သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် သမ္မတ Xi Jinping ကို ထပ်မံရွေးချယ်


သမ္မတ Xi Jinping
သမ္မတ Xi Jinping

တရုတ်သမ္မတ Xi Jinping ကို ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် နောက်ထပ် သက်တမ်း ၅ နှစ် ဆက်လက်တာဝန်ယူဖို့ ဒီကနေ့ပဲ တရားဝင် ရွေးချယ်လိုက်ပါတယ်။ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ရွေးချယ်ခဲ့ပြီးနောက် ဗဟိုနိုင်ငံရေး ဦးဆောင်အဖွဲ့ ပေါလစ်ဗျူရို ကော်မတီဝင်သစ် ၅ ဦးနဲ့အတူ အသက် ၆၄ နှစ်အရွယ် သမ္မတ Xi Jinping ကို ဘေဂျင်းမြို့တော်က ပြည်သူ့ခန်းမမှာ အတူယှဉ်တွဲပြီး တွေ့ခဲ့ကြရတာပါ။

ပေါလစ်ဗျူရို ကော်မတီဝင်အသစ် ၅ ဦးထဲမှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတရဲ့ ကြိုးပမ်းမှုတွေမှာ ဦးဆောင်ခဲ့သူ တဦးဖြစ်တဲ့ Wang Qishan ထံကနေ ပါတီစည်းကမ်းထိမ်းသိမ်းရေး ကော်မရှင် တာဝန်တွေကို လွဲှပြောင်းယူခဲ့တဲ့ Zhao Leji လည်း ပါဝင်ပါတယ်။ ပေါလစ်ဗျုရိုကော်မတီဝင်တွေထဲမှာ လူဟောင်းဆိုလို့ အသက် ၆၂ နှစ်အရွယ် ဝန်ကြီးချုပ် Li Keqiang တဦးပဲ ပြန်ပါလာပါတယ်။

ကျန်ကော်မတီဝင်တွေဟာလည်း အသက် ၆၀ နဲ့ အထက် အရွယ်တွေဖြစ်ကြတဲ့အတွက် သမ္မတ Xi Jinping ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးချိန် ၂၀၂၂ ခုနှစ်မှာ ပါတီထိပ်တန်းခေါင်းဆောင် တာဝန်တွေကို လွဲှပြောင်းယူမယ့်သူ မရှိမယ့် အခြေအနေကြောင့်၊ သမ္မတအနေနဲ့ ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက်ပိုင်းအထိ ဆက်လက်အာဏာရှိနေနိုင်တယ်လို့လည်း အကဲခတ်တွေ ခန့်မှန်းနေကြတာပါ။ ၅ နှစ်တကြိမ် ကျင်းပတဲ့ ညီလာခံအတွင်း မနေ့တုန်းက ကွန်မြူနစ်ပါတီ အခြေခံဥပဒေမှာ သမ္မတရဲ့ အမည်ကို ထည့်သွင်းခဲ့ပြီးနောက် ပါတီခေါင်းဆောင်အဖြစ် တရားဝင် ဆက်လက် တာဝန်ပေးမယ်လို့လည်း ကြိုတင်ခန့်မှန်းထားခဲ့ကြတာပါ။ ကွန်မြူနစ် တရုတ်နိုင်ငံကို ထူထောင်သူ မော်စီတုန်းနဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတခု ဖြစ်လာအောင် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တဲ့ တိန့်ရှောင်ဖိန်တို့ နောက်ပိုင်း သမ္မတ Xi Jinping ဟာ ကွန်မြူနစ်ပါတီရဲ့ အခြေခံ ဥပဒေမှာ အမည်ဖော်ပြခံရတဲ့ တတိယမြောက်ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG