သမ္မတ Trump ကို အရေးယူရေး ရှေ့ဆက်အလားအလာ
Your browser doesn’t support HTML5
သမ္မတ Donald Trump ကို တရားစွဲဖို့ အောက်လွှတ်တော်က ဆုံးဖြတ်ပြီးတဲ့နောက်မှာပဲ လွှတ်တော်အားလပ်ရက် ရာသီမို့ အစည်းအဝေးတွေ ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။ သမ္မတကို အရေးယူရေး အောက်လွှတ်တော်မှာ အတည်ပြုထားတဲ့ စွဲချက်တွေကို ဆက်ပြီး ကြားနာစစ်ဆေးဖို့အတွက် ရီပတ်ဗလစ်ကန် ပါတီဝင် အများစု လွှမ်းမိုးတဲ့ အထက်လွှတ်တော်ကို ဆက်ပြီး ပို့မပို့၊ နောက် ဘယ်အချိန်မှာ ပေးပို့မယ်ဆိုတာကို အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi နဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တွေ ဆုံးဖြတ်ရပါလိမ့်မယ်။ သမ္မတမှာ အပြစ်ရှိမရှိ အထက်လွှတ်တော်မှာ ရုံးတင်စစ်ဆေးခဲ့မယ်ဆိုရင် အထက်လွှတ်တော်အမတ်တွေက ဂျုရီလူကြီးပုံစံ ကြားနာရမှာပါ။ ဒါပေမဲ့ ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ်တချို့က သမ္မတအပေါ် စွဲချက်တွေဟာ သက်သေအထောက်အထား မခိုင်လုံဘူးဆိုပြီး ကြိုတင်ငြင်းဆိုနေကြပါတယ်။ ဗွီအိုအေ သတင်းထောက် Arash Arabasadi ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။