Republican သမ္မတလောင်း Donald Trump မဲပေးပြီးပြီ

သမ္မတလောင်း Donald Trump ဟာ သူ့ဇနီး Melania နဲ့ အတူ မဲပေးပြီ။

အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲမှာ Republican ပါတီဘက်က ဝင်ရောက် ယှဉ်ပြိုင်တဲ့ သမ္မတလောင်း Donald Trump ဟာ သူ့ဇနီး Melania နဲ့ အတူ မကြာခင် မနက်၁၁ နာရီဝန်းကျင်မှာပဲ မဲလာပေးသွားပါတယ်။ နယူးယောက်မြို့က သူနေတဲ့ အိမ်နားက မဲရုံမှာ လာပြီး မဲထည့်သွား တာဖြစ်ပါတယ်။ သူ့ကို စောင့်ကြိုအားပေးမှုတွေရော လှောင်ပြောင်အော်ဟစ်မှုတွေရော ရှိခဲ့ပါတယ်။

အင်္ဂါနေ့ မနက် မဲရုံတွေ စဖွင့်တဲ့အချိန်မှာတော့ မစ္စတာထရမ့်က သမ္မတလောင်းနှ်စ်ဦးစလုံးအတွက် အရမ်းအရေးကြီးဆုံးပြည်နယ်တွေဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်နဲ့ Ohio ပြည်နယ် တွေမှာ သူအခြေအနေကောင်းတယ်လို့ပြောပါတယ်။ တနှစ်ခွဲလောက် အပြင်းအထန်မဲဆွယ်မှုတွေ လုပ်ပြီး အခုအချိန်မှာတော့ သူ့အနေနဲ့ ထိုင်စောင့်ကြည့်ဖို့ပဲ ရှိတော့တယ်လို့ သူကပြောပါတယ်။ Fox ရုပ်သံသတင်းဌာနနဲ့ မနက်အစောပိုင်း တွေ့ဆုံမေးမြန်းခန်းမှာတော့ ထရမ့်က သူ ပြည်နယ်တော်တော်များများမှာ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းကြောင်းလည်း ပြောဆိုသွားပါတယ်။

Republican သမ္မတလောင်း Donald Trump နဲ့ ဇနီး Melania မဲပေးစဉ် (သတင်းဓာတ်ပုံများ)