Clinton ရဲ့ဆီးရီးယားမူဝါဒ ကမ္ဘာစစ်ဖြစ်ဖို့ဦးတည်လို့ Trump စွပ်စွဲ

Republican သမ္မတလောင်း Donald Trump

ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်ရဲ့ ဆီးရီးယားဆိုင်ရာ မူဝါဒတွေဟာ နောက်ထပ် ကမ္ဘာစစ်တခုကို ဦးတည်သွား လိမ့်မယ်လို့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump က ပြောပါတယ်။

လုပ်သင့်တာက IS ကို အာရုံစိုက်ဖို့ဖြစ်ပြီး ဆီးရီးယားကို အာရုံမစိုက်သင့်ဘူးလို့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတခုမှာ ထရမ့်ပ်ကပြောပါတယ်။ ဟီလာရီ ကလင်တန်ပြောတာကိုသာ လိုက်လုပ်မယ်ဆိုရင်တော့ တတိယကမ္ဘာစစ်နဲ့ ကြုံရလိမ့်မယ်လို့ လည်း ထရမ့်ပ်က ဆိုပါတယ်။

သမ္မတ ဘာရှာ အယ်လ် အာဆဒ်ကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေကနေ ၂၀၁၁ ခုနှစ်မှာ ဆီးရီးယားပဋိပက္ခ စတင်ခဲ့တာ ဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ ပါဝင်ပတ်သက်နေတဲ့ ရှု့ပ်ထွေးလှတဲ့ အရေးကိစ္စတခုပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်မှာတော့ IS စစ်သွေးကြွတွေကို တိုက်ခိုက်တာလည်း ပါဝင်လာပါတယ်။ ရုရှားနဲ့အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ အာဆဒ် အစိုးရက သူပုန်တွေကို တိုက်နေပြီး အတိုက်အခံ လက်နက်ကိုင်တွေကိုတော့ အမေရိကန်၊ တူရကီနဲ့ ဆော်ဒီ အာရေးဘီးယားလို နိုင်ငံတွေ က အထောက်အပံ့ပေးနေတာပါ။

IS အစွန်းရောက်တွေကို အမေရိကန်က ဆက်နှိမ်နင်းသွားမယ့် နည်းလမ်းအများအပြားကို ကလင်တန်က အဆိုပြုထားပြီး သမ္မတအာဆဒ်ကို ရာထူးက ထွက်သွားစေချင်ပါတယ်။

ထရမ့်ပ်ဟာ သမ္မတအာဆဒ်ကို အာဏာဆက်ရှိနေစေချင်တဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ထောက်ခံနေတယ်ဆိုပြီး ကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ဝေဖန် ပြောဆိုပါတယ်။

Your browser doesn’t support HTML5

Hillary ရဲ့ဆီးရီးယား မူဝါဒကတတိယကမ္ဘာစစ်ဖြစ်စေမယ်လို့ Trump ပြော