သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻတလႊား ကုန္သြယ္ေရး က်ဆင္းႏိုင္ေၾကာင္း WTO ခန္႔မွန္း


(Zawgyi/ Unicode)

၂၀၂၃ ခုႏွစ္ အတြင္း ကမ ၻာတလႊား ကုန္သြယ္ေရး ဖြံ႔ၿဖိဳးမႈဟာ ၁ ရာခိုင္ႏႈန္းထိ သိသိသာသာ ေႏွးေကြးသြားမယ္လို႔ ကမ ၻာ့ ကုန္သြယ္ေရး အဖြဲ႔ WTO က ခန္႔မွန္းလိုက္ၿပီး ဒီႏွစ္ အတြင္း ၃ ဒသမ ၅ ရာခိုင္ႏႈန္း ထိျမင့္တက္မယ္လို႔ ခန္႔မွန္းထားတာကေန ေလွ်ာ့ခ်လိုက္တာ ျဖစ္ပါတယ္။ ကုန္သြယ္ေရး ခန္႔မွန္းခ်က္ကို WTO က ျပင္ဆင္လိုက္တဲ႔ အေၾကာင္း ဆြစ္ဇာလန္ ႏိုင္ငံ ဂ်ီနီဗာကေန Lisa Schlein သတင္းေပးပို႔ထားတာကို မသိဂၤ ီထိုက္ တင္ျပေပးပါမယ္။

Covid-19 ကပ္ေဘးကာလ တေလွ်ာက္လံုးမွာ ကမ ၻာ့စီးပြားေရး လည္ပတ္မႈမွာ ကုန္သြယ္ေရးက အဓိက အခန္းက႑က ပါ၀င္ခဲ႔တယ္လို႔ WTO ရဲ႕ စီးပြားေရး ပညာရွင္ေတြက ေျပာဆိုၾကပါတယ္။ ၂၀၂၀ ျပည္႔ႏွစ္ အတြင္း အသြားအလာ တားျမစ္ပိတ္ပင္မႈေတြၾကားမွာ ကုန္စည္ ကုန္သြယ္မႈ ထိုးက်သြားခဲ႔ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ စားနပ္ရိကၡာ၊ ေဆးဝါးနဲ႔ တျခားေသာ မရွိမျဖစ္ ကုန္စည္ေတြ ကမ ၻာတလႊား စီးဆင္းေစၿပီး ကုန္သြယ္ေရး ျပန္ေကာင္းလာခဲ႔ေၾကာင္းလည္း သူတို႔က မွတ္ခ်က္ျပဳ ေျပာဆိုပါတယ္။

ကပ္ေဘးေရာဂါ၊ ရာသီဥတု ေျပာင္းလဲမႈ ျပႆနာနဲ႔ ယူကရိန္း စစ္ပြဲတို႔ အပါအ၀င္ ျပႆနာ မ်ားစြာေၾကာင့္ ကုန္စည္ စီးဆင္းမႈ ကြင္းဆက္မွာ အဟန္႔အတားျဖစ္ေစတယ္လို႔လည္း သူတို႔က ေျပာပါတယ္။ ဘ႑ာေရးနဲ႔ ေငြေၾကးဆိုင္ရာ မူဝါဒေတြနဲ႔ ေငြေၾကးေဖာင္းပြမႈ ဖိအားေတြေၾကာင့္ စြမ္းအင္နဲ႔ ကုန္စည္ ေစ်းႏႈန္းေတြ ႀကီးျမင့္ေစတယ္လို႔လည္း ေျပာပါတယ္။ အထူးသျဖင့္ေတာ့ ၀င္ေငြနည္း ႏိုင္ငံေတြဟာ မလံုျခံဳမႈေတြနဲ႔ အေႂကြးမဆပ္ႏိုင္တဲ႔ အႏၲရာယ္ႀကီးေတြနဲ႔ ရင္ဆိုင္ရတယ္လို႔လည္း ေထာက္ျပပါတယ္။

အာဖရိကနဲ႔ အေရွ႕အလယ္ပိုင္းက လြဲလို႔ က်န္တဲ႔ ေဒသ အမ်ားစုမွာေတာ့ ၂၀၂၃ ခုႏွစ္ အတြင္း ပို႔ကုန္ အနည္းငယ္ တိုးျမင့္ႏိုင္ေျခ ရွိတယ္လို႔ WTO ရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ Ngozi Okonjo-Iweala က ေျပာပါတယ္။ အာဖရိကနဲ႔ အေရွ႕အလယ္ပိုင္း ေဒသ ႏွစ္ခုစလံုးကေတာ့ ဖြံ႔ၿဖိဳးမႈ အက်နဲ႔ ၾကံဳရမယ္လို႔ သူမက ေျပာပါတယ္။ ကမ ၻာ့ GDP အသားတင္ ထုတ္လုပ္မႈ ကေတာ့ ၂ ဒသမ ၃ ရာခိုင္ႏႈန္းေလာက္ ေႏွးေကြးမယ္လို႔ ခန္႔မွန္းထားၿပီး ဒါဟာဆိုရင္ WTO က အရင္က ခန္႔မွန္းထားတာထက္ ၁ ရာခိုင္ႏႈန္းနီးပါး က်သြားတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ေငြေၾကးေဖာင္းပြမႈ တိုက္ဖ်က္ေရး၊ အလုပ္အကိုင္ ထိန္းသိမ္းထားရွိႏိုင္ေရးနဲ႔ သန္႔စင္တဲ႔ စြမ္းအင္ကို ေျပာင္းလဲေရးလို အေရးႀကီးတဲ႔ မူဝါဒေရးရာ ရည္မွန္းခ်က္ေတြ တိုးျမႇင့္ ေဆာင္ရြက္ႏိုင္ေရး အတြက္ မူဝါဒ ခ်မွတ္သူေတြ ခ်ိန္ညႇိေဆာင္ရြက္ေရး ႀကိဳးစားၾကတာမွာေတာ့ ေရြးခ်ယ္ရ ခက္ခဲတဲ႔ အေျခအေနနဲ႔ ရင္ဆိုင္ၾကရပါတယ္။ ကုန္သြယ္ေရး တားျမစ္ကန္႔သတ္ခ်က္ေတြဟာဆိုရင္ စီးပြားက်မႈကို တု႔ံျပန္ကိုင္တြယ္ေရး အတြက္ ဆြဲေဆာင္မႈ တရပ္ ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း ဒီလို ေဆာင္ရြက္ခ်က္ေတြဟာ ေငြေၾကးေဖာင္းပြမႈ ဖိအားေတြကို ပိုၿပီး ဆိုးရြားသြားေစၿပီး လူေနမႈ အဆင့္အတန္းကို က်ဆင္းေစမႈကိုသာ ျဖစ္ေစပါလိမ့္မယ္။

လြတ္လပ္စြာ ကုန္သြယ္မႈဟာ ဆိုရင္ ဖြံ႔ၿဖိဳးမႈကို ျဖစ္ေစၿပီး ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈကို ထိန္သိမ္းေရး အေထာက္အကူ ျဖစ္ႏိုင္တယ္လို႔လည္း Okonjo-Iweala က ေျပာပါတယ္။ စားနပ္ရိကၡာ ကုန္သြယ္မႈကို ေစ်းကြက္ ဆက္လက္ ဖြင့္ထားတာဟာ ဆိုရင္ မရွိမျဖစ္ အေရးပါတဲ႔ စားနပ္ရိကၡာ ကုန္စည္ေတြ ပိုၿပီး ရရွိႏိုင္ၿပီး ေစ်းႏႈန္း မတက္ေစဖို႔ ထိန္းထားႏိုင္မွာ ျဖစ္တယ္လို႔လည္း သူမက ဥပမာ ေပးပါတယ္။

စားနပ္ရိကၡာ ကုန္သြယ္ေရး အေပၚ က်မတို႔ ေစာင့္ၾကည့္ေနတာမွာေတာ့ တားျမစ္ကန္႔သတ္ခ်က္ေတြမွာ လတ္တေလာ ဆုတ္ယုတ္မႈ တခ်ိဳ႔ကို ေတြ႕ေနရၿပီး သတိထား ေစာင့္ၾကည့္ဖို႔ လိုအပ္ေနဆဲ ျဖစ္ပါတယ္။ ၿပီးခဲ႔တဲ႔ ၂ ႏွစ္ အတြင္း ျဖစ္ခဲ႔တဲ႔ ကုန္စည္ စီးဆင္းမႈ ကြင္းဆက္ရဲ႕ အားနည္းခ်က္ေတြကို ပိုၿပီး ထိထိေရာက္ေရာက္ တုံ႔ျပန္ကိုင္ႏိုင္ေရး အတြက္ ကုန္စည္ေတြနဲ႔ ၀န္ေဆာင္မႈေတြ ထုတ္လုပ္ေရး အတြက္ တခုတည္းကို အေျခခံတာေလွ်ာ့ၿပီး ဘက္စံုပါ၀င္မႈ ျဖစ္ေအာင္ တည္ေဆာက္ဖို႔ ျဖစ္ပါတယ္။

ဘက္စံု ပါ၀င္မႈဟာဆိုရင္ စီးပြားေရး ဖြံ႔ၿဖိဳးမႈကို ျမႇင့္တင္ႏိုင္မွာ ျဖစ္သလို ကုန္စည္ ျပတ္လပ္မႈ မရွိေစေရးနဲ႔ ေရရွည္ ေစ်းႏႈန္း တည္ၿငိမ္ေရးတို႔ကိုလည္း အေထာက္အကူ ျဖစ္ေစမယ္လို႔ သူမက ေျပာပါတယ္။ လက္ရွိနဲ႔ အနာဂတ္ စီးပြားေရး စိန္ေခၚအကဲစမ္းမႈေတြကို ကိုင္တြယ္ ေဆာင္ရြက္ႏိုင္ေရးမွာလည္း အေထာက္အကူ ျဖစ္ပါလိမ့္မယ္လို႔ WTO ရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ Ngozi Okonjo-Iweala က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကမ္ဘာတလွှား ကုန်သွယ်ရေး ကျဆင်းနိုင်ကြောင်း WTO ခန့်မှန်း

၂၀၂၃ ခုနှစ် အတွင်း ကမ ္ဘာတလွှား ကုန်သွယ်ရေး ဖွံ့ဖြိုးမှုဟာ ၁ ရာခိုင်နှုန်းထိ သိသိသာသာ နှေးကွေးသွားမယ်လို့ ကမ ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ WTO က ခန့်မှန်းလိုက်ပြီး ဒီနှစ် အတွင်း ၃ ဒသမ ၅ ရာခိုင်နှုန်း ထိမြင့်တက်မယ်လို့ ခန့်မှန်းထားတာကနေ လျှော့ချလိုက်တာ ဖြစ်ပါတယ်။ ကုန်သွယ်ရေး ခန့်မှန်းချက်ကို WTO က ပြင်ဆင်လိုက်တဲ့ အကြောင်း ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာကနေ Lisa Schlein သတင်းပေးပို့ထားတာကို မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

Covid-19 ကပ်ဘေးကာလ တလျှောက်လုံးမှာ ကမ ္ဘာ့စီးပွားရေး လည်ပတ်မှုမှာ ကုန်သွယ်ရေးက အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ WTO ရဲ့ စီးပွားရေး ပညာရှင်တွေက ပြောဆိုကြပါတယ်။ ၂၀၂၀ ပြည့်နှစ် အတွင်း အသွားအလာ တားမြစ်ပိတ်ပင်မှုတွေကြားမှာ ကုန်စည် ကုန်သွယ်မှု ထိုးကျသွားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြားသော မရှိမဖြစ် ကုန်စည်တွေ ကမ ္ဘာတလွှား စီးဆင်းစေပြီး ကုန်သွယ်ရေး ပြန်ကောင်းလာခဲ့ကြောင်းလည်း သူတို့က မှတ်ချက်ပြု ပြောဆိုပါတယ်။

ကပ်ဘေးရောဂါ၊ ရာသီဥတု ပြောင်းလဲမှု ပြဿနာနဲ့ ယူကရိန်း စစ်ပွဲတို့ အပါအဝင် ပြဿနာ များစွာကြောင့် ကုန်စည် စီးဆင်းမှု ကွင်းဆက်မှာ အဟန့်အတားဖြစ်စေတယ်လို့လည်း သူတို့က ပြောပါတယ်။ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေနဲ့ ငွေကြေးဖောင်းပွမှု ဖိအားတွေကြောင့် စွမ်းအင်နဲ့ ကုန်စည် ဈေးနှုန်းတွေ ကြီးမြင့်စေတယ်လို့လည်း ပြောပါတယ်။ အထူးသဖြင့်တော့ ဝင်ငွေနည်း နိုင်ငံတွေဟာ မလုံခြုံမှုတွေနဲ့ အကြွေးမဆပ်နိုင်တဲ့ အန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်ရတယ်လို့လည်း ထောက်ပြပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက လွဲလို့ ကျန်တဲ့ ဒေသ အများစုမှာတော့ ၂၀၂၃ ခုနှစ် အတွင်း ပို့ကုန် အနည်းငယ် တိုးမြင့်နိုင်ခြေ ရှိတယ်လို့ WTO ရဲ့ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က ပြောပါတယ်။ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသ နှစ်ခုစလုံးကတော့ ဖွံ့ဖြိုးမှု အကျနဲ့ ကြုံရမယ်လို့ သူမက ပြောပါတယ်။ ကမ ္ဘာ့ GDP အသားတင် ထုတ်လုပ်မှု ကတော့ ၂ ဒသမ ၃ ရာခိုင်နှုန်းလောက် နှေးကွေးမယ်လို့ ခန့်မှန်းထားပြီး ဒါဟာဆိုရင် WTO က အရင်က ခန့်မှန်းထားတာထက် ၁ ရာခိုင်နှုန်းနီးပါး ကျသွားတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေး၊ အလုပ်အကိုင် ထိန်းသိမ်းထားရှိနိုင်ရေးနဲ့ သန့်စင်တဲ့ စွမ်းအင်ကို ပြောင်းလဲရေးလို အရေးကြီးတဲ့ မူဝါဒရေးရာ ရည်မှန်းချက်တွေ တိုးမြှင့် ဆောင်ရွက်နိုင်ရေး အတွက် မူဝါဒ ချမှတ်သူတွေ ချိန်ညှိဆောင်ရွက်ရေး ကြိုးစားကြတာမှာတော့ ရွေးချယ်ရ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြရပါတယ်။ ကုန်သွယ်ရေး တားမြစ်ကန့်သတ်ချက်တွေဟာဆိုရင် စီးပွားကျမှုကို တုံ့ပြန်ကိုင်တွယ်ရေး အတွက် ဆွဲဆောင်မှု တရပ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီလို ဆောင်ရွက်ချက်တွေဟာ ငွေကြေးဖောင်းပွမှု ဖိအားတွေကို ပိုပြီး ဆိုးရွားသွားစေပြီး လူနေမှု အဆင့်အတန်းကို ကျဆင်းစေမှုကိုသာ ဖြစ်စေပါလိမ့်မယ်။

လွတ်လပ်စွာ ကုန်သွယ်မှုဟာ ဆိုရင် ဖွံ့ဖြိုးမှုကို ဖြစ်စေပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်သိမ်းရေး အထောက်အကူ ဖြစ်နိုင်တယ်လို့လည်း Okonjo-Iweala က ပြောပါတယ်။ စားနပ်ရိက္ခာ ကုန်သွယ်မှုကို ဈေးကွက် ဆက်လက် ဖွင့်ထားတာဟာ ဆိုရင် မရှိမဖြစ် အရေးပါတဲ့ စားနပ်ရိက္ခာ ကုန်စည်တွေ ပိုပြီး ရရှိနိုင်ပြီး ဈေးနှုန်း မတက်စေဖို့ ထိန်းထားနိုင်မှာ ဖြစ်တယ်လို့လည်း သူမက ဥပမာ ပေးပါတယ်။


စားနပ်ရိက္ခာ ကုန်သွယ်ရေး အပေါ် ကျမတို့ စောင့်ကြည့်နေတာမှာတော့ တားမြစ်ကန့်သတ်ချက်တွေမှာ လတ်တလော ဆုတ်ယုတ်မှု တချို့ကို တွေ့နေရပြီး သတိထား စောင့်ကြည့်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ် အတွင်း ဖြစ်ခဲ့တဲ့ ကုန်စည် စီးဆင်းမှု ကွင်းဆက်ရဲ့ အားနည်းချက်တွေကို ပိုပြီး ထိထိရောက်ရောက် တုံ့ပြန်ကိုင်နိုင်ရေး အတွက် ကုန်စည်တွေနဲ့ ဝန်ဆောင်မှုတွေ ထုတ်လုပ်ရေး အတွက် တခုတည်းကို အခြေခံတာလျှော့ပြီး ဘက်စုံပါဝင်မှု ဖြစ်အောင် တည်ဆောက်ဖို့ ဖြစ်ပါတယ်။

ဘက်စုံ ပါဝင်မှုဟာဆိုရင် စီးပွားရေး ဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်မှာ ဖြစ်သလို ကုန်စည် ပြတ်လပ်မှု မရှိစေရေးနဲ့ ရေရှည် ဈေးနှုန်း တည်ငြိမ်ရေးတို့ကိုလည်း အထောက်အကူ ဖြစ်စေမယ်လို့ သူမက ပြောပါတယ်။ လက်ရှိနဲ့ အနာဂတ် စီးပွားရေး စိန်ခေါ်အကဲစမ်းမှုတွေကို ကိုင်တွယ် ဆောင်ရွက်နိုင်ရေးမှာလည်း အထောက်အကူ ဖြစ်ပါလိမ့်မယ်လို့ WTO ရဲ့ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က ပြောပါတယ်။

XS
SM
MD
LG