သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူနန္ျပည္နယ္ငလ်င္ ၃ ဦးေသ၊ ၂၈ ဦး ဒဏ္ရာရ


ယူနန္ျပည္နယ္မွာ ၂၀၁၄ ခုႏွစ္က လႈပ္္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ အပ်က္အစီးၾကားက အမ်ဳိးသမီးတဦး။ (ၾသဂုတ္ ၆၊ ၂၀၁၄)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္မွာ ျပင္းအား ၆ ဒသမ ၄ မဂၢနီက်ဳရွိတဲ့ ငလ်င္ လႈပ္ခတ္တာေၾကာင့္ ၃ ဦး ေသဆံုးၿပီး ၂၈ ဦး ဒဏ္ရာရရွိေၾကာင္း ျပည္နယ္အစိုးရက စေနေန႔မွာ ေျပာပါတယ္။ ေျမေအာက္ ၅ မိုင္အကြာမွာ ဗဟိုျပဳၿပီး ေမလ ၂၁ ရက္ေန႔ ေသာၾကာေန႔ ေႏွာင္းပိုင္းမွာ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ လႈပ္ခတ္ၿပီးေနာက္ ေနာက္ဆက္တြဲ ငလ်င္ေတြ ဆက္လႈပ္ခတ္ခဲ့ေၾကာင္း တ႐ုတ္ ငလ်င္ကြန္ရက္စင္တာက ေျပာပါတယ္။

တ႐ုတ္ရဲ႕ အေနာက္ပိုင္းျပည္နယ္ က်င္းဟိုင္မွာ စေနေန႔က ၇ ဒသမ ၄ ျပင္းအားရွိ ငလ်င္ လႈပ္ခတ္ခဲ့ေၾကာင္းလည္း ထုတ္ျပန္ထားေပမယ့္ ေသဆံုး ထိခိုက္ဒဏ္ရာရမႈကိုေတာ့ ထုတ္ျပန္မထားပါဘူး။

ယူနန္ျပည္နယ္မွာေတာ့ ေျမၿပဳိတာေၾကာင့္ သယ္ယူပို႔ေဆာင္ေရး လမ္းေၾကာင္းတခ်ိဳ႕ ျပတ္ေတာက္ေနေပမယ့္ လွ်ပ္စစ္၊ တယ္လီဖုန္းနဲ႔ အင္တာနက္ဆက္သြယ္ေရး ေကာင္းမြန္ေနေၾကာင္း တ႐ုတ္အာဏာပိုင္ေတြရဲ႕ အေျပာကို ကိုးကားၿပီး တ႐ုတ္ႏုိင္ငံပိုင္ CCTV သတင္းက ေဖာ္ျပပါတယ္။

ယူနန္ျပည္နယ္ငလ်င္ ၃ ဦးေသ၊ ၂၈ ဦး ဒဏ္ရာရ
please wait

No media source currently available

0:00 0:00:51 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ယူနန်ပြည်နယ်ငလျင် ၃ ဦးသေ၊ ၂၈ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျုရှိတဲ့ ငလျင် လှုပ်ခတ်တာကြောင့် ၃ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိကြောင်း ပြည်နယ်အစိုးရက စနေနေ့မှာ ပြောပါတယ်။ မြေအောက် ၅ မိုင်အကွာမှာ ဗဟိုပြုပြီး မေလ ၂၁ ရက်နေ့ သောကြာနေ့ နှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်ခတ်ခဲ့ကြောင်း တရုတ် ငလျင်ကွန်ရက်စင်တာက ပြောပါတယ်။

တရုတ်ရဲ့ အနောက်ပိုင်းပြည်နယ် ကျင်းဟိုင်မှာ စနေနေ့က ၇ ဒသမ ၄ ပြင်းအားရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပေမယ့် သေဆုံး ထိခိုက်ဒဏ်ရာရမှုကိုတော့ ထုတ်ပြန်မထားပါဘူး။

ယူနန်ပြည်နယ်မှာတော့ မြေပြိုတာကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတချို့ ပြတ်တောက်နေပေမယ့် လျှပ်စစ်၊ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေး ကောင်းမွန်နေကြောင်း တရုတ်အာဏာပိုင်တွေရဲ့ အပြောကို ကိုးကားပြီး တရုတ်နိုင်ငံပိုင် CCTV သတင်းက ဖော်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG