သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကမ္ဘာ့ ကိုဗစ်ကပ်ရောဂါ စိုးရိမ်ဖွယ်အဆင့်မှာ ရှိနေ (WHO အကြီးအကဲ)


FILE - In this May 24, 2021 photo, Tedros Adhanom Ghebreyesus, Director General of the WHO, attends a meeting in Geneva. The WHO leader said on June 25, 2021, the COVID-19 delta variant is “the most transmissible of the variants identified so far.”

{{Zawgyi/Unicode}}






......................................

တိုက်ရိုက် လင့်ခ်

{{Unicode}}

ကမ္ဘာကြီးမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုက အလွန်အမင်း အန္တရာယ်ဆိုးရွားတဲ့ အဆင့်ကို ရောက်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က မနေ့ ဗုဒ္ဓဟူးနေ့ က ပြောပါတယ်။ ဒါဟာ တကမ္ဘာလုံးမှာ ကာကွယ်ဆေးရရှိမှုမှာ မညီမမျှဖြစ်တဲ့အတွက်ကြောင့် ကိုဗစ်ကပ်ရောဂါ မျိုးဗီဇပြောင်း ပိုးသစ်ဟာ အဆက်မပြတ်ပြန့်ပွားနေတာဖြစ်တယ်လို့ သူကပြောပါတယ်။

တချို့နိုင်ငံတွေဟာ ကာကွယ်ဆေး ထိုးတဲ့နှုန်းတွေမြင့်မားပြီး နောက်ထပ် အားမြှင့်ထိုးဖို့အတွက်တောင် စီစဉ်နိုင်ကြတဲ့အတွက် လူအချင်းချင်း သတ်မှတ် အကွာအဝေးထားတာတွေတောင် ပယ်ဖျက်ပေးနေကြတယ်လို့ ဂျီနီဗာ မှာရှိတဲ့ WHO ဌာနချုပ်ကနေ သူကပြောပါတယ်။

ဒါပေမယ့်လည်း ကာကွယ်ဆေး ရရှိနိုင်မှုဟာ တုံလှုပ်စရာကောင်းလောက်အောင် ညီမျှမှုမရှိတဲ့အတွက် ကိုဗစ်ကပ်ရောဂါ မျိုးဗီဇပြောင်းပိုးသစ်တွေ ကူးစက်မှု့တွေဟာ ကမ္ဘာ့ဒေသတိုင်းမှာ ဆိုးဆိုးရွားရွားဖြစ်ပွားလာတယ်လို့ သူကဆိုပါတယ်။

အာရှ၊ အာဖရိက နဲ့ လက်တင် အမေရိက နိုင်ငံတွေမှာ အောက်စီဂျင် သိုလှောင်အိုးတွေ မလုံမလောက်ဖြစ်ရတာ ၊ ကုသရေးအပိုင်းမှာ အားနည်းရတာတွေဟာ အများအပြားသေဆုံးရခြင်းရဲ့ အဓိက အကြောင်းအရင်းဖြစ်တယ်လို့လည်း သူကပြောပါတယ်။

တကမ္ဘာလုံးမှာ ကိုဗစ်ကပ်ရောဂါကြောင့် မကြာသေးခင်က လူပေါင်း ၄ သန်းလောက်သေဆုံးခဲ့ရပြီး နိုင်ငံအများစုဟာလည်း သူတို့နိုင်ငံ လူဦးရေးအတွက် ကာကွယ်ဆေး လုံလုံလောက်လောက်ရဖို့ ကြိုးစားနေကြရတယ်လို့လည်း ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG