သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yanghee Lee ရဲ့ ရခိုင်ခရီးစဉ်


၂၀၁၆ ဇူလိုင်လ တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရဲ့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာစဉ်
၂၀၁၆ ဇူလိုင်လ တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ရဲ့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာစဉ်

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းဖို့အတွက် ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ဟာ ဒီကနေ့ တနင်္လာနေ့မှာ စစ်တွေမြို့အနီးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာဖို့ရှိပြီး ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်မယ်လို့ သိရပါတယ်။

Yanghee Lee ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ မောင်တောမြို့နယ်အတွင်းက ကျီးကန်းပြင် ကျေးရွာကို တနင်္ဂနွေနေ့က သွားရောက်ခဲ့တာမှာ ကျီးကန်းပြင်ကျေးရွာက ရိုဟင်ဂျာ မူဆလင်တွေနဲ့ သီးသန့် တွေ့ဆုံ စကားပြေခွင့်ရပါတယ်။ နောက်ပိုင်းမှာ ရခိုင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မနှစ် အောက်တိုဘာလ ၉ ရက်နေ့က မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်း (၃) ခု တိုက်ခိုက်ခံရပြီးတဲ့နောက် တာဝန်ရှိသူတွေကို စုံစမ်း ဖော်ထုတ်နိုင်ဖို့ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်တဲ့ နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေကို လူကိုယ်တိုင် စုံစမ်း သိရှိနိုင်ဖို့ Yanghee Lee အခုလို မောင်တောမြို့ကို ရောက်သွားတာလည်း ဖြစ်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ တိုက်ခိုက်မှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဘူးသီးတောင် အကျဉ်းထောင်က အကျဉ်းသားတွေကိုလည်း ကုလကိုယ်စားလှယ်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ Yanghee Lee ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိသလို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

Yanghee Lee ရဲ့ ရခိုင်ခရီးစဉ်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG