သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔အႀကီးဆုံး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ စုပ္ယူစက္႐ုံ


Iceland ႏုိင္ငံက ကာဗြန္ဒုိင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ စုပ္ယူေပးတဲ့စက္႐ုံ။ (Photo credit: Climeworks)

(Zawgyi / Unicode)

ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆုိ္ဒ္ ဓာတ္ေငြ႔ေတြကို တိုက္႐ိုက္စုပ္ယူေပးတဲ့ Iceland ကၽြန္းေပၚက ကမၻာ့အႀကီးဆုံး စက္႐ုံတခုကို စက္တင္ဘာလ ၈ ရက္ေန႔ကစၿပီး လည္ပတ္ေနပါၿပီ။ ဆြစ္ဇာလန္ႏုိင္ငံမွာ စတင္တည္ေထာင္ခဲ့တဲ့ သဘာဝပတ္ဝန္းက်င္ေရးရာ နည္းပညာကုမၸဏီ CLIMEWORKS က ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေတြကို အဓိကထားၿပီး တုိက္႐ုိက္စုပ္ယူေနတာပါ။ ကာဗြန္ဒုိင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေတြ ဖယ္ရွားၿပီး ထာဝရသိုေလွာင္ေပးေနတဲ့ ကုမၸဏီ CARBONFIX နဲ႔ CLIMEWORKS AG ကုမၸဏီတို႔ ပူးေပါင္းၿပိီး ႏွစ္စဥ္ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ တန္ခ်ိန္ ၄,၀၀၀ စုပ္ယူဖို႔ သေဘာတူထားပါတယ္။ ႐ုိက္တာသတင္းကို အေျခခံၿပီး နန္းေလာင္ဝ္ တင္ျပထားပါတယ္။

ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေတြကို တုိက္႐ုိက္စုပ္ယူေပးေနတဲ့ ORCA စက္႐ုံမွာေတာ့ ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းသုံး ကုန္ေသတၱာေတြနဲ႔ ပုံစံတူ ေသတၱာႀကီး ၈ လုံး ရွိပါတယ္။ အဲဒီေသတၱာႀကီးေတြထဲမွာ အဆင့္ျမင့္နည္းပညာသုံး ေလစစ္ကိရိယာေတြနဲ႔ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ စုပ္ယူမယ့္ ေလစုပ္ပန္ကာေတြ တပ္ဆင္ထားတာပါ။

အဲဒီလို စုပ္ယူထားတဲ့ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ ဓာတ္ေငြ႔ေတြကို ေရနဲ႔ေရာၿပီး ေျမႀကီးေအာက္ အေတာ္နက္တဲ့ေနရာထိ ပုိက္ေတြနဲ႔ ထိုးသြင္းလိုက္တာပါ။ အဲဒီေရေတြက ေနာက္ပိုင္းမွာ အစိုင္အခဲေတြအျဖစ္ အသြင္ေျပာင္းသြားပါတယ္။ ဒီလုပ္ငန္းအတြက္ သုံးတဲ့ လွ်ပ္စစ္ဓာတ္အားကိုေတာ့ အနီးအနားမွာရွိတဲ့ GEOTHERMAL ေျမတြင္းအပူစြမ္းအင္ကေန လွ်ပ္စစ္ဓာတ္အား ထုတ္ယူေနတဲ့ ျပန္ျပည့္ၿမဲစြမ္းအင္ စက္႐ုံကေန ရယူပါတယ္။

“ORCA စက္႐ုံ စၿပီး လည္ပတ္ေနပါၿပီ။ ေလထုထဲက ကာဗြန္ဒိုင္္ေအာက္ဆုိဒ္ ဓာတ္ေငြ႔ေတြကို တုိက္႐ုိက္စုပ္ယူေပးေနတဲ့ ကမၻာေပၚက အႀကီးဆုံး စက္႐ုံလည္း ျဖစ္ပါတယ္။ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ တန္ခ်ိန္ ၄,၀၀၀ ေလာက္ ႏွစ္စဥ္ စုပ္ယူႏုိင္စြမ္းရွိပါတယ္။ ဒါ အႀကီးအက်ယ္ စုပ္ယူႏုိင္တဲ့ ပမာဏလည္း ျဖစ္ပါတယ္။ ေနာက္ေတာ့ အဲဒီလို စုပ္ယူထားတဲ့ ဓာတ္ေငြ႔ေတြကို က်ေနာ္တို႔ရဲ႕မိတ္ဘက္ CARBFIX ကုမၸဏီက ေျမႀကီးထဲ ပို႔လႊတ္ပါလိမ့္မယ္။ ေျမႀကီးထဲေရာက္သြားတဲ့ အဲဒီ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ ဓာတ္ေငြ႔ေတြက မီးသင့္ေက်ာက္ေတြအျဖစ္ အသြင္ေျပာင္းသြားပါလိမ့္မယ္။ ဒါေတြက ၂ ႏွစ္အတြင္း ျဖစ္လာမယ့္ ျဖစ္စဥ္ေတြပါ။ ဒါေၾကာင့္လည္း ဒီနည္းလမ္းက ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေတြကို ထာဝရ ဖယ္ရွားေပးမယ့္ လက္ရွိ အထိေရာက္ဆုံး နည္းလမ္းလည္း ျဖစ္ပါတယ္။”

ဒီပမာဏဟာ ကားအစီးေပါင္း ၇၉၀ ေလာက္က ႏွစ္စဥ္ထုတ္လႊတ္တဲ့ ညစ္ညမ္း ေလထုပမာဏနဲ႔လည္း ညီမွ်ပါတယ္။ အျပည္ျပည္ဆုိင္ရာ စြမ္းအင္ေအဂ်င္စီရဲ႕ အဆိုအရ ၂၀၂၀ ခုႏွစ္အတြင္း ကမၻာတဝန္း ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ တန္ခ်ိန္ေပါင္း ၃၁.၅ ဘီလီယံထိ ရွိခဲ့ပါတယ္။ ပုဂၢလိက ကုမၸဏီေတြ အေနနဲ႔ သူတို႔ထုတ္လႊတ္လုိက္တဲ့ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ေတြ ေလထုထဲက ဖယ္ရွားပစ္ခ်င္တယ္ဆိုရင္ CLIMEWORKS ကုမၸဏီကို လစဥ္ေၾကးေပးၿပီး ဝန္ေဆာင္မႈ ရယူႏုိင္ပါတယ္။

“ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆုိဒ္ ဓာတ္ေငြ႔ေတြကို စုပ္ယူၿပိီး ေျမေအာက္မွာ သိုေလွာင္ေပးမယ့္ က်ေနာ္တို႔ရဲ႕ ဝန္ေဆာင္မႈေတြကို ပုဂၢလိက ကုမၸဏီေတြေရာ ေကာ္ပိုေရးရွင္းႀကီးေတြ အတြက္ပါ လုပ္ကုိင္ေပးပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ရဲ႕ ေဖာက္သည္ေတြကို ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ ဖယ္ရွားတဲ့ေနရာမွာ စြန္႔ဦးတီထြင္သူေတြအျဖစ္ သတ္မွတ္ပါတယ္။ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ေတြ ဖယ္ရွားပစ္ခ်င္ၾကတဲ့ ပုဂၢလိကပုိင္း ကုမၸဏီေတြအေနနဲ႔ က်ေနာ္တို႔ရဲ႕ WEBSITE ျဖစ္တဲ့ CLIMEWORKS.COM ထဲကိုဝင္ၿပီး လစဥ္ေၾကးနဲ႔ ဝန္ေဆာင္မႈ ရယူႏုိင္ပါတယ္။ အဲဒီဓာတ္ေငြ႔ေတြကိုလည္း ေျမေအာက္မွာ ထာဝရ သိုေလွာင္ေပးထားမွာ ျဖစ္ပါတယ္။”

လစဥ္ေၾကးေပးၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႔ စုပ္ယူခုိင္းၾကတဲ့ အထဲက လက္ရွိ နာမည္ႀကီး ေဖာက္သည္ေတြထဲမွာ MICROSOFT, STRIPE ဘ႑ာေရးဝန္ေဆာင္မႈကုမၸဏီ၊ SHOPIFY အြန္လုိင္းေစ်းဝယ္ကုမၸဏီ၊ AUDI ကားကုမၸဏီတို႔လည္း ပါဝင္ပါတယ္။ ORCA စက္႐ုံကေန အဲဒီကုမၸဏီအတြက္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေတြ စုပ္ယူ ဖယ္ရွားေပးေနတာ ျဖစ္ပါတယ္။

ကာဗြန္ဒို္္င္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေတြကို ခုလို တုိက္႐ိုက္စုပ္ယူ ဖယ္ရွားေပးတဲ့ နည္းပညာကုမၸဏီ အနည္းအက်ဥ္းပဲ ရွိပါေသးတယ္။ ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆုိ္ဒ္ဓာတ္ေငြ႔ေတြ သိပ္သည္းလာတာေၾကာင့္ အပူလႈိင္းႀကီးေတြ၊ ေတာမီးႀကီးေတြနဲ႔ ေရႀကီးေရလွ်ံမႈအျပင္ ပင္လယ္ေရ ျမင့္တက္မႈေတြ ျဖစ္လာေစပါတယ္။ ဒါေၾကာင့္လည္း အဲဒီ ညစ္ညမ္းေလထုကို စုပ္ယူမယ့္ကိစၥက ဥတုရာသီေျပာင္းလဲမႈ တုိက္ဖ်က္ေရးအတြက္ အလြန္ကို အေရးပါတယ္လို႔ သိပၸံပညာရွင္ေတြက ႐ႈျမင္ၾကပါတယ္။

ဒီနည္းပညာေတြက အကုန္အက် မ်ားလွေပမယ့္ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ ေလွ်ာ့ခ်ႏုိင္ေအာင္ နည္းလမ္းရွာလာေနၾကတဲ့ ကုမၸဏီေတြနဲ႔ ေဖာက္သည္ေတြ တေန႔တျခား ပိုတိုးလာေနတာေၾကာင့္ ဒီနည္းပညာအတြက္ ကုန္က်စရိတ္ေတြ မၾကာခင္ ေစ်းႏႈန္းသက္သာလာမယ္လို႔ နည္းပညာထုတ္လုပ္သူေတြက ေမွ်ာ္လင့္ေနပါတယ္။

CLIMEWORKS ကုမၸဏီကေတာ့ ORCA စက္႐ုံထက္ အရြယ္အစားပိုႀကီးတဲ့ စက္႐ုံ ထပ္ေဆာက္ဖို႔ ျပင္ဆင္ထားပါၿပီ။

“ORCA ထက္ ဆယ္ဆေလာက္ပိုႀကီးတ့ဲ စက္႐ုံ ေဆာက္ဖို႔လည္း လုပ္ကိုင္ေနပါတယ္။ ဒီလို အလားတူ နည္းပညာမ်ိဳးနဲ႔ပဲ လာမယ့္ ၂ ႏွစ္ကေန ၃ နွစ္အတြင္း ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ေတြ ဆယ္ဆ ပိုၿပီး စုပ္ယူႏုိင္မွာ ျဖစ္ပါတယ္။ ဥတုရာသီဆုိင္ရာ သိပၸံပညာအရ ဒီရာစုႏွစ္ဝက္ေလာက္ အေရာက္မွာ ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ တန္ခ်ိန္ ၉,၀၀၀ ေက်ာ္ နွစ္စဥ္ စုပ္ယူထားရမွာ ျဖစ္ပါတယ္။”

ကမၻာတဝန္း ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ေတြ တုိက္႐ိုက္စုပ္ယူတဲ့ စက္႐ုံေပါင္း ၁၅ ခုရွိၿပီး အဲဒီကေန ႏွစ္စဥ္ ဖန္လုံအိမ္ဓာတ္ေငြ႔ တန္ခ်ိန္ ၉,၀၀၀ ေလာက္ စုပ္ယူေနတယ္လို႔ ႏုိင္ငံတကာစြမ္းအင္ေအဂ်င္စီ (IEA) က ေျပာပါတယ္။ အေမရိကန္ ေရနံထုတ္ယူေရးကုမၸဏီ OCCIDENTAL ကလည္း အလားတူ စက္႐ုံ တည္ေဆာက္ေနပါတယ္။ အေမရိကန္ျပည္ေထာင္စု၊ တကၠဆက္ျပည္နယ္မွာရွိတဲ့ ေရနံတြင္းေတြအနီး ေလထုထဲကေန ကာဗြန္ဒိုင္ေအာက္ဆုိဒ္ ဓာတ္ေငြ႔တန္ခ်ိန္ ၁ သန္းေလာက္ ႏွစ္စဥ္စုပ္ယူဖို႔ ျပင္ဆင္ေနပါတယ္။

ORCA ကုမၸဏီကလည္း ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေတြ ဖယ္ရွားေပးေနတယ္ ဆုိေပမယ့္ ဥတုရာသီ ေျပာင္းလဲေဖာက္ျပန္မႈ ျပႆနာတရပ္လုံးကို ေျဖရွင္းေပးမယ့္ အေျဖတရပ္ မဟုတ္ဘူးလို႔လည္း သတိေပး ေျပာဆိုေနတာပါ။ ခုလို ဥတုရာသီ ေျပာင္းလဲေဖာက္ျပန္မႈေၾကာင့္ သဘာဝေဘးအႏၱရာယ္ေတြ ပိုၿပီး ျပင္းထန္ဆိုးရြားလာသလို လူမႈစီးပါြးအေပၚ သက္ေရာက္မႈေတြလည္း ပိုေတြ႔လာေနရပါတယ္။ ဒါေၾကာင့္လည္း ဥတုရာသီ ေျပာင္းလဲမႈအေရး ႏုိင္ငံစုံ တညီတညြတ္တည္း ဝုိင္းဝန္းလုပ္ကိုင္ၾကဖို႔ ကမၻာ့ကုလသမဂၢ အဖြဲ႔ႀကီးကလည္း အပူတျပင္း တုိက္တြန္းေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကမ္ဘာ့အကြီးဆုံး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် စုပ်ယူစက်ရုံ

လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို တိုက်ရိုက်စုပ်ယူပေးတဲ့ Iceland ကျွန်းပေါ်က ကမ္ဘာ့အကြီးဆုံး စက်ရုံတခုကို စက်တင်ဘာလ ၈ ရက်နေ့ကစပြီး လည်ပတ်နေပါပြီ။ ဆွစ်ဇာလန်နိုင်ငံမှာ စတင်တည်ထောင်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ နည်းပညာကုမ္ပဏီ CLIMEWORKS က လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို အဓိကထားပြီး တိုက်ရိုက်စုပ်ယူနေတာပါ။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ ဖယ်ရှားပြီး ထာဝရသိုလှောင်ပေးနေတဲ့ ကုမ္ပဏီ CARBONFIX နဲ့ CLIMEWORKS AG ကုမ္ပဏီတို့ ပူးပေါင်းပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တန်ချိန် ၄,၀၀၀ စုပ်ယူဖို့ သဘောတူထားပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး နန်းလောင်ဝ် တင်ပြထားပါတယ်။

လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို တိုက်ရိုက်စုပ်ယူပေးနေတဲ့ ORCA စက်ရုံမှာတော့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းသုံး ကုန်သေတ္တာတွေနဲ့ ပုံစံတူ သေတ္တာကြီး ၈ လုံး ရှိပါတယ်။ အဲဒီသေတ္တာကြီးတွေထဲမှာ အဆင့်မြင့်နည်းပညာသုံး လေစစ်ကိရိယာတွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ စုပ်ယူမယ့် လေစုပ်ပန်ကာတွေ တပ်ဆင်ထားတာပါ။

အဲဒီလို စုပ်ယူထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို ရေနဲ့ရောပြီး မြေကြီးအောက် အတော်နက်တဲ့နေရာထိ ပိုက်တွေနဲ့ ထိုးသွင်းလိုက်တာပါ။ အဲဒီရေတွေက နောက်ပိုင်းမှာ အစိုင်အခဲတွေအဖြစ် အသွင်ပြောင်းသွားပါတယ်။ ဒီလုပ်ငန်းအတွက် သုံးတဲ့ လျှပ်စစ်ဓာတ်အားကိုတော့ အနီးအနားမှာရှိတဲ့ GEOTHERMAL မြေတွင်းအပူစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူနေတဲ့ ပြန်ပြည့်မြဲစွမ်းအင် စက်ရုံကနေ ရယူပါတယ်။

“ORCA စက်ရုံ စပြီး လည်ပတ်နေပါပြီ။ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို တိုက်ရိုက်စုပ်ယူပေးနေတဲ့ ကမ္ဘာပေါ်က အကြီးဆုံး စက်ရုံလည်း ဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တန်ချိန် ၄,၀၀၀ လောက် နှစ်စဉ် စုပ်ယူနိုင်စွမ်းရှိပါတယ်။ ဒါ အကြီးအကျယ် စုပ်ယူနိုင်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။ နောက်တော့ အဲဒီလို စုပ်ယူထားတဲ့ ဓာတ်ငွေ့တွေကို ကျနော်တို့ရဲ့မိတ်ဘက် CARBFIX ကုမ္ပဏီက မြေကြီးထဲ ပို့လွှတ်ပါလိမ့်မယ်။ မြေကြီးထဲရောက်သွားတဲ့ အဲဒီ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေက မီးသင့်ကျောက်တွေအဖြစ် အသွင်ပြောင်းသွားပါလိမ့်မယ်။ ဒါတွေက ၂ နှစ်အတွင်း ဖြစ်လာမယ့် ဖြစ်စဉ်တွေပါ။ ဒါကြောင့်လည်း ဒီနည်းလမ်းက လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို ထာဝရ ဖယ်ရှားပေးမယ့် လက်ရှိ အထိရောက်ဆုံး နည်းလမ်းလည်း ဖြစ်ပါတယ်။”

ဒီပမာဏဟာ ကားအစီးပေါင်း ၇၉၀ လောက်က နှစ်စဉ်ထုတ်လွှတ်တဲ့ ညစ်ညမ်း လေထုပမာဏနဲ့လည်း ညီမျှပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီရဲ့ အဆိုအရ ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတဝန်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန်ပေါင်း ၃၁.၅ ဘီလီယံထိ ရှိခဲ့ပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့ သူတို့ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ လေထုထဲက ဖယ်ရှားပစ်ချင်တယ်ဆိုရင် CLIMEWORKS ကုမ္ပဏီကို လစဉ်ကြေးပေးပြီး ဝန်ဆောင်မှု ရယူနိုင်ပါတယ်။

“လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို စုပ်ယူပြီး မြေအောက်မှာ သိုလှောင်ပေးမယ့် ကျနော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေရော ကော်ပိုရေးရှင်းကြီးတွေ အတွက်ပါ လုပ်ကိုင်ပေးပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ဖောက်သည်တွေကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ဖယ်ရှားတဲ့နေရာမှာ စွန့်ဦးတီထွင်သူတွေအဖြစ် သတ်မှတ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ဖယ်ရှားပစ်ချင်ကြတဲ့ ပုဂ္ဂလိကပိုင်း ကုမ္ပဏီတွေအနေနဲ့ ကျနော်တို့ရဲ့ WEBSITE ဖြစ်တဲ့ CLIMEWORKS.COM ထဲကိုဝင်ပြီး လစဉ်ကြေးနဲ့ ဝန်ဆောင်မှု ရယူနိုင်ပါတယ်။ အဲဒီဓာတ်ငွေ့တွေကိုလည်း မြေအောက်မှာ ထာဝရ သိုလှောင်ပေးထားမှာ ဖြစ်ပါတယ်။”

လစဉ်ကြေးပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ စုပ်ယူခိုင်းကြတဲ့ အထဲက လက်ရှိ နာမည်ကြီး ဖောက်သည်တွေထဲမှာ MICROSOFT, STRIPE ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ၊ SHOPIFY အွန်လိုင်းဈေးဝယ်ကုမ္ပဏီ၊ AUDI ကားကုမ္ပဏီတို့လည်း ပါဝင်ပါတယ်။ ORCA စက်ရုံကနေ အဲဒီကုမ္ပဏီအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ စုပ်ယူ ဖယ်ရှားပေးနေတာ ဖြစ်ပါတယ်။

ကာဗွန်ဒို်င်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို ခုလို တိုက်ရိုက်စုပ်ယူ ဖယ်ရှားပေးတဲ့ နည်းပညာကုမ္ပဏီ အနည်းအကျဉ်းပဲ ရှိပါသေးတယ်။ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ သိပ်သည်းလာတာကြောင့် အပူလှိုင်းကြီးတွေ၊ တောမီးကြီးတွေနဲ့ ရေကြီးရေလျှံမှုအပြင် ပင်လယ်ရေ မြင့်တက်မှုတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့်လည်း အဲဒီ ညစ်ညမ်းလေထုကို စုပ်ယူမယ့်ကိစ္စက ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် အလွန်ကို အရေးပါတယ်လို့ သိပ္ပံပညာရှင်တွေက ရှုမြင်ကြပါတယ်။

ဒီနည်းပညာတွေက အကုန်အကျ များလှပေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်အောင် နည်းလမ်းရှာလာနေကြတဲ့ ကုမ္ပဏီတွေနဲ့ ဖောက်သည်တွေ တနေ့တခြား ပိုတိုးလာနေတာကြောင့် ဒီနည်းပညာအတွက် ကုန်ကျစရိတ်တွေ မကြာခင် ဈေးနှုန်းသက်သာလာမယ်လို့ နည်းပညာထုတ်လုပ်သူတွေက မျှော်လင့်နေပါတယ်။

CLIMEWORKS ကုမ္ပဏီကတော့ ORCA စက်ရုံထက် အရွယ်အစားပိုကြီးတဲ့ စက်ရုံ ထပ်ဆောက်ဖို့ ပြင်ဆင်ထားပါပြီ။

“ORCA ထက် ဆယ်ဆလောက်ပိုကြီးတဲ့ စက်ရုံ ဆောက်ဖို့လည်း လုပ်ကိုင်နေပါတယ်။ ဒီလို အလားတူ နည်းပညာမျိုးနဲ့ပဲ လာမယ့် ၂ နှစ်ကနေ ၃ နှစ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ဆယ်ဆ ပိုပြီး စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဥတုရာသီဆိုင်ရာ သိပ္ပံပညာအရ ဒီရာစုနှစ်ဝက်လောက် အရောက်မှာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တန်ချိန် ၉,၀၀၀ ကျော် နှစ်စဉ် စုပ်ယူထားရမှာ ဖြစ်ပါတယ်။”

ကမ္ဘာတဝန်း လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ တိုက်ရိုက်စုပ်ယူတဲ့ စက်ရုံပေါင်း ၁၅ ခုရှိပြီး အဲဒီကနေ နှစ်စဉ် ဖန်လုံအိမ်ဓာတ်ငွေ့ တန်ချိန် ၉,၀၀၀ လောက် စုပ်ယူနေတယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) က ပြောပါတယ်။ အမေရိကန် ရေနံထုတ်ယူရေးကုမ္ပဏီ OCCIDENTAL ကလည်း အလားတူ စက်ရုံ တည်ဆောက်နေပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာရှိတဲ့ ရေနံတွင်းတွေအနီး လေထုထဲကနေ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တန်ချိန် ၁ သန်းလောက် နှစ်စဉ်စုပ်ယူဖို့ ပြင်ဆင်နေပါတယ်။

ORCA ကုမ္ပဏီကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ ဖယ်ရှားပေးနေတယ် ဆိုပေမယ့် ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှု ပြဿနာတရပ်လုံးကို ဖြေရှင်းပေးမယ့် အဖြေတရပ် မဟုတ်ဘူးလို့လည်း သတိပေး ပြောဆိုနေတာပါ။ ခုလို ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှုကြောင့် သဘာဝဘေးအန္တရာယ်တွေ ပိုပြီး ပြင်းထန်ဆိုးရွားလာသလို လူမှုစီးပါွးအပေါ် သက်ရောက်မှုတွေလည်း ပိုတွေ့လာနေရပါတယ်။ ဒါကြောင့်လည်း ဥတုရာသီ ပြောင်းလဲမှုအရေး နိုင်ငံစုံ တညီတညွတ်တည်း ဝိုင်းဝန်းလုပ်ကိုင်ကြဖို့ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း အပူတပြင်း တိုက်တွန်းနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG