သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္မ်ဳိးကဲြသစ္ေၾကာင့္ ကမာၻ႔စီးပြားေရး ထိခိုက္ႏိုင္ေၾကာင္း G20 အဖဲြ႔ သတိေပး


G20 အစည္းအေဝးက်င္းပရာ အီတလီႏုိင္ငံ Matera ၿမိဳ႕ျမင္ကြင္း။ (ဇြန္ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ ပိုးသစ္ေတြ ထပ္ေတြ႔လာေနရတာနဲ႔ ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြအတြက္ ကာကြယ္ေဆး ေကာင္းေကာင္းမရႏိုင္ဘဲ ျဖစ္ေနတာဟာ ကမာၻ႔စီးပြားေရး ျပန္နာလန္ထူလာေရးကို ထိခိုက္ေစႏိုင္တယ္လို႔ အီးယူ ဥေရာပသမဂၢနဲ႔ ႏိုင္ငံ ၁၉ ႏိုင္ငံပါဝင္တဲ့ G20 စီးပြားေရး ပူးေပါင္းေဆာင္ရြက္တဲ့ အဖြဲ႔ႀကီးက စေနေန႔မွာပဲ သတိေပးလိုက္ပါတယ္။

G20 ေခါင္းေဆာင္ေတြဟာ ကပ္ေရာဂါ စတင္ျဖစ္ပြားခ်ိန္ကစၿပီး ပထမဆံုးအႀကိမ္ လူကိုယ္တိုင္တက္ေရာက္တဲ့ အစည္းအေဝးကို အီတလီႏိုင္ငံ ဗင္းနစ္ၿမိဳ႕မွာ က်င္းပတာျဖစ္ၿပီး ႏိုင္ငံစံုမွာ ျဖန္႔ၾကက္ထားတဲ့ စီးပြားေရးလုပ္ငန္းေတြ အခြန္သက္သာေအာင္ လုပ္ေနမႈ ရပ္တန္႔ေအာင္လုပ္ဖို႔ အစည္းအေဝးမွာ သေဘာတူခဲ့ၾကပါတယ္။

ဒီလုပ္ေဆာင္မႈကေန ေကာ္ပိုေရးရွင္းႀကီးေတြအတြက္ အခြန္ခႏႈန္း အနည္းဆံုး ၁၅ ရာခုိင္ႏႈန္းခ်ဖို႔ ေအာက္တိုဘာမွာ က်င္းပမယ့္ G20 ထိပ္သီးအစည္းေဝးမွာ အၿပီးသတ္ လုပ္ေဆာင္ႏုိင္ေတာ့မွာျဖစ္ၿပီး ဒါဟာ COVID-19 ေၾကာင့္ ထိခိုက္မႈရွိေနတဲ့ ဘ႑ာေငြေၾကး ေဒၚလာဘီလီယံနဲ႔ခ်ီၿပီး ျပန္ဝင္လာႏိုင္မွာ ျဖစ္ပါတယ္။

ဧၿပီလမွာ က်င္းပခဲ့တဲ့ G20 အစည္းအေဝးတုန္းက ကိုဗစ္ကာကြယ္ေဆးနဲ႔ စီးပြားေရး အေထာက္အကူ ရန္ပံုေငြခ်ထားေရးေတြအတြက္ စတင္ႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကစၿပီး ကမာၻ႔စီးပြားေရးအေျခအေန တိုးတက္မႈရွိလာတယ္လို႔ G20 အစည္းအေဝး ေနာက္ဆံုးေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ အခု ကူူူးစက္ျမန္ ဗီဇေျပာင္းကိုဗစ္ပိုးသစ္ ဒယ္လ္တာေၾကာင့္ အေျခအေန ဆိုးလာႏိုင္တယ္လို႔လည္း ေျပာပါတယ္။

ကမာၻတလႊား ကိုဗစ္ကာကြယ္ေဆး တန္းတူညီမွ်ရေအာင္ မွ်ေဝမႈကို ေထာက္ခံေၾကာင္း G20 အဖြဲ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ဒီလိုရေအာင္ ဘယ္လိုလုပ္မယ္ ဆုိတာကိုေတာ့ တိတိက်က်မေျပာဘဲ IMF၊ ကမာၻ႔ဘဏ္၊ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔နဲ႔ WTO ကမာၻ႔ကုန္သြယ္ေရးအဖြဲ႔တို႔က ကိုဗစ္ကာကြယ္ေဆးအတြက္ ေဒၚလာဘီလီယံ ၅၀ ခ်ထားေပးဖို႔ အႀကံေပးခ်က္ကိုပဲ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကိုဗစ်မျိုးကွဲသစ်ကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်နိုင်ကြောင်း G20 အဖွဲ့ သတိပေး

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်တွေ ထပ်တွေ့လာနေရတာနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေး ကောင်းကောင်းမရနိုင်ဘဲ ဖြစ်နေတာဟာ ကမ္ဘာ့စီးပွားရေး ပြန်နာလန်ထူလာရေးကို ထိခိုက်စေနိုင်တယ်လို့ အီးယူ ဥရောပသမဂ္ဂနဲ့ နိုင်ငံ ၁၉ နိုင်ငံပါဝင်တဲ့ G20 စီးပွားရေး ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့ကြီးက စနေနေ့မှာပဲ သတိပေးလိုက်ပါတယ်။

G20 ခေါင်းဆောင်တွေဟာ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး ပထမဆုံးအကြိမ် လူကိုယ်တိုင်တက်ရောက်တဲ့ အစည်းအဝေးကို အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ ကျင်းပတာဖြစ်ပြီး နိုင်ငံစုံမှာ ဖြန့်ကြက်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ အခွန်သက်သာအောင် လုပ်နေမှု ရပ်တန့်အောင်လုပ်ဖို့ အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။

ဒီလုပ်ဆောင်မှုကနေ ကော်ပိုရေးရှင်းကြီးတွေအတွက် အခွန်ခနှုန်း အနည်းဆုံး ၁၅ ရာခိုင်နှုန်းချဖို့ အောက်တိုဘာမှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းဝေးမှာ အပြီးသတ် လုပ်ဆောင်နိုင်တော့မှာဖြစ်ပြီး ဒါဟာ COVID-19 ကြောင့် ထိခိုက်မှုရှိနေတဲ့ ဘဏ္ဍာငွေကြေး ဒေါ်လာဘီလီယံနဲ့ချီပြီး ပြန်ဝင်လာနိုင်မှာ ဖြစ်ပါတယ်။

ဧပြီလမှာ ကျင်းပခဲ့တဲ့ G20 အစည်းအဝေးတုန်းက ကိုဗစ်ကာကွယ်ဆေးနဲ့ စီးပွားရေး အထောက်အကူ ရန်ပုံငွေချထားရေးတွေအတွက် စတင်နိုင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစပြီး ကမ္ဘာ့စီးပွားရေးအခြေအနေ တိုးတက်မှုရှိလာတယ်လို့ G20 အစည်းအဝေး နောက်ဆုံးကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အခု ကူူူးစက်မြန် ဗီဇပြောင်းကိုဗစ်ပိုးသစ် ဒယ်လ်တာကြောင့် အခြေအနေ ဆိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။

ကမ္ဘာတလွှား ကိုဗစ်ကာကွယ်ဆေး တန်းတူညီမျှရအောင် မျှဝေမှုကို ထောက်ခံကြောင်း G20 အဖွဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီလိုရအောင် ဘယ်လိုလုပ်မယ် ဆိုတာကိုတော့ တိတိကျကျမပြောဘဲ IMF၊ ကမ္ဘာ့ဘဏ်၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့က ကိုဗစ်ကာကွယ်ဆေးအတွက် ဒေါ်လာဘီလီယံ ၅၀ ချထားပေးဖို့ အကြံပေးချက်ကိုပဲ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG