သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ပွဲအတွင်း အရပ်သားသေဆုံးမှု ၈၅၀၀ နီးပါးအထိ ကုလ အတည်ပြု


ယူကရိန်းနိုင်ငံ Bakhmut မြို့ထဲက ရုရှားတပ်တွေဖျက်ဆီးခဲ့တဲ့ လူနေအဆောက်အဦတခုကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃)
ယူကရိန်းနိုင်ငံ Bakhmut မြို့ထဲက ရုရှားတပ်တွေဖျက်ဆီးခဲ့တဲ့ လူနေအဆောက်အဦတခုကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃)

ရုရှားတပ်တွေ ကျူးကျော်မှု စတင်ကတည်းက ယူကရိန်းနိုင်ငံမှာ အရပ်သား သေဆုံးမှု ၈ ထောင် ၅ ရာ နီးပါးအထိ အတည်ပြုနိုင်ပြီး အတည်မပြုနိုင်တဲ့ သေဆုံးမှုတွေ နောက်ထပ် အများအပြား ရှိနိုင်တဲ့အကြောင်း ကုလသမဂ္ဂ က ဒီကနေ့ အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူပေါင်း ၁ သောင်း ၄ ထောင် ကျော် စာရင်း ရရှိတယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး ရုံး UNHCR ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ဒေသ တချို့ကသတင်း အချက်အလက်တွေ ရရှိဖို့ ခက်ခဲသလို၊ သတင်းရရှိမှု နောက်ကျနေတာနဲ့ တချို့သတင်းတွေက အတည်ပြုဖို့ စိစစ်နေရတဲ့ အတွက်ကြောင့် အမှန်တကယ် ကိန်းဂဏန်းတွေဟာ ထုတ်ပြန်ထား တာထက် ပိုပြီးများတယ်လို့ OHCHR ကုလသမဂ္ဂ အေဂျင်စီ က ပြောပါတယ်။

ဥပမာ အားဖြင့် Donetsk ဒေသက Mariupol နဲ့ Luhansk ဒေသ က Lysychank Popasna မြို့တွေမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုများပြားနိုင်တဲ့အကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ဒီလ ဧပြီ ပထမ ၉ ရက်အတွင်းမှာ ပေါက်ကွဲမှု ပြင်းထန်တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲပြီး အရပ်သား ၄၄ ဦး သေဆုံးခဲ့ကြောင်းလည်း ကုလသမဂ္ဂ ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီတောအတွင်း မနေ့ တနင်္လာနေ့ က ယူကရိန်း နဲ့ ရုရှားတပ်ဖွဲ့တွေဟာ ရာနဲ့ချီရှိကြတဲ့ စစ်သုံးပန်း တွေ အပြန်အလှန်လဲလှယ်ခဲ့ကြပါတယ်။ ၂ ဖက်စလုံးက လွတ်မြောက်လာကြတဲ့ စစ်သုံးပန်းတချို့ဟာ ကျန်းမာရေး စောင့်ရှောက်မှုတွေလိုအပ်နေပါတယ်။

ယူကရိန်းစစ်ပွဲအတွင်း အရပ်သားသေဆုံးမှု ၈၅၀၀ နီးပါးအထိ ကုလ အတည်ပြု
please wait

No media source currently available

0:00 0:00:40 0:00
တိုက်ရိုက် လင့်ခ်

{Unicode}






XS
SM
MD
LG