သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ၄ ကြိမ် ဗိုလ်စွဲခဲ့ပေမဲ့ တန်းတူ လစာရရှိရေးအတွက် တိုက်ပွဲ ဝင်နေရတဲ့ ကန်အမျိုးသမီးအသင်း


ကမ္ဘာ့ဖလား ဘောလုံးပွဲ

ပြင်သစ်နိုင်ငံမှာ မကြာမီက ကျင်းပခဲ့တဲ့ ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ဗိုလ်စွဲခဲ့ပြီး ဌာနေပြန်ရောက်လာတဲ့ အမေရိကန်အမျိုးသမီးအသင်းကို ဗုဒ္ဓဟူးနေ့က နယူးရောက်မြို့မှာ ခမ်းခမ်းနားနားနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။

အမေရိကန်အမျိုးသမီး ဘောလုံးအသင်းကြီးအနေနဲ့ စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမဲ့ ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ အမေရိကန်အမျိုးသား ဘောလုံးအသင်းနဲ့ တန်းတူ လစာ မရရှိတဲ့ အချက်ဖြစ်ပါတယ်။

နယူးရောက်မြို့ အောင်ပွဲခံ အခမ်းအနားမှာလည်း မီးမောင်းထိုးပြခဲ့တဲ့ Equal pay တန်းတူ လစာ ရရှိရေးအတွက် အမေရိကန်အမျိုးသမီးအသင်းရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ ဒီသတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

XS
SM
MD
LG