သမ္မတ Trump ကိုဝေဖန်တဲ့ ဗြိတိန်သံအမတ် နုတ်ထွက်

Your browser doesn’t support HTML5

သမ္မတ Donald Trump နဲ့သူ့အစိုးရအပေါ် ဝေဖန်ပြောဆိုခဲ့တဲ့ ဝါရှင်တန်က ဗြိတိသျှသံအမတ်ကြီး Kim Darroch ဒီကနေ့ပဲအလုပ်က နုတ်ထွက်သွားပါပြီ။ သမ္မတTrump အပေါ် သူဝေဖန်ပြောဆိုထားတဲ့ အစီရင်ခံစာပေါက်ကြားခဲ့ပြီးတဲ့နောက် သမ္မတ Trump ကလည်း အမျက်ထွက်ပြီး Twitter ကနေ သူ့ကိုတိုက်ခိုက် ရေးသားခဲ့ပါတယ်။ သမ္မတ Trump အစိုးရအပေါ် သူ့ရဲ့အမြင်တွေကို ပွင့်လင်းစွာ ရေးသားခဲ့တဲ့ ကြေးနန်းစာ ပေါက်ကြားခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးတွေ တင်းမာမှုတွေ ဖြစ်ပေါ် လာတာမှာ သူ့အနေနဲ့ ဒီတာဝန်ကို ဆက်ထမ်းဆောင်လို့ မဖြစ်နိုင်တော့တဲ့အတွက် ရာထူးက နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာလို့ သံအမတ်ကြီး Darroch က ပြောပါတယ်။ ဗြိတိသျှ အရာရှိတွေက သူ့ဘက်က ရပ်တည် ပေးနေတဲ့ကြားကဘဲ ရာထူးက နှုတ်ထွက် သွားတာပါ။ နှစ်နိုင်ငံ ဆက်ဆံရေး မပြေလည်မှု ဖြစ်ခဲ့တဲ့ အခြေအနေတွေအကြောင်း ဗွီအိုအေ သတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးမှာပါ။