[[ ZAWGYI /UNICODE ]]
ယူကရိန်းအတွက် အမေရိကန် စစ်လက်နက် ထပ်မံပေးအပ်
ယူကရိန်းနိုင်ငံ တောင်ပိုင်း နဲ့ အရှေ့ပိုင်းဒေသတွေမှာ ရုရှားတပ်ဖွဲ့တွေကို ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ ယူကရိန်းတပ်ဖွဲ့တွေအတွက် ဒေါ်လာသန်း ၈၂၀ တန်ဘိုးရှိတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ထပ်မံ ပေးအပ်မယ့်အကြောင့် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကနေ သောကြာနေ့က ကြေညာခဲ့ပါတယ်။
၁၄ ကြိမ်မြောက် ပေးအပ်တဲ့ စစ်ရေး အကူအညီထဲမှာတော့ လေကြောင်းရန် ကာကွယ်ရေးစနစ် ၂ ခု၊ ဒုံးပစ်လောင်ချာတွေ၊ ၁၅၅ မမ အမြောက်ကျည်ဆံ တသိန်းခွဲ နဲ့ ထောက်လှမ်းရေးရေဒါ ၄ ခု တို့ ပါဝင်ကြပါတယ်။
ဒါအပြင် လေကြောင်းရန် ကာကွယ်ရေးအတွက် အမေရိကန်က Raytheon ကုမ္ပဏီနဲ့ နော်ဝေနိုင်ငံက Kongsberg ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားတဲ့ NASAMS အမည်ရှိ မြေပြင်မှ ဝေဟင်ပစ် တာတို နဲ့ တာလတ် ဒုံးကျည်တွေလည်း ပေးမှာဖြစ်ပါတယ်။
အဝေးထိန်း ဒုံးစနစ်ဟာ ခရုဇ်မစ်ဇိုင်းဒုံးတွေ၊ ဒရုန်းယာဉ်တွေကို ဟန့်တားပစ်ခတ်ရာမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။ ယူကရိန်း အတွက် စစ်ပွဲသုံး ပစ္စည်းတွေ အပြည့်အဝအသုံးပြုနိုင်ရေးအတွက် အကူအညီပေးနိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးတာဝန်ခံ Todd Breasseale က ပြောတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
=================
{{ UNICODE }}