သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစစ်ရာဇဝတ်မှုစုံစမ်းရေး ယူကရိန်းကို ကန်အကူအညီပေးမည်


UKRAINE-RUSSIA-CONFLICT-WAR
UKRAINE-RUSSIA-CONFLICT-WAR

ရုရှားတပ်ဖွဲ့တွေကျူးလွန်ဖွယ်ရှိတဲ့ စစ်ရာဇဝတ်မှုတွေ စုံစမ်းအရေးယူရေး ယူကရိန်းကို အကူအညီပေးဖို့ အမေရိကန်တရားရေးဌာနအနေနဲ့ ရှေနေတဦးနဲ့ ဥပဒေအကြံပေးတဦးခန့်ထားဖို့ စဉ်းစားနေတယ်လို့ အမေရိကန်ပြည်ထောင်စု ရှေ့နေချုပ် Merrick Garland က ပြောပါတယ်။

ရှေ့နေချုပ် Garland ဟာ ယူကရိန်း ရှေ့နေချုပ် Andriy Kostin နဲ့ တွေ့ဆုံမှုအပြီး ပြောဆိုတာဖြစ်သလို ဒီခန့်ထားမယ့် ရှေ့နေဟာ The Hague မြို့မှာ အခြေချလုပ်ဆောင်မယ်လို့ လည်း ကန်ရှေ့နေချုပ်က ပြောပါတယ်။ ဥပဒေရေးရာအကြံပေးကိုလည်း ယူကရိန်းမြို့တော်က အမေရိကန်သံရုံးကို အခု နွေရာသီမှာ စေလွှတ်သွားမယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသားတွေကို ထိခိုက်နာကျင်စေမှုလိုမျိုး အမေရိကန်ပြည်ထောင်စုက စီရင်ခွင့်ရှိတဲ့ စစ်ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးရာမှာ ယူကရိန်းအစိုးရရှေ့နေတွေက တရားရေးဌာနနဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်လို့လည်း ကန် ရှေ့နေချုပ်က ပြောပါတယ်။

အမေရိကန်နိုင်ငံတွင်းရှိနေတဲ့ စစ်ရာဇဝတ်ကောင်မှန်သမျှကို အရေးယူကိုင်တွယ်ဖို့ အမေရိကန်လွှတ်တော်ကလည်း အမေရိကန်တရားရေးဌာနကို လုပ်ပိုင်ခွင့် တိုးချဲ့ပေးထားပါတယ်။ ရုရှားကတော့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတာကို ငြင်းဆန်သလို အရပ်သားတွေကို တမင်ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာကိုလည်း ငြင်းပါတယ်။

အခုလို အမေရိကန်တရားရေးဌာနက အကူအညီတွေပေးမယ်ဆိုတာကို ကြိုဆိုကြောင်း ယူကရိန်းရှေ့နေချုပ်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့ပြင် ရုရှားတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ အချက်အလက်တွေ စုံစမ်းမှုတွေနဲ့ပတ်သက်လို့ ယူကရိန်းဘက်က အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ဆွေးနွေးပြောဆိုတာတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ရုရှားစစ်ရာဇဝတ်မှုစုံစမ်းရေး ယူကရိန်းကို ကန်အကူအညီပေးမည်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG