သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္ လႈိင္သာယာစည္ပင္ေစ်းတခုနဲ႔ အိမ္ရာတခ်ိဳ႕ အင္အားသုံး ၿဖိဳဖ်က္ခံရ


ၿဖိဳခ်မခံရမီ ျမင္ေတြ႔ရတဲ့ လႈိင္သာယာၿမိဳ႕နယ္ ေဝၿဖိဳးဟိန္းေဈး အနီးဝန္းက်င္က လူေနအိမ္မ်ား။ (ဒီဇင္ဘာ ၆၊ ၂၀၂၁။ ဓာတ္ပုံ - CJ)

(Zawgyi / Unicode)

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕က ဆိုင္ခန္းေပါင္း ၂၀၀ နီးပါးရွိတဲ့ စည္ပင္ေဈးတခုနဲ႔ အိမ္ရာတခ်ိဳ႕ကို စစ္ေကာင္စီတပ္ဖြဲ႔ေတြက ႀကိဳတင္အသိမေပးဘဲ လူအင္အား အလုံးအရင္းနဲ႔ ဒီေန႔မနက္မွာ ၿဖိဳဖ်က္လိုက္ပါတယ္။ က်ဴးေက်ာ္အိမ္ရာေတြ အဓမၼ အင္အားသုံး ရွင္းလင္းေနတဲ့အေပၚ ကုလ လူ႔အခြင့္အေရး အရာရွိေတြက ေဝဖန္ေနတဲ့ၾကားမွာပဲ အခုလို ေနာက္ထပ္ျဖစ္ရပ္ ထပ္ႀကဳံလာတာပါ။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုၿငိမ္းခ်မ္း ေျပာျပပါမယ္။

လႈိင္သာယာၿမိဳ႕နယ္ ၆ ရပ္ကြက္က ေဝၿဖိဳးဟိန္းေဈးကို စစ္ေကာင္စီတပ္ဖြဲ႔ေတြ ဦးေဆာင္ၿပီး လူအင္အားအလုံးအရင္းနဲ႔ ဒီေန႔ ဒီဇင္ဘာလ ၆ ရက္ မနက္ပိုင္းမွာ ဖ်က္ပစ္လိုက္ပါတယ္။ ဒီေဈးဟာ လႈိင္သာယာၿမိဳ႕ စတည္ကတည္းက ရွိခဲ့တာျဖစ္ၿပီး ဘာေၾကာင့္ဖ်က္ရတယ္ဆိုတဲ့ အေၾကာင္းအရင္းကိုေတာ့ မသိရေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ ေဈးပတ္ဝန္းက်င္က အုတ္နဲ႔ အခိုင္အမာေဆာက္ထားတဲ့ လူေနအိမ္ေတြကိုလည္း စက္ယႏၲရားသုံးၿပီး ၿဖိဳခ်ပစ္တယ္လို႔ အဲဒီေဈးက ဆိုင္ရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

“ဆိုင္ခန္းေပါင္း ၁၇၅ ခန္းရွိတယ္။ ဒါ တရားဝင္ခ်ထားတဲ့ ကတ္ျပားေတြဘာေတြ ထုတ္ေပးထားတဲ့ဥစၥာ။ ေဈးပတ္ပတ္လည္ေတြက လူေနအိမ္ေတြ ျဖစ္ေနတာ။ (ေဈးကို) မီတာခ်ေပးတယ္ ဆုိကတည္းက က်ဴး(ေက်ာ္)မဟုတ္လို႔ ခ်ေပးတာေပါ့။ ေဈးသူေဈးသား ခံစားခ်က္ကေတာ့ တကယ္လို႔လည္း ဖ်က္မယ္ေဟ့ဆိုရင္လည္း က်ေနာ္တို႔ကို ထပ္ၿပီးေတာ့ ရက္ေလးတိုးေပးပါ၊ က်ေနာ္တို႔ ေဈးေရာင္းတဲ့ ပစၥည္းပစၥယေတြ သယ္ဖို႔က ျဗဳန္းစားႀကီးက မလြယ္ဘူးေပါ့ေနာ္။”

စစ္ကားႏွစ္စီး၊ ၿမိဳ႕နယ္မွဴးကားတစီး၊ ရဲနယ္ထိန္းကားတစီး၊ အရာရွိကားတစီး၊ စည္ပင္သာယာ အမႈိက္သယ္ကား ၆ စီး၊ ေျမသယ္ယႏၲရားတစီး စတဲ့ကားေတြအျပင္ တုတ္၊ ဓား ကိုင္ေဆာင္ထားတဲ့ လူအင္အား အမ်ားအျပား ပါတယ္လို႔ ေဈးသူ ေဈးသားေတြက ဗြီအိုေအကို ေျပာပါတယ္။ အနီးအနားမွာ ဓာတ္ပုံ႐ိုက္ေနတဲ့ လူငယ္သုံးေယာက္ကိုလည္း ရဲေတြက ဖမ္းဆီးသြားပါတယ္။

အဖ်က္ခံရတဲ့အထဲမွာ စက္႐ုံမွာ အလုပ္ဆင္းေနတဲ့ အလုပ္သမားေတြရဲ႕ အေဆာင္ေတြလည္း ပါပါတယ္။ ဒီျမင္ကြင္းေတြေၾကာင့္ အမ်ိဳးသမီးတဦးကေတာ့ ေၾကာက္လန႔္ၿပီး ေသဆုံးခဲ့တယ္လို႔ ေဒသခံက ေျပာပါတယ္။

“ရွင္းရွင္းေျပာရရင္ ဒီဥစၥာနဲ႔ပတ္သက္ၿပီး အၿငိဳးတခုေပါ့ေနာ္။ တေယာက္ကေတာ့ ႐ုတ္တရက္ ေသသြားတယ္။ ႏွစ္ေယာက္မွာ တေယာက္က ျပန္ၿပီး သက္သာတယ္လို႔ ေျပာတယ္။”

ဖ်က္ေပးဖုိ႔ အေၾကာင္းၾကားထားတဲ့ ထားဝယ္ေခ်ာင္ အမႈိက္ပုံနားက က်ဴးေက်ာ္ရပ္ကြက္။ (ဓာတ္ပုံ - CJ)
ဖ်က္ေပးဖုိ႔ အေၾကာင္းၾကားထားတဲ့ ထားဝယ္ေခ်ာင္ အမႈိက္ပုံနားက က်ဴးေက်ာ္ရပ္ကြက္။ (ဓာတ္ပုံ - CJ)

လူဦးေရ ၂၀၀ ေက်ာ္ ေနထိုင္ေနတဲ့ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္း၊ ထားဝယ္ေခ်ာင္ အမႈိက္ပုံနားက က်ဴးေက်ာ္ရပ္ကြက္တခုကိုလည္း ဒီေန႔ အၿပီးဖ်က္ေပးရမယ္လို႔ စစ္ေကာင္စီရဲ႕ စည္ပင္သာယာဌာနက အသိေပးစာ ေပးပို႔ထားပါတယ္။ က်ဴးေက်ာ္ရပ္ကြက္ဆိုေပမယ့္ ဒီေနရာကို သူတို႔ဝယ္ၿပီး ေနထိုင္ခဲ့ရတာပါ။ ေနာက္တေနရာကို ခ်က္ခ်င္းေျပာင္းေရႊ႕ဖို႔ အခက္အခဲေတြ ရွိေနတယ္လို႔ အဲဒီမွာေနတဲ့သူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔က ျမန္မာျပည္သားေတြ၊ ျမန္မာမွတ္ပုံတင္နဲ႔ ျမန္မာျပည္သူေတြဗ်။ ႏို႔တစ္ေပးၿပီးေတာ့ ျမန္မာေျမေပၚကေန ေမာင္းထုတ္ရတဲ့အဆင့္ ဆိုတာႀကီးက အရမ္းကို ခါးသီးတယ္။ မေမာင္းထုတ္နဲ႔ မေျပာလိုပါဘူး၊ ဒါေပမယ့္ က်ေနာ္တို႔ကို အခ်ိန္ေပး။ ေျပာခ်င္တာကေတာ့ဗ်ာ က်ေနာ္တို႔ျပည္သူေတြ ဝယ္စရာလည္း ေငြမရွိဘူး၊ ေျပးစရာလည္း ေျမမရွိဘူး၊ ငွားစရာလည္း ေငြမရွိ ဆိုတဲ့ဘဝေပါ့။ အခုေနခဲ့တဲ့ ေနရာေလးက က်ေနာ္ဝယ္ထားရတာဗ်။”

စည္ပင္သာယာဌာနက ေပးပို႔တဲ့ အသိေပးစာေတြမွာေတာ့ “လူႀကီးမင္း၏ က်ဴးေက်ာ္အေဆာက္အဦကို ဖ်က္သိမ္းေျပာင္းေရႊ႕ရန္ အေၾကာင္းၾကားအပ္ပါသည္” ဆိုတဲ့ စာကို ေရးသားထားၿပီး မလိုက္နာဘူးဆိုရင္ စည္ပင္သာယာဥပေဒအတိုင္း အေရးယူသြားမယ္လို႔ ေျပာပါတယ္။

လႈိင္သာယာက က်ဴးေက်ာ္ေနအိမ္ေတြကို ေအာက္တိုဘာလ ၂၈ ရက္ကစၿပီး စစ္ေကာင္စီတပ္ေတြက ရွင္းလင္းေနတာပါ။ အဲဒီေနာက္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္က က်ဴးေက်ာ္အိမ္ရာေတြကို ဆက္လက္ရွင္းလင္းခဲ့ပါတယ္။ အဲဒီေနာက္ ထားဝယ္ေခ်ာင္ အမႈိက္ပုံဝန္းက်င္ကို ရွင္းလင္းေနတာပါ။ မနက္ျဖန္ ဒီဇင္ဘာ ၇ ရက္မွာေတာ့ ပုစြန္ေတာင္ၿမိဳ႕နယ္ ေခ်ာင္းအနီးတဝိုက္က အိမ္ေျခေတြကိုလည္း ရွင္းလင္းသြားဖို႔ စာေပးပို႔ထားေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ၿမိဳ႕ေတာ္သန႔္ရွင္းေရးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ က်ဴးေက်ာ္အိမ္ရာေတြကို ရွင္းလင္းေနတာဟာ ႏိုင္ငံတကာ လူ႔အခြင့္အေရးဥပေဒကို ခ်ိဳးေဖာက္ရာ ေရာက္တယ္လို႔ ကုလ လူ႔အခြင့္အေရး အရာရွိေတြက ဒီရက္ပိုင္းထဲမွာ ေျပာလိုက္ပါတယ္။ ဒါေတြကို ခ်က္ခ်င္းရပ္တန႔္ဖို႔လည္း သူတို႔က ေတာင္းဆိုလိုက္တာပါ။ စိုးရိမ္စရာ အေျခအေနေတြ မျဖစ္ေအာင္ က်ဴးေက်ာ္ေနထိုင္သူေတြနဲ႔ ေဆြးေႏြးၿပီး အေျဖရွာဖို႔ကိုလည္း ကုလသမဂၢ အထူးကိုယ္စားလွယ္ေတြရဲ႕ ဒီရက္ပိုင္း ေၾကညာခ်က္မွာ ေရးသားထားတာပါ။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ရန်ကုန် လှိုင်သာယာစည်ပင်ဈေးတခုနဲ့ အိမ်ရာတချို့ အင်အားသုံး ဖြိုဖျက်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့က ဆိုင်ခန်းပေါင်း ၂၀၀ နီးပါးရှိတဲ့ စည်ပင်ဈေးတခုနဲ့ အိမ်ရာတချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက ကြိုတင်အသိမပေးဘဲ လူအင်အား အလုံးအရင်းနဲ့ ဒီနေ့မနက်မှာ ဖြိုဖျက်လိုက်ပါတယ်။ ကျူးကျော်အိမ်ရာတွေ အဓမ္မ အင်အားသုံး ရှင်းလင်းနေတဲ့အပေါ် ကုလ လူ့အခွင့်အရေး အရာရှိတွေက ဝေဖန်နေတဲ့ကြားမှာပဲ အခုလို နောက်ထပ်ဖြစ်ရပ် ထပ်ကြုံလာတာပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုငြိမ်းချမ်း ပြောပြပါမယ်။

လှိုင်သာယာမြို့နယ် ၆ ရပ်ကွက်က ဝေဖြိုးဟိန်းဈေးကို စစ်ကောင်စီတပ်ဖွဲ့တွေ ဦးဆောင်ပြီး လူအင်အားအလုံးအရင်းနဲ့ ဒီနေ့ ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်းမှာ ဖျက်ပစ်လိုက်ပါတယ်။ ဒီဈေးဟာ လှိုင်သာယာမြို့ စတည်ကတည်းက ရှိခဲ့တာဖြစ်ပြီး ဘာကြောင့်ဖျက်ရတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဈေးပတ်ဝန်းကျင်က အုတ်နဲ့ အခိုင်အမာဆောက်ထားတဲ့ လူနေအိမ်တွေကိုလည်း စက်ယန္တရားသုံးပြီး ဖြိုချပစ်တယ်လို့ အဲဒီဈေးက ဆိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ဆိုင်ခန်းပေါင်း ၁၇၅ ခန်းရှိတယ်။ ဒါ တရားဝင်ချထားတဲ့ ကတ်ပြားတွေဘာတွေ ထုတ်ပေးထားတဲ့ဥစ္စာ။ ဈေးပတ်ပတ်လည်တွေက လူနေအိမ်တွေ ဖြစ်နေတာ။ (ဈေးကို) မီတာချပေးတယ် ဆိုကတည်းက ကျူး(ကျော်)မဟုတ်လို့ ချပေးတာပေါ့။ ဈေးသူဈေးသား ခံစားချက်ကတော့ တကယ်လို့လည်း ဖျက်မယ်ဟေ့ဆိုရင်လည်း ကျနော်တို့ကို ထပ်ပြီးတော့ ရက်လေးတိုးပေးပါ၊ ကျနော်တို့ ဈေးရောင်းတဲ့ ပစ္စည်းပစ္စယတွေ သယ်ဖို့က ဗြုန်းစားကြီးက မလွယ်ဘူးပေါ့နော်။”

စစ်ကားနှစ်စီး၊ မြို့နယ်မှူးကားတစီး၊ ရဲနယ်ထိန်းကားတစီး၊ အရာရှိကားတစီး၊ စည်ပင်သာယာ အမှိုက်သယ်ကား ၆ စီး၊ မြေသယ်ယန္တရားတစီး စတဲ့ကားတွေအပြင် တုတ်၊ ဓား ကိုင်ဆောင်ထားတဲ့ လူအင်အား အများအပြား ပါတယ်လို့ ဈေးသူ ဈေးသားတွေက ဗွီအိုအေကို ပြောပါတယ်။ အနီးအနားမှာ ဓာတ်ပုံရိုက်နေတဲ့ လူငယ်သုံးယောက်ကိုလည်း ရဲတွေက ဖမ်းဆီးသွားပါတယ်။

အဖျက်ခံရတဲ့အထဲမှာ စက်ရုံမှာ အလုပ်ဆင်းနေတဲ့ အလုပ်သမားတွေရဲ့ အဆောင်တွေလည်း ပါပါတယ်။ ဒီမြင်ကွင်းတွေကြောင့် အမျိုးသမီးတဦးကတော့ ကြောက်လန့်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ရှင်းရှင်းပြောရရင် ဒီဥစ္စာနဲ့ပတ်သက်ပြီး အငြိုးတခုပေါ့နော်။ တယောက်ကတော့ ရုတ်တရက် သေသွားတယ်။ နှစ်ယောက်မှာ တယောက်က ပြန်ပြီး သက်သာတယ်လို့ ပြောတယ်။”

လူဦးရေ ၂၀၀ ကျော် နေထိုင်နေတဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ထားဝယ်ချောင် အမှိုက်ပုံနားက ကျူးကျော်ရပ်ကွက်တခုကိုလည်း ဒီနေ့ အပြီးဖျက်ပေးရမယ်လို့ စစ်ကောင်စီရဲ့ စည်ပင်သာယာဌာနက အသိပေးစာ ပေးပို့ထားပါတယ်။ ကျူးကျော်ရပ်ကွက်ဆိုပေမယ့် ဒီနေရာကို သူတို့ဝယ်ပြီး နေထိုင်ခဲ့ရတာပါ။ နောက်တနေရာကို ချက်ချင်းပြောင်းရွှေ့ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ အဲဒီမှာနေတဲ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့က မြန်မာပြည်သားတွေ၊ မြန်မာမှတ်ပုံတင်နဲ့ မြန်မာပြည်သူတွေဗျ။ နို့တစ်ပေးပြီးတော့ မြန်မာမြေပေါ်ကနေ မောင်းထုတ်ရတဲ့အဆင့် ဆိုတာကြီးက အရမ်းကို ခါးသီးတယ်။ မမောင်းထုတ်နဲ့ မပြောလိုပါဘူး၊ ဒါပေမယ့် ကျနော်တို့ကို အချိန်ပေး။ ပြောချင်တာကတော့ဗျာ ကျနော်တို့ပြည်သူတွေ ဝယ်စရာလည်း ငွေမရှိဘူး၊ ပြေးစရာလည်း မြေမရှိဘူး၊ ငှားစရာလည်း ငွေမရှိ ဆိုတဲ့ဘဝပေါ့။ အခုနေခဲ့တဲ့ နေရာလေးက ကျနော်ဝယ်ထားရတာဗျ။”

စည်ပင်သာယာဌာနက ပေးပို့တဲ့ အသိပေးစာတွေမှာတော့ “လူကြီးမင်း၏ ကျူးကျော်အဆောက်အဦကို ဖျက်သိမ်းပြောင်းရွှေ့ရန် အကြောင်းကြားအပ်ပါသည်” ဆိုတဲ့ စာကို ရေးသားထားပြီး မလိုက်နာဘူးဆိုရင် စည်ပင်သာယာဥပဒေအတိုင်း အရေးယူသွားမယ်လို့ ပြောပါတယ်။

လှိုင်သာယာက ကျူးကျော်နေအိမ်တွေကို အောက်တိုဘာလ ၂၈ ရက်ကစပြီး စစ်ကောင်စီတပ်တွေက ရှင်းလင်းနေတာပါ။ အဲဒီနောက် ဒဂုံဆိပ်ကမ်းမြို့နယ်က ကျူးကျော်အိမ်ရာတွေကို ဆက်လက်ရှင်းလင်းခဲ့ပါတယ်။ အဲဒီနောက် ထားဝယ်ချောင် အမှိုက်ပုံဝန်းကျင်ကို ရှင်းလင်းနေတာပါ။ မနက်ဖြန် ဒီဇင်ဘာ ၇ ရက်မှာတော့ ပုစွန်တောင်မြို့နယ် ချောင်းအနီးတဝိုက်က အိမ်ခြေတွေကိုလည်း ရှင်းလင်းသွားဖို့ စာပေးပို့ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

မြို့တော်သန့်ရှင်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျူးကျော်အိမ်ရာတွေကို ရှင်းလင်းနေတာဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ကုလ လူ့အခွင့်အရေး အရာရှိတွေက ဒီရက်ပိုင်းထဲမှာ ပြောလိုက်ပါတယ်။ ဒါတွေကို ချက်ချင်းရပ်တန့်ဖို့လည်း သူတို့က တောင်းဆိုလိုက်တာပါ။ စိုးရိမ်စရာ အခြေအနေတွေ မဖြစ်အောင် ကျူးကျော်နေထိုင်သူတွေနဲ့ ဆွေးနွေးပြီး အဖြေရှာဖို့ကိုလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေရဲ့ ဒီရက်ပိုင်း ကြေညာချက်မှာ ရေးသားထားတာပါ။

XS
SM
MD
LG