အမေရိကန်စစ်သည်တွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကာကွယ်ရေးဝန်ကြီး အမိန့်ထုတ်

U.S. Army soldiers take part in the opening of the Garuda Shield Joint Exercise 2021 at the Indonesian Army Combat Training Center in Baturaja, South Sumatra province, Indonesia August 4, 2021.

{{Zawgyi/Unicode}}

အမေရိကန်တပ်ဖွဲ့ဝင်တွေ ကိုဗစ်ရောဂါ ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံကြဖို့ ကာကွယ်ရေး ဝန်ကြီးLloyd Austin ဗုဒ္ဓဟူးနေ့ က ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

Pfizer ကိုဗစ် ကာကွယ်ဆေးကို အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA က အပြည့်အ ဝခွင့်ပြုလိုက်ပြီး ၂ ရက်အကြာမှာ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ကြောင့် ကာကွယ်ဆေး မထိုးရသေးတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၈ သိန်းကျော် မဖြစ်မနေ ဆေးထိုးကြရတော့မှာပါ။

ကာကွယ်ရေးဝန်ကြီးရဲ့ အမိန့်မှာ ကာကွယ်ဆေးကို ဘယ်အချိန် အပြီးထိုးရမလဲဆိုတာ ဖေါ်ပြမထားပေမဲ့ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့အလိုက် အစီရင်ခံတင်ပြဖို့ ညွှန်ကြားထားပါတယ်။ ကာကွယ်ရေးဝန်ကြီးကတော့ တိုင်းပြည်ကို ကာကွယ်ဖို့ ကိုယ်တိုင် ကျန်းမာသန်စွမ်းပြီး အသင့်ရှိဖို့ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။ အမေရိကန်စစ်သည်တွေ ကာကွယ်ဆေး မထိုးမနေရ အမိန့်ထုတ်ဖို့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေ၊ စစ်ဘက်ခေါင်းဆောင်တွေနဲ့ ဂရုတစိုက် တိုင်ပင်ဆွေးခဲ့သလို သမ္မတကလည်း ထောက်ခံတယ်လို့ ပြောပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့ထိဆိုရင် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ပြည်တွင်းကာကွယ်ရေးနဲ့ အရံတပ်ဖွဲ့ဝင် ၁ သန်းကျော်ဟာ ကာကွယ်ဆေး အပြည့်ထိုးထားပြီးဖြစ်သလို၊ နောက်ထပ် ၂ သိန်းခွဲနီးပါးလောက်ဟာလည်း ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားပြီးဖြစ်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြော်တယ်။

အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်ပေါင်း ၁.၃ သန်းကျော်ရှိပြီး အခြား ပြည်တွင်းကာကွယ်ရေးနဲ့ အရံတပ်ဖွဲ့ဝင်ပေါင်း ၈၀၀၀၀၀ နီးပါးရှိပါတယ်။

...............................................

Your browser doesn’t support HTML5

အမေရိကန်စစ်သည်တွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ကာကွယ်ရေးဝန်ကြီး အမိန့်ထုတ်

{{Unicode}}




