သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံကပ္ေရာဂါကာလ အိမ္တြင္းအၾကမ္းဖက္မႈ ၇ ဆ တိုးလာ


ကခ်င္ျပည္နယ္ စစ္ေရွာင္ဒုကၡသည္စခန္းက ကခ်င္အမ်ိဳးသမီးမ်ား။ (ေအာက္တိုဘာ ၂၉၊ ၂၀၁၃)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါကာလ အမ်ဳိးသမီးေတြ အိမ္တြင္းအၾကမ္းဖက္မႈခံရမႈ သိသိသာသာ တုိးလာေနတယ္လုိ႔ ကုလသမဂၢ အမ်ဳိးသမီးေရးရာ အဖဲြ႔က ေျပာဆုိလုိက္တဲ့ အခ်ိန္မွာပဲ၊ ျမန္မာႏုိင္ငံမွာလည္း ၇ ဆ တုိးလာတဲ့အေၾကာင္း အမ်ဳိးသမီးေရး လႈပ္ရွားမႈအဖဲြ႔ရဲ႕ စစ္တမ္းတခုက ေတြ႔ရွိခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပေပးပါမယ္။

ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါကာလ အမ်ိဳးသမီးေတြ အိမ္တြင္းအၾကမ္းဖက္ခံရမႈေတြ အရင္ႏွစ္ကထက္ ၇ ဆအထိ တိုးလာတယ္လို႔ အမ်ိဳးသမီးအေရးေဆာင္႐ြက္ေနတဲ့ အခရာ အမ်ိဳးသမီးအဖြဲ႔က ထုတ္ျပန္လုိက္တဲ့ အစီရင္ခံစာက ေဖာ္ျပလုိက္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၉ ဇန္န၀ါရီလကေန ေမလအတြင္း အိမ္တြင္းအၾကမ္းဖက္မႈ ၁၈ မႈသာ ရွိခဲ့ေပမဲ့ ဒီႏွစ္ ၂၀၂၀ ျပည့္ႏွစ္အတြင္း အလားတူကာလအတြင္း ၅၁ မႈထက္မနည္း ရွိခဲ့တာ ေတြ႔ရေၾကာင္း ေျပာဆုိခဲ့တာပါ။

အထူးသျဖင့္ ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါကာလ ႀကံဳရခ်ိန္မွာ သြားလာလႈပ္ရွားမႈေတြ ကန္႔သတ္ထားခ်ိန္မွာ အိမ္တြင္းအၾကမ္းဖက္မႈေတြ ပုိေတြ႔ခဲ့ရတယ္လုိ႔လည္း အခရာအမ်ိဳးသမီးအဖြဲ႔ တည္ေထာင္သူ ေဒၚထားထားက ေျပာပါတယ္။

“Hot Line ေတြဘာေတြပါ ၄ ေနရာ၊ ၅ ေနရာေလာက္ ခ်ဲ႕လိုက္ရတယ္။ ၿပီးေတာ့ အမတို႔ ပါတနာေတြနဲ႔ ၉ ေနရာေလာက္မွာေပါ့ေနာ္။ partner ေတြကို Grant ေပးၿပီးေတာ့ေပါ့ေနာ္။ ဘယ္ေနရာေတြမွာ ဘယ္လို အကူအညီေတြေပးႏိုင္ေအာင္ဆိုၿပီးေတာ့ ထည့္လိုက္ရတယ္ ခ်က္ခ်င္းပဲ။ ၿပီးေတာ့ Hot Line ေတြလည္းထည့္လိုက္ရတယ္။ အခုဆိုရင္ေတာ့ အရင္က မတ္လ၊ ဧၿပီ၊ ေမ၊ ဇြန္ေလာက္အထိေပါ့ေနာ္။ ေတာ္ေတာ္တက္တာ ခုေတာ့ အဲ့ဒီေလာက္ထိေတာ့ တက္မလာေတာ့ဘူး။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ႏွစ္ေတြကထက္ေတာ့ တက္ေနေသးတယ္။”

ကုလသမဂၢ အမ်ဳိးသမီးေရး လႈပ္ရွားမႈအဖဲြ႔ကလည္း ကုိဗစ္ကပ္ေရာဂါကာလအတြင္း ကမာၻတ၀န္းက သန္းနဲ႔ခ်ီတဲ့ အမ်ဳိးသမီးေတြ အိမ္တြင္းအၾကမ္းဖက္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရေၾကာင္း ေျပာဆုိထားပါတယ္။ ကပ္ေရာဂါကူးစက္မႈ အႏၱရာယ္ေၾကာင့္ မလုိအပ္ဘဲ အိမ္ျပင္မထြက္ဖုိ႔ ေျပာထားတဲ့အခ်ိန္မွာပဲ လက္တဲြေဖာ္ ဒါမွမဟုတ္ ခင္ပြန္းျဖစ္သူတုိ႔ရဲ႕ လိင္ပုိင္း၊ ႐ုပ္ပုိင္းဆုိင္ရာ အၾကမ္းဖက္ခံရမႈေတြနဲ႔ ရင္ဆုိင္ခဲ့ရသူ အသက္ ၁၅ ႏွစ္ကေန ၄၉ ႏွစ္ၾကား အမ်ိဳးသမီးနဲ႔ မိန္းကေလး ၂၄၃ သန္း ရွိေၾကာင္း ကုလသမဂၢ အမ်ဳိးသမီးေရး လႈပ္ရွားမႈအဖဲြ႔က သတင္းထုတ္ျပန္ခဲ့တာပါ။ အိမ္တြင္းအၾကမ္းဖက္ခံရသူ အမ်ိဳးသမီးေတြထဲမွာ ၄၀ ရာခိုင္ႏႈန္းေလာက္ကသာ တိုင္ၾကားတာ၊ အကူအညီေတာင္းေတြ ရွိခဲ့ၿပီး အမ်ားစုက မိသားစုနဲ႔ မိတ္ေဆြေတြကိုသာ အကူအညီေတာင္းေလ့ရွိတယ္လုိ႔လည္း ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာလည္း အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြ အိမ္တြင္းအၾကမ္းဖက္ခံရမႈေတြနဲ႔ ပတ္သက္လို႔ အသိပညာေပးတာေတြနဲ႔ အကူအညီေပးတာေတြ အားနည္းေနတာကလည္း အဓိကစိန္ေခၚမႈတခု ျဖစ္ေနတယ္လုိ႔ အခရာအဖဲြ႔က ေဒၚထားထားကေျပာပါတယ္။

“မိသားစုတြင္း အႏိုင္က်င့္တာပဲလို႔ သိလာရင္ေတာင္ တိုင္ဖို႔ ဆုံးျဖတ္တဲ့လူ တိုင္ခ်င္တဲ့လူ၊ တိုင္မယ္ဆိုတဲ့ သတၱိရွိတဲ့လူ ဖြင့္ေျပာမယ္ဆိုတဲ့ သတၱိရွိတဲ့သူေတြရဲ႕ ရာခိုင္ႏႈန္းသည္ အရမ္းနည္းအုံးမယ္။ ဆိုေတာ့ေလ ဒီမွာ အမ တစ္ခါ တည္းေျပာခ်င္တာက အစိုးရအဖြဲ႕ဝင္ တစ္႐ုံး႐ုံးကို ဖုန္းဆက္လိုက္ပါ သိရင္။ အဲ့ဒီလိုဆက္လိုက္ရင္ လူမႈဝန္ထမ္း ဦးစီးဌာနကို ဆက္ရမယ္ဆိုတာ သိလာမယ္။ အမ်ိဳးသမီးအဖြဲ႕ေတြကို ဆက္ရမယ္ဆိုတာ သိလာမယ္။ ရဲဌာနကို တိုင္တိုင္၊ မတိုင္တိုင္၊ အမႈဖြင့္ဖြင့္၊ မဖြင့္ဖြင့္ ဖုန္းဆက္လိုက္ပါ။ ရဲဌာနကို ဖုန္းဆက္ၿပီး ဘယ္လို အမ်ိဳးသမီးအဖြဲ႕ေတြ ရွိသလဲလို႔ ေမးလိုက္ပါ။ နာမည္တစ္ခုခုေျပာပါလိမ့္မယ္။ ဖုန္းနံပါတ္တစ္ခုခု ရပါလိမ့္မယ္။”

ကုလသမဂၢ အမ်ဳိးသမီးေရး လႈပ္ရွားမႈအဖဲြ႔ကေတာ့ ကပ္ေရာဂါကာလရဲ႕ ေနာက္ဆက္တဲြ အက်ဳိးဆက္အျဖစ္ ေဘးကင္းလုံၿခဳံေရး၊ က်န္းမာေရးနဲ႔ ေငြေရးေၾကးေရးအတြက္ စိုးရိမ္ပူပန္မႈေတြ ျမင့္တက္လာရာက မိသားစုေတြမွာ အၾကပ္အတည္းေတြနဲ႔အတူ အိမ္တြင္းအၾကမ္းဖက္မႈေတြလည္း ပုိမ်ားလာႏုိင္တယ္လုိ႔ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံကပ်ရောဂါကာလ အိမ်တွင်းအကြမ်းဖက်မှု ၇ ဆ တိုးလာ

ကိုဗစ်ကပ်ရောဂါကာလ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှုခံရမှု သိသိသာသာ တိုးလာနေတယ်လို့ ကုလသမဂ္ဂ အမျိုးသမီးရေးရာ အဖွဲ့က ပြောဆိုလိုက်တဲ့ အချိန်မှာပဲ၊ မြန်မာနိုင်ငံမှာလည်း ၇ ဆ တိုးလာတဲ့အကြောင်း အမျိုးသမီးရေး လှုပ်ရှားမှုအဖွဲ့ရဲ့ စစ်တမ်းတခုက တွေ့ရှိခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကာလ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေ အရင်နှစ်ကထက် ၇ ဆအထိ တိုးလာတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အခရာ အမျိုးသမီးအဖွဲ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ဇန်နဝါရီလကနေ မေလအတွင်း အိမ်တွင်းအကြမ်းဖက်မှု ၁၈ မှုသာ ရှိခဲ့ပေမဲ့ ဒီနှစ် ၂၀၂၀ ပြည့်နှစ်အတွင်း အလားတူကာလအတွင်း ၅၁ မှုထက်မနည်း ရှိခဲ့တာ တွေ့ရကြောင်း ပြောဆိုခဲ့တာပါ။

အထူးသဖြင့် မြန်မာနိုင်ငံမှာ ကပ်ရောဂါကာလ ကြုံရချိန်မှာ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုတွေ့ခဲ့ရတယ်လို့လည်း အခရာအမျိုးသမီးအဖွဲ့ တည်ထောင်သူ ဒေါ်ထားထားက ပြောပါတယ်။

“Hot Line တွေဘာတွေပါ ၄ နေရာ၊ ၅ နေရာလောက် ချဲ့လိုက်ရတယ်။ ပြီးတော့ အမတို့ ပါတနာတွေနဲ့ ၉ နေရာလောက်မှာပေါ့နော်။ partner တွေကို Grant ပေးပြီးတော့ပေါ့နော်။ ဘယ်နေရာတွေမှာ ဘယ်လို အကူအညီတွေပေးနိုင်အောင်ဆိုပြီးတော့ ထည့်လိုက်ရတယ် ချက်ချင်းပဲ။ ပြီးတော့ Hot Line တွေလည်းထည့်လိုက်ရတယ်။ အခုဆိုရင်တော့ အရင်က မတ်လ၊ ဧပြီ၊ မေ၊ ဇွန်လောက်အထိပေါ့နော်။ တော်တော်တက်တာ ခုတော့ အဲ့ဒီလောက်ထိတော့ တက်မလာတော့ဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေကထက်တော့ တက်နေသေးတယ်။”

ကုလသမဂ္ဂ အမျိုးသမီးရေး လှုပ်ရှားမှုအဖွဲ့ကလည်း ကိုဗစ်ကပ်ရောဂါကာလအတွင်း ကမ္ဘာတဝန်းက သန်းနဲ့ချီတဲ့ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ပြောဆိုထားပါတယ်။ ကပ်ရောဂါကူးစက်မှု အန္တရာယ်ကြောင့် မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ ပြောထားတဲ့အချိန်မှာပဲ လက်တွဲဖော် ဒါမှမဟုတ် ခင်ပွန်းဖြစ်သူတို့ရဲ့ လိင်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်ကြား အမျိုးသမီးနဲ့ မိန်းကလေး ၂၄၃ သန်း ရှိကြောင်း ကုလသမဂ္ဂ အမျိုးသမီးရေး လှုပ်ရှားမှုအဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။ အိမ်တွင်းအကြမ်းဖက်ခံရသူ အမျိုးသမီးတွေထဲမှာ ၄၀ ရာခိုင်နှုန်းလောက်ကသာ တိုင်ကြားတာ၊ အကူအညီတောင်းတွေ ရှိခဲ့ပြီး အများစုက မိသားစုနဲ့ မိတ်ဆွေတွေကိုသာ အကူအညီတောင်းလေ့ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အိမ်တွင်းအကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်လို့ အသိပညာပေးတာတွေနဲ့ အကူအညီပေးတာတွေ အားနည်းနေတာကလည်း အဓိကစိန်ခေါ်မှုတခု ဖြစ်နေတယ်လို့ အခရာအဖွဲ့က ဒေါ်ထားထားကပြောပါတယ်။

“မိသားစုတွင်း အနိုင်ကျင့်တာပဲလို့ သိလာရင်တောင် တိုင်ဖို့ ဆုံးဖြတ်တဲ့လူ တိုင်ချင်တဲ့လူ၊ တိုင်မယ်ဆိုတဲ့ သတ္တိရှိတဲ့လူ ဖွင့်ပြောမယ်ဆိုတဲ့ သတ္တိရှိတဲ့သူတွေရဲ့ ရာခိုင်နှုန်းသည် အရမ်းနည်းအုံးမယ်။ ဆိုတော့လေ ဒီမှာ အမ တစ်ခါ တည်းပြောချင်တာက အစိုးရအဖွဲ့ဝင် တစ်ရုံးရုံးကို ဖုန်းဆက်လိုက်ပါ သိရင်။ အဲ့ဒီလိုဆက်လိုက်ရင် လူမှုဝန်ထမ်း ဦးစီးဌာနကို ဆက်ရမယ်ဆိုတာ သိလာမယ်။ အမျိုးသမီးအဖွဲ့တွေကို ဆက်ရမယ်ဆိုတာ သိလာမယ်။ ရဲဌာနကို တိုင်တိုင်၊ မတိုင်တိုင်၊ အမှုဖွင့်ဖွင့်၊ မဖွင့်ဖွင့် ဖုန်းဆက်လိုက်ပါ။ ရဲဌာနကို ဖုန်းဆက်ပြီး ဘယ်လို အမျိုးသမီးအဖွဲ့တွေ ရှိသလဲလို့ မေးလိုက်ပါ။ နာမည်တစ်ခုခုပြောပါလိမ့်မယ်။ ဖုန်းနံပါတ်တစ်ခုခု ရပါလိမ့်မယ်။”

ကုလသမဂ္ဂ အမျိုးသမီးရေး လှုပ်ရှားမှုအဖွဲ့ကတော့ ကပ်ရောဂါကာလရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနဲ့ ငွေရေးကြေးရေးအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာရာက မိသားစုတွေမှာ အကြပ်အတည်းတွေနဲ့အတူ အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ပိုများလာနိုင်တယ်လို့ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG