ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့လူဦးရေ ၃၃ ဒဿမ ၃ သန်းဟာ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်တွင်းဒုက္ခသည်တွေ
ဖြစ်နေကြတယ်လို့ အစီရင်ခံစာသစ်တရပ်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံ မှာလည်း မကြာသေးခင် နှစ်တွေကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် လူဦးရေ ၆ သိန်းကျော်ဟာ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ဒုက္ခသည်တွေ ဖြစ်နေကြတယ်လို့ ဆိုထားပါတယ်။
ထူးခြားချက်ကတော့ မြန်မာနိုင်ငံက ပြည်တွင်းဒုက္ခသည် တချို့ထံကို နိုင်ငံတကာ အကူအညီပေးရေး ကိစ္စတွေ အကန့်အသတ်တွေ ကြုံနေရတယ်လို့ ဆိုထားပါတယ်။ ကိုသားညွန့်ဦးက အစီရင်ခံပါ မြန်မာနိုင်ငံအကြောင်းကို တင်ပြထားပါတယ်။
ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှုတွေ ပဋိပက္ခတွေကြောင့် အခုနှစ်ပိုင်းအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ဖြစ်လာတယ်လို့ နော်ဝေးနိုင်ငံအခြေစိုက် ဒုက္ခသည်များကောင်စီရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
၂၀၁၃ ခုနှစ်အကုန်ပိုင်းမှာ ပြည်တွင်းဒုက္ခသည် ၆ သိန်း ၄ သောင်းကျော်ရှိခဲ့ပြီး၊ အဲဒီအထဲ မြန်မာနိုင်ငံ အရှေ့တောင်ဘက်က ဒုက္ခသည်ဦးရေ ၄ သိန်း၊ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒုက္ခသည်ဦးရေ ၉ သောင်း ၆ ထောင်ကျော်တို့ ပါဝင်ပါတယ်။ ကျန်တဲ့အထဲ လူဦးရေ ၁ သိန်း ၃ သောင်းကျော်က ရခိုင်ပြည်နယ် အတွင်းကဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှာတော့ ပြည်တွင်း ဒုက္ခသည် ၅၄၀၀ ရှိတယ်လို့ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ဒုက္ခသည်တွေကတော့ ဘာသာရေး ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ရသူတွေဖြစ်ပြီး၊ ကျန်ဒေသတွေကတော့ စစ်ပွဲတွေကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် တိုးတက်မှုတွေရှိပေမဲ့လည်း ပဋိပက္ခတွေ ရှိနေဆဲဖြစ်တာကြောင့် ပြည်တွင်းဒုက္ခသည် အရေအတွက် ကျ မသွားတာဖြစ်တယ်လို့ မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အဓိကအချက်ကတော့ အပစ်အခတ်ရပ်စဲရေး မရသေးတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်တာကြောင့် ကျေးရွာအိုးအိမ် ထွက်ပြေးနေရသူတွေ ရှိနေတုန်းပဲလို့ USCB အမေရိကန်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့က Myra Dahgaypaw က ဗွီအိုအေကို ပြောပါတယ်။
“KNU အပစ်အခတ်ရပ်စဲရေး မရပ်ထားဘူးဆိုပြီးတော့ ဘာပဲဖြစ်ဖြစ် IDP ဦးရေကတော့ များလာမှာပဲ။ ရခိုင်ပြည်နယ်ဘက်မှာလည်း အဲ့လိုမျိုးပဲ ဘာသာရေးပဋိပက္ခပေါ့နော် အဲ့ဒီကိစ္စအတွက်ကြောင့် ရိုဟင်ဂျာတွေကတော့ အရင်တုန်းက နေတဲ့ဒေသတွေမှာလည်း မနေနိုင်ဘဲနဲ့ IDP ဖြစ်သွားတာပေါ့နော်။ ဒီ့အပြင် တခြားဒေသ ဥပမာ - မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှာဆိုရင်လည်း IDP နံပါတ်တွေများလာတယ်။ ဘာအတွက်ကြောင့်လဲဆိုတော့ မြေသိမ်းတဲ့ကိစ္စတွေ၊ ဘာတွေ၊ ပြီးတော့ တချိန်တည်း ဟိုဥစ္စာပေါ့နော် Economic Development”
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိလာပြီး ပွင့်လင်းလာတဲ့ အခြေအနေကြောင့် နိုင်ငံတကာရဲ့ လူသားချင်း စာနာကူညီမှုတွေ ဖွံ့ဖြိုးမှု အထောက်အပံ့တွေ တိုးလာသလို၊ ပြည်တွင်းဒုက္ခသည်တွေအတွက် ထောက်ပံ့မှု အခြေအနေဟာလည်း တိုးတက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေရဲ့ အမှန်တကယ် လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ရာမှာ ဒုက္ခသည်တွေနဲ့ ဆွေးနွေးညှိနှိုင်းတာ၊ ကူညီရေးအစီအစဉ်တွေမှာ ဒုက္ခသည်တွေကိုယ်တိုင် ပါဝင်ခွင့်ပေးတာ၊ ဒီကိစ္စတွေမှာတော့ လုပ်ဆောင်စရာတွေ လိုသေးတယ်လို့ အစီရင်ခံစာမှာ ထောက်ပြပါတယ်။
Myra Dahgaypaw ကလည်း အခုနောက်ပိုင်းမှာ အကူအညီပေးရေး ဝန်ထမ်းတွေကို ကန့်သတ်တာတွေ၊ စောင့်ကြည့်မေးမြန်းတာတွေကြောင့် လူသားချင်း စာနာကူညီမှု လုပ်ငန်းတွေမှာ လွတ်လပ်မှု အားနည်းနေတယ်လို့ ပြောပါတယ်။
“ဘာလုပ်တာလဲ၊ ဘယ်ကိုသွားတာလဲ၊ ဘာတွေပြောတာလဲ အမြဲတမ်း သူတို့နောက်မှာ တယောက်ယောက် လိုက်တာပဲ။ အဲ့လိုမျိုးဆိုရင်တော့ အလုပ်လုပ်တဲ့သူတွေကလည်း ဘာမှကို လွတ်လပ်မှု မရှိတော့ဘူးလေ။”
တချိန်တည်းမှာပဲ IDP ဒုက္ခသည်တွေကို အကာအကွယ်ပေးနိုင်မယ့် အစိုးရမူဝါဒတွေ ဒါမှမဟုတ် ဥပဒေမျိုးတွေ မရှိဘူးလို့လည်း ထောက်ပြပါတယ်။ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ၊ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက ပဋိပက္ခတွေကို အဆုံးမသတ်နိုင်တာကြောင့် အဲဒီဒေသက ပြည်တွင်းဒုက္ခသည်တွေရဲ့ အခြေအနေဟာ ပိုပြီးတော့ ဆိုးရွားလာနေတယ်လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။
တကမ္ဘာလုံးနဲ့ ပတ်သက်လို့ အခု ၂၀၁၃ ခုနှစ်မှာ ဒုက္ခသည်အရေအတွက် လူဦးရေ ၃၃ ဒဿမ ၃ သန်းအထိ တိုးလာခဲ့ပြီး၊ ဒီကိန်းဂဏန်းဟာဆိုရင် ၁၉၈၉ ခုနှစ်ကစပြီး ပြည်တွင်းဒုက္ခသည်တွေကို နိုင်ငံတကာက မှတ်တမ်းပြုလာရာမှာ အများဆုံး ကိန်းဂဏန်း ဖြစ်လာတယ်လို့ နော်ဝေး ဒုက္ခသည်များကောင်စီက အတွင်းရေးမှူးချုပ် Jan Egeland က ပြောခဲ့ပါတယ်။
“ဘော့စနီးယား၊ ဘော်လကန်ဒေသနဲ့ ရဝမ်ဒါ၊ ကွန်ဂိုဒေသတွေမှာ မျိုးပြုန်းသတ်ဖြတ်မှုတွေရှိခဲ့တဲ့ ၁၉၉၀ ဝန်းကျင်တုန်းက အတော့်ကြီးကို ဆိုးရွားနေတဲ့ အခြေအနေထက်ကို အခုဟာ ပိုဆိုးပါတယ်။ အဲဒီအချိန်တုန်းက ကမ္ဘာမှာ ပြည်တွင်းဒုက္ခသည် လူဦးရေ ၂၈ သန်းရှိခဲ့ပြီး နောက်ပိုင်း အရေအတွက် ကျခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ကနေစရင်တော့ ပြည်တွင်း ဒုက္ခသည်တွေ အရေအတွက် တိုးလာပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတော့ အဆုံးဆိုး အရေအတွက် ဖြစ်လာပါတယ်။”
ဒါကြောင့်လည်း သန်းနဲ့ချီတဲ့ ဒီဒုက္ခသည်တွေရဲ့ ဒုက္ခဆင်းရဲတွေ အဆုံးသတ်နိုင်ဖို့အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုမယ်ဆိုပြီး Egeland က တိုက်တွန်းခဲ့ပါတယ်။ အခု အစီရင်ခံစာပါ ပြည်တွင်းဒုက္ခသည်များ အရေအတွက်မှာတော့ ဆီးရီးယားနိုင်ငံက အများဆုံးဖြစ်ပြီး၊ သူ့နောက်ကဆိုရင်တော့ ကိုလံဘီယာ၊ နိုင်ဂျီးရီးယား၊ ကွန်ဂို၊ ဆူဒန်နိုင်ငံတို့ ရှိကြပါတယ်။ အစီရင်ခံစာအရဆိုရင် ၂၀၁၃ ခုနှစ်အတွင်း ပြည်တွင်းဒုက္ခသည် အရေအတွက်ဟာ ၈ ဒဿမ ၂ သန်းတိုးလာပြီး အဲဒီအထဲ ၄၃ ရာခိုင်နှုန်းဟာ ဆီးရီယားနိုင်ငံက ဖြစ်ကြပါတယ်။