(Zawgyi / Unicode)
ကမၻာေပၚက ဒုကၡသည္အားလုံးရဲ႕ သုံးပုံႏွစ္ပုံေက်ာ္ဟာ အဓိကႏုိင္ငံႀကီး ၅ ခုက ထြက္လာၾကသူေတြျဖစ္ၿပီး ျမန္မာႏိုင္ငံကေန ၁.၁ သန္း၊ ဆီးရီးယားက ၆.၇ သန္း၊ အာဖဂန္နစၥတန္က ၂.၇ သန္း၊ ေတာင္ဆူဒန္က ၂.၃ သန္းနဲ႔ ဆိုမာလီယာက ၉ သိန္းရွိတယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီက ေျပာပါတယ္။
ေနာက္ဆုံးရရွိတဲ့ စာရင္းအရ တူကရီႏိုင္ငံဟာ ဒုကၡသည္အမ်ားဆုံး လက္ခံတဲ့ တုိင္းျပည္ျဖစ္ၿပီး ၃.၇ သန္းကို လက္ခံထားတဲ့အထဲမွာ အမ်ားဆုံးက ဆီးရီးယားကေန ထြက္ေျပးလာသူေတြ ျဖစ္တယ္လို႔ ဆုိပါတယ္။
အစိုးရကုိယ္စားလွယ္ေတြ အပါအဝင္ စီးပြားေရး ေခါင္းေဆာင္ေတြ၊ လူထုအေျချပဳ အဖြဲ႔အစည္းနဲ႔ လူသားခ်င္းစာနာမႈ အဖြဲ႔ေတြက ကိုယ္စားလွယ္ စုစုေပါင္း ၂ ေထာင္ေလာက္ဟာ ဂ်နီဗာၿမိဳ႕မွာ စုေဝးေရာက္ရွိေနၿပီး ပထမဦးဆုံးအျဖစ္ က်င္းပမယ့္ ကမၻာ့ဒုကၡသည္မ်ားဆိုင္ရာ ညီလာခံကို တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။
ဒီဇင္ဘာ ၁၆ ရက္ကေန ၁၈ ရက္ေန႔ထိ သုံးရက္ၾကာက်င္းပသြားမယ့္ ညီလာခံကို ဒီကေန႔ တနလၤာေန႔မွာ စတင္ဖြင့္လွစ္မွာပါ။ ဒုကၡသည္ေတြနဲ႔ သူတုိ႔ကို လက္ခံကူညီေနတဲ့ ႏိုင္ငံေတြကို ေရရွည္မွာ ဘယ္လိုကူညီ ေထာက္ပံ့သြားၾကမလဲဆိုတဲ့ ခ်ဥ္းကပ္မႈအသစ္ေတြ ထြက္ေပၚလာေစဖုိ႔ ဒီညီလာခံမွာ ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။
ဒီညီလာခံကို တက္ေရာက္မယ့္အထဲမွာ ဂ်ာမနီ၊ တူရကီ၊ ပါကစၥတန္၊ ေကာ့စတာရီကာ၊ အီသီယုိးပီးယားနဲ႔ ဆိုမာလီယာ ႏိုင္ငံေတြက ႏုိင္ငံ့ေခါင္းေဆာင္ေတြ ပါဝင္မွာျဖစ္ၿပီး အျခား ထင္ရွားတဲ့ ပုဂၢဳိလ္ေတြလည္း တက္ေရာက္တယ္လို႔ ဆိုပါတယ္။
ကမၻာတလႊားက ျပည္သူ သန္း ၇၀ ေက်ာ္ဟာ ျပည္တြင္းစစ္နဲ႔ အျခားပဋိပကၡ၊ ဖိႏွိပ္ညႇဥ္းပန္းမႈ ဒဏ္ေတြေၾကာင့္ ေနရပ္စြန္႔ခြာ လာရပါတယ္။ အဲဒီထဲက ၂၅ သန္းေက်ာ္ကေတာ့ အိမ္မျပန္ႏုိင္တဲ့ အေျခအေနေၾကာင့္ အျခားတုိင္းျပည္ေတြကို ထြက္ေျပးလာရၿပီး ဒုကၡသည္ဘဝကို ေရာက္လာရတယ္လို႔ ဆိုပါတယ္။
--------------------------------
(Unicode)
ကမ္ဘာ့ဒုက္ခသည်အများဆုံး ၅ နိုင်ငံမှာ မြန်မာပါ
ကမ္ဘာပေါ်က ဒုက္ခသည်အားလုံးရဲ့ သုံးပုံနှစ်ပုံကျော်ဟာ အဓိကနိုင်ငံကြီး ၅ ခုက ထွက်လာကြသူတွေဖြစ်ပြီး မြန်မာနိုင်ငံကနေ ၁.၁ သန်း၊ ဆီးရီးယားက ၆.၇ သန်း၊ အာဖဂန်နစ္စတန်က ၂.၇ သန်း၊ တောင်ဆူဒန်က ၂.၃ သန်းနဲ့ ဆိုမာလီယာက ၉ သိန်းရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။
နောက်ဆုံးရရှိတဲ့ စာရင်းအရ တူကရီနိုင်ငံဟာ ဒုက္ခသည်အများဆုံး လက်ခံတဲ့ တိုင်းပြည်ဖြစ်ပြီး ၃.၇ သန်းကို လက်ခံထားတဲ့အထဲမှာ အများဆုံးက ဆီးရီးယားကနေ ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရကိုယ်စားလှယ်တွေ အပါအဝင် စီးပွားရေး ခေါင်းဆောင်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းနဲ့ လူသားချင်းစာနာမှု အဖွဲ့တွေက ကိုယ်စားလှယ် စုစုပေါင်း ၂ ထောင်လောက်ဟာ ဂျနီဗာမြို့မှာ စုဝေးရောက်ရှိနေပြီး ပထမဦးဆုံးအဖြစ် ကျင်းပမယ့် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ ညီလာခံကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်နေ့ထိ သုံးရက်ကြာကျင်းပသွားမယ့် ညီလာခံကို ဒီကနေ့ တနင်္လာနေ့မှာ စတင်ဖွင့်လှစ်မှာပါ။ ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံကူညီနေတဲ့ နိုင်ငံတွေကို ရေရှည်မှာ ဘယ်လိုကူညီ ထောက်ပံ့သွားကြမလဲဆိုတဲ့ ချဉ်းကပ်မှုအသစ်တွေ ထွက်ပေါ်လာစေဖို့ ဒီညီလာခံမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီညီလာခံကို တက်ရောက်မယ့်အထဲမှာ ဂျာမနီ၊ တူရကီ၊ ပါကစ္စတန်၊ ကော့စတာရီကာ၊ အီသီယိုးပီးယားနဲ့ ဆိုမာလီယာ နိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေ ပါဝင်မှာဖြစ်ပြီး အခြား ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်း တက်ရောက်တယ်လို့ ဆိုပါတယ်။
ကမ္ဘာတလွှားက ပြည်သူ သန်း ၇၀ ကျော်ဟာ ပြည်တွင်းစစ်နဲ့ အခြားပဋိပက္ခ၊ ဖိနှိပ်ညှဉ်းပန်းမှု ဒဏ်တွေကြောင့် နေရပ်စွန့်ခွာ လာရပါတယ်။ အဲဒီထဲက ၂၅ သန်းကျော်ကတော့ အိမ်မပြန်နိုင်တဲ့ အခြေအနေကြောင့် အခြားတိုင်းပြည်တွေကို ထွက်ပြေးလာရပြီးဒုက္ခသည်ဘဝကို ရောက်လာရတယ်လို့ ဆိုပါတယ်။