သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရး လုပ္ငန္းစဥ္ ေရွ႕ဆက္ဖို႔ လႊတ္ေတာ္တြင္း အခက္ေတြ႔


Minneapolis ၿမိဳ႕က ဆႏၵျပပြဲေတြကို ေစာင့္ၾကည့္ေနတဲ့ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

အာဖရိကန္-အေမရိကန္ အမ်ိဳးသား Geroge Floyde အပါအ၀င္ တျခား အာဖရိကန္-အေမရိကန္ေတြ ရဲဖမ္းဆီးမႈအတြင္း ေသဆံုးရမႈေတြကို အေၾကာင္းျပဳၿပီး ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရးကို ပါတီႀကီး ၂ ရပ္လံုးက ေထာက္ခံထားေပမယ့္ ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရး ဥပေဒကို လႊတ္ေတာ္မွာ အတည္ျပဳႏုိင္ေရး ႀကိဳးပမ္းခ်က္က ေရွ႕မတိုး ေနာက္မဆုတ္သာ အေျခအေနနဲ႔ ရပ္တန္႔ေနပါတယ္။

ဒီမိုကရက္ေတြ ႀကီးစိုးတဲ့ ေအာက္လႊတ္ေတာ္က ၾကာသပေတးေန႔မွာ ရီပတ္ဘလစ္ကန္အမတ္ ၃ ဦးရဲ႕ ေထာက္ခံမႈနဲ႔ ဒီမိုကရက္ပါတီက တင္သြင္းတဲ့ အျငင္းပြားဖြယ္မူၾကမ္းကို မဲခြဲအတည္ျပဳေပးခဲ့တာျဖစ္ၿပီး ဒါကို ရီပတ္ဘလစ္ကန္ေတြ ႀကီးစိုးတဲ့ အထက္လႊတ္ေတာ္ကို ဆက္ၿပီး တင္သြင္းရာမွာေတာ့ မေအာင္ျမင္ခဲ့ပါဘူး။

အထက္လႊတ္ေတာ္ အမ်ားစု အမတ္မ်ားေခါင္းေဆာင္ Mitch McConnell က ဒီမူၾကမ္းအတြက္ တရားဝင္ အေခ်အတင္ မေဆြးေႏြးရခင္မွာ ဒီမိုကရက္ေတြ လုိလားတဲ့အတိုင္း အထက္လႊတ္ေတာ္က လုပ္မေပးႏိုင္ဘူးလို႔ ျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။

အခုလို ႀကိဳးပမ္းခ်က္ တံု႔ဆိုင္းသြားတာဟာဆိုရင္ ပါတီႀကီး ၂ ရပ္ၾကား နက္နက္႐ႈိင္း႐ႈိင္း ကြဲျပားေနတာကုိ ေပၚလြင္ေစၿပီး အေမရိကန္ျပည္သူေတြ လိုလားေနတဲ့ ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲေရးနဲ႔ လူ၀င္မႈႀကီးၾကပ္ေရး၊ ေသနတ္ကိုင္ေဆာင္ခြင့္ ထိန္းခ်ဳပ္ေရးတို႔လို တျခားကိစၥေတြကိုပါ လႊတ္ေတာ္အမတ္ေတြဘက္က ေဆာင္ရြက္လု႔ိမရတဲ့ အေျခအေန ျဖစ္သြားေစပါတယ္။

အေမရိကန္ႏိုင္ငံသား ၂၉ ရာခုိင္ႏႈန္းက ႏိုင္ငံတြင္း ရာဇ၀တ္မႈ တရားစီရင္ေရး စနစ္ႀကီးတခုလံုးကို ျပဳျပင္ေျပာင္းလဲရမယ္လို႔ ယံုၾကည္ထားၾကေၾကာင္း AP နဲ႔ NORC တို႔ရဲ႕ လူထုသေဘာထားစစ္တမ္း ေကာက္ယူမႈမွာ ေတြ႔ရွိထားပါတယ္။

ဒီေလ႔လာခ်က္အရ ရာခိုင္ႏႈန္း ၄၀ က ဒီစနစ္အတြက္ ႀကီးႀကီးမားမား အေျပာင္းအလဲေတြ လုပ္ရမယ္လို႔ ခံယူၾကၿပီး ၂၅ ရာခုိင္ႏႈန္းကေတာ့ ေျပာင္းလဲမႈ အနည္းအက်ဥ္း လုပ္ဖို႔လိုတယ္လို႔ ယူဆေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

ျပဳျပင္ေျပာင္းလဲေရးအတြက္ အေမရိကန္ႏိုင္ငံတလႊား ဆႏၵျပေတာင္းဆိုမႈေတြ စတင္ခဲ့ရာ အခင္းျဖစ္ပြားခဲ့တဲ့ မင္နီဆုိးတားျပည္နယ္ Minneapolis ၿမိဳ႕မွာေတာ့့ ရဲတပ္ဖြဲ႔ ျပဳျပင္ေျပာင္းလဲဖုိ႔ ႀကိဳးစားမႈဟာ ပိုၿပီးေအာင္ျမင္ေနတာ ေတြ႔ရပါတယ္။

ေသာၾကာေန႔မွာ Minneapolis ၿမိဳ႕ ေကာင္စီက သူတို႔ၿမိဳ႕အတြက္ အေျပာင္းအလဲလုပ္ဖို႔ တညီတညြတ္တည္း ေထာက္ခံခဲ့ၾကတာေၾကာင့္ ဒါဟာ သူတို႔ရဲ႕ ရဲတပ္ဖြဲ႔ကို ဖ်က္သိမ္းႏိုင္ေရးအတြက္ ေျခလွမ္းတခု ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

အမေရိကန်ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ရှေ့ဆက်ဖို့ လွှတ်တော်တွင်း အခက်တွေ့

အာဖရိကန်-အမေရိကန် အမျိုးသား Geroge Floyde အပါအဝင် တခြား အာဖရိကန်-အမေရိကန်တွေ ရဲဖမ်းဆီးမှုအတွင်း သေဆုံးရမှုတွေကို အကြောင်းပြုပြီး ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးကို ပါတီကြီး ၂ ရပ်လုံးက ထောက်ခံထားပေမယ့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး ဥပဒေကို လွှတ်တော်မှာ အတည်ပြုနိုင်ရေး ကြိုးပမ်းချက်က ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနဲ့ ရပ်တန့်နေပါတယ်။

ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က ကြာသပတေးနေ့မှာ ရီပတ်ဘလစ်ကန်အမတ် ၃ ဦးရဲ့ ထောက်ခံမှုနဲ့ ဒီမိုကရက်ပါတီက တင်သွင်းတဲ့ အငြင်းပွားဖွယ်မူကြမ်းကို မဲခွဲအတည်ပြုပေးခဲ့တာဖြစ်ပြီး ဒါကို ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်ကို ဆက်ပြီး တင်သွင်းရာမှာတော့ မအောင်မြင်ခဲ့ပါဘူး။

အထက်လွှတ်တော် အများစု အမတ်များခေါင်းဆောင် Mitch McConnell က ဒီမူကြမ်းအတွက် တရားဝင် အချေအတင် မဆွေးနွေးရခင်မှာ ဒီမိုကရက်တွေ လိုလားတဲ့အတိုင်း အထက်လွှတ်တော်က လုပ်မပေးနိုင်ဘူးလို့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ကြိုးပမ်းချက် တုံ့ဆိုင်းသွားတာဟာဆိုရင် ပါတီကြီး ၂ ရပ်ကြား နက်နက်ရှိုင်းရှိုင်း ကွဲပြားနေတာကို ပေါ်လွင်စေပြီး အမေရိကန်ပြည်သူတွေ လိုလားနေတဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး၊ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးတို့လို တခြားကိစ္စတွေကိုပါ လွှတ်တော်အမတ်တွေဘက်က ဆောင်ရွက်လု့ိမရတဲ့ အခြေအနေ ဖြစ်သွားစေပါတယ်။

အမေရိကန်နိုင်ငံသား ၂၉ ရာခိုင်နှုန်းက နိုင်ငံတွင်း ရာဇဝတ်မှု တရားစီရင်ရေး စနစ်ကြီးတခုလုံးကို ပြုပြင်ပြောင်းလဲရမယ်လို့ ယုံကြည်ထားကြကြောင်း AP နဲ့ NORC တို့ရဲ့ လူထုသဘောထားစစ်တမ်း ကောက်ယူမှုမှာ တွေ့ရှိထားပါတယ်။

ဒီလေ့လာချက်အရ ရာခိုင်နှုန်း ၄၀ က ဒီစနစ်အတွက် ကြီးကြီးမားမား အပြောင်းအလဲတွေ လုပ်ရမယ်လို့ ခံယူကြပြီး ၂၅ ရာခိုင်နှုန်းကတော့ ပြောင်းလဲမှု အနည်းအကျဉ်း လုပ်ဖို့လိုတယ်လို့ ယူဆကြောင်းလည်း ဖော်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲရေးအတွက် အမေရိကန်နိုင်ငံတလွှား ဆန္ဒပြတောင်းဆိုမှုတွေ စတင်ခဲ့ရာအခင်းဖြစ်ပွားခဲ့တဲ့ မင်နီဆိုးတားပြည်နယ် Minneapolis မြို့မှာတော့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားမှုဟာ ပိုပြီးအောင်မြင်နေတာ တွေ့ရပါတယ်။

သောကြာနေ့မှာ Minneapolis မြို့ ကောင်စီက သူတို့မြို့အတွက် အပြောင်းအလဲလုပ်ဖို့ တညီတညွတ်တည်း ထောက်ခံခဲ့ကြတာကြောင့် ဒါဟာ သူတို့ရဲ့ ရဲတပ်ဖွဲ့ကို ဖျက်သိမ်းနိုင်ရေးအတွက် ခြေလှမ်းတခု ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG