေတြအပါအဝင္ အားလုံးတန္းတူ ပူးေပါင္းပါဝင္ႏိုင္ေရး မဲေပးခြင့္မဆုံးရႈံးေစေရး အစိုးရတာဝန္ရွိသူေတြနဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ တာဝန္ရွိသူေတြဘက္က စနစ္က်တဲ့အစီအမံေတြ ေဆာင္႐ြက္ေပးသင့္တယ္လို႔လည္း ဦးေဆာင္ေဆြးေႏြးသူတဦးျဖစ္တဲ့ ေရာင္ျခည္သစ္အဖြဲ႕တည္ေထာင္သူ မခင္လွက စကားဝိုင္းမွာ အခုလိုေဆြးေႏြးပါတယ္။

"အဓိက ပထမဆုံး ေ႐ြးေကာက္ပြဲမွာ အမ်ိဳးသမီးေတြ ပါဝင္ခြင့္ဆိုရင္ မဲေပးႏိုင္ဖို႔ မဲစာရင္းမွာပါကိုပါရမယ္။ ေ႐ြးေကာက္ပြဲေတြကို တိုင္းတာတဲ့အခါမွာလည္း အားလုံးပါဝင္ေရးဆိုတာကလည္း က်မတို႔က အခ်က္တခ်က္ျဖစ္တယ္။ အခုဆိုရင္ မသန္စြမ္းသူေတြပါ ေ႐ြးေကာက္ပြဲကို ဝင္ၿပိဳင္ခြင့္ရလာတယ္။ ဒါဟာလည္း အင္မတန္ေကာင္းတဲ့ အခ်က္တခ်က္ျဖစ္လာပါတယ္။ ေနာက္ မသန္စြမ္းသူေတြ မဲေပးခြင့္သူေတြ ျမန္မာႏိုင္ငံမွာ အမ်ားႀကီးရွိတယ္။ ဆိုေတာ့ ဒီလူေတြ မဲေပးခြင့္မဆုံးရႈံးေအာင္ ဒီလူေတြ မဲ႐ုံကိုလာႏိုင္ေအာင္ ဘယ္လိုလုပ္မလဲ အထူးသျဖင့္ ကိုဗစ္ကာလျဖစ္ေနတဲ့အတြက္ သူတို႔အတြက္ ႀကိဳတင္ စဥ္းစားေပးရမွာျဖစ္လာတယ္။ ၿပီးရင္ မဲစာရင္းမွာ ေရးထားတဲ့ အခ်က္အလက္ေတြကို မျမင္တဲ့ အျမင္အာ႐ုံအားနည္းတဲ့သူေတြအတြက္ ဘယ္လို လက္ကမ္းစာေစာင္ေတြ လုပ္ေပးသင့္လဲ။ စသျဖင့္ အစီအမံေတြကို အမ်ားႀကီးစီစဥ္ေပးစရာလိုပါတယ္။ ၿပီးရင္တိုင္းရင္းသားေဒသေတြမွာ ဒီမဲလက္မွတ္ပါတာေတြကို ျမန္မာစာကို နားလည္ခ်င္မွ လည္မယ္။ အဲ့တာေတြကိုလည္း ဘယ္လိုနားလည္ေအာင္ လုပ္ေပးမလဲေပါ့။ က်မတို႔အေနနဲ႔ အားလုံးပါဝင္ခြင့္All Inclusive လူတိုင္းပါဝင္ခြင့္ စံသတ္မွတ္ခ်က္ကို ႏိုင္ငံေတာ္က ဘယ္ေလာက္လုပ္ေပးႏိုင္မလဲ တိုင္းရင္းသားေတြမွာလည္း ဘာသာစကားအခက္အခဲရွိသူေတြ မဲေပးခြင့္ေတြ မဆုံးရႈံးရေအာင္ ဘယ္လိုလုပ္ေပးမလဲဆိုတဲ့ အစီအမံေတြက အင္မတန္မွာ အေရးႀကီးပါတယ္။"

အေမရိကန္ျပည္ေထာင္စုမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒကို (၁၉) ႀကိမ္ေျမာက္ျပင္ဆင္ၿပီး အမ်ိဳးသမီးေတြ မဲေပးပိုင္ခြင့္ကိုခြင့္ျပဳေပးခဲ့တဲ့ ႏွစ္ေပါင္း ၁၀၀ တင္းတင္းျပည့္တဲ့ ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ စကားဝိုင္းမွာအေမရိကန္ျပည္ေထာင္စုမွာ အမ်ိဳးသမီးေတြ ႏိုင္ငံေရးအခန္းက႑ေတြမွာ ပါဝင္ခြင့္ရေရး အထူးသျဖင့္ အေမရိကန္အမ်ိဳးသမီးေတြ တန္းတူညီမွ်မဲေပးပိုင္ခြင့္ အခြင့္အေရးေတာင္းဆိုခဲ့ၾကတဲ့ အေၾကာင္းအေမရိကန္သံ႐ုံးတာဝန္ရွိသူေတြဘက္ကလည္း မိတ္ဆက္ပါဝင္ေဆြးေႏြးခဲ့ၾကပါတယ္။ အမ်ိဳးသမီးေရွ႕ေဆာင္ရပ္ဝန္း (Women's Initiatives Platform) ဦးေဆာင္သူ မ Lway Aye Nang က Moderator အျဖစ္ စီစဥ္တင္ဆက္ေပးတဲ့ ဒီအမ်ိဳးသမီးေရး လႈပ္ရွားသူေတြရဲ႕စကားဝိုင္းကို ရန္ကုန္အေမရိကန္စင္တာနဲ႔ ဂ်က္ဖာဆင္စင္တာ မႏၲေလးတို႔ရဲ႕ FB လူမႈကြန္ရက္စာမ်က္ႏွာေပ့ခ်္ကေန တိုက္႐ိုက္ လႊင့္ေပးခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်မှာ အမျိုးသမီးတွေမဲပေးခွင့် နှစ်ရာပြည့်အထိမ်းအမှတ် မြန်မာအမျိုးသမီးတွေ ဆွေးနွေး

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေကို မဲပေးခွင့်ပြုတဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်မြန်မာအမျိုးသမီးရေး လှုပ်ရှားသူတွေရဲ့ ဒီကနေ့ဆွေးနွေးကြတဲ့ "မြန်မာနိုင်ငံက အမျိူးသမီးတွေရဲ့ အခွင့်အရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေအကြောင်း" စကားဝိုင်းကို ပြောပြပေးပါမယ်။

၂၀၂၀ ပြည့်နှစ် ဒီလ သြဂုတ်လဟာ အမေရိကန်ပြည်ထောင်စုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉ ကြိမ်မြောက်ပြင်ဆင်ပြီး အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ကို ခွင့်ပြုပေးခဲ့တဲ့ ၁၉၂၀ပြည့်နှစ်ကစလို့- နှစ်ပေါင်း ၁၀၀ တင်းတင်းပြည့်တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရရှိရေး မျိုးဆက်လေးဆက်တိုင် တိုက်ပွဲဝင်ခဲ့ကြရတာမို့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ နိုင်ငံရေးအခန်းကဏ္ဍတွေမှာ တန်းတူပါဝင်ခွင့်ရှိဖို့ အရေးကြီးတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးဘက်က သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ညီတူညီမျှတန်းတူ ပါဝင်ခွင့်ရရှိရေးဟာ ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ထွန်းပေါ်ပေါက်ဖို့နဲ့ ဒီမိုကရေစီစနစ်ခိုင်မြဲရေး နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့မှာ “မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အခွင့်အရေးများနှင့် နိုင်ငံရေးဖြစ်စဉ်” ဆိုတဲ့ခေါင်းစဉ်နဲ့ အမျိုးသမီးရေးလှုပ်ရှားသူတွေရဲ့ စကားဝိုင်းကျင်းပခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရှိရေး တောင်းဆို တိုက်ပွဲဝင်ခဲ့ကြရသလို မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အမျိုးသမီးတွေ နိုင်ငံရေးအခန်းကဏ္ဍတွေမှာ ပါဝင်ခွင့်ရရေးအတွက်လည်း အခုချိန်အထိ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ အကြောင်း အဓိက ဆွေးနွေးဖြစ်ခဲ့တယ်လို့ အဲ့ဒီ့စကားဝိုင်းမှာ ဦးဆောင်ဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားတောင်းဆိုတဲ့အဖွဲ့ဖြစ်တဲ့ Triangle Women အဖွဲ့တည်ထောင်သူ မခင်လေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပြပါတယ်။

"အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ the 19th Amendment ပေါ့ အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက် (၁၉) ကြိမ်မြောက် နှစ် ၁၀၀ ပြည့်ပေါ့နော် ဒီ နှစ် ၁၀၀ ပြည့်မှာ အမျိုးသမီးတွေ မဲပေးခွင့်ရဖို့အတွက် ကြိုးစားခဲ့ကြရတဲ့နှစ်၁၀၀ပြည့်ကို ကျမတို့က ဂုဏ်ပြုတဲ့အနေနဲ့ ဆွေးနွေးကြတာဖြစ်ပါတယ်။ ကျမတို့မှာ စိန်ခေါ်ချက်တွေမှာက မတူဘူးပေါ့နော်။ နိုင်ငံရေးမှာပါဝင်ခွင့်ရဖို့ ကန့်သတ်ထားတာတွေ လက်ရှိဖြစ်နေတဲ့ အနေအထားတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ခေတ်စနစ်အရ အရင်ကထက်တော့ ကျမတို့ နိုင်ငံရေးမှာပါဝင်ခွင့်ရတယ်။ ဒါကလည်း အမျိုးသမီးတွေရဲ့တောင်းဆိုမှုတွေနဲ့ ပြောင်းလဲလာတဲ့ အခြေအနေအရ မဖြစ်မနေ မတတ်သာလို့ ပေးလိုက်ရတဲ့အနေအထားမျိုးမဟုတ်ပဲ တကယ့်အဓိပ္ပါယ်ရှိတဲ့ ပါဝင်မှုရှိလာအောင် အမျိုးသမီးတွေရဲ့ဆွေးနွေးချက် အယူအဆ စိတ်ကူးစိတ်သန်းတွေကို တကယ်ထည့်သွင်းအသုံးပြုတဲ့ ဖြစ်စဉ်တွေဖြစ်လာဖို့အတွက် ကျမတို့တွေ အများကြီး ကြိုးစားကြရဦးမယ်ဆိုတာတွေကိုကျမတို့ခြုံပြီးတော့ ပြောဖြစ်ခဲ့ပါတယ်။"

နိုင်ငံရေးဖြစ်စဉ်တွေ နိုင်ငံရေးရဲ့ အပြောင်းအလဲဖော်ဆောင်မှုတွေနဲ့ အရေးကြီးတဲ့အခန်းကဏ္ဍတွေမှာ တိုင်းရင်းဒေသတွေက အမျိူးသမီးတွေရဲ့ ပူးပေါင်းပါဝင်ခွင့်ရနိုင်ရေးက အရေးကြီးတဲ့အကြောင်း စကားဝိုင်းမှာ ဦးဆောင်ဆွေးနွေးခဲ့သူတဦးဖြစ်တဲ့ ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက် ဒေါ်နန်ပူကလည်း ဗွီအိုအေကိုပြောပါတယ်။

"လက်ရှိ တိုင်းရင်းသားဒေသမှာရှိတဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့်နဲ့ မဲပေးခွင့်နဲ့ပတ်သက်တာတွေ နောက်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့မှ အမျိုးသမီးတွေ အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာတွေကို ကျမ ဆွေးနွေးခဲ့တာပါ။ အမျိုးသမီးဆိုတာနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့်ဆိုတဲ့နေရာမှာ လွှတ်တော်ထဲမှာ အမျိုးသမီးတွေ များများပါဝင်မှသာလျှင် နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့အရေးကိစ္စကို အဲ့ဒီ့အမျိုးသမီးတွေကသာ လုပ်ဆောင်လာနိုင်မယ်ဆိုတာရယ် နောက် အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရှိဖို့အတွက် မဲစာရင်းတွေကို သွားကြည့်သင့်တယ်ဆိုတဲ့အချက်ရယ် ဒါမှ အမျိုးသမီးတွေရဲ့ ပါဝင်မှုများလာမှ အမျိုးသမီးတွေရဲ့အရေးကိစ္စတွေကို ပိုလုပ်ဆောင်ပေးနိုင်မှု ရှိလာမယ်။ အောက်ခြေက အခြေအနေတွေကိုလည်း အမျိုးသမီးတွေနဲ့ ဒေသကိုယ်စားလှယ်တွေက အခြေအနေကိုပိုသိတယ်။ သူတို့ကိုယ်တိုင်ရွေးကောက် တင်မြှောက်ခံရမှလည်း ပြဿနာတွေ ကိုဖြေရှင်းနိုင်မယ်။ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်တဲ့နေရာတွေမှာလည်း အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ဖို့ ယာထားတဲ့နေရာတွေမှာ ရွေးကောက်ပွဲ မဖြစ်ခဲ့ရင်လည်း လွှတ်တော်ထဲမှာ တိုင်းရင်းသားအမျိုးသမီးတွေရဲ့ ပါဝင်ခွင့်ကလည်း အခွင့်အလမ်းတွေနည်းလာမှာကိုလည်း စိုးရိမ်မှုတွေရှိပါတယ်။"

နိုင်ငံရဲ့ စနစ်မူဝါဒတွေကို ဖော်ဆောင်ဦးဆောင်ပေးနိုင်မယ့် အုပ်ချုပ်မှုစနစ်အပြောင်းအလဲမှာ အရေးကြီးတဲ့ရွေးကောက်ပွဲတွေမှာ အမျိုးသမီးတွေတင်သာမက မသန်စွမ်းတွေအပါအဝင် အားလုံးတန်းတူ ပူးပေါင်းပါဝင်နိုင်ရေး မဲပေးခွင့်မဆုံးရှုံးစေရေး အစိုးရတာဝန်ရှိသူတွေနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေဘက်က စနစ်ကျတဲ့အစီအမံတွေ ဆောင်ရွက်ပေးသင့်တယ်လို့လည်း ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ ရောင်ခြည်သစ်အဖွဲ့တည်ထောင်သူ မခင်လှက စကားဝိုင်းမှာ အခုလိုဆွေးနွေးပါတယ်။

"အဓိက ပထမဆုံး ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ဆိုရင် မဲပေးနိုင်ဖို့ မဲစာရင်းမှာပါကိုပါရမယ်။ ရွေးကောက်ပွဲတွေကို တိုင်းတာတဲ့အခါမှာလည်း အားလုံးပါဝင်ရေးဆိုတာကလည်း ကျမတို့က အချက်တချက်ဖြစ်တယ်။ အခုဆိုရင် မသန်စွမ်းသူတွေပါ ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်ရလာတယ်။ ဒါဟာလည်း အင်မတန်ကောင်းတဲ့ အချက်တချက်ဖြစ်လာပါတယ်။ နောက် မသန်စွမ်းသူတွေ မဲပေးခွင့်သူတွေ မြန်မာနိုင်ငံမှာ အများကြီးရှိတယ်။ ဆိုတော့ ဒီလူတွေ မဲပေးခွင့်မဆုံးရှုံးအောင် ဒီလူတွေ မဲရုံကိုလာနိုင်အောင် ဘယ်လိုလုပ်မလဲ အထူးသဖြင့် ကိုဗစ်ကာလဖြစ်နေတဲ့အတွက် သူတို့အတွက် ကြိုတင် စဉ်းစားပေးရမှာဖြစ်လာတယ်။ ပြီးရင် မဲစာရင်းမှာ ရေးထားတဲ့ အချက်အလက်တွေကို မမြင်တဲ့ အမြင်အာရုံအားနည်းတဲ့သူတွေအတွက် ဘယ်လို လက်ကမ်းစာစောင်တွေ လုပ်ပေးသင့်လဲ။ စသဖြင့် အစီအမံတွေကို အများကြီးစီစဉ်ပေးစရာလိုပါတယ်။ ပြီးရင်တိုင်းရင်းသားဒေသတွေမှာ ဒီမဲလက်မှတ်ပါတာတွေကို မြန်မာစာကို နားလည်ချင်မှ လည်မယ်။ အဲ့တာတွေကိုလည်း ဘယ်လိုနားလည်အောင် လုပ်ပေးမလဲပေါ့။ ကျမတို့အနေနဲ့ အားလုံးပါဝင်ခွင့်All Inclusive လူတိုင်းပါဝင်ခွင့် စံသတ်မှတ်ချက်ကို နိုင်ငံတော်က ဘယ်လောက်လုပ်ပေးနိုင်မလဲ တိုင်းရင်းသားတွေမှာလည်း ဘာသာစကားအခက်အခဲရှိသူတွေ မဲပေးခွင့်တွေ မဆုံးရှုံးရအောင် ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ အစီအမံတွေက အင်မတန်မှာ အရေးကြီးပါတယ်။"

အမေရိကန်ပြည်ထောင်စုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို (၁၉) ကြိမ်မြောက်ပြင်ဆင်ပြီး အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ကိုခွင့်ပြုပေးခဲ့တဲ့ နှစ်ပေါင်း ၁၀၀ တင်းတင်းပြည့်တဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ် စကားဝိုင်းမှာအမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးတွေ နိုင်ငံရေးအခန်းကဏ္ဍတွေမှာ ပါဝင်ခွင့်ရရေး အထူးသဖြင့် အမေရိကန်အမျိုးသမီးတွေ တန်းတူညီမျှမဲပေးပိုင်ခွင့် အခွင့်အရေးတောင်းဆိုခဲ့ကြတဲ့ အကြောင်းအမေရိကန်သံရုံးတာဝန်ရှိသူတွေဘက်ကလည်း မိတ်ဆက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသမီးရှေ့ဆောင်ရပ်ဝန်း (Women's Initiatives Platform) ဦးဆောင်သူ မ Lway Aye Nang က Moderator အဖြစ် စီစဉ်တင်ဆက်ပေးတဲ့ ဒီအမျိုးသမီးရေး လှုပ်ရှားသူတွေရဲ့စကားဝိုင်းကို ရန်ကုန်အမေရိကန်စင်တာနဲ့ ဂျက်ဖာဆင်စင်တာ မန္တလေးတို့ရဲ့ FB လူမှုကွန်ရက်စာမျက်နှာပေ့ချ်ကနေ တိုက်ရိုက် လွှင့်ပေးခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG