ကာကွယ်ဆေးနဲ့ ရောဂါကာကွယ်ရေး သီတင်းပတ်

Your browser doesn’t support HTML5

ကမ္ဘာတဝန်း ကာကွယ်ဆေးတိုက်ကျွေးရေးသီတင်းပတ် အထိမ်းအမှတ်နဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ငှက်ဖျားရောဂါကာကွယ်ဆေးကို ပထမဆုံး စဖြန့်လိုက်ပါတယ်။ HIV ရောဂါကာကွယ်ဆေးကိုလည်း သိပ္ပံပညာရှင်တွေ စတင် စမ်းသပ်နေကြပြီဖြစ်သလို ကင်ဆာရောဂါကာကွယ်ဆေး ထုတ်နိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။ ဒါကြောင့် နောင်မှာ ဒီရောဂါတွေကို ကြိုတင်ကာကွယ်နိုင်မယ့် မျှော်လင့်ချက်တွေရှိနေတဲ့အကြောင်း VOA သတင်းထောက် Carol Pearson ကတင်ပြထားပါတယ်။ မစုမြတ်မွန်က ဆက်ပြောပြပါလိမ့်မယ်။