သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းလျှပ်စစ်ဓာတ်အား ပြည်ပတင်ပို့မှု ပြန်လည်စတင်


ယူကရိန်းနိုင်ငံ၊ Kherson ဒေသတွင်း ရုရှားတို့တိုက်ခိုက်ခံထားရတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ (နိုဝင်ဘာ ၃၀၊ ၂၀၂၂)
ယူကရိန်းနိုင်ငံ၊ Kherson ဒေသတွင်း ရုရှားတို့တိုက်ခိုက်ခံထားရတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ (နိုဝင်ဘာ ၃၀၊ ၂၀၂၂)

{{Zawgyi/Unicode}}

ယူကရိန်းဟာ ဥရောပနိုင်ငံတွေကို လျှပ်စစ်ဓာတ်အားတင်ပို့ရောင်းချမှု ပြန်လည်စတင်နေပြီလို့ ယူကရိန်းစွမ်းအင်ဝန်ကြီး ဟာမန် ဟာလ်လူရှင်ကိုက ပြောလိုက်ပါတယ်။ ဒါဟာ ရုရှားရဲ့တိုက်ခိုက်မှုတွေကြားမှာပဲ ပြီးခဲ့တဲ့ခြောက်လနီးပါးလောက်အတွင်းမှာ အံအားသင့်ဖွယ် တကျော့ပြန် လျှပ်စစ်ဓာတ်အား ထုတ်လုပ်တင်ပို့လာနိုင်တာပါ။

အဲဒီတုန်းက ယူကရိန်းလူထုကို စိတ်ဓာတ်ပျက်ပြားစေဖို့ ရည်ရွယ်ပြီး ရုရှားဘက်က ယူကရိန်းရဲ့ ဓာတ်အားပေးစက်ရုံတွေကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စွမ်းအင်စနစ်ထက်ဝက်လောက် ပျက်စီးသွားခဲ့ပြီး နိုင်ငံရဲ့နေရာများအပြား အမှောင်ထုအောက်ရောက်သွားခဲ့ရတာပါ။

အခုအခါမှာတော့ ပြည်တွင်းလိုအပ်ချက်တွေကို ၁၀၀ ရာခိုင်နှုန်း ဖြည့်ဆည်းပေးရုံသာမက ပြည်ပကို လျှပ်စစ်တင်ပို့ရောင်းချမှု ပြန်လည်စတင်ဖို့လည်း အဆင်သင့်ဖြစ်နေပြီလို့ စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ ယူကရိန်းအင်ဂျင်နီယာတွေနဲ့ နိုင်ငံတကာကမိတ်ဖက်တွေရဲ့ ကြီးမားတဲ့လုပ်အားကြောင့် ပြည်ပကိုတင်ပို့ဖို့ အရန်စွမ်းအင်သိမ်းဆည်းထားနိုင်ပြီလို့ သူကဆိုပါတယ်။ ယူကရိန်းရဲ့စွမ်းအင်တင်ပို့မှုကို ပထမဆုံးရရှိမယ့်နိုင်ငံကတော့ မော်လ်ဒိုဗာဖြစ်ပါတယ်။ ဒါ့ပြင် ပိုလန်၊ စလိုဗက်ကီးယားနဲ့ ရိုမေးနီးယားနိုင်ငံတွေကိုလည်း တင်ပို့မှုတွေပြန်လည်စတင်ဖို့ စီစဉ်ထားကြောင်း ယူကရိန်းစွမ်းအင်ဝန်ကြီးကပြောပါတယ်။

ရုရှားဟာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ပြီး ယူကရိန်းအားနည်းစေဖို့ ရည်ရွယ်ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ကြောင်း ဒီ ဖြစ်ရပ်က သက်သေပြနေတယ်လို့လည်း သုံးသပ်ကြပါတယ်။

ဒီဇင်ဘာလတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ယူကရိန်းရဲ့ စွမ်းအင်ကဏ္ဍပံ့ပိုးမှုအတွက် ဒေါ်လာ ၅၅ သန်းအပြင် လျှပ်စစ်ဓာတ်အားလိုင်း စက်ပစ္စည်းများရရှိဖို့ အတွက် နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ဒေါ်လာ ၅၃ သန်းကို ထောက်ပံ့ကူညီကြောင်း ကြေညာခဲ့ပါတယ်။

အခုအခြေအနေမှာ နောက်ထပ် လုပ်စရာတွေအများကြီး ကျန်နေသေးတယ်လို့ ယူကရိန်း စွမ်းအင်ဝန်ကြီး ဟာလ်လူရှင်ကိုက ပြောပါတယ်။ ယူကရိန်းမှာ စစ်ဒဏ်ကြောင့်ပျက်စီးနေတဲ့ လျှပ်စစ်ထုတ်လုပ်မှုနဲ့ သွယ်တန်းလိုင်းတွေကို ပြုပြင်ဖို့ ရန်ပုံငွေတွေလိုအပ်ပြီး အခုပြည်ပကို လျှပ်စစ်ဓာတ်အားတင်ပို့မှုက ရရှိတဲ့ဝင်ငွေနဲ့ ဒါတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}








ဆက်စပ်သတင်းများ ...

XS
SM
MD
LG