FBI ညွှန်မှူးဟောင်း Comey ထွက်ဆိုချက် သမ္မတ Trump ပယ်ချ

သမ္မတအိမ်ဖြူ အပြင်ဘက် နှင်းဆီဥယာဉ်မှာ တွေ့ရတဲ့ သမ္မတထရမ့်။ (ဇွန် ၉-၂၀၁၇)

ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI အကြီးအကဲဟောင်း James Comey ဟာ ကြာသပတေးနေ့ လွှတ်တော် ကြားနာပွဲမှာ ကျမ်းကြိမ်ထားတဲ့ ကြားက လိမ်လည် ပြောဆိုခဲ့တယ်လို့ အမေရိကန် သမ္မတ Donald Trump က သောကြာနေ့မှာ သတင်းထောက် တွေကို ပြောပါတယ်။

သမ္မတ Trump က သမ္မတအိမ်ဖြူ အပြင်ဘက် နှင်းဆီဥယာဉ်မှာ သတင်းထောက်တွေရဲ့ အမေးတွေကို ဖြေကြားရင်း ခုလိုပြောကြား လိုက်တာပါ။ ဒါဟာ မေလ ၁၈ ရက်နေ့ကစပြီး သတင်းမီဒီယာတွေနဲ့ ပထမဆုံ အမေးအဖြေ စလုပ်တာ ဖြစ်ပါတယ်။

ဒီနှစ်ဆန်းတုန်းက မစ္စတာ Comey နဲ့ သီးသန့်တွေ့ဆုံစဉ်က သူ့အပေါ် သစ္စာစောင့်သိဖို့ ပန်ကြားမှု ရှိမရှိ သတင်းထောက် တွေက မေးမြန်းရာမှာတော့ သမ္မတက ဒီလူ့ အကြောင်းကို သူသိပ်မသိတဲ့ အတွက် သူ့ကို သစ္စာစောင့်သိ စေချင်တယ်လို့ ပြောမှာမဟုတ်ပါ သလို ဘယ်သူကရော သူသိပ်မသိသူကို ဒါမျိုး ပြောမှာလဲ လို့ ပြန် မေးခွန်းထုတ် ခဲ့ တာပါ။

ဒါ့အပြင် အမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ် ဟောင်းဖြစ်တဲ့ Michael Flynn နဲ့ ရုရှားတို့ အဆက်အသွယ် ရှိနေနိုင်တာအတွက် FBI က စုံစမ်းနေတာတွေ ရပ်ဆိုင်းဖို့ မစ္စတာ Comey ကို သူမပြောခဲ့ ဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် သူ့အပေါ် စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး အခုလို သတင်းထောက်တွေကို ပြောခဲ့တာကို သူ့ရဲ့ အထူးရှေ့နေ Robert Mueller ကို ပြန်ပြောပြမယ်လို့လည်း ပြောပါတယ်။

Your browser doesn’t support HTML5

FBI ညွှန်မှူးဟောင်း Comey ထွက်ဆိုချက် သမ္မတ Trump ပယ်ချ