CNNသတင်းဌာနရဲ့ အကြီးတန်းသတင်းထောက် Jim Acostaရဲ့ အမေရိကန်သမ္မတအိမ်ဖြူတော်မှာသတင်းယူခွင့်ရုပ် သိမ်းခံထားရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ သတင်းယူပိုင်ခွင့်ကိုပြန်ပေးအပ်ဖို့ ဝါရှင်တန်ဒီစီမြို့တော်ရဲ့ တရားသူကြီး Timothy Kelly က သမ္မတဒေါ်နလ်ထရမ့်အစိုးရကို မနေ့ကပဲ အမိန့်ချမှတ်ခဲ့ပါတယ်။
အခုလိုအမိန့်ချမှတ်ရတာက တရားဥပဒေအရအရေးမယူမီ အပြစ်ရှိမရှိ ကြိုတင်ဆုံးဖြတ်ခွင့်မရှိဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပဉ္စမမြောက်အခြေခံ ဥပဒေပြင်ဆင်ချက်အပေါ် မှာမူတည်ပြီးဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ပထမမြောက်ပြင်ဆင်ချက်ဖြစ်တဲ့ သတင်းလွတ်လပ်ခွင့်နဲ့ မဆိုင်ဘူးလို့ တရား သူကြီးကပြောပါတယ်။
မကြာသေးခင်က အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ သမ္မတထရမ့်ရဲ့သတင်းစာရှင်း လင်းပွဲတခုအတွင်း CNN သတင်းထာက် Jim Acosta နဲ့ သမ္မတထရမ့်တို့အမေးအဖြေလုပ်ရင်း အငြင်းပွါးသလိုဖြစ်ပွါးခဲ့ပြီး Jim Acosta ရဲ့အိမ်ဖြူတော်မှာသတင်းရယူခွင့်ရုပ်သိမ်းခံခဲ့ရတာပါ။ ဒါနဲ့ပတ်သက်ပြီး CNN သတင်းဌာနက အစိုးရကို တရားစွဲဆိုခဲ့တာပါ။
တရားသူကြီး Timothy Kellyရဲ့ဆုံးဖြတ်ချက်ဟာ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းလုပ်ငန်းအတွက် ကြီးမားတဲ့နေ့တနေ့ဖြစ်စေခဲ့တယ်လို့ CNNသတင်းဌာနရဲ့ရှေ့နေ Ted Boutrousကပြောပါတယ်။ သတင်းထာက် Jim Acostaကလည်း တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကိုကျေးဇူးတင်ကြောင်းနဲ့ အလုပ်ပြန်စဖို့အသင့်ပဲလို့ပြောပါတယ်။ သမ္မတ ထရမ့်ကတော့ လုံးဝလွတ်လပ်တဲ့သတင်းလုပ်ငန်းမျိုးကိုလိုလားတယ်၊အိမ်ဖြူတော်မှာသတင်းယူတယ်ဆိုရင်လေးစားတဲ့ အမူအရာတော့ရှိရလိမ့်မယ်လို့ဆိုပါတယ်။ အိမ်ဖြူတော်သတင်းယူမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရေးစွဲ နေတယ်၊ ဒီစည်းမျဉ်းတွေနဲ့တရားရုံးကိုပြန်တက်ရက် သူတို့ပဲပြန်ပြီးအနိုင်ရမှာပါလို့လည်း သမ္မတထရမ့်ကပြောပါတယ်။
Your browser doesn’t support HTML5
CNN သတင်းထောက်ကို အိမ်ဖြူတော် သတင်းယူခွင့်ပြန်ပေးဖို့ တရားရုံးဆုံးဖြတ်