သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားမီဒီယာ အပေါ်တားမြစ်မှု   တောင်ကိုရီးယားရုတ်သိမ်းတော့မည်


윤석열 한국 대통령.
윤석열 한국 대통령.

တောင်ကိုရီယားနဲ့မြောက်ကိုရီးယားအကြား အပြန်အလှန်နားလည်မှု တိုးတက်လာရေး ရည်ရွယ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ ဆယ်စုနှစ်ကြာ ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယား ရုပ်မြင်သံကြားနဲ့ သတင်းစာတွေ အပါအဝင် သတင်းမီဒီယာတွေကို ကြည့်ရှုခွင့်ပေးသွားမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက သောကြာောနေ့က ပြောဆိုလိုက်ပါတယ်။  

မြောက်ကိုရီးယားမီဒီယာ အပေါ်တားမြစ်မှု တောင်ကိုရီးယားရုတ်သိမ်းတော့မည်

{{Zawgyi/Unicode}}
တောင်ကိုရီယားနဲ့မြောက်ကိုရီးယားအကြား အပြန်အလှန်နားလည်မှု တိုးတက်လာရေး ရည်ရွယ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ ဆယ်စုနှစ်ကြာ ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယား ရုပ်မြင်သံကြားနဲ့ သတင်းစာတွေ အပါအဝင် သတင်းမီဒီယာတွေကို ကြည့်ရှုခွင့်ပေးသွားမယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက သောကြာောနေ့က ပြောဆိုလိုက်ပါတယ်။

၁၉၄၈ ခုနှစ် နှစ်နိုင်ငံကွဲပြီးကတည်းက တဘက်နဲ့ တဘက် သတင်းမီဒီယာကြည့်ရှုခွင့်၊ ဖုန်းခေါ်ခွင့်၊ လည်ပတ်ခွင့် တွေကို ပိတ်ပင်ထားခဲ့ကြတာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံးလက်နှက် စမ်းသပ်မှုတွေကြောင့် အခြေအနေတွေတင်း မာမှုရှိနေပေမယ့်လည်း တောင်ကိုရီးယားဘက်က အခုလို စတင်လုပ်ဆောင်တာဖြစ် ပါတယ်။

ကိုရီးယား အမျိုးသားလက္ခဏာ ပြန်လည်ပေါ်ထွန်းရေးနဲ့ နှစ်နိုင်ငံပိုမိုပေါင်းစည်းနိုင်ရေး ပြင်ဆင်တဲ့အနေနဲ့ မြောက်ကိုရီးယား သတင်းမီဒီယာတွေကို တဖြည်းဖြည်း လွတ်လပ်ခွင့်ပေးသွားမယ်လို့ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနကနေ သမ္မတသစ် Yoon Suk Yeol ကို သောကြာနေ့မှာ တင်ပြတဲ့ မူဝါဒဆိုင်ရာ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားလုပ်သလို အလားတူလုပ်လိမ့်မယ်လို့ မထင်ဘူးလို့ ဆိုလ်းမြိုတော်မှာရှိတဲ့ Konkuk တက္ကသိုလ်ကပါမောက္ခ Jeon Young-sun ကပြောဆိုပါတယ်။

မြောက်ကိုရီးယားမှာ တောင်ကိုရီးယား သတင်းမီဒီယာတွေ အပါအဝင် ပြင်ပသတင်းမီဒီယာတွေ ကြည့်ရှုခွင့်ကို တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပေမယ့်လည်း၊ ခိုးယူတင်သွင်း လာတဲ့တောင်ကိုရီးယား ရုပ်မြင်သံကြား အစီအစဉ်တွေကို မြောက်ကိုရီးယားမှာ တိတ်တဆိတ် ကြည့်ကြတယ်လို့ မြောက်ကိုရီးယားကထွက်ပြေးလာသူတွေကပြော ဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

.........................................


{{Zawgyi/Unicode}}




မွောကျကိုရီးယားကတော့ တောငျကိုရီးယားလုပျသလို အလားတူလုပျလိမ့ျမယျလို့ မထငျဘူးလို့ ဆိုလျးမွိုတောျမှာရှိတဲ့ Konkuk တက်ကသိုလျကပါမောက်ခ Jeon Young-sun ကပွောဆိုပါတယျ။


XS
SM
MD
LG