နိုင်ငံခြားငွေ လဲလှယ်ရေး ခွဲခြားမှု  ပြည်တွင်းလုပ်ငန်းတွေ ထိခိုက်

(မှတ်တမ်းဓါတ်ပုံ)

မြန်မာဗဟိုဘဏ်က ကန့်သတ်လိုက်တဲ့ နိုင်ငံခြားငွေလဲမူထဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမူတွေကို ကင်းလွတ်ခွင့်ပေးပြီး ပြည်တွင်းလုပ်ငန်းတွေကို မပေးတဲ့အတွက် နိုင်ငံခြားကုမ္ပဏီတွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြည်တွင်းလုပ်ငန်းရှင်တွေက ထောက်ပြလိုက်ပါတယ်။

နိုင်ငံခြားငွေ လဲလှယ်ရေး ခွဲခြားမှု ပြည်တွင်းလုပ်ငန်းတွေ ထိခိုက်

{{Zawgyi/Unicode}}
မြန်မာဗဟိုဘဏ်က ကန့်သတ်လိုက်တဲ့ နိုင်ငံခြားငွေလဲမူထဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမူတွေကို ကင်းလွတ်ခွင့်ပေးပြီး ပြည်တွင်းလုပ်ငန်းတွေကို မပေးတဲ့အတွက် နိုင်ငံခြားကုမ္ပဏီတွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘဲ၊ ငွေလဲကြန်ကြာမူတွေနဲ့ တင်သွင်းမူနှောင့်နှေး ပြတ်လတ်မူတွေအထိ ဆက်ဖြစ်နိုင်တယ်လို့ ဒီပြည်တွင်းလုပ်ငန်းရှင်တွေက ထောက်ပြလိုက်ပါတယ်။

ရင်းနှီးမြုပ်နှံမူနဲ့ နိုင်ငံခြားစီပွားဆက်သွယ်ရေးဝန်ကြီးကတော့ မြန်မာငွေအဓိကသုံးတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကို ခွဲခြားဆက်ဆံတာမဟုတ်ဘဲ၊ နိုင်ငံခြားငွေလိုရင် ပြန်ထုတ်ပေးဖို့ လုပ်ငန်းစဉ်အသေးစိတ် ပြင်ဆင်နေပြီး ရှင်းလင်းချောမွေ့သွားမှာပါလို့ ကတိပေးပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

Your browser doesn’t support HTML5

နိုင်ငံခြားငွေ လဲလှယ်ရေး ခွဲခြားမှု ပြည်တွင်းလုပ်ငန်းတွေ ထိခိုက်

.......................................


{{Zawgyi/Unicode}}
