သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကပ္ေရာဂါဆိုးအျဖစ္ တည္ရွိဆဲ AIDS


မႏွစ္က အိႏၵိယႏုိင္ငံတြင္ က်င္းပခဲ့သည့္ ကမၻာ့ AIDS ေန႔ အထိမ္းအမွတ္ အခမ္းအနားတြင္ ဖေယာင္းတုိင္ထြန္းညိႇေနသည့္ ဘုန္းေတာ္ႀကီးမ်ား။ (ဒီဇင္ဘာ ၁၊ ၂၀၁၈)

(Zawgyi / Unicode)

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀ ေက်ာ္မွာ AIDS ေရာဂါကို ပထမဆံုး စသိခဲ့ခ်ိန္ကဆိုရင္ အဲဒါဟာ ေသဒဏ္က်သလို အေျခအေန ေရာက္သြားတာပါပဲ။ အခုခ်ိန္ထိ ဒီ AIDS ေရာဂါ ပေပ်ာက္မသြားေသးေပမယ့္ ကုသလို႔ရတဲ့ အဆင့္ကိုေတာ့ ေရာက္လာပါၿပီ။ AIDS ေရာဂါ ကာကြယ္ကုသေရးမွာ တိုးတက္မႈေတြ ရထားေပမယ့္လည္း ကပ္ေရာဂါဆိုးတခုအျဖစ္ ဆက္ရွိေနတယ္ဆိုတာ လူေတြ သေဘာေပါက္ နားလည္ေစဖို႔ ႏွစ္စဥ္ ဒီဇင္ဘာလ ၁ ရက္ေန႔ကို ကမာၻ႔ AIDS ေရာဂါ တိုက္ဖ်က္ေရးေန႔အျဖစ္ သတ္မွတ္ထားပါတယ္။ Carol Pearson ရဲ႕ သတင္းလႊာကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

AIDS ေရာဂါဆိုးကို သတိျပဳၾကပါ၊ စမ္းသပ္စစ္ေဆးၾကပါ၊ ကာကြယ္တားဆီးၾကပါဆုိတဲ့ အသိေပးခ်က္ေတြနဲ႔အတူ ကမာၻ႔ AIDS ေရာဂါ တို္က္ဖ်က္ေရးေန႔ကို ကမာၻတဝန္းမွာ ႏွစ္စဥ္ အထိမ္းအမွတ္ ျပဳၾကပါတယ္။ ဒီေရာဂါကို ကာကြယ္တားဆီးဖို႔ အလြယ္ကူဆံုးနည္းကေတာ့ လိင္ဆက္ဆံတဲ့အခါ အၿမဲတမ္း condom သံုးတာပါပဲလို႔ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။

ဒီဇင္ဘာလ ၁ ရက္ေန႔ကို ကမာၻ႔ AIDS ေရာဂါ တို္က္ဖ်က္ေရးေန႔အျဖစ္ က်န္းမာေရးဝန္ႀကီးေတြ ပထမဆံုး သတ္မွတ္ခဲ့ခ်ိန္တုန္းက AIDS ေရာဂါျဖစ္ေစတဲ့ HIV ေရာဂါပိုးဟာ တျခားေရာဂါပိုးေတြနဲ႔မတူဘဲ ကမာၻတဝန္း ပ်ံ႕ႏွံ႔ႏုိင္တယ္ဆိုတာ နားလည္ခဲ့ၾကပါတယ္။ Paul Kawata ဟာ အေစာပိုင္းကာလကတည္းက AIDS ေရာဂါဆိုင္ရာ တက္ႂကြလႈပ္ရွားသူတဦး ျဖစ္ပါတယ္။

“အေစာပိုင္းကာလေတြကတည္းက က်ေနာ္ပါခဲ့ပါတယ္။ ဒီေရာဂါကိုတိုက္ဖ်က္ဖို႔ လုပ္ေဆာင္ခဲ့သလို က်ေနာ္တို႔ ခ်စ္ရသူ အမ်ားအျပားရဲ႕ နာေရးကိုလည္း လုပ္ေပးခဲ့ရပါတယ္။”

Dr. Anthony Fauci ဟာလည္း ဒီေရာဂါတိုက္ဖ်က္ေရး အေစာပိုင္းကတည္းက လုပ္လာသူပါ။ HIV ေရာဂါပိုးကို ကုသႏုိင္ဖို႔ သူ ႀကိဳးစားခဲ့ပါတယ္။ ကုသေရးက ဘယ္ေလာက္ထိေရာက္လာသလဲဆိုရင္ ေရာဂါပိုးရွိသူတဦးဟာ တေန႔ကို ေဆးတလံုးေသာက္႐ံုနဲ႔ တျခား ဘယ္သူ႔ဆီကုိမွ ေရာဂါပိုးကူးစက္ဖို႔ မျဖစ္ႏုိင္ေတာ့ပါဘူး။ ဒါ့အျပင္ ေရာဂါပိုးမရွိေသးသူေတြ မကူးစက္ေအာင္ တားဆီးႏုိင္တဲ့ Turvada ဆိုတဲ့ေဆးလည္း ေပၚလာပါတယ္။ AIDS ေရာဂါကို အဆံုးသတ္ဖို႔က မခက္ပါဘူးလို႔ Dr. Fauci က ေျပာပါတယ္။

“ေရာဂါပိုးရွိသူေတြအတြက္ ကုသေရးကို ႀကိဳတင္ကာကြယ္ေရးအျဖစ္ လုပ္ေဆာင္တာနဲ႔ ေရာဂါပိုး ကူးစက္ႏုိင္ေျခ ရွိသူေတြအတြက္ ေဆးေသာက္တဲ့နည္းနဲ႔ ႀကိဳတင္ကာကြယ္တာဆိုတဲ့ နည္းလမ္းႏွစ္ခုကို အျပည့္အဝ အေကာင္အထည္ ေဖာ္မယ္ဆိုရင္ သီအိုရီအားျဖင့္ ဒီကပ္ေရာဂါကို အလြယ္ေလး အဆံုးသတ္ႏုိင္ပါတယ္။”

HIV ေရာဂါပိုး ကူးစက္တဲ့ အေရအတြက္ဟာ ဒီေဆးဝါးေတြေၾကာင့္ သိသိသာသာ က်သြားပါတယ္။ ၂၀၀၄ ခုႏွစ္ကတည္းကဆိုရင္ AIDS ေရာဂါနဲ႔ဆက္စပ္တဲ့ ေသဆံုးမႈဟာ ၅၅% ေက်ာ္ က်သြားပါတယ္။ ဒါေပမယ့္ HIV ေရာဂါပိုးရွိသူ ၆၀% ေလာက္ပဲ ေဆးေသာက္ၾကပါတယ္။

Kawata ဟာ AIDS ေရာဂါတိုက္ဖ်က္ေရး က်န္းမာေရး တန္းတူညီမွ်မႈနဲ႔ လူမ်ဳိးေရး တရားမွ်တမႈတုိ႔အတြက္ လံႈ႔ေဆာ္စည္း႐ံုးတဲ့ NMAC ဆိုတဲ့အဖြဲ႔မွာ လုပ္ကိုင္ေနပါတယ္။ လူေတြ ခြဲျခားဆက္ဆံခံရတဲ့ ေနရာတိုင္းမွာ AIDS ေရာဂါ ျပန္႔ပြားတယ္လုိ႔ သူက ေျပာပါတယ္။

“ပထမဆံုးအေနနဲ႔ ဒီေရာဂါဟာ လူျဖဴမဟုတ္သူေတြမွာ အျဖစ္မ်ားပါတယ္။ ဒုတိယအေနနဲ႔ လိင္တူခ်စ္သူေတြ အျဖစ္မ်ားပါတယ္။ တတိယကေတာ့ ဆင္းရဲႏြမ္းပါးသူေတြမွာ အျဖစ္မ်ားပါတယ္။”

အေမရိကန္မွာ HIV ေရာဂါပိုးရွိသူ အမ်ားစုဟာ ဆင္းရဲႏြမ္းပါးသူေတြပါ။ အေမရိကန္ကမဟုတ္တဲ့ ေရာဂါပိုးရွိသူ အမ်ားစုကေတာ့ ဝင္ေငြနိမ့္တဲ့ ႏုိင္ငံေတြနဲ႔ အလယ္အလတ္ ဝင္ေငြအဆင့္ ႏုိင္ငံေတြက ျဖစ္ပါတယ္။ ေနရာတိုင္းက လူငယ္ေတြမွာ အႏၲရာယ္ရွိပါတယ္။ သူတို႔ဟာ စစ္ေဆးစမ္းသပ္မႈ၊ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ေဆြးေႏြးအႀကံေပးမႈေတြ မရသေလာက္ပါပဲ။ ဒါေၾကာင့္လည္း ဒီေရာဂါတိုက္ဖ်က္ေရး ေဆးဝါးအျပင္ တျခားတခုခုလိုတယ္လို႔ Dr. Fauci က ေျပာပါတယ္။

“ကာကြယ္ေဆးမရွိဘဲနဲ႔ေတာ့ HIV ေရာဂါပိုးကို အျပတ္ရွင္းႏုိင္မွာ မဟုတ္ပါဘူး။”

ကာကြယ္ေဆးေဖာ္ထုတ္ဖို႔ လုပ္ေနတာ အားရစရာေကာင္းေပမယ့္ လက္ရွိမွာ အေကာင္းဆံုးကေတာ့ လူေတြ စမ္းသပ္စစ္ေဆးၿပီး ေရာဂါပိုးရွိသူေတြ ကုသမႈခံယူဖို႔၊ ေရာဂါပိုး ကူးစက္ႏုိင္ေျခရွိသူေတြကို Truvada ေဆးတိုက္ဖို႔နဲ႔ HIV ေရာဂါပိုးကို ႏိုင္ငံေရး၊ ကိုယ္က်င့္သိကၡာ ဒါမွမဟုတ္ လူမႈေရးကိစၥလို႔ မသတ္မွတ္ဘဲ ေရာဂါပိုးတခုအျဖစ္ သတ္မွတ္ဖို႔တို႔ပဲျဖစ္တယ္လုိ႔ Dr. Fauci က ေျပာပါတယ္။

------------------------------

(Unicode)

ကပ်ရောဂါဆိုးအဖြစ် တည်ရှိဆဲ AIDS

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်မှာ AIDS ရောဂါကို ပထမဆုံး စသိခဲ့ချိန်ကဆိုရင် အဲဒါဟာ သေဒဏ်ကျသလို အခြေအနေ ရောက်သွားတာပါပဲ။ အခုချိန်ထိ ဒီ AIDS ရောဂါ ပပျောက်မသွားသေးပေမယ့် ကုသလို့ရတဲ့ အဆင့်ကိုတော့ ရောက်လာပါပြီ။ AIDS ရောဂါ ကာကွယ်ကုသရေးမှာ တိုးတက်မှုတွေ ရထားပေမယ့်လည်း ကပ်ရောဂါဆိုးတခုအဖြစ် ဆက်ရှိနေတယ်ဆိုတာ လူတွေ သဘောပေါက် နားလည်စေဖို့ နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားပါတယ်။ Carol Pearson ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

AIDS ရောဂါဆိုးကို သတိပြုကြပါ၊ စမ်းသပ်စစ်ဆေးကြပါ၊ ကာကွယ်တားဆီးကြပါဆိုတဲ့ အသိပေးချက်တွေနဲ့အတူ ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ကို ကမ္ဘာတဝန်းမှာ နှစ်စဉ် အထိမ်းအမှတ် ပြုကြပါတယ်။ ဒီရောဂါကို ကာကွယ်တားဆီးဖို့ အလွယ်ကူဆုံးနည်းကတော့ လိင်ဆက်ဆံတဲ့အခါ အမြဲတမ်း condom သုံးတာပါပဲလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် ကျန်းမာရေးဝန်ကြီးတွေ ပထမဆုံး သတ်မှတ်ခဲ့ချိန်တုန်းက AIDS ရောဂါဖြစ်စေတဲ့ HIV ရောဂါပိုးဟာ တခြားရောဂါပိုးတွေနဲ့မတူဘဲ ကမ္ဘာတဝန်း ပျံ့နှံ့နိုင်တယ်ဆိုတာ နားလည်ခဲ့ကြပါတယ်။ Paul Kawata ဟာ အစောပိုင်းကာလကတည်းက AIDS ရောဂါဆိုင်ရာ တက်ကြွလှုပ်ရှားသူတဦး ဖြစ်ပါတယ်။

“အစောပိုင်းကာလတွေကတည်းက ကျနော်ပါခဲ့ပါတယ်။ ဒီရောဂါကိုတိုက်ဖျက်ဖို့ လုပ်ဆောင်ခဲ့သလို ကျနော်တို့ ချစ်ရသူ အများအပြားရဲ့ နာရေးကိုလည်း လုပ်ပေးခဲ့ရပါတယ်။”

Dr. Anthony Fauci ဟာလည်း ဒီရောဂါတိုက်ဖျက်ရေး အစောပိုင်းကတည်းက လုပ်လာသူပါ။ HIV ရောဂါပိုးကို ကုသနိုင်ဖို့ သူ ကြိုးစားခဲ့ပါတယ်။ ကုသရေးက ဘယ်လောက်ထိရောက်လာသလဲဆိုရင် ရောဂါပိုးရှိသူတဦးဟာ တနေ့ကို ဆေးတလုံးသောက်ရုံနဲ့ တခြား ဘယ်သူ့ဆီကိုမှ ရောဂါပိုးကူးစက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် ရောဂါပိုးမရှိသေးသူတွေ မကူးစက်အောင် တားဆီးနိုင်တဲ့ Turvada ဆိုတဲ့ဆေးလည်း ပေါ်လာပါတယ်။ AIDS ရောဂါကို အဆုံးသတ်ဖို့က မခက်ပါဘူးလို့ Dr. Fauci က ပြောပါတယ်။

“ရောဂါပိုးရှိသူတွေအတွက် ကုသရေးကို ကြိုတင်ကာကွယ်ရေးအဖြစ် လုပ်ဆောင်တာနဲ့ ရောဂါပိုး ကူးစက်နိုင်ခြေ ရှိသူတွေအတွက် ဆေးသောက်တဲ့နည်းနဲ့ ကြိုတင်ကာကွယ်တာဆိုတဲ့ နည်းလမ်းနှစ်ခုကို အပြည့်အဝ အကောင်အထည် ဖော်မယ်ဆိုရင် သီအိုရီအားဖြင့် ဒီကပ်ရောဂါကို အလွယ်လေး အဆုံးသတ်နိုင်ပါတယ်။”

HIV ရောဂါပိုး ကူးစက်တဲ့ အရေအတွက်ဟာ ဒီဆေးဝါးတွေကြောင့် သိသိသာသာ ကျသွားပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းကဆိုရင် AIDS ရောဂါနဲ့ဆက်စပ်တဲ့ သေဆုံးမှုဟာ ၅၅% ကျော် ကျသွားပါတယ်။ ဒါပေမယ့် HIV ရောဂါပိုးရှိသူ ၆၀% လောက်ပဲ ဆေးသောက်ကြပါတယ်။

Kawata ဟာ AIDS ရောဂါတိုက်ဖျက်ရေး ကျန်းမာရေး တန်းတူညီမျှမှုနဲ့ လူမျိုးရေး တရားမျှတမှုတို့အတွက် လှုံ့ဆော်စည်းရုံးတဲ့ NMAC ဆိုတဲ့အဖွဲ့မှာ လုပ်ကိုင်နေပါတယ်။ လူတွေ ခွဲခြားဆက်ဆံခံရတဲ့ နေရာတိုင်းမှာ AIDS ရောဂါ ပြန့်ပွားတယ်လို့ သူက ပြောပါတယ်။

“ပထမဆုံးအနေနဲ့ ဒီရောဂါဟာ လူဖြူမဟုတ်သူတွေမှာ အဖြစ်များပါတယ်။ ဒုတိယအနေနဲ့ လိင်တူချစ်သူတွေ အဖြစ်များပါတယ်။ တတိယကတော့ ဆင်းရဲနွမ်းပါးသူတွေမှာ အဖြစ်များပါတယ်။”

အမေရိကန်မှာ HIV ရောဂါပိုးရှိသူ အများစုဟာ ဆင်းရဲနွမ်းပါးသူတွေပါ။ အမေရိကန်ကမဟုတ်တဲ့ ရောဂါပိုးရှိသူ အများစုကတော့ ဝင်ငွေနိမ့်တဲ့ နိုင်ငံတွေနဲ့ အလယ်အလတ် ဝင်ငွေအဆင့် နိုင်ငံတွေက ဖြစ်ပါတယ်။ နေရာတိုင်းက လူငယ်တွေမှာ အန္တရာယ်ရှိပါတယ်။ သူတို့ဟာ စစ်ဆေးစမ်းသပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆွေးနွေးအကြံပေးမှုတွေ မရသလောက်ပါပဲ။ ဒါကြောင့်လည်း ဒီရောဂါတိုက်ဖျက်ရေး ဆေးဝါးအပြင် တခြားတခုခုလိုတယ်လို့ Dr. Fauci က ပြောပါတယ်။

“ကာကွယ်ဆေးမရှိဘဲနဲ့တော့ HIV ရောဂါပိုးကို အပြတ်ရှင်းနိုင်မှာ မဟုတ်ပါဘူး။”

ကာကွယ်ဆေးဖော်ထုတ်ဖို့ လုပ်နေတာ အားရစရာကောင်းပေမယ့် လက်ရှိမှာ အကောင်းဆုံးကတော့ လူတွေ စမ်းသပ်စစ်ဆေးပြီး ရောဂါပိုးရှိသူတွေ ကုသမှုခံယူဖို့၊ ရောဂါပိုး ကူးစက်နိုင်ခြေရှိသူတွေကို Truvada ဆေးတိုက်ဖို့နဲ့ HIV ရောဂါပိုးကို နိုင်ငံရေး၊ ကိုယ်ကျင့်သိက္ခာ ဒါမှမဟုတ် လူမှုရေးကိစ္စလို့ မသတ်မှတ်ဘဲ ရောဂါပိုးတခုအဖြစ် သတ်မှတ်ဖို့တို့ပဲဖြစ်တယ်လို့ Dr. Fauci က ပြောပါတယ်။

ကပ္ေရာဂါဆိုးအျဖစ္ တည္ရွိဆဲ AIDS
please wait

No media source currently available

0:00 0:03:50 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG