သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္နဲ႔ တ႐ုတ္သမၼတ G20 မွာ သီးသန္႔ေတြ႕မည္


China US Poll

အေမရိကန္သမတ ဂ်ိဳးဘိုင္ဒင္နဲ႔ တ႐ုတ္သမၼတ ရွီက်င္းဖ်ဥ္တို႔ဟာ လာမယ့္ တနလၤာေန႔ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကၽြန္းမွာ က်င္းပမယ့္ စီးပြားေရး အင္အားႀကီးႏိုင္ငံ ၂၀ G20 အဖဲြ႕ အစည္းအေ၀းမွာ သီးျခားေတြ႕ဆုံဖို႔စီစဥ္ထားပါတယ္

Zawgyi

အေမရိကန္နဲ႔ တ႐ုတ္သမၼတ G20 မွာ သီးသန္႔ေတြ႕မည္

အေမရိကန္သမတ ဂ်ိဳးဘိုင္ဒင္နဲ႔ တ႐ုတ္သမၼတ ရွီက်င္းဖ်ဥ္တို႔ဟာ လာမယ့္ တနလၤာေန႔ အင္ဒိုနီးရွားႏိုင္ငံ ဘာလီကၽြန္းမွာ က်င္းပမယ့္ စီးပြားေရး အင္အားႀကီးႏိုင္ငံ ၂၀ G20 အဖဲြ႕ အစည္းအေ၀းမွာ သီးျခားေတြ႕ဆုံဖို႔စီစဥ္ထားပါတယ္။ (Act. Jake Sullivan, National Security Council adviser)
"ဒါဟာ သမၼတဘိုင္ဒင္ တာ၀န္ယူၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္လူျခင္းေတြ႕မွာျဖစ္ပါတယ္။" လို႔ အိ္မ္ျဖဴေတာ္ အမ်ဳိးသားလုံျခံဳေရးအၾကံေပး Jake Sullivan သတင္းေထာက္ေတြကိုေျပာလိုက္တာပါ။

ေခါင္းေဆာင္ႏွစ္ဦးေတြ႕ဆုံတဲ့အခါ ႏွစ္ႏိုင္ငံအၾကားပိုမိုနက္ရႈိင္းတဲ့ဆက္သြယ္ေရးလမ္းေၾကာင္းကို ကိုဆက္လက္ထားရွိဖို႔။ တာ၀န္ယူမႈရွိတဲ့ၿပိဳင္ဆိ္ုင္မႈျဖစ္ဖို႔နဲ႔ အက်ိဳးစီးပြားတူညီတဲ့ေနရာေတြမွာအတူတကြပူးတဲြလုပ္ေဆာင္ဖို႔ဆိုတဲ့ အခ်က္ေတြအ ေပၚမွာအဓိကေဆြးေႏြးဖို႔ရွိတယ္လို႔လည္း အိမ္ျဖဴေတာ္က ေျပာပါတယ္။

သမတဘိုင္ဒင္အေနနဲ႔ တ႐ုတ္ကထိုင္၀မ္ေရလက္ၾကားၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးၿခိမ္းေျခာက္ေနတဲ့ကိစၥအပါအ၀င္၊ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈကိစၥ၊ ဒါ့အျပင္ အေမရိကန္နဲ႔မဟာမိတ္ေတြစိုးရိမ္ေနတဲ့ တ႐ုတ္ရဲ႔အႏၲရယ္ရွိတဲ့စီးပြားေရးဆိုင္ရာ က်င့္သုံးမႈေတြကိုလည္းေဆြးေႏြးဖို႔ရွိတယ္လိုု႔ အေမရိကန္အစိုးရအႀကီးတန္းအရာရွိေတြက သတင္းေထာက္ေတြကိုေျပာ ဆိုခဲ့ပါတယ္။

သမတ ႏွစ္ဦးဟာၿပီးခဲ့တဲ့ ဇူလိုင္လထဲကေနာက္ဆုံးဆက္သြယ္စကားေျပာခဲ့တာအပါအ၀င္ တယ္လီဖုန္းဒါမွမဟုတ္ အင္တာနက္ကေနတဆင့္အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ အေမရိကန္သမတအေနနဲ႔ မၾကာေသး မီကမစ္ဇိုင္းဒုံးေတြပစ္လႊတ္စမ္းသပ္ခဲ့တဲ့ေျမာက္ကိုရီးယားအေရးအပါအ၀င္၊ ႐ုရွားယူကရိန္းစစ္ပဲြကိစၥေတြကိုလည္း တ႐ုတ္သမတ ရွီက်င္းဖ်ဥ္နဲ႔ေတြ႕ဆုံစဥ္ ေဆြးေႏြးဖိုရွိတယ္လို႔ အေမရိကန္ အစိုးရတာ၀န္ရွိသူေတြကေျပာဆိုထားပါတယ္။

##

အေမရိကန္နဲ႔ တ႐ုတ္သမၼတ G20 မွာ သီးသန္႔ေတြ႕မည္
please wait

No media source currently available

0:00 0:05:13 0:00
တိုက္႐ိုက္ လင့္ခ္

Unicode

အမေရိကန်နဲ့ တရုတ်သမ္မတ G20 မှာ သီးသန့်တွေ့မည်

အမေရိကန်သမတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျဉ်တို့ဟာ လာမယ့် တနင်္လာနေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပမယ့် စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ G20 အဖွဲ့ အစည်းအဝေးမှာ သီးခြားတွေ့ဆုံဖို့စီစဉ်ထားပါတယ်။ (Act. Jake Sullivan, National Security Council adviser)
"ဒါဟာ သမ္မတဘိုင်ဒင် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လူခြင်းတွေ့မှာဖြစ်ပါတယ်။" လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan သတင်းထောက်တွေကိုပြောလိုက်တာပါ။

ခေါင်းဆောင်နှစ်ဦးတွေ့ဆုံတဲ့အခါ နှစ်နိုင်ငံအကြားပိုမိုနက်ရှိုင်းတဲ့ဆက်သွယ်ရေးလမ်းကြောင်းကို ကိုဆက်လက်ထားရှိဖို့။ တာဝန်ယူမှုရှိတဲ့ပြိုင်ဆိုင်မှုဖြစ်ဖို့နဲ့ အကျိုးစီးပွားတူညီတဲ့နေရာတွေမှာအတူတကွပူးတွဲလုပ်ဆောင်ဖို့ဆိုတဲ့ အချက်တွေအ ပေါ်မှာအဓိကဆွေးနွေးဖို့ရှိတယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

သမတဘိုင်ဒင်အနေနဲ့ တရုတ်ကထိုင်ဝမ်ရေလက်ကြားငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးခြိမ်းခြောက်နေတဲ့ကိစ္စအပါအဝင်၊ လူ့အခွင့်အရေးချိုးဖေါက်မှုကိစ္စ၊ ဒါ့အပြင် အမေရိကန်နဲ့မဟာမိတ်တွေစိုးရိမ်နေတဲ့ တရုတ်ရဲ့အန္တရယ်ရှိတဲ့စီးပွားရေးဆိုင်ရာ ကျင့်သုံးမှုတွေကိုလည်းဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်အစိုးရအကြီးတန်းအရာရှိတွေက သတင်းထောက်တွေကိုပြော ဆိုခဲ့ပါတယ်။

သမတ နှစ်ဦးဟာပြီးခဲ့တဲ့ ဇူလိုင်လထဲကနောက်ဆုံးဆက်သွယ်စကားပြောခဲ့တာအပါအဝင် တယ်လီဖုန်းဒါမှမဟုတ် အင်တာနက်ကနေတဆင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် အမေရိကန်သမတအနေနဲ့ မကြာသေး မီကမစ်ဇိုင်းဒုံးတွေပစ်လွှတ်စမ်းသပ်ခဲ့တဲ့မြောက်ကိုရီးယားအရေးအပါအဝင်၊ ရုရှားယူကရိန်းစစ်ပွဲကိစ္စတွေကိုလည်း တရုတ်သမတ ရှီကျင်းဖျဉ်နဲ့တွေ့ဆုံစဉ် ဆွေးနွေးဖိုရှိတယ်လို့ အမေရိကန် အစိုးရတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။

XS
SM
MD
LG