သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ကာကွယ်ရေးဝန်ကြီးတွေ ဂျာမနီမှာဆွေးနွေး

(ဝဲမှယာ) ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius၊ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley, ကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နှင့် ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov (ဧပြီ ၂၁၊ ၂၀၂၃)
(ဝဲမှယာ) ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius၊ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley, ကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နှင့် ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov (ဧပြီ ၂၁၊ ၂၀၂၃)

ယူကရိန်းကို ရုရုားက ကျူးကျော် တိုက်ခိုက်နေတာ တနှစ်ကျော်လာတဲ့ အခုချိန်အထိ ယူကရိန်းအပေါ် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ လျော့ကျမသွားဘဲ အခိုင်အမာ ဆက်ရှိနေဆဲပဲလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ဝန်ကြီး Austin ဦးဆောင်ပြီး ဂျာမနီနိုင်ငံမှာရှိတဲ့ အမေရိကန် လေတပ်အခြေစိုက်စခန်း Ramstein မှာ ဒီကနေ့ ကျင်းပတဲ့ ယူကရိန်း ကာကွယ်ရေးဆိုင်ရာ ချိတ်ဆက် ဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးအတွင်း ရုရှားသမ္မတ ပူတင်ရဲ့လုပ်ရပ်ကို ဆက်ပြီး ကန့်ကွက်သွားမယ့် အကြောင်း ဝန်ကြီး Austin က ပြောဆိုသွားပါတယ်။

“ငြိမ်းချမ်းတဲ့ အိမ်နီးချင်းနိုင်ငံတွေကို အာဏာရှင်တွေက ထိပါး နှောက်ယှက်ချင်တိုင်း နှောက်ယှက်ပြီး လက်နက်နဲ့ အနိုင်ယူ သိမ်းပိုက်ဖို့ ကြိုးစားတဲ့ ပူတင်ရဲ့ ဒီလို အမြင်မျိုးကို ကျနော်တို့ ကန့်ကွက်ပါတယ်။” – လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောသွားတာပါ။

ဒီကနေ့ ဆွေးနွေးပွဲမှာ ယူကရိန်းအတွက် လေကြောင်းရန် ကာကွယ်ရေး၊ စစ်လက်နက်ခဲယမ်း ပစ္စည်းတွေ ပံ့ပိုးရေးနဲ့ ဒီလို အထောက်အပံ့တွေ ယူကရိန်းကို အဆင်ပြေပြေ ပေးပို့နိုင်ရေး ကိစ္စတွေကို အဓိက ဆွေးနွေးကြတဲ့အကြောင်းလည်း ဝန်ကြီး Austin က ပြောပါတယ်။ ယူကရိန်း နိုင်ငံ အကူအညီ လိုအပ်နေသ၍ ဆက်ပြီး ပေးသွားမယ့်အကြောင်းနဲ့ အားလုံးအတွက် ဘေးကင်းလုံခြုံမှုရှိတဲ့ တရားဥပဒေစိုးမိုးမှုကို အခြေခံတဲ့ နိုင်ငံတကာ ဥပဒေတွေကို အတူလက်တွဲ ကာကွယ်သွားမယ့် အကြောင်းလည်း သူက ပြောဆိုသွားပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာအနေနဲ့ ယူကရိန်းကို ကူညီပေးနိုင်ဖို့အတွက် နိုင်ငံပေါင်း ၅၀ ကျော်က ကာကွယ်ရေး ဝန်ကြီးတွေ ပါဝင်ပြီး ယူကရိန်း ကာကွယ်ရေးဆိုင်ရာ ချိတ်ဆက် ဆောင်ရွက်မှုအဖွဲ့ကို ဖွဲ့စည်းထားတာပါ။ ဒီအဖွဲ့ ဖွဲ့စည်းတာ တနှစ်ပြည့်တဲ့အချိန် ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးကတော့ ၁၁ ကြိမ်မြောက် ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံကြတာဖြစ်ပါတယ်။

ယူကရိန်းအရေး ကာကွယ်ရေးဝန်ကြီးတွေ ဂျာမနီမှာဆွေးနွေး
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG