သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွားငလ်င္ လူေပါင္း ၈၀ ခန္႔ ေသဆံုး


ငလ်င္ေၾကာင့္ ၿပိဳက်ပ်က္စီးမႈေတြၾကား အသက္ရွင္က်န္ရစ္သူေတြကို ရွာေဖြ ကယ္ဆယ္ေနသူမ်ား။ (ဇန္နဝါရီ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

အင္ဒိုနီးရွားႏုိင္ငံ ဆူလာေဝစီကၽြန္းမွာ ၿပီးခဲ့တဲ့ သီတင္းပတ္က ျပင္းထန္တဲ့ ငလ်င္ေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့တဲ့ လူေနအိမ္ေတြ၊ လုပ္ငန္းအေဆာက္အဦေတြေအာက္ ေရာက္ေနတဲ့ လူေသအေလာင္းေတြကို ကယ္ဆယ္ေရးအဖဲြ႔ေတြက ထပ္ၿပီး ဆဲြထုတ္ႏိုင္ခဲ့တယ္လို႔ တနဂၤေႏြေန႔က အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီငလ်င္ေၾကာင့္ လူေပါင္း အနည္းဆံုး ၈၀ နီးပါးေလာက္ ေသဆံုးခဲ့ပါတယ္။

ငလ်င္ဒဏ္ကို ဆိုးဆိုးရြားရြားခံရတဲ့ Mamuju ၿမိဳ႕နဲ႔ Majene ခ႐ိုင္အနီးတဝုိက္ ေနရာေတြမွာ ၿပိဳက်ေနတဲ့ အေဆာက္အဦေတြေအာက္ အသက္မေသဘဲ ပိတ္မိေနသူေတြကို ကယ္ဆယ္ႏုိင္ေရး အႀကီးစားစက္ကိရိယာေတြ အသံုးျပဳၿပီး ဆက္လက္ရွာေဖြ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ အင္ဒိုနီးရွားႏုိင္ငံ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဌာနရဲ႕ လုပ္ငန္းလည္ပတ္မႈ ထိန္းခ်ဳပ္ေရး အႀကီးအကဲ Bambang Surya Putra က အခုလိုေျပာပါတယ္။

”အေဆာက္အဦထဲ ပိတ္မိေနသူေတြကို ကယ္ဆယ္ရာမွာ အရွိန္ျမႇင့္တင္ႏိုင္ဖို႔အတြက္ ႀကီးမားတဲ့ ပစၥည္းကိရိယာေတြကို ေပးပို႔ဖို႔ ရဲတပ္ဖြဲ႔နဲ႔အတူ အမ်ိဳးသားရွာေဖြေရးနဲ႔ ကယ္ဆယ္ေရး ေအဂ်င္စီလိုမ်ိဳး အျခား ေအဂ်င္စီေတြနဲ႔ ဆက္လက္ညႇိႏႈိင္း ေဆာင္ရြက္သြားဖို႔ ရွိပါတယ္။”

ငလ်င္ဒဏ္ေၾကာင့္ လူေပါင္း ၈၀၀ ေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့ၿပီး ေထာင္ေပါင္းမ်ားစြာ အုိးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရပါတယ္။

အေမရိကန္ ဘူမိေဗဒ ေလ့လာတိုင္းတာခ်က္အရ ျပင္းအား ၆.၂ ရွိတဲ့ ငလ်င္ဟာ ဆူလာေဝစီ အေနာက္ေတာင္ဘက္ခ႐ုိင္ျဖစ္တဲ့ Mamuju နဲ႔ ၃၆ ကီလိုမီတာအကြာ ဗဟိုျပဳၿပီး အနက္ပမာဏ ၁၈ ကီလိုမီတာနဲ႔ နံနက္အေစာပိုင္း ၂ နာရီ ေနာက္ပိုင္းမွာ လႈပ္ခတ္ခဲ့တာ ျဖစ္ပါတယ္။

ေသာၾကာေန႔ကတည္းကစၿပီး လွ်ပ္စစ္ဓာတ္အားနဲ႔ တယ္လီဖုန္းလိုင္းေတြ ျပန္ၿပီး ေကာင္းမြန္လာခဲ့တာေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းေတြကုိ အေထာက္အကူ ျဖစ္ေစခဲ့ပါတယ္။

ၾကာသပေတးေန႔ကလည္း အဲဒီေဒသက ပင္လယ္ေရေအာက္မွာ ၅.၉ ျပင္းအားရွိတဲ့ငလ်င္ လႈပ္ခဲ့တာေၾကာင့္ အိမ္ေတြၿပိဳက် ပ်က္စီးခဲ့ေပမယ့္ ထိခိုက္ေသဆံုးမႈ မရွိခဲ့ပါဘူး။

အင္ဒိုနီးရွားငလ်င္ လူေပါင္း ၈၀ ခန္႔ ေသဆံုး
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

အင်ဒိုနီးရှားငလျင် လူပေါင်း ၈၀ ခန့် သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်းထန်တဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ လူနေအိမ်တွေ၊ လုပ်ငန်းအဆောက်အဦတွေအောက် ရောက်နေတဲ့ လူသေအလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ထပ်ပြီး ဆွဲထုတ်နိုင်ခဲ့တယ်လို့ တနင်္ဂနွေနေ့က အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ အဲဒီငလျင်ကြောင့် လူပေါင်း အနည်းဆုံး ၈၀ နီးပါးလောက် သေဆုံးခဲ့ပါတယ်။

ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွားခံရတဲ့ Mamuju မြို့နဲ့ Majene ခရိုင်အနီးတဝိုက် နေရာတွေမှာ ပြိုကျနေတဲ့ အဆောက်အဦတွေအောက် အသက်မသေဘဲ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ရေး အကြီးစားစက်ကိရိယာတွေ အသုံးပြုပြီး ဆက်လက်ရှာဖွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနရဲ့ လုပ်ငန်းလည်ပတ်မှု ထိန်းချုပ်ရေး အကြီးအကဲ Bambang Surya Putra က အခုလိုပြောပါတယ်။

”အဆောက်အဦထဲ ပိတ်မိနေသူတွေကို ကယ်ဆယ်ရာမှာ အရှိန်မြှင့်တင်နိုင်ဖို့အတွက် ကြီးမားတဲ့ ပစ္စည်းကိရိယာတွေကို ပေးပို့ဖို့ ရဲတပ်ဖွဲ့နဲ့အတူ အမျိုးသားရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီလိုမျိုး အခြား အေဂျင်စီတွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။”

ငလျင်ဒဏ်ကြောင့် လူပေါင်း ၈၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အမေရိကန် ဘူမိဗေဒ လေ့လာတိုင်းတာချက်အရ ပြင်းအား ၆.၂ ရှိတဲ့ ငလျင်ဟာ ဆူလာဝေစီ အနောက်တောင်ဘက်ခရိုင်ဖြစ်တဲ့ Mamuju နဲ့ ၃၆ ကီလိုမီတာအကွာ ဗဟိုပြုပြီး အနက်ပမာဏ ၁၈ ကီလိုမီတာနဲ့ နံနက်အစောပိုင်း ၂ နာရီ နောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့ကတည်းကစပြီး လျှပ်စစ်ဓာတ်အားနဲ့ တယ်လီဖုန်းလိုင်းတွေ ပြန်ပြီး ကောင်းမွန်လာခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

ကြာသပတေးနေ့ကလည်း အဲဒီဒေသက ပင်လယ်ရေအောက်မှာ ၅.၉ ပြင်းအားရှိတဲ့ငလျင် လှုပ်ခဲ့တာကြောင့် အိမ်တွေပြိုကျ ပျက်စီးခဲ့ပေမယ့် ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။

XS
SM
MD
LG