သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ပွဲအရေးဆွေးနွေးဖို့ ယူကရိန်းသမ္မတ ဆော်ဒီကိုသွားရောက်


ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ Riyadh မြို့ကို ရောက်လာတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (ဝဲ) နဲ့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)
ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ Riyadh မြို့ကို ရောက်လာတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (ဝဲ) နဲ့ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)

ရုရှားကဖမ်းထားတဲ့ ယူကရိန်းစစ်သုံ့ပန်းတွေပြန်လွှတ်ပေးရေးနဲ့ ငြိမ်းချမ်းရေးအစီအစဉ်အတွက် တွန်းအားပေးဖို့ ယူကရိန်းသမ္မတ ဗလိုဒီမာဇာလင်းစကီးဟာ အင်္ဂါနေ့က ဆော်ဒီအာရေးဗီးယားနိုင်ငံကိုသွားခဲ့ပါတယ်။ ရုရှား အောက်လွှတ်တော်ဥက္ကဋ္ဌ Vyqacheslav Volodin သွားရောက်ပြီး နောက်တနေ့မှာပဲ ယူကရိန်းသမ္မတဟာ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman နဲ့ အခုလိုသွားရောက်တွေ့ဆုံတာဖြစ်ပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားဟာ 'ရုရှား-ယူကရိန်းအရေးမှာ ကြားဝင်ညှိနှိုင်းပေးသူနေရာက ဆောင်ရွက်ပါတယ်။ ဒါပေမဲ့လည်း ရေနံနဲ့လောင်စာကိစ္စအတွက် OPEC အတွင်း ရုရှားနဲ့ ဆော်ဒီအာရေးဗီးယားဟာ မူဝါဒကိစ္စမှာ မဟာမိတ်ဖြစ်ပါတယ်။ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်ကို တွန်းအားပေးနိုင်ဖို့ ဆော်ဒီအာရေးဗီးယားကို ဆက်လက် အားထားသွားမယ်' လို့ သမ္မတဇာလင်းစကီးက X လူမှုကွန်ယက်မှာရေးပါတယ်။

ယူကရိန်းဘက်တင်ပြထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ အချက် ၁၀ ချက်ပါပြီး အဲဒီအထဲမှာ ယူကရိန်းနယ်ထဲက ရုရှားတပ်တွေ ပြန်လည်ထွက်ခွါဖို့နဲ့ ရုရှားကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူဖို့အချက်တွေ ပါဝင်ပါတယ်။ ဆော်ဒီအာရေးဗီးယားရဲ့ ဦးဆောင်ကူညီမှုနဲ့ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ စစ်သုံ့ပန်းတွေလည်းရှိခဲ့တဲ့အတွက် ဒီဆွေးနွေးပွဲဟာလည်း ရလဒ်ကောင်းတွေ ပေါ်ထွက်လိမ့်မယ်လို့ယုံကြည်ကြောင်း သမ္မတဇာလင်းစကီးက ဖေါ်ပြခဲ့ပါတယ်။

အခုလိုအချိန်မှာ ယူကရိန်းအရှေ့ဘက်ခြမ်းမှာ ရုရှားတွေက ရှေ့ကို တိုးလာနေပါတယ်။ ရုရှားက တပ်အင်အား သာလွန်တာနဲ့ ယူကရိန်းကအနောက်တိုင်းနိုင်ငံတွေက လက်နက်ခဲယမ်းအကူအညီတွေကို စောင့်ဆိုင်းနေရချိန်မှာ ရုရှားက အခွင့်ကောင်းယူ တိုက်ခိုက်လာတာလို့ အကဲခတ်တွေကသုံးသပ်ပါတယ်။

စစ်ပွဲအရေးဆွေးနွေးဖို့ ယူကရိန်းသမ္မတ ဆော်ဒီကိုသွားရောက်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG